Thursday, June 3, 2010

ဆွေးနွေးကြစို့ ..

မင်္ဂလာပါရှင်.. ( စာလာဖတ်သူ.. ဘလော့ရေးသူ ဆွေမျိုးများ အားလုံးကို မြန်မာလို ..ရိုသေစွာ ..နုတ်ဆက်ပါတယ်..) ။

မဗေဒါ တယောက် အကျဉ်းအကျပ်ထဲ ရောက်နေပါတယ်..။ လခ မလောက်လို့တော့ ဟုတ်ပါဘူး..။ ဒီလိုပါ..။ အားလုံး ကြားတဲ့အတိုင်း ပဲ ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ အစ္စရေးက မနေ့တနေ့က အင်တာနေရှင်နယ် ရေပိုင်နက်ထဲ ဒုန်းစိုင်းကြဲလိုက်တာ..ကြောက်စရာ လန့်စရာအထိပါ..။ မဗေဒါလည်း အတော်လေး အံသြသလို.. မလုပ်သင့်ဘူးလို့ မြင်ပါတယ်..။ မဗေဒါရဲ့ နော်ဝေးဂျင် ဂိုက်ကတော့ အစ္စရေးက တင်ပို့လာတဲ့ စားစရာတွေ ဘယ်တော့မှ မဝယ်ပါဘူး.. ဘွိုင်းကော့် လုပ်ပါတယ်..။ အစ္စရေးအစိုးရရဲ့ သဘောထားကို မကြိုက်တဲ့အတွက် သူ နိုင်သလောက် စွမ်းဆောင်ပါတယ်..။ မဗေဒါက သူနဲ့ အမြဲပြောင်းပြန်ပါ..။ အစ္စရေးက တင်လာတဲ့ အသီး (ဥပမာ .. လိမ္မော်သီး.. ဌက်ပျောသီး အစ ရှိသဖြင့်) အမြဲ ဝယ်အားပေးပါတယ်..။

အခုတော့လည်း တမျိုးစဉ်းစားရမလို ဖြစ်နေပြီပေါ့…. တကယ်တော့လည်း ဂါဇာမှာ လူဦးရေရဲ့ တစ်ဝက် လောက်က ကလေးတွေပါ..။ သူတို့အခြေအနေကလည်း လွန်ခဲ့တဲ့ (၁၀) နှစ်ကထက် ပိုဆိုးလာနေ တာ ပါ..။ ဥပမာ ( စားသောက်စရာ ရှားပါးတာ… ရေ အလုံအလောက် မသုံးရတာ ) အစရှိသဖြင့်ပေါ့..။ အစ္စရေးကလည်း သူ့အကြောင်းပြချက်နဲ့ သူမို့ လုံခြုံရေးအတွက် စော်ထည့်လိုက်ပြီးပါပြီ..။ ကဲ.. အစ္စရေးက တင်ပို့ လာတဲ့ ပစ္စည်းတွေ ဆက် အားပေးသင့် မသင် ..ဘွိုင်းကော့်က အလုပ်ဖြစ်မဖြစ် .. ရယ်.. အစ္စရေး နဲ့ သူ့ ဝန်းကျင် အခြေအနေတွေကို စိတ်ဝင်စားမယ်ဆိုရင် ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်..။ စာလာဖတ်သူရော.. ဘလော့ရေးသူတွေရော အားလုံး ပါဝင်ဆွေးနွေးပေးကြပါရှင်..။ မတူတဲ့ အမြင်တွေပေါ့..။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်..။

မဗေဒါ (၈၈)

၀၃.၀၆.၂၀၁၀

12 ဦး၏ဆွေးနွေးချက်:

Under Water World said...

အမ

ကျနော်ဆို ဒီမှာ တရုပ်ပစ္စည်းဘာမှ မ၀ယ်ဘူး။
ကျနော်တို့နိုင်ငံကနေ လုပ်အားနဲ့ကုန်ကြမ်းပစ္စည်းတွေ ဈေးပေါပေါနဲ့ဝယ်ယူပြီး သူတို့အကျိုးစီးပွားတစ်ခုတည်း အတွက် နအဖ ကို သက်ဆိုးရှည်အောင် ထောက်ပံ့နေ တယ်လို့မြင်တယ် ။ ကျနော်မ၀ယ်လို့လည်း ဘာမှမဖြစ်ဘူး ။ နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်ပေမဲ့ ကိုယ်တတ်နိုင်တာ ကိုယ်ယုံကြည်ရာကိုတော့ လုပ်ရမယ် မဟုတ်လားအမ။

SHWE ZIN U said...

