Thursday, June 3, 2010

မြန်မာတိုးရစ်ကြီးများ

နယူးဒေလီမှာ ညအမှောင်ကိုတော့ တစ်ညတာ ကျော်ဖြတ်ပြီးပေါ့...။မိုးလင်းတော့လည်း အိပ်ယာကနေ ထတောင် မထချင်..ညဘက်ကလည်း အိပ်မပျော်ဆိုတော့.. မနက် မိုးစင်စင်လင်းမှ အိပ်ရမလို ဖြစ်နေတာ..။ အောက် ထပ်မှာ နော်ဝေးသံရုံး က လာတယ်လို့ သတင်း ပေးလာ တယ်။ ဟဲ့ ဘာလို့လဲပေါ့..။ ဒါနဲ့ ညအိပ် ဝတ်စုံကြီး ကိုးယိုးကားယား နဲ့ ကမန်းကတန်း အပေါ်ဆုံးထပ်ကနေ.. အောက်ထိ ပြေးဆင်း ရပေါ့ ( ကြယ်က ၁၀ ပွင့် ဖြစ်နေတော့ ဓာတ်လှေကားလည်း မရှိ)..။ အမယ်အောက်ရောက်တော့.. လူငယ်လေး တယောက် ပြုံးချိုချို မျက်နှာ ဘေး နဲ့စောင့် နေလေရဲ့ .. ဂွတ်မောနင်းပေါ့.. မောနင်းပေါ့.. ဘာတုံးပေါ့..။ မတူပါလား နော်ဝေး ပေါ့.. ဒါပေမယ့်လည်း ပြောလို့ တော့မရဘူး.. နော်ဝေးကုလားလေးတွေလည်း အများသားပေါ့.. ဘယ်ဟုတ်မလဲ ကိုယ်တော်က ခရီးသွား အေဂျင့်က ပေါ့.. ဘာညာ ပေါ့ မိတ်ဆက်..။ ကျွန်မကလည်း မိတ်ဆက်ပေါ့…။ ကလေး ၂ ယောက် ယောက်ျား.. အားလုံး ၄ ယောက် ရှိကြောင်းပေါ့..။ သူကလည်း ကျွန်မကို အကဲခတ်နေပုံပဲ..။ ဝတ်ထားတာတွေ ကိုကြည့်ပြီး တော်တော်ဆင်းရဲတယ်လို့ သူထင်ပုံရမယ်.. ။




ကျေးဇူးရှင် အေးဂျင့်က တည်းခိုတဲ့ ဟိုတယ်နဲ့ ဆက်ထားတော့.. ကြယ် ၁၀ ပွင့် ဟိုတယ်က မြန်မာတိုးရစ် ကြီးတွေထံ ကြွမြန်းလာတာ..။ မြို့ထဲမှာ ရစ် ကြဖို့ ပတ်ကြဖို့…။ အိုကေပေါ့..။ ကားစောင့်နေမယ်တဲ့.. ပိုက်ဆံပေးရမှာ စိုးလို့ အခြေအနေ သိအောင် မေးရသေးတယ်.. ရတယ် မလိုပါလို့ ဆိုပါတယ်..။ အမယ် တယ်ဟုတ်ပါလားပေါ့.. စောင့်စေပေါ့..။ ယောက်ျား နဲ့ ကလေးကို ပြန်တက်လာပြီးပြောပြ ..။ ပြီးတာနဲ့ အပေါ်မှာ နဲနဲ ပါးပါး သန့်ရှင်းသပ်ရပ်အောင် လုပ်ပြီး လင်မယားနှစ်ယောက် အောက်ဆင်းလာပေါ့..။ နံနက်စာလည်း စားလိုက်သေး.. အာလူးပူတီပေါ့.. ..။ ကုလားလိုတော့လည်း အာလူးပူတီပဲ.. သိပ်တော်တဲ့ မြန်မာတွေ .. ကော်ပီကို တခါတည်း ယူထားလိုက်တာ.. မူရင်းအတိုင်းပဲ..။ အဲလူကလည်း စိတ်ရှည်ရှည်နဲ့ စောင့်နေပေါ့..။ သူနဲ့အတူ မဗေဒါတို့ လင်မယားနှစ်ယောက် ထွက်လိုက်လာတယ်..။ ကားလေးကလည်း သိပ်မစိုးဘူးပေါ့..။ ဒါပေမယ့် သိပ်ပူတယ်.. ရှိစေတော့ သူများတွေတောင် အပူထဲ လျောက်နေကြတာပဲ.. ငါတို့က ကားထဲမှာပဲဟာပေါ့..။ နောက် အဲကွန်းလည်း ပါသေးတာမလား..။ အမိုက်ပေါ့..။
ဟိုရောက်တော့ ရုံးခန်းသေးသေးလေးထဲ ကိုခေါ်သွားတယ်..။ အခန်းကလည်း ကျဉ်းလိုက်တာ မပြောနဲ့တော့..။ အထဲခန်းကို ခေါ်သွားတယ်..။ ပန်ကာကတော့ တဝီဝီပဲ ..။ ဟိုလည်း ရောက်ရော ထိုင်ပါဦး.. ရေယူမလားပေါ့.. ယူမယ် သောက်မယ်ပေါ့..။ လာခေါ်တဲ့ ကောင်လေးက ထားခဲ့ပြီး ပျောက်သွားရော.. ဝင်လာခြင်း မှာ ထိုင်နေတဲ့ ကုလား ခဏနေလာမယ် လို့ သူပြောသွားတယ်..။ ပြောတဲ့အတိုင်းပဲ ရောက်လာပြီး.. မိတ်ဆက်ပေါ့..။ ဘာ အစီအစဉ် ရှိလဲပေါ့..။ မသိသေးဘူးလို့.. သူငယ်ချင်းအသိတွေ နဲ့ဆက်သွယ်တုန်းပေါ့..။ အိုကေ.. ဆိုပြီး သူတို့ လုပ်ပေးနေကျ နယူးဒေလီလာတဲ့ တိုးရစ်တွေ သွားနေကျ လမ်းကြောင်းလေးကို ပြတယ်..။ နယူးဒေလီမှာ ဘယ်နှစ်ရက် .. နောက်တော့ နာမည်ကျော် ချပူး ပြည်နယ် နဲ့ တခ်ျမဟာ ကိုပေါ့..။

