Monday, June 7, 2010
အကြောက်တရား စားသုံးနေရသူများ
ပထမဆုံး ပြောချင်တာကတော့ ခေါင်းစဉ်စာသားပါ..။ စာဖတ်နာသူများကတော့ ကျွန်မရဲ့ ကိုယ်ပိုင်စကား မဟုတ်ဘူးဆိုတာ သိမှာပါ.. မသိတဲ့ စာဖတ်သူများကို ပြောချင်တာကတော့ ဒီစာသားဟာ ကျွန်မရဲ့ ကိုယ်ပိုင် စာသားမဟုတ် ဆိုတာနဲ့… လက်တင်အမေရိက က ဆောင်းပါးရှင် ( Eduardo Galeano ) ၁၉၈၇ ခုနှစ် ခန့််လောက်က သုံးခဲ့တဲ့ စကားပါ.. ကျွန်မအကြိုက်မို့ ယူသုံးပါတယ်..။ အာဏာရှင်ကို တိုက်တဲ့နေရာမှာ အင်မတန်မှ လူတွေရဲ့ ရင်ကို ကလိ စေတဲ့ အားမာန်ပါတဲ့ စကားလုံးမို့ပါ..။ လူတွေက ဘာကို စားသုံး နေရသလဲ ဆိုတာကို ကလောင်နဲ့ အာဏာရှင် တွေကို စော်ခဲ့တဲ့ အတွေးကောင်း စာသားလေးပါ..။ (စာအုပ် လက်ဆောင်ပေး ခဲ့သော ကြီးကြီးကျယ်ကျယ် ပီအိတ်ချဒီ ရေးနေတဲ့ ခင်ရပါသော (.. )ကို အခုထိ ကျေးဇူးတင်နေဆဲ..)
စိုးရိမ်ကြောင့်ကြမှု ..အကြောက်တရားနှင့် ပတ်သက်၍ .. ဒေါ်အောင်ဆန်းစုကြည်က ဤသို့ပြောဖူးပါသည်..။
( လူ့အခွင့်အရေးထဲမှာ အရေးကြီးဆုံး အခွင့်အရေး တခုကတော့ စိုးရိမ်ကြောင့်ကြခြင်းမှ လွတ်လပ်ပိုင်ခွင့်ပဲ..။ လူတိုင်း.. လူတိုင်းဟာ တခြားလူကို အန္တရယ် မလုပ်ရင်.. ဥပဒေ ဘောင်အတွင်းက နေလို့ရှိရင် စိုးရိမ်ကြောင့်ကြမှုကနေ ကင်းလွတ်စွာနဲ့ မိမိတို့ဘဝမှာ မိမိတို့ ရပ်တည်ပိုင်ခွင့်.. ရှိရမယ်..။ )
အကြောက်တရားဆိုတာကို ကျွန်မ နားလည်သလို ဘာသာပြန်ကြည့်မည်..။ ရိုးရိုးရှင်းရှင်းပေါ့..။ အကြောက်တရား ဆိုသည်မှာ တရားသဖြင့် ထုတ်ပြန်ထားသော ဥပဒေ စည်းမျဉ်း စည်းကမ်း များကို ကျော်လွန်၍ လုပ်ရမှာ ကို ရွံ့ခြင်း…စိုးရိမ်ခြင်း..။ ဥပမာ ပေးရသော် ( … ပြည်သူပိုင် ငွေများကို ကိုယ်ကျိုးအတွက် သုံးခြင်း.. လူတယောက်က သူယုံကြည်ရာပြောသည့် အတွက် ဝိုင်းရိုက်ခြင်း ထောင်ချခြင်း စတဲ့ အပြုအမူများ.. ) ဖြစ်ပါသည်..။
မှတ်မိသေးသည်.. ကျွန်မတို့ မြန်မာပြည်ကို ဖုန်းကန်ပိန်း (phone campaign) လုပ်စဉ်ကပါ.. ဒေါ်စုတို့ အုပ်စု ဒီပဲယင်း… ဘက် စည်းရုံးရေးသွားစဉ် အရိုက်ခံရ၍ မေးခြင်းပင်..။ (၂၀၀၃)..တုန်းက။ ဖုန်းပြန်ဖြေသူများကလည်း မြန်မာပြည်ကြီး အေးဆေးနေသည်.. ဘာမှမဖြစ်ဘူး.. မစိုးရိမ်နဲ့.. မြန်မာပြည်က အမြဲအေးဆေး ဟု တုံ့ပြန်သူများလည်း ရှိခဲ့ပါသည်..။ အမျိုးသားခေါင်းဆောင် တယောက်လုံးကို သေတွင်းပို့မည့် အခြေအနေဆိုးများကို သိလျှက်နဲ့ပင် ဘာမှမဖြစ်သရောင် အမှန်ကို မပြောရဲအောင် ဖန်တီးထားသော ပြည်မြန်မာကြီးသည် အကြောက်တရား စားသုံးနေသည် ဟု မဆိုလျှင် ဘာတွေများ နေ့စဉ်စားသုံးနေသနည်းဟု မေးခွန်းထုတ်စရာပင် ..။