မဗေဒါ ရေ

မှန်ကန်တဲ့ဘက်က ရပ်တည်တာ အကောင်းဆုံးပါ ကိုယ်ယုံကြည်ရာ ကိုယ်အားပေးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ကျွန်မကတော့ အစ္စရေးဘက်ကိုပဲ ထောက်ခံပါတယ်။ ဂါဇာကို ထောက်ပံ့ပေးသမျှကလဲ ဟားမတ်စ်တွေလက်ထဲပဲ ရောက်သွားတာပဲလေ။ နောက်ပြီးကုလားဆိုအသေမုန်းလွန်းလို့ အစ္စရေးဘက်ပဲ အမြဲထောက်ခံတယ်။ ကုလားတွေက တခြားဘာသာတွေလို မဟုတ်ပဲ သူတို့နဲ့ဘာသာမတူရင်ရန်သူပဲသဘောထားနေကြတာ။ အာဖဂန်၊ ဆိုမာလီ။ အီရန်၊အီရတ် ပါကီ နဲ့တခြား ကုလားဒုခသည်တွေတွေက သူတို့အဖေ ဆော်ဒီမှာကျတော့ ဒုခသည်အဖြစ်သွားမခံပဲ ဘာကြောင့်အနောက်နိုင်ငံတွေမှာပဲ ဒုခသည်ခံကြလဲ။ နောက်ပြီးလဲ သူတို့ဆီသွားရင်ကျတော့ မိန်းမဆိုလဲ သူတို့လိုဝတ်ရ၊ သူတို့ဓလေ့အတိုင်း လူရှေ့အစားမစားရတွေလုပ်ပြီး၊ သူများတိုင်းပြည်မှာကျတော့ ခေါင်းစွပ်တွေ တကားကားနဲ့။ ကုလားတွေကို မုန်းလွန်းလို့ ကုလားနဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် ကုလားနဲ့ဖြစ်တဲ့သူဘက်ပဲ ထောက်ခံတယ်။
အဲဒါကြောင့် အခုရက်ပိုင်း အစ္စရေးကတင်ပို့တဲ့ ပစ္စည်းတွေတောင် တကူးတကရှာဝယ်ဖြစ်သေးတယ်။ :-)))

Zay Tar Yar said...