ဆွေးနွေးလိုက်ကြတာ ၁ နာရီနည်းပါး..။ ငွေလည်း ညှိနှိုင်းရပါတယ်.. ပြောသာပြောတာ မဗေဒါက ငွေကိစ္စက အဲလိုမသွားဖူးတော့ မသိဘူး..။ နောက် ကိုယ်က မသိတော့ ပေးတာများမှာ အရမ်းကြောက်တယ်.. ကိုယ်ကလည်း ချမ်းသာတာမဟုတ်ဘူးမလား.. ရှိစုမဲ့စုလေးနဲ့ အပန်းဖြေသွား ဗဟုသုတ ရှာရတာမလား..။ ယောက်ျားကလည်း ဖြစ်နိုင်ချေ တွက်ပြီး ဟုတ်မှာပါ ဆိုပြီး ငွေ ၃ သောင်းကျော်လောက်နည်းပါး ပေးချေဖို့ သဘောတူတယ်.. နယူးဒေလီမှာ ၂ ရက်.. ချပူး..နဲ့ တပ်ခ်ျမဟာ ပေါ့..။ အားလုံး စုစုပေါင်း ဟိုတယ်တည်းခ ၆ ရက်စာလားမသိ.. ဟိုတယ်မှာ.. မနက်စာအပါအဝင်ပေါ့..။ နောက် အဲဒီ တပ်ခ်ျမဟာကနေ ဘုရားခြေချတော်မူခဲ့ရာ ဗုဒ္ဓဂါယာအတွက် ရထားလတ်မှတ် အထက်တန်းတွဲခလည်း ပါသေးတယ်..။ နောက်ထင်တာက ဂိုက်အတွက်ပါ လုပ်အားခ ပါတယ်ထင်တာပေါ့..။ သေချာမမေးလိုက်မိဘူး ဂိုက်အတွက် ပါမပါဆိုတာကိုပေါ့..။

ဒါပေမယ့် သူတို့ကို ချွင်းချက်တော့ ပြောထားတယ်.. ငါ့မှာကလေးငယ်လေး ပါတယ်ပေါ့.. အချိန်မရွေး အပြောင်းအလဲ ဖြစ်နိုင်တယ်.. ကလေး ၂ ယောက်က သိပ်အရေးကြီးတယ်ပေါ့..။ သူတို့က ကလေးဆိုတော့ အသက်မေးလို့ ပြောတော့ စိတ်ညစ်သွားကြတယ်.. ပြောချင်ပုံကတော့ အမယ်လေး ဒါကလေးလားပေါ့.. ဒီမှာလည်း လူတွေပါပဲ နင့်ကလေးမှ ကလေးကျနေတာပဲပေါ့.. ဒါပေမယ့် သူတို့ နုတ်က မပြောဘူး.. မဗေဒါက လူကဲခပ်ပြီး အထင်ပြောတာ ( မှားနိုင်တယ်)..။ ရတယ်ပေါ့.. ရထားနဲ့ သွားမဲ့ရက်က လွဲရင် အားလုံးပြောင်းနိုင်ပေါ့..