မြန်မာပြည်တွင် ဟုတ်တာလုပ်လည်း ကြောက်ရသည်.. မဟုတ်တာလုပ်လည်း ကြောက်ရသည်..။ဥပမာ… ချဲထိုး၍ ကြောက်ရခြင်းမျိုး .. ( ချဲထိုးတာ တကယ်တမ်း ကြောက်စရာလားလို့ မေးရင်လည်း လူတော်တော်များများ ထိုးကြသည်)..။ ဥပဒေတွေအရ ကြီးကြီးကျယ်ကျယ် ပြောမည်ဆိုရင်လည်း မလွတ်ကင်းပါ..။ တရားမဝင်ပါ..။ ကြောက်စရာဟု ယူဆရင်လည်း ရသည်.. မယူဆလည်း ရသည်.. သို့သော်.. ချဲထိုးသူက နိုင်ငံရေး အရိပ်အာဝါသ ကင်းသည်ဆိုလျှင် အိုကေသလို.. အာဏာပိုင်များနှင့် အလွမ်းသင့်ပါကလည်း အိုကေ နိုင်ပါသေးသည်..။ သို့သော် မပိုင်သူများအတွက်တော့ အချိန်မရွေး ဂန့်သွားနိုင်သည်..။ ဂန့်ခဲ့တဲ့ ဇာတ်လမ်းတွေလည်း အများကြီးရှိခဲ့ (နေ) သည်..။
သူငယ်ချင်းနဲ့ ထွေရာလေးပါး ပြောစဉ်က မိမိ စာရေးနေတာလေးတွေ မြည်းစမ်းကြည့်စေချင်သည်…။ ပြန်ပြောပုံလည်း ကြည့်ဦးတော့ ..။ နင်ရေးတာ အကြောင်းမဟုတ် … `ငါ လာမဖတ်ရဲ `ပါတဲ့ သိသွားမှာစိုးလို့တဲ့.. ကဲ.. ဒါက အထဲက သူငယ်ချင်း..။ ထားတော့ ဒါက ပြည်မြန်မာထဲမှာ ဥပဒေအရ တားမြစ်ထားတယ်ပဲ ပြောရမလား ..ပိတ်ပင်ထားလို့.. ကြောက်လို့.. မလုပ်ရဲဘူး..။ နဲနဲလေးဖြစ်ရင် သနားပေးလို့ ရသေးသည်..။ ဆိုလိုတာက ကိုယ်က ဝေးနေလို့ မကြောက်တရား ပြောတာ လက်တွေ့ကျ သလို ရှိပေမဲ့ တကယ် ရင်ဆိုင်နေရသူတွေ အတွက် ထည့်သွင်း စဉ်းစားပေးခြင်းမျိုး..။ စဉ်းစားပေးသည်.. မဖတ် ရှိစေတော့..ဘလော့မှ မဟုတ်.. ပြည်ပ က တရားဝင် ထုတ်ထားသည့် စာအုပ် များ ပင် ပါလိုက်သေး.. အိုကေပါ.. ခွင့်လွတ်နိုင်သေး…။
နောက်တခု ပိုဆိုးချက်ကဖြင့် မြန်မာပြည်ထဲ နေရုံမဟုတ်သေး.. အပြင်မှာနေလည်း ကြောက်နေရသည့် ကိစ္စ.. ။ အပြင်မှာနေသူကလည်း `ငါ့ကို အဲဒီ နိုင်ငံရေးဆိုတဲ့ ဟာမျိုးတွေ နဲ့ ပတ်သက်နေတာသိသွားရင် ဒုက္ခ. ငါပြန်ရင် ပြဿနာ ရှာခံနေရမယ်`…ဟု ဆိုသူလည်း ရှိပါသည်..။ နိုင်ငံရေးနှင့် ပတ်သက်နေသည့် လူများနှင့် မတွေ့ရဲ မပြောရဲ နုတ်မဆက်ရဲကြပေ ....။ ထို့ကြောင့် ပင်ဖြစ်မည် ပြည်တော်ပြန်မဲ့သူများ ကျွန်မတို့ (အတိုက်အခံ အုပ်စုများ) ကို ဝေးဝေးရှောင်ခြင်းပင်..။ ရှောင်တာကို အပစ်မမြင်သော်လည်း သူတို့ သင်ထားတဲ့ပညာ အသိတရားတွေ မှ အားမနာ ဒီလောက်တောင် ကြောက်ရလေခြင်းရယ် ဆိုကာ ယူကြုံးမရ ဖြစ်ကာ မခံချင်စိတ် ဖြစ်ခဲ့ရသည်မှာ အကြိမ်ပေါင်း မနည်းတော့..။ တကယ်ပင် သနားခြင်း.. ဒေါသ .. ယူကြုံးမရ ဖြစ်ခဲ့ပေါင်း မနည်းတော့..။ ဆိုးလိုက်တဲ့ ဘဝတွေများ.. အာကာသတက်တောင် လေဟာနယ်ထဲ ထွက်ကျမှာကို မကြောက်ရပဲ နိုင်ငံရေး စကားပြောလို့.. တိုင်းပြည်အကြောင်း ဆွေးနွေးလို့ .. လာတက် ဖမ်းမှာကိုပဲ တွေးကြောက်နေရမည့် အဖြစ်ပင် .။ အကြောက်တရား ဆိုသည်ကို ဘယ်နေရာကို သွားသွား မလွတ် နိုင်တော့ ပါတကား..။
ကျွန်မတို့တွင် ရှိသင့်ရှိထိုက်သည့် အခွင့်အရေးများကို တရားသော ဥပဒေများဖြစ် အာမ ခံပေးထားခြင်း မရှိသည့်အတွက် အာဏာရူးနေသူများကို အလိုလို ကြောက်ရွံ့အောင် သင်ကြားခံထားရသလိုပင်...။ မှန်သည်ပဲလုပ်လုပ်.. မှားသည်ပဲ လုပ်လုပ် ကြောက်နေရသည်..။ အထူးသဖြင့်တော့ နိုင်ငံရေး ဆိုသည်ကို တိုက်ရိုက် ပါဝင် ပတ်သက်မည်ဆိုလျှင်တော့ အထက်က စာရေးဆရာ ပြောသလို စားသုံးပေတော့ အကြောက်တရား သေသည် အထိ.. မသေသော်လည်း လူတွေကို သေအောင်လုပ်ထား ပုံမှာကား သင်းသင်းလေးပင်..။