ဗေဗေရေ ဇေကတော့ အစ္စရေးနိုင်ငံတော်ကိုမဟာလူသားဂျူးများရဲ့နိုင်ငံအဖြစ်အသိမှတ်ပြုပါ တယ် ၊ ဇွဲသတ္တိရှိတာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတာ ၊ ကြံရေဖန်ရေကောင်းတာ ၊ အဆင်းရဲ့ခံနိုင်တာ မျိုး ချစ်တာ ၊ တီထွင်ကြံဆနိုင်တာ အဲဒါတွေအတွက် အမြဲလေးစားပါတယ် ၊ ၁၉၄၇ လား ၄၅ လားတောင်မသိတော့ပါဘူး အစ္စရေးနိုင်ငံတော်တည်ထောင်ကတည်းယနေ့နိုင် ၊ အခတ်အခဲအ ကြပ်အတည်းတွေနဲ့အမြဲရင်ဆိုင်နေရတုန်းပါ ၊ သွေးချောင်းတွေစီးခဲ့တဲ့ ၇ ရက်စစ်ပွဲလိုဟာတွေ အဲလိုတွေကျော်ဖြတ်လာခဲ့ရတာလေ ၊ ဟစ်တာလာကြောင့်မျိုးပြုတ်လုနီးပါးဂျူးတွေ တစုတစည်း ထဲပြန်လည်ခြေချနိုင်တာဝမ်းသာစရာကြီးပါ ၊မော့ဆက်လို ကမ္ဘာပေါ်မှာ စီအိုင်အေတောင်မျက်လုံး ပြူးခဲ့ရတဲ့ထောက်လှမ်းရေးနည်းပညာတွေ ၊ ရေငုတ်သဘောင်္လို နည်းပညာတွေ ၊ ဗွီတူးလိုဒုံးပျံ တွေကိုစတင်တီထွင်ကြံစခဲ့သူတွေ ၊ အိုင်းစတိုင်းလို အတွေးခေါ်ပညာရှင်ကြီးတွေဟာလဲ အစ္စရေး မဟုတ်ရင်တောင် ၊ ဂျုးလူမျိုးတွေဖြစ်ခဲ့တယ်မို့လား ၊ အဲလောက်ကြိုးစားနေတာတောင်ဂျေရူစ လင်မြို့ကို ယခုတိုင် မြို့တော်လုပ်ခွင့်မရှိသေးဘူးလေ ပူတွဲမြို့တော်ကြီးမို့လား ၊ ဟိုပါလက်စတိုင်း ခေါင်းဆောင်ယာဇာအာရာဖက်ရှိကတည်းက ဆွေးနွေးလာခဲ့တဲ့ အရှေု့လယ်ပိုင်းပြဿနာဟာ ယနေ့ဆို နှစ်ပေါင်းတောင် ၅၀ကျော်ခဲ့ပြီလေ ၊ ကုလအတွင်းရေးမှုးကြီး ဦးသန့်တောင် ဇဝေဇ၀ါ ဖြစ်ခဲ့ရတဲ့ အရေးခင်း ၊ ယာဇာအာရာဖက် ကုလရုံးထဲကိုသေနတ်စွဲဝင်လာခဲ့အထိရုပ်ပျက်ခဲ့တာ လေ ၊ ဇေပြောချင်တာကတော့ ပါလက်စတိုင်းဆိုတာ အသုံးမကျတဲ့လူမျိုးတွေပါ အစွန်းရောက် နေတဲ့ လူတွေခေါင်းဆောင်နေတဲ့နိုင်ငံ အစ္စရေးတွေဟာ သူ့မြေမဟုတ်ပေမဲ့ ၊ သူတို့ပိုက်ဆံနဲ့ ၀ယ်ခဲ့ရတဲ့မြေတွေမို့လား ၊ ဒါကြောင့်နေရာထိုင်ခင်း အခတ်အခဲလေးကြောင့်ချကြတာနဲ့တူပါတ ယ် ၊ ရန်စတိုင်း ပါလက်စတိုင်းကဘဲစတာပါ ခံရတိုင်းပါလက်စတိုင်းဘဲခံရပါတယ် ၊ အသေခံဗုန်းခွဲ တာ အစ္စေ၇းတွေမလုပ်ပါဘူး ပါလတ်စတိုင်းဘဲလုပ်တယ် ၊ အစ္စေ၇းကတော့တ၇ားဝင်ကြော်ငြာပြီး မှ ဘူဒိုဇာနဲ့ထိုးသင့်ရင်ထိုး ၊ အမြောက်နဲ့ပြစ်စရာရှိပြစ် ၊ ခြံစီးရိုးခတ်သင့်ရင်ခတ် အဲလိုလုပ်တာပါ အခုကိစ္စကလဲ ဒစ်ပလိုမေစီအရလုပ်သင့်လို့လုပ်တယ်လို့ထင်ပါတယ် ၊ အစ္စရေးဝန်ကြီးချုပ်အ ဆက်ဆက်ဟာပညာတတ်ကြီးတွေများတယ်လေ အေရီရှရွန်တို့ အီဟွတ်ဘာရက်တို့ အဲလိုလူကြီး တွေအုပ်ချုပ်တာဆိုတော့ လူတိုင်းက အသိညာဏ်ထွန်းကားတာပေါ့ ၊ ဟိုဘက်ရွာ ကတော့ ယာဇာအာရာဖက်တို့ ၊ ဟာမက်ခေါင်းဆောင်မာမွတ်တို့ဆိုတာတွေက ဒုစရိုက်ကောင် တွေဘဲ ဗိုက်ကြီးသယ်မိန်းမတောင် လမ်းလည်ခေါင်ဒုတ်နဲ့ရိုက်တဲ့အထိမိုက်မဲတာကိုး ဗေဗေသစ် သီးဝလံစိုက်တဲ့ နိုင်ငံတွေထဲမှာ နည်းပညာအသာဆုံးနိုင်ငံနော် ခရမ်းချည်သီးကိုအိမ်ထဲစိုက်ကြ တယ်ဆိုပေမဲ့ တနှစ်ကို တန် ၂၀၀ကျော်ပို့နိုင်သတဲ့ ထူးခြားတာကတော့ ခရမ်းချည်သီးကို မှာတဲ့အတိုင်းရသတဲ့ မျောက်ပုံ လူဝံပုံ အဲလိုအသီးတွေကိုသီးအောင်လုပ်နိုင်ပါသတဲ့ ဟဲဟဲ သုတ်စားလိုက်ရသိပ်ကောင်းပေါ့ ၊ အစိမ်းစားလဲအရေရွမ်းလိုက်မဲ့ဖြစ်ခြင်း ဟဲဟဲ အစ္စကိုသာအား ပေးပါဗေဗေရဲ့ ၊ ဒုစရိုက်သမားဆိုတာ သူတင်ခံရတာမဟုတ်ဘူးလေ သူ့ပတ်ဝန်းကျင်ကပါသူတို့ ရဲ့ဆိုးကျိုးကိုခံစားရတယ်ဆိုတဲ့ လောကဓမ္မတရားလေးတွေကို နောင်လာနောင်သားများ မှတ်သားမှိစေရန် ပါလက်စတိုင်းတို့ကနေသရုပ်ဖော်နေတယ်လို့သဘောထားပါ ၊ ကျိုးစား သူတွ ဟာဘယ်လိုအခြေနေမှာဘဲဖြစ်ဖြစ် ၊ ရှင်သန်ဘို့ရပ်တည်နိုင်တယ်လို့အစ္စရေးတွေကသရုပ် ဖော်နေတာပါ ၊ လူချွန်လူကောင်း သူရဲကောင်းလူစွမ်းကောင်းတွေကိုအားကျချင်တယ်ဆိုရင်တော့ ဗေဗေရယ် အစ္စရေကိုအားပေးကြပါစို့ခင်မျာ …….ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ..။

Nge Naing said...

ကိုယ်ကတော့ အစ္စရေးအကြောင်းကို အခုလောလောဆယ်မှာ မြန်မာပြည်က စစ်ခေါင်းဆောင်တွေရဲ့ Nucleus အိပ်မက်လောက် စိတ်မ၀င်စားဘူး။ ဒါကြောင့် ထဲထဲဝင်ဝင် ဆွေးနွေးဖို့ အချက်အလက် မရှိပါဘူး။ သပိတ်မှောက်သင့် မမှောက်သင့်ဆိုတာကတော့ နိုင်ငံတကာကနေ တကယ်မလုပ်သင့်လို့ ကမ်ပိန်းတခုအနေနဲ့ စနစ်တကျ လုပ်ပြီး အရေးယူမယ်ဆိုရင်တော့ ထောက်ခံတဲ့ဘက်က ရှိပါတယ်။ ဒါမှမဟုတ်ဘဲ Individually ကတော့ ကိုယ့်ကြိုက်တဲ့ အစားအစာ (သို့) အသုံးအဆောင်ပစ္စည်းတွေကိုတော့ အစ္စရေးဘဲဖြစ်ဖြစ် တရုတ်ပဲ ဖြစ်ဖြစ် ဘယ်နိုင်ငံကပဲ လာလာ ၀ယ်ဖြစ်ပါလိမ့်မယ်။ ဒီလောက်ပဲနော့် သူငယ်ချင်း အစ္စရေးနဲ့ ပတ်သက်ပြီး ခရစ်ယာန်နဲ့ မူစလင်ဘာသာတို့ရဲ့ မြစ်ဖျားခံရာ ဘာသာဖြစ်တယ်။ သမ္မာ ကျမ်းစာအုပ်ထဲက ယေရှုခရစ်တော်ကို ဖွားမြင်ခဲ့ရာနေရာ၊ ခရစ်တ်ာနဲ့ ရှင်မဿဲ၊ ရှင်လုကာ၊ ရှင်ယောဟန်တို့ရဲ့ ဂျေရုစလင်မြို့ စတဲ့ သမ္မာကျမ်းစာအုပ်ထဲက အကြောင်းအရာတွေကိုပဲ အစ္စရေး ပါလစ်တိုင်း နိုင်ငံရေးကိစ္စတွေထက် ပိုစိတ်ဝင်စားလို့ အခုကိစ္စမှာ လေးလေးနက်နက် ဆွေးနွေးလို့ မတတ်ပါဘူး။