နိုင်ငံရေးကို မလုပ်နှင့်.. ဝေးအောင်နေ ရှင်းအောင်နေ.. ခိုင်းတာလုပ်.. ပြန်မပြောနဲ့ .. ရသလို ရပ်တည်ကြ.. ငါတို့က နင်တို့ကို အောက်က လက်အောက်ငယ်သား စစ်သားများကို အုပ်ချုပ်သလို (တပ်လို )အုပ်ချုပ်မည်..။ တရားဝင် ထည့်သွင်းထားခြင်း မရှိသော်လည်း အားလုံးရင်ထဲ ဦးနှောက်ထဲတွင် အလိုလိုသိအောင် သွတ်သင်းပေးထားသည်..။ နေရာတိုင်း အရပ်တိုင်းမှာ နိုင်ငံရေး စကားပြောသူများကို ( လူတော် ဇာဂနာ ကို ဘုန်းကြီးဆွမ်းလောင်းရုံဖြစ် ထောင် အနှစ် ( ၃၀ ကျော်) ချပြခြင်းမျိုး.. ကိုမင်းကိုနိုင်.. ကိုကိုကြီး စသော ကျောင်းသားခေါင်းဆောင်များကို အဓိပါယ်မဲ့ ထောင်နှစ်ရှည် ချထားခြင်းမျိုး..ဒေါ်စုကို လက်သည်မပေါ်အောင် ဝိုင်းသတ်ဖို့ ဒီပဲယင်း လုပ်ကြံခဲ့ခြင်းမျိုး ) ဖြင့် သာမာန်လူများ ကြောက်သွားအောင်..နမူနာ ပေးထားသည် ။ စစ်တပ်ဆိုသည့် အာဏာပိုင်များကို မလွန်ဆန်ရဲအောင် ရှေ့ကဦးဆောင်ဦးရွက်ပြု ခေါင်းဆောင်များကို နှိပ်ကွပ်ထားပြ လိုက်ပေသည်..။ ဤသို့ဤပုံ လုပ်ပြခဲ့ခြင်းမျိုးဖြစ် ပြည်သူပြည်သားများကို ကြောက်အောင် ခြောက်ထား ပေသည်..။ ` ပြည်သူများ အကြောက်တရား ကိန်းအောင်းရေး ငါ ဒို့အာဏာတည်မြဲရေး` ဟု ဆိုရမလိုပင်..။ လူညွန့်တုံးအောင် လုပ်ဆောင်ချက်ကား ဘယ်လိုအာဏာရှင်မျိုးဆီမှ အတု ယူထားမှန်းမသိ ထက်မြက်လွန်း လှချေ့…။
သို့သော်လည်း နိုင်ငံရေးစကား ရဲရဲတောက် ပြောနေသူများ များစွာ ကျန်နေသည်မှာ ဖိနှိပ်မှုများ တည်ရှိနေသေးသည် ဆိုသည်ကို မီးမောင်းထိုးနေခြင်းနှင့် အကြောက်တရားသည် ငါတို့အတွက် မဟုတ်ဟု ကြွေးကြော်နေသည့် ပြယုဒ်လည်း မည်ပေသည်..။ ဒီမိုကရေစီပြောင်းလဲရေးတွင် အမှန်တရား ဘက်မှ ရပ်တည်သော သူ မှန်သမျှသည် အရေးပါသူများ.. သူရဲကောင်းများ … ဖြစ်သည်ဟု ဆိုချင်ပါသည်.. နောက်တခု ထပ်ဆိုချင်သည်မှာ ကြောက်အောင် ခြောက်သူများသည်သာ ပိုကြောက်တက်သူများ ဖြစ်သည်ဟု လုံးလုံး ခံယူစေချင်ပါသည်..။ ထို့ကြောင့် အကြောက်တရား ဟူသည် ကြောက်တက်သူ များအတွက်သာ ဖြစ်ကြောင်း တင်ပြရင်း အကြောက်တရား စားသုံးနေရခြင်းမှ ကင်းဝင်းနိုင်ပါစေလို့ ဆုတောင်းရင်း နားပါမည်..။
မဗေဒါ
၀၇.၀၅.၂၀၁၀
15 ဦး၏ဆွေးနွေးချက်:
ကိုခိုင် said...
ရေးထားတာတော်တော်အိုကေပါသည်။
ဆုတောင်းရင်းနားပါဦးမည်ဆိုတော့ .....
ဆက်ရေးပါဗျို့ .....
အားပေးနေပါတယ်။
ကျန်းမာကြပါစေ။
ကိုခိုင်
နတ်ဆိုးလေး said...
အမ ရေ ပြောချင်တာကတော့ အများကြီးပဲ..
(စပြီ.. အမ လေသံနဲ့ တူသလိုလိုပဲနော.. )
ဟိဟိ အင်း
ပြောချင်တာကတော့ အများကြီးပေါ့ဗျာ
အဲအဲ... ဒါပေမယ့်..
တော်ပါပြီးဗျာ
ကြောက်လို့ မပြောတော့ဘူး
နှင်းမိုး said...
ကောင်းတယ် မဗေ ရေ
အားပေးနေတယ် နော်
ခင်တဲ့
နှင်းမိုးမိုး
Zay Tar Yar said...
ဗေဗေ လာဖက်ပြီး ကျောက်ပြားစားသုံးတယ်ဆိုတာက အဲဟုတ်ပေါင် အကြောက်တရားစားသုံးတယ်ဆိုတာက အသိညာဏ်ရှိတဲ့လူတွေမစားသုံးပါဘူးဗေဗေရဲ့ ဒီလိုခြောက်လို့သာကြောက်ကြေးဆိုရင် နိုင်ငံရေးအကျဉ်း သားဆိုတာဘယ်ရှိနေမလဲ NLDဆိုတကြီးလဲမရှိနိုင် ဒေါ်ဆု ဆိုတာကြီးလဲ ဘယ်ရှိနိုင်မလဲ ပါတီဝင်သိန်းနဲ့ချီရှိနေတဲ့ ဒီတီဝင်တွေဟာ ကြောက်ပြားမစားသုံးသူတွေလေ တခါတခါတော့သန်း၇၀ကျော်လူထုထဲမှာ ဒီလိုလူတွေနဲတာ တော့အားမရဘူးဗျ ၊ အသိညာဏ်နဲတယ်ဗျေ၇ွှပြည်ကြီးကလူတွေက ဟဲဟဲလူတတ်လုပ်ပြီးပြောတယ်မထင်ပါနဲ့၊ စားဝတ်နေေ၇း ကလွဲပြီးဘာကိုမှ တန်ဘိုးမထားတတ်တဲ့လူတွေကတော့ ကြောက်တ၇ားကို တော်တော်ကြောက်တာပါ သူတို့အဖေထက်ကိုကြောက်ပါတယ် ကြောင်းကျိုးမြင်သိပညာရှိတွေများကြတော့ ကြောက်တရား လုံးဝကိုမထီသပေါ့ ဘဘဦးဝင်းတင်ကြီးကြည့်ပါလား ၊အဲလိုလူတွေသာတနိုင်ငံလုံးပြည့်နေရင် ဒီလူတွေမြင်ချင်လို့တောင်မမြင်ရပါဘူး ကုလားနဲ့ငါးအရုပ်ရေးရမယ်ဆိုသလိုပေါ့ အခုကစားဝတ်နေရေး လောက်ဘဲတန်ဘိုးထားစရာလို့လူတိုင်းကမြင်နေတော့ ဒီလိုလူတွေနဲ့ဒါနဲ့တန်သပေါ့ ထားလိုက်ပါဗေဗေအေးအေးဆေးပေါ့ဟုတ်ဘူးလား
ရွှေရတုမှတ်တမ်း said...
ဪ...စိန်ဗေဒါ...စိန်ဗေဒါ...
တယ်လဲတီးပါပေ့...ရွာစားမကြီးရယ်..
Unknown said...
အကြောက်တရားစားသုံးသူများပို့စ်ကို အနည်းငယ်ဆွေးနွေးချင်ပါတယ်ရှင့်။ နိုင်ငံရပ်ခြားမှာ ဗမာအချင်းချင်းတွေ့ကြရင် အနည်းဆုံးတော့ ၀မ်းသာအားရဖြစ်ကြတာများပါတယ်။ အစ်မမဗေဒါပြောထားသလို ဗမာပြည်ပြန်မယ့်သူတွေက နိုင်ငံရေးခိုလှုံခွင့်ယူထားသူတွေကို ကြောက်လို့ မဆက်ဆံချင်ဘူး ဆိုတဲ့သူတွေလဲ ရှိနိုင်ပါတယ်။ အဲလိုအကြောက်လွန်နေသူတွေ အကြောင်းတော့မပြောချင်တော့ပါဘူး။ ကျွန်မပြောချင်တဲ့ လူတစ်မျိုးကတော့ ကြောက်လို့မဟုတ်ပဲ အချဉ်ပေါက်နေတဲ့လူမျိုးပါ။
ကျွန်မအသိအစ်မတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်ရှင့်။ သူက အနောက်နိုင်ငံတစ်ခုမှာ Professional အလုပ်နဲ့အခြေချနေတဲ့ Single Mom တစ်ဦးပါ။ လစာကလဲ သူတို့နိုင်ငံသားတွေတောင် တော်ရုံမရတဲ့လစာနဲ့ဆိုတော့ အခွန်ကလဲ 57% လောက်ဆောင်ရပါတယ်။ နေတာကြာလာတော့ သူလဲပဲ အဲဒီနိုင်ငံကသူတွေအတိုင်းပဲ ဒုခသည်ဆိုတာ သူတို့လို Tax Payer တွေရဲ့ ပိုက်ဆံတွေ ဖြုန်းပစ်နေတဲ့သူလို့ပဲ မြင်လာပါတယ်။ ဘာလို့လဲဆိုတော့ တလတလအခွန်နင့်နေအောင်ပေးရပြီး သူတို့လိုလူမျိုးတွေက ဘာသာစကားတက်လဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်။ အိမ်ဝယ်လဲ ကိုယ့်ဘာကိုယ်။ ဒုခသည်တွေကျတော့ အခွင့်အရေးအားလုံးအလကားရတဲ့အပြင် အိမ်ဆိုလဲ အစိုးရက subsidized လုပ်ပေးထားလို့သက်သာ၊ ကလေးတွေကျတော့လဲ ထောက်ပံ့ကြေးတွေရ၊ ( သူ့သမီး တကသိုလ် တက်တာကျတော့ လူတိုင်းလိုလိုရတဲ့ student loan မရပါဘူး။ သူ့ဝင်ငွေက များနေလိုပါတဲ့) ဗမာတွေက တော်ပါသေးတယ်၊ ဆိုမာလီက ဒုခသည်တွေဆို ထောက်ပံ့ကြေးရလို့ ကလေးတွေစွတ်မွေး၊ ယောင်္ကျားနဲ့ အကွဲပြပြီး Single Mom အနေနဲ့ ပိုက်ဆံပိုရအောင်လုပ်ပြီး လင်မယားနှစ်ယောက်လုံး ဘာအလုပ်မှမလုပ်ပဲ ထိုင်စားနေကြတာတွေကို မြင်လာတဲ့ အဲဒီအစ်မက ဒုခသည်ဆို ချဉ်လာရော။ ကိုယ်တိုင်ကျတော့လဲ ကိုယ်ကသာ Tax အများကြီးပေးထားတာ၊ နယ်ခံလူတွေက Asian ဆိုတော့ အများနည်းတူ သူ့ကိုလဲ ဒုခသည်ပဲထင်ပြီး လူတွေကအထင်သေးချင်၊ ရန်ကုန်အလည်ပြန်တော့လဲ သူ့လက်အောက်က အဖြူမလေးကရန်ကုန်ကို ရောက်ဖူးချင်လို့ အတူတူပြန်ကြတာ၊ ရန်ကုန်လေဆိပ် ရောက်တော့ အဖြူဆိုတော့ ဘာမှမရစ်ဘူး။
Unknown said...