သူကြီးမင်း (တုံးဖလား) said...

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်နှစ်အုပ်။ ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။ နိုင်ငံတစ်ခု ပျက်သုဉ်းခြင်းကတစ်အုပ်။ နိုင်ငံတစ်ခု(မွေးဖွား)တည်ထောင်ခြင်းကတစ်အုပ်လို့ ထင်တာဘဲ။ ဂျူးအကြောင်းတွေကို ရေးထားတာ။ အဲဒီစာအုပ်တွေ ဖတ်ပြီးကတည်းက အစ္စရေး(ဂျူး)လူမျိုးတွေကို ကျနော်သနားသွားတယ်။ အားလဲပေးနေမိတယ်။ ဇွဲသတ္တိကိုလဲ ချီးကျူးမိတယ်။
ဘာအပင်မှ မပေါက်ရောက်နိုင်တဲ့ ကန္တာရခေါင်ခေါင်ကြီးထဲမှာ နိုင်ငံတစ်ခုတည်ထောင်ထားရတာလေ။ ခက်ခက်ခဲခဲတည်ထောင်ပြီး သာယာဝပြောလာတော့မှ သူပိုင်တယ် ကိုယ်ပိုင်တယ်ဆိုပြီး ငြင်းခုန်မှုပိုပြင်းထန်လာတာပါ။

အခုဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စမှာလဲ အစ္စရေးမှားတယ်လို့ ပြောလို့မရပါဘူး။ သူတို့မှာလဲ လုံခြုံရေး အကြောင်းပြချက်ရှိမှာပါ။ ရန်သူတွေ ၀ိုင်းရံနေတဲ့နေရာမှာ နေရတဲ့အတွက် သူတို့ပြည်သူတွေရဲ့လုံခြုံရေးဟာ အလွန်အရေးကြီးပါတယ်။

ဘယ်သူတွေ ဘာပြောပြောဗျာ..။ ကျနော်ကတော့ အစ္စရေးဘက်ကိုဘဲ အပြတ်အသတ်ထောက်ခံတယ်။

ရွှေရတုမှတ်တမ်း said...

နဂိုကတော့ ဂျူးတွေကို သနားတယ်..နောက် နယူးယောက်မှာ နေတော့ ဂျူး တွေကို သနားစိတ်တော်တော်လျော့ သွားတယ်၊ ဟို လူမျိုးတွေကိုတော့ တော်တော်မိုက်ရိုင်းလွန်းလို့ စကားထဲတောင် ထည့်မပြောချင်ဘူး၊ ဝါရှင်တန်ဒီစီ မှာ အိမ်ဖြူတော်နားက ဟိုတယ်မှာ အလုပ်လုပ်တုန်းက အဲဒီခေါင်းမြီးခြုံ စော်ဘွားတွေ လာတည်းရင် မိုက်ရိုင်းလွန်းလို့ မေတ္တာပို့ရတာ ခနခန...

mabaydar88 said...

ဟလို ဆွေမျိုးများရှင့်..