ဗမာပတ်စ်ပို့ကိုင်တဲ့သူ့ကိုပဲ အတင်းရစ်။ သူကလဲ သူတောင်းစား လိုလုပ်နေတဲ့ လေဆိပ်ကလူတွေကိုအမြင်ကတ်လို့ ဘာမှမပေးတော့ နောက်ဆုံးကျမှ ထွက်ခွင့်ပေးတယ်။ ဒါက ကိုယ့်နိုင်ငံကိုယ်ပြန်တာနော်။ ဟော်တယ်ကျတော့လဲ ၀န်ထမ်းတွေက အဖြူမကို ဖူးဖူးမှုတ်ပြီး သူ့ကိုကျတော့ အဖြူမရဲ့ တပည့်ထင်ပြီုး အလုပ်လိုချင်လို့ အစ်မဘော့စ်ကိုပြောပေးပါလားလို့ လာကပ်တဲ့သူတွေနဲ့ ဘယ်သွားသွား အဖြူကတော့ ထုံးစံအတိုင်းမျက်နှာပန်းပွင့်တာပေါ့လေ။ ဟော သူ့နိုင်ငံပြန်ရောက်တော့လဲ အဖြူမက သူ့နိုင်ငံ သူပြန်ရောက်တော့ ကောင်တာသပ်သပ်နဲ့ ချက်ချင်းဝင်သွားပြီး ကိုယ်တွေကျန်ခဲ့ပြန်ရော။ အဲလိုမျိုးတွေ ကြုံဖန်များလာတော့ အဲဒီအစ်မက အကုန်လုံးကိုအချဉ်ပေါက်ကုန်ရော။ သူနေတဲ့နိုင်ငံက နိုင်ငံသားတွေနဲ့လဲ အစေးမကပ်။ ဗမာဒုခသည်တွေနဲ့လဲ အစေးမကပ် ( မကပ်ပုံကလဲ ခုနပြောသလို ဒုခသည်ဆိုတာ သူ့ပိုက်ဆံတွေ အလကားသုံးပြီးနှပ်နေတယ်လို့ထင်လို့။) နောက်ပြီး သူတို့ ကျွန်မတို့ တွေ့တဲ့ဒုခသည်တွေကလဲ လေနဲ့ ပဲ နိုင်ငံရေးလုပ်နေတယ်ဆိုပြီး အရက်ဝိုင်းထောင်ပြီးမူးကြ၊ ဖဲရိုက်ကြ ဆွစ်ဇာလန်သွားလိုက်။ ပြင်သစ်သွားလိုက်၊ ကောင်းပေ့မှစား၊ ကောင်းပေ့မှသုံး ပျော်ကြ၊ ပါးကြ ပြီးတော့ ငါတို့တွေကြောင့် ပြည်တွင်းမှာ ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီဆိုပြီးပြောနေတဲ့ လူမျိုးတွေပဲ တွေ့လာရတော့ အဲဒီအစ်မကလဲ လူကိုခင်တယ်၊ သူနဲ့တော့ နိုင်ငံရေး အကြောင်းတော့မဆွေးနွေးပါနဲ့ဆိုပြီး ပြောပစ်လိုက်ရော။ နောက်ပြီး ဒုခသည်တွေရဲ့ သားသမီးတွေကိုလဲ ပညာကောင်းကောင်းတတ်ပြီး ဗမာပြည်နိုင်ငံရေးအတွက်ဆက်ပြီး လှုပ်ရှားခိုင်းဖို့ ပြောတော့ သူပဲဟာသလုပ်ခံရတယ်။ သားသမီးတွေကလဲ ကိုယ့်အဖေ၊ အမေဘယ်လိုနေလာခဲ့တယ်။ ဘယ်အတွက်ကြောင့် ဒီနိုင်ငံတွေရောက်လာခဲ့ရတယ် ဆိုတာမေ့ပြီး ဒီကနိုင်ငံသားတွေနဲ့တန်းတူပဲနေကြပြီး ဗမာစကားတောင် ကောင်းကောင်းမတတ်ကြပဲ ဗမာလို့ ပြောဖို့တောင် ရှက်နေကြပြန်ရော။ နောက်ဆုံးတော့ သူလဲ ဗမာတွေကို ခုနလိုပဲ နိုင်ငံရေးအကြောင်းတော့ မပြောနဲ့ ကျန်တာကတော့ ခင်ခင်မင်မင်နေလို့ရတယ်လို့ပြောလိုက်တော့ အဲဒီအစ်မကို စစ်တပ်ဘက်ကလား ၊ ကြောက်လို့လား ဖြစ်ပြန်ရော။ နောက်ဆုံး သူ့ချွေးနဲစာနဲ့ သူ့သမီးတကသိုလ်တက်တော့ သူ့ဘာသူနေနိုင်အောင်လို့ တိုက်ခန်းဝယ်ပေးလိုက်တော့ ဘာပြောကြပြန်လဲဆို သူ့အဖေအမေက စစ်တပ်ကဖြစ်မယ်။ အဲဒါကြောင့် အဲလိုထောတာဆိုတာမျိုး ပြောကြပြန်ရော။
မှန်တာပြောရင် ကျွန်မတို့မိသားစုလဲ အဲဒီအစ်မလိုပဲ ဒုခသည်တွေကို ငါတို့ အခွန်ပေးထားတာတွေနဲ့ စားနေပြီး သုံးနိုင်၊ဖြုန်းနိုင် လိုက်ကြတာ၊ ပျော်နိုင်လိုက်ကြတာလို့တွေးမိပါတယ်။ အခုနောက်ပိုင်းမှ မဗေဒါရေးတဲ့ ပလာစစ်တို့ ဘာတို့ဖတ်ပြီးမှ ဒုခသည်တွေလဲ အလကားနေရတာမဟုတ်ဘူးဆိုတာ သိလာတယ်။ လက်ဖ၀ါးနဲ့ လက်ဖမိုးလိုပဲ တစ်ယောက်နဲ့တစ်ယောက်တော့ အမြင်မတူနိုင်ပါဘူး။ ဆွေးနွေးခွင့်ရတာကျေးဇူးပါ။ ဒုခသည်တွေအကြောင်း ပွင့်ပွင့်လင်းလင်းရေးတတ်တဲ့ မဗေဒါရဲ့စာတွေလဲ ဆက်ဖတ်ချင်ပါတယ်။
thubuddar said...
သူတို့ ကျွန်မတို့ တွေ့တဲ့ဒုခသည်တွေကလဲ လေနဲ့ ပဲ နိုင်ငံရေးလုပ်နေတယ်ဆိုပြီး အရက်ဝိုင်းထောင်ပြီးမူးကြ၊ ဖဲရိုက်ကြ ဆွစ်ဇာလန်သွားလိုက်။ ပြင်သစ်သွားလိုက်၊ ကောင်းပေ့မှစား၊ ကောင်းပေ့မှသုံး ပျော်ကြ၊ ပါးကြ ပြီးတော့ ငါတို့တွေကြောင့် ပြည်တွင်းမှာ ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီဆိုပြီးပြောနေတဲ့ လူမျိုးတွေပဲ တွေ့လာရတော့ အဲဒီအစ်မကလဲ လူကိုခင်တယ်၊ သူနဲ့တော့ နိုင်ငံရေး အကြောင်းတော့မဆွေးနွေးပါနဲ့ဆိုပြီး ပြောပစ်လိုက်ရော။ နောက်ပြီး ဒုခသည်တွေရဲ့ သားသမီးတွေကိုလဲ ပညာကောင်းကောင်းတတ်ပြီး ဗမာပြည်နိုင်ငံရေးအတွက်ဆက်ပြီး လှုပ်ရှားခိုင်းဖို့ ပြောတော့ သူပဲဟာသလုပ်ခံရတယ်။ သားသမီးတွေကလဲ ကိုယ့်အဖေ၊ အမေဘယ်လိုနေလာခဲ့တယ်။ ဘယ်အတွက်ကြောင့် ဒီနိုင်ငံတွေရောက်လာခဲ့ရတယ် ဆိုတာမေ့ပြီး ဒီကနိုင်ငံသားတွေနဲ့တန်းတူပဲနေကြပြီး ဗမာစကားတောင် ကောင်းကောင်းမတတ်ကြပဲ ဗမာလို့ ပြောဖို့တောင် ရှက်နေကြပြန်ရော။ နောက်ဆုံးတော့ သူလဲ ဗမာတွေကို ခုနလိုပဲ နိုင်ငံရေးအကြောင်းတော့ မပြောနဲ့ ကျန်တာကတော့ ခင်ခင်မင်မင်နေလို့ရတယ်လို့ပြောလိုက်တော့ အဲဒီအစ်မကို စစ်တပ်ဘက်ကလား ၊ ကြောက်လို့လား ဖြစ်ပြန်ရော။ နောက်ဆုံး သူ့ချွေးနဲစာနဲ့ သူ့သမီးတကသိုလ်တက်တော့ သူ့ဘာသူနေနိုင်အောင်လို့ တိုက်ခန်းဝယ်ပေးလိုက်တော့ ဘာပြောကြပြန်လဲဆို သူ့အဖေအမေက စစ်တပ်ကဖြစ်မယ်။ အဲဒါကြောင့် အဲလိုထောတာဆိုတာမျိုး ပြောကြပြန်ရော။
မှန်တာပြောရင် ကျွန်မတို့မိသားစုလဲ အဲဒီအစ်မလိုပဲ ဒုခသည်တွေကို ငါတို့ အခွန်ပေးထားတာတွေနဲ့ စားနေပြီး သုံးနိုင်၊ဖြုန်းနိုင် လိုက်ကြတာ၊ ပျော်နိုင်လိုက်ကြတာလို့တွေးမိပါတယ်။
SHWE ZIN U said...
အဟင်း.ဟင်း မဗေဒါ ရေ
သိပ်နေမကောင်း လို့ လာဖတ်တာ နောက်ကြသွားတယ်
ရွှေစင်ဦး စားသုံးတာတွေတော့ ဘလော့ ပေါ်မှာ ရေးထားတယ်နော်
ရေးသင့်တာတွေ ရေးပြ ကော့မန် တွေ ဖတ်ရ တဲ့ အတွက် ကျေးဇူးတင်ပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Myanmar Good Knowledg Co., Ltd said...
မဗေဒါရေ
မင်္ဂလာပါ။
ဘယ်ပို့စ်ဖတ်လိုက် ဖတ်လိုက် ။ ပို့စ်တိုင်းက အလွန်ကြွတက် (တက်ကြွ) နေတယ်နော်။း))
အားပေးတယ်။
ခင်မင်လျှက်
Nge Naing said...