အခုလို တခုတ်တရ ဆွေးနွေး တင်ပြတာ အင်မတန်မှ ကျေးဇူးတင်ပါတယ်ရှင်..။

မဗေဒါလည်း အခြေအနေတွေ စောင့်ကြည့်နေပါတယ်.. ရန်သူဝိုင်းနေတဲ့ ဂျူးလူမျိုးတွေ သူတို့အတွက်ဘယ်လို ကာကွယ်မလဲ.. နိုင်ငံတကာကရော ဘာတွေ သူတို့ကို တိုက်တွန်းနေလဲ အစရှိသဖြင့်ပေါ့..။

မဗေဒါကတော့ ဒီကိစ္စမှာ ဂျူးတွေရဲ့ တယောက်ချင်း အပြုအမူထက် အစိုးရရဲ့ အမြင်.. သဘောထား.. ကတိကဝတ် .. လူသားချင်း ဘယ်လို စာနာထောက်ထားပြီး ပြဿနာကို ဖြေရှင်းသလဲ အစရှိတာကို ပိုစိတ်ဝင်စားပါတယ်..။ နောက် ဟိုဘက်ဒီဘက်က အနာဂါတ်အတွက် ဘာတွေ ပြင်ဆင်နေကြသလဲ ဆိုတာကိုလည်း အင်မတန် စိတ်ဝင်စားပါတယ်..။

မမြင်တွေ တူတာရှိသလို မတူတာလည်း ရှိပါတယ်.. ဘာပဲပြောပြော အားလုံးကို ကျေးဇူးတင်သလို ကျွန်မတို့တွေ အခုကတည်းက တိုင်းပြည်အတွက် နိုင်ငံသားတယောက်ရဲ့ စိတ်ကူးအတွေးတွေက သိပ်အရေးကြီးတာမို့ အလေ့အကျင့်ကောင်းတွေကို လေ့ကျင်ချင်တဲ့စိတ်နဲ့ ဆွေးနွေးပွဲကို ဖိတ်ခေါ်တာပါ..

အားလုံးကို ကျေးဇူးပါ.. နောင်လည်း ဆွေးနွေးချင်ပါသေးတယ်..။

အားလုံးရွင်လန်းချမ်းမြှေ့ပါစေလို့..။
မဗေဒါ (၈၈)

YE MIN TUN said...

အမရေ
နောက်ကျသွားတယ်ဗျ မသိလိုက်ဘူး ကျနော်အမြင်က လူမျိုးရေး ဘာသာရေးအမြင်ထက် ဒီကိစ္စက လူမှုရေးလို့ရူ့ထောင့်က သုံးသပ်မှသင့်တော်မယ် ထင်ပါတယ်(မဟုတ်ရင် ဗမာလူမျိုးတွေကို UNHCR-Malaysia ကအခွင့်ရေးမပေးတာလို ခံရခက်ကြီးခံစားရတယ်)

အစ္စရေးနိုင်ငံတော်ထူထောင်တဲ့ သမိုင်းအချက်အလတ်တွေကို ပြန်ဖတ်ရင်လဲ တချို့အဖြေတွေထွက်နိုင်တာဘဲ သေချာတာက ဂျုးရော ပါလစ္စတိုင်းရောက တော်တော်လေးမလွယ်တဲ့ စရိုတ်ရှိပါတယ် ဒုတိယကမ္ဘာ့စစ်အပြီး မဟာမိတ်တွေက သဘောင်္ကြီးနှင့် ပြန်ပို့လောက်အောင်ကို ဂျုးတွေကလည်း ဥရောပတခွင်မှာ ပြဿနာကြီးတယ် လက်ခံမယ့်လူမရှိဘူး ပါလစ္စတိုင်းတွေကလည်း ဘာသာရေးအယူဆက ပြင်းထန်လွန်းတာမို့ အခြားအာရပ်တွေတောင် ဘာသာတူပေမယ့် သူတို့ကို ခပ်လန့်လန့်ရယ်ပါ၊