သူငယ်ချင်းရေ ကောင်းတယ်။ အားပေးတယ်။ ဒီမှာလည်း ဗမာအချင်းချင်းတွေ့လို့ တယောက်နဲ့တယောက် ၀မ်းသာအားရ နှုတ်ဆက်ကြပြီး မြန်မာပြည်က ထွက်တာ ၈၈ ကပါလို့ ပြောလိုက်တာနဲ့ ဟိုဘက်လှည့်သွားတဲ့ ဗမာတွေ ကြုံဖူးပါတယ်။ ထားလိုက်တော့ သူငယ်ချင်းရေးတာ တော်တော်လေး ပြည့်စုံနေပြီ ဒီအကြောင်း ဘာမှ မဆွေးနွေးတော့ဘူး။ H ပြောတာနဲ့ ပတ်သက်ပြီး နည်းနည်း ဆွေးနွေးချင်တယ်။ ကျွန်မတို့မိသားစုက အော်စီရောက်ပြီး ထောက်ပံ့ကြေးနဲပ သိပ်မရပ်တည်လိုက်ရဘူး။ အလုပ်လုပ်တဲ့ မိသားစုပါ။ လတ်တလောရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ အလုပ်တကယ်ရှာမတွေ့လို့ ထောက်ပံ့ရတဲ့ အလုပ်လက်မဲ့တွေကို မိမိ အလုပ်လုပ်ထားတဲ့ Tax နဲ့ အစိုးရက ထောက်ပံ့တာ ဘာမှမကြည်ဖြူစရာ အကြောင်း မရှိပါဘူး။ မိမိဟာ ဒီနိုင်ငံကို ရောက်ပြီဆိုကတည်းက ဒီနိုင်ငံရဲ့ လူမှုဖူလုံရေးနစ် Social Security ကို လူသားတယေက်မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး အဖြစ်လက်ခံ ထားပြီးသား ဖြစ်သင့်ပါတယ်။ သို့ပေမဲ့လည်း အလုပ်လုပ်ရပျင်းလို့ လတ်လျားလတ်လျားနဲ့ ထောက်ပံ့ကြေး လိမ်လျှောက်ပြီး ဘေးမှာလည်း အလုပ်ခိုးလုပ်နေသူတွေကိုတော့ ကျွန်မလည်း လုံးဝ မကြည်ဖြူ မသဒ္ဒါတာ အမှန်ပဲ။ ဒုက္ခသည် မဟုတ်တော့ဘဲနဲ့ ဒီလိုနေတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ကို ကျွန်မကတော့ သူများလုပ်စာ လိမ်ပြီး ခိုစားတယ်လို့ပဲ မြင်ပါတယ်။ တကယ်ဒုက္ခသည်တွေမှာကျတော့ ထောက်ပံ့ခံရပိုင်ခွင့် ရှိလို့ ထောက်ပံ့ ရတာကို ကျွန်မဘာမှ အပြစ်မမြင်ဘူး။ ဒါကြောင့်မို့ ကွဲကွဲပြားပြား မြင်ဖို့က သိပ်အရေးကြီးတယ်လို့ ကျွန်မထင်တယ်။
Unknown said...
မှတ်ချက်၊၊ ၊၊ ကျွန်မသည်လည်း ပါ့စ်ပို့ စ်သက်တမ်း တိုးရန် အတွက် ရောက်သည့်နိုင်ငံအလိုက် ထိုနိုင်ငံရှိ အနိမ့်ဆုံးဝင်ငွေဧ၊၊် 10% ကို စစ်အစိုးရ ( ပြည်သူလူထု အား ဒုက်ခပေးနေသည့်အဖွဲ့  ) အား အခွန်ပေးနေရသူ တစ်ဦးသာ ဖြစ်ပါသည်၊၊
mabaydar88 said...
ညီမ H ရေ..
ပထမ ပြောချင်တာကတော့ အခုလို အတွေ့အကြုံလေး ဝေမျှတော့ စာလာဖတ်သူတွေ သိရသလို မဗေဒါလည်း လေ့လာခွင့် ရသွားပါတယ်.. ဆွေးနွေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..။
အမ ဆွေးနွေးတာက အဓိက အကြောက်တရား အခြေခံပါ ညီမ.. ဒါကြောင့် ညီမ ပြောတာနဲ့ အံမဝင် ပေမဲ့လည်း နဲနဲတော့ အမြင်လေးကို ပြောချင်ပါတယ်..။
ညီမ အသိဆိုသူရဲ့ စိတ် အစာမကြေ မှုက နဲနဲ
အစွန်းရောက်တယ်လို့ အမ မြင်ပါတယ်.. အခွန်တွေ
အများကြီး ဆောင်ရတဲ့ ခေတ်ပညာတက် တယောက် အနေနဲ့ ဒီကနေ့ ကမ္ဘာကြီး ရဲ့ အလှည့်အပြောင်း တွေကို ကြည့်တက်ရင် မြင်နိုင်ပါတယ်..။ အဲဒီထဲမှာလည်း လူတွေ အမျိုးမျိုး ရှိတက်ပါတယ်.. (ဗမာပြည်သား လူရူပ်.. တွေ ရှိသလို ဆိုမားလီးယားက ကလေးတွေပဲ ထိုင်မွေးပြီး ပြည်သူပိုင်ငွေတွေနဲ့ ရပ်တည်နေသူတွေလည်း ဒုနဲ့ဒေးပါ..)။ တကယ်တမ်းမှာ ဒီလူတွေမှာလည်း တကယ်ရတဲ့ အခွင့်အရေးက နဲနဲလေးပါ.. တကယ်ပြောကြမယ်ဆိုရင် ထောက်ပံ့တဲ့အစိုးရများက မသေရုံ ကျွေးထားတာဖြစ်ပါတယ်..။ နောက်ဖိအားတွေလည်း အရမ်းများပါတယ်..။ ဒုက္ခသည် အများစုဟာ ဆင်းရဲသား နိုင်ငံများက လာကြတဲ့အတွက် အများစုက စုနိုင်ဆောင်းနိုင်သလို ရွေ.. စိန် တွေပါ ရှိကြ ပိုင်ဆိုင်ထားတာ တွေ့ဖူးပါတယ်..။ အဲဒီလို နေထိုင်နိုင်လို့ မျက်စိနောက်တဲ့ ပြည်ရင်းသားတွေရှိသလို ညီမ အသိလို လူတွေလည်း တပုံတပင်လို့ ဆိုချင်ပါတယ်..။
တပြိုင်နက်တည်းမှာပဲ.. သူတို့ နေထိုင်ထိုင်တက် စုဆောင်းတက်တာကို အသိမှတ်ပြုပေးရင်လည်း ကြည်နူးစရာပါ.။ နောက်တခုကတော့ လူတွေမှာ တန်ဖိုးထားတဲ့ စံတွေ မတူတဲ့အတွက် တချို့က ပညာ.. တချို့က ရွေ အစ ရှိသဖြင့် စုဆောင်းကြချင်းသာ ဖြစ်တယ်ဆိုတော့ ခံစားပေးတက်ရင် စိတ်အချဉ်ပေါက်တာ သက်သာသွားမယ် ထင်ပါတယ်။
တကယ်တော့ ဒုက္ခသည်တွေဟာ ငွေအားဖြင့် ဆင်းရဲကြတာ များပါတယ်.. ။ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ အခုလို လုံခြုံအေးချမ်းတဲ့ အရပ်မှာ နေကြရတာမို့ သူတို့ရဲ့ ဘာမဟုတ်တဲ့ တပြားသား ပိုင်ဆိုင်မှုလေးကို ကြည့်ပြီး စိတ်အချဉ် မပေါက်သင့်ဘူးလို့ မဗေဒါ မြင်ပါတယ်..။ သူတို့နောက်ကွယ်က အခြေအနေမှန်လေးကို မြင်တက်ရင် စေတနာ ရှိသွားနိုင်ပါတယ်..။ စေတနာထားတက်ရင်လည်း ညီမ အသိ ပေးနေတဲ့ အခွန် ငွေက အလှူဖြစ်နိုင်သလို ဒုက္ခသည်တွေအပေါ် လည်း အမြင်မစောင်းတော့ဘူးပေါ့..။
အမ တယောက်တည်း သဘောထားကတော့ အခွန်နဲ့ အခုလို ရပ်တည်နေတဲ့ နိုင်ငံများမှာ အခွန်ရှောင်တာ.. ငွေမဲရှာပြီး ရပ်တည်နေတဲ့သူတွေ ကို မကြိုက်ပါ.. အားလည်း မပေးပါ..ဘူး..။ ဒါပေမယ့် တကမ္ဘာလုံးမှာ ဆင်တူရိုးမှား ပြဿနာတွေ အများကြီးပါ ညီမရေ..။
ညီမရဲ့ အသိကလေးက ဘာကြောင့်များ ကလေး ကျောင်းစရိတ်အတွက် ငွေချေးမရသလည်း မသိပါဘူး.. အမ တီးခေါက်မိသလောက်ကတော့ အမေရိကန်လို အရင်းရှင်နိုင်ငံမှာတောင် အင်မတန် ချမ်းသာသူတွေတောင် ချေးဌားပြီး တက်ခွင့်ရှိပါတယ်.. ဟုတ်ပါရဲ့လားလို့ ညီမ အသိကို သေချာမေးပါဦး.. တခါတလေလည်း ရူပ်ထွေးတဲ့ ဥပဒေသတွေကြောင့် အခက်အခဲတွေ ဖြစ်စေတက်သလို နားလည်မှုလည်း လွဲစေပါတယ်..။
တကယ်ချေးဌားလို့ မရခဲ့ရင်လည်း သူ့ရဲ့ ဝင်ငွေက တကယ်ကောင်းလို့ မလိုလို့ပဲ ဖြစ်နိုင်တာမို့.. ကလေးအတွက် မပူရလို့ ထင်ပါတယ်..။
မဗေဒါ ရေးဖူးခဲ့ပါတယ်.. တော်လှန်ချင်သူတွေ.. ဒီမိုလိုချင်သူတွေဟာလည်း လူတွေမို့ အမျိုးမျိုးရှိပါတယ်.. လူ့သဘာဝဖြစ်တက်တာတွေ သူတို့မှာလည်း မြင်တွေ့နိုင်ပါတယ်.. အားလုံးကောင်းနေသည်လို့ တော့ ပြောလို့မရပါဘူး..။
အဲဒီထဲမှာမှ သိပ်ဆိုးတဲ့ သူတွေနဲ့ တွေ့ကြုံပြီးတော့ ကျီးကန်းသည် အားလုံးမဲသည်လို့တော့ ကောက်ချက်မချစေချင်ပါဘူး..။
နောက်ဆုံးဆွေးနွေးချင်တာကတော့ အရက်သောက်ခြင်းနဲ့ အခြားသော လူတွေ အချဉ်ပေါက်တက်တဲ့ အပြုအမူတွေကို ကြည့်ပြီး အဆုံးအဖြတ်တခုကို တရားသေ မတွက်မိဖို့ ပြောချင်ပါတယ် ညီမ..။
ညီမပြောတဲ့ ဒုက္ခသည်အကြောင်းလေးတွေ အမလေး ရေးပါဦးမယ်။ လာဖတ်တာလည်း ကျေးဇူး..ဆွေးနွေးတာလည်း ကျေးဇူးနော်.။
ညီမ အကယ်၍ ဒီမန့်ကို လာပြန်ဖတ်တယ်ဆိုရင် လင့်ပေးထားခဲ့ပါ.. ညီမ အခုချန်ထားခဲ့တဲ့ လင့်ကို နှိပ်တာ သွားမရလို့ပါ..
ခင်တဲ့
မဗေဒါ (၈၈)
Naung Taw Lay said...
ကျွန်တော် ဖတ်ချင်တာလဲ အဲ့ဒါမျိုးတွေပဲဗျာ။ အခုဟာ
ကဘယ်နားမှာ ဖြစ်ဖြစ်ကြောက်နေကြတာပဲလေ။
taw thar gyi said...
အရမ်းကောင်းတယ်ဗျာ...ဒီလိုလေတွေအများဆွေးနွေးသင့်ပါတယ်...သူ့ခံစားချက်..ကိုယ့်ခံစားချက်တွေကိုသိရတော့...တစ်ယောက်နဲ့...တစ်ယောက်နားလည်ပေးနိုင်တာပေါ့..ဗျာ..ဘယ်သူမှ မမှားကြပါဘူး...ဘာပဲဖြစ်ဖြစ်...ကျနော်တို့တစ်တွေဟာ..တစ်မြေထဲနေပြီ..တစ်ရေထဲသောက်ပြီ..ကြီးပြင်းလာကြရတဲ့..သူတွေပဲဗျာ...ဗမာတွေရဲ့ကောင်းတဲ့..အချက်တွေကိုလက်ခံရမှာဖြစ်သလို....ဆိုးတဲ့..အချက်တွေကိုလည်း...လက်ခံကြရမှာပဲလေ...အခုလိုဆွေးနွေးတဲ့..သူတွေအားလုံးကိုလေးစား..ပါတယ်...ဒီစာလေးတွေကိုဖတ်ပြီ.. ဆင်ခြင်နိုင်ကြပါစေ..ဗျာ.