ကျနော်အမြင်က ဒီကိစ္စက ရှင်းရှင်းလေးပါ အငတ်ခံနေရတဲ့လူတွေဆီကို အစားသောက်လှူတယ် အဲဒါကိုတားတယ် ပိုရုပ်ဆိုးတာက အသေပျောက်ရှိသွားတယ်ဆိုတာဘဲ နာဂစ်တုန်းက ဗမာပြည်ကို ကယ်ဆယ်ရေးတွေပေးမ၀င်တုန်းလိုဘဲ၊ မြောက်ကိုရီးယားခေါင်းဆောင်တွေ တောင်ကိုရီးယားကလှူတဲ့အချိန် အကြပ်ကိုင်တာလိုဘဲ ကျနော်မြင်တယ် လူသားချင်းချင်းရှု့ထောင့်ကပါ ငတ်နေတဲ့လူကို သူ့အကြောင်းမျိုးမျိုးကြောင့် အစ္စရေးလက်မခံပေမယ့် လာပြီး ကူညီတဲ့လူကို လုပ်တာ ရိုင်းသွားတယ်..
(ကမ္ဘာနိုင်ငံရေးမှာ ကျနော်တို့ လိုက်မမှီတဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ အရ ဒီပြဿနာလည်း ကြီးကြီးမားမား ဆက်မဖြစ်လာနိုင်ပါဘူး ထင်မိပါတယ် အဲဒါကလည်း ပါလစ္စတိုင်းနှင့် အစ္စရေး ဖြစ်နေလို့ပါဘဲ)

မတူတဲ့အမြင်တွေကိုလည်း ဖတ်သွားပါတယ် ရေးတဲ့လူတွေကိုလဲ လေးစားပါတယ်။

မန်းကိုကို said...

တစ်ရေးနိုး ဝင်လာတယ်သဘောထားလိုက်ပါဗျာ၊ ခုမှ အသော့ကလေး ဖတ်ဖြစ်လိုက်လို့။

အစ္စရေး-ပါလက်စတိုင်းကိစ္စဟာ အင်မတန်ရှည်လျားတဲ့ နောက်ကြောင်းနဲ့ အလှည့်အပြောင်းတွေလည်း များခဲ့တယ်လို့ သိရပါတယ်။ သေချာတာတွေကတော့ -
- အစ္စရေးတွေ ဘန်ကောက်မှာ ဈေးသည်တွေ အမြင်ကပ်ကြတယ်၊
- ဥာဏ်ရည်ထက်မျက်ကြတယ်၊
- နိုင်ငံတည်တံ့ရေးအတွက် ဘာမဆိုလုပ်တယ်၊
- ပါလက်စတိုင်းတွေဆီက မြေတွေနည်းအမျိုးမျိုးနဲ့ လှည့်ဝယ်ခဲ့တယ်၊ (အမြင်တွေကွဲကြပါတယ်)

ထားပါတော့ သီအိုရီအရပြောရရင်တော့ သူတို့အကျိုးများအောင် ရသလောက်နည်းတွေနဲ့ တွန်းနေတယ် ဆိုတာပါ။

ကိုယ်ပိုင်အမြင်ကတော့ မှားတာကို မှားတယ်ပြောသင့်ပါတယ်၊ မှန်ရင်လည်း အားပေးသင့်ပြီး အစ္စရေး သစ်သီးတွေကို သပိတ်မှောက်တာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ (အာရှမှာ နယူးဇီလန် ပန်းသီးတွေပဲ အစားများကြတာနဲ့တော့ မဆိုင်ပါ)

နှိုင်းယှဉ်ချင်ရင်တော့ မြန်မာပြည်တစ်ခုလုံးရှိပါတယ်။ မတူတာကတော့ ပိတ်နေတဲ့နိုင်ငံနဲ့ ပွင့်နေတဲ့နိုင်ငံပါ၊ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံက လုပ်တာမို့လို့ မှန်တယ်လို့ တစ်ထစ်ချယူဆလို့ မရပါဘူး။ စကားပြန်ကောက်ရရင်တော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ပါ၊ အကျိုးအကြောင်း အဆိုးအကောင်းတွေကို မမေ့ဖို့သာလိုတာပါ။

mabaydar88 said...

ဟလို

စဉ်းတော့ စဉ်းစားနေတယ်.. အစ္စရေးကလာတဲ့ ပစ္စည်းဝယ် အားမပေးလည်း အစိုးရက ချမ်းသာတယ်..။ တခြားရလမ်းတွေ (တခြားအစိုးရတွေနဲ့ လုပ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးတွေမျိုး) လည်း ရှိနေတာဆိုတော့ ကိုယ်က အားမပေးယုံနဲ့ သူတို့လုပ်နေတာတွေ တားဆီးစေသလို ဖြစ်မဖြစ်ပါ..။

တရုတ်ပစ္စည်း မဝယ်ဖို့ လှုံ့ဆော်ခဲ့တုန်းကလည်း တကယ်တမ်း အဲဒီက ပစ္စည်းတွေ လက်တွေ့ ဘဝမှာ ဝယ်ယူနေရတာတွေ ရှိတာကို ကို ဆွေးနွေးဖူးတယ်.. ။ အ ခြေအနေတွေကကို ဝယ်ယူဖို့ ဖန်တီးနေသလို ဖြစ်နေတာပေါ့..။ (ဥပမာ.. ကလေးအတွက် ဂျပန်မိတ်ဝယ်မလား.. တရုတ်မိတ်လားဆို သက်သာတဲ့ တရုတ်ပစ္စည်း ဝယ်လိုက်ရတာမျိုးပေါ့) ဒါက ဘဝနဲ့ နီးစပ်တာ.. လက်တွေ့ကျသလို ဖြစ်သွားတာပေါ့..။

အစ္စရေးကတော့ တရုတ်လောက် ပစ္စည်းမထုတ်လုပ်နိုင်ဘူး.. ဒီတော့ ရှောင်ရင်လည်း ရှောင်နိုင်တယ်.. ကိုယ့်လိုလူတွေ အများကြီးရှိရင်တော့လည်း အစ္စရေးအစိုးရက မူ.. ဝါဒတွေ ပြောင်းကောင်းပြောင်းနိုင်ပါရဲ့ လို့ ထင်မိတာပါပဲ..။

လာရောက်ဖလှယ်တဲ့သူများကို အထူးကျေးဇူးပါ.. ဆက်လက် ဆွေးနွေးကြပါစို့လို့ ..။

မဗေဒါ (၈၈)

mabaydar88 said...

ဟလို

စဉ်းတော့ စဉ်းစားနေတယ်.. အစ္စရေးကလာတဲ့ ပစ္စည်းဝယ် အားမပေးလည်း အစိုးရက ချမ်းသာတယ်..။ တခြားရလမ်းတွေ (တခြားအစိုးရတွေနဲ့ လုပ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးတွေမျိုး) လည်း ရှိနေတာဆိုတော့ ကိုယ်က အားမပေးယုံနဲ့ သူတို့လုပ်နေတာတွေ တားဆီးစေသလို ဖြစ်မဖြစ်ပါ..။

တရုတ်ပစ္စည်း မဝယ်ဖို့ လှုံ့ဆော်ခဲ့တုန်းကလည်း တကယ်တမ်း အဲဒီက ပစ္စည်းတွေ လက်တွေ့ ဘဝမှာ ဝယ်ယူနေရတာတွေ ရှိတာကို ကို ဆွေးနွေးဖူးတယ်.. ။ အ ခြေအနေတွေကကို ဝယ်ယူဖို့ ဖန်တီးနေသလို ဖြစ်နေတာပေါ့..။ (ဥပမာ.. ကလေးအတွက် ဂျပန်မိတ်ဝယ်မလား.. တရုတ်မိတ်လားဆို သက်သာတဲ့ တရုတ်ပစ္စည်း ဝယ်လိုက်ရတာမျိုးပေါ့) ဒါက ဘဝနဲ့ နီးစပ်တာ.. လက်တွေ့ကျသလို ဖြစ်သွားတာပေါ့..။

အစ္စရေးကတော့ တရုတ်လောက် ပစ္စည်းမထုတ်လုပ်နိုင်ဘူး.. ဒီတော့ ရှောင်ရင်လည်း ရှောင်နိုင်တယ်.. ကိုယ့်လိုလူတွေ အများကြီးရှိရင်တော့လည်း အစ္စရေးအစိုးရက မူ.. ဝါဒတွေ ပြောင်းကောင်းပြောင်းနိုင်ပါရဲ့ လို့ ထင်မိတာပါပဲ..။

လာရောက်ဖလှယ်တဲ့သူများကို အထူးကျေးဇူးပါ.. ဆက်လက် ဆွေးနွေးကြပါစို့လို့ ..။

မဗေဒါ (၈၈)