( မဗေဒါ တခုပြောချင်ပါတယ်.. ကလေးတွေကိစ္စပါ.. သားသားက ၂၀၀၈ မှာ ထိုင်းကို သွားလည်တော့ တချိန်လုံး ဖျားပါတယ်.. ခြင်ကိုက်တာရော.. အစားအသောက် မသန့်တာရော အစုံပါ.. ဆိုတော့ မဗေဒါတို့ အရမ်း စိတ်ညစ်ရပါတယ်.. ကလေး ကျန်းမာရေး မကောင်းရင် ဘယ်လိုမှ မပျော်နိုင်ပါဘူး.. ဒါကြောင့် နာမည်ကျော် အိန္ဒိယ ကိုမလာခင် ကတည်းက ကာကွယ်ဆေး တွေ.. သန့်ရှင်းေ၇းလုပ်တဲ့ ဘတ်တီးယီးယားပိုး သတ်ဆေးရည် အစရှိသဖြင့် အားလုံးဆောင်ထားပါတယ်.. ကလေးက အဲလိုအပြောင်းအလဲတွေမှာ ကိုယ်လူကြီးတွေလို ခံနိုင်ရည်မရှိတာကြောင့် ဘာလုပ်လုပ် သူတို့အတွက် ထည့်စဉ်းစားရပါတယ်.. ကြီးကျယ်တယ်လို့ မမှတ်ယူစေချင်ပါ.. ။ ဖြစ်ပြီးမှလည်း `ဟယ် `လို့ လုပ်လို့မရဘူးမလား..။ နောက်တခုက ကိုယ်က ဘယ်လိုအရပ်မှာပဲ နေခဲ့ဖူးပေမဲ့ ရေမြေမတူတဲ့ ရေခြားမြေခြားမှာ နှစ်ရှည်လများ နေခဲ့ပြီးပြီမို့ ခံနိုင်ရည် တွေလည်း မတူတော့ပါဘူး.. ဒါကြောင့် လူကြီး လူငယ် အားလုံးဂရုစိုက်ရပါတယ်.. အထူးသဖြင့် ကလေးတွေအတွက် မိဘက ပိုသတိထားရပါတယ်..။ တာဝန်တွေပေါ့..။ )

သဘောတွေ တူပြီးတော့ နောက်နေ့မှာ ခရီး စတင်ထွက်ပါတယ်.. ပထမဦးဆုံးကတော့ ဗုဒ္ဓဘာသာဆိုတော့ ဘုန်းကြီးကျောင်း.. စေတီ ပုထိုး ရှိတဲ့ မြို့လည်ကို ပို့ပေးပါတယ်.. အဲဒီမှာ ဘုရားတွေ ဖူး.. နဖူးအလယ်မှာ လည်း ဟိန္ဒူအယူအဆ ကောင်းစေသော်ပေါ့.. အစက်ကလေးတို့ပေးပါသေးတယ်.. အားလုံး တို့ကြပေါ့..။တို့ ပြီးတော့လည်း တယောက်ရုပ် တယောက်ကြည့် ရယ်ရသေးတယ်.. ဗုဒ္ဓဘာသာဝင်လေးတွေ လည်း အဲလိုဖြစ်လိုက်ရသေး.. ဘာပဲဖြစ်ဖြစ် သာသာတရားတွေက ချစ်စရာကောင်းတာလေးတွေ ရှိတော့ အကျိုးမယုတ်တာမို့ တို့တာကို လက်ခံခဲ့ကြတာပါ..။ နောက် အားလုံးသိတဲ့အတိုင်း ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူကလည်း ရောနေတာတွေ အများကြီးမလား.. (ဥပမာ.. သေပြီးအလောင်းကို ရက်ကြာကြာထားတာတို့.. အမဲသား မစားရတာ မျိုးတွေပေါ့..).. အစက်ကလေးတွေ တို့ပြီး ထွက်လာတော့.. ဘုရားနားမှာ မွေးအလိမ္မာယ် ပြနေတော့ ဝင်ကြည့်ပေါ့.. ။ မဗေဒါက မြွေ ဆိုတော့ အူယားပေါ့.. သမီးက ဓာတ်ပုံရိုက်ချင်တယ်တဲ့.. မွေပြသူကလည်း ရိုက်ပါတဲ့.. ရိုက်လဲပြီးရော ငွေတောင်းပါရော..။ သမီးက မပေးဘူးပေါ့.. မရဘူး နင် ဓာတ်ပုံရိုက်တာ ပေးရမယ်တဲ့ .. ကဲ.. ပေးလိုက်ပါ. .နဲနဲ ပေါ့..။ ( ၁၀ ) လားမသိ သမီးက ပွစိပွစိ လုပ်ပြီး ပေးလိုက်တယ်.. သမီးက အမှန်မှာ အင်မတန် စေတနာ ရှိတဲ့ကလေး .. သူတောင်းစားတွေ့ရင် နော်ဝေးမှာ ပေးလွန်းလို့ ဆူပါယူရတာ.. အခုကြတော့ လူလည်လုပ်သလို ဖြစ်လို့ သူစိတ်တိုသွားခဲ့တာ..။
ကဲ ထားလိုက်တော့ ဆက်သွားကြတာပေါ့..။ နာမည်ကျော် အိန္ဒိယဂိတ် ( စစ်အတွင်းမှာ အသက်ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတို့ အတွက် အမှတ်တရ နေရာ) ပေါ့..။ ပြီးတော့ ကမ္ဘာကျော် အင်ဒီရာဂန္ဒီ.. ပြတိုက် ..ဂန္ဒီ အုတ်ဂူ အစရှိသဖြင့် လိုက်ပတ်ကြတာပေါ့.. ပတ်တာက အရေးမကြီးဘူး.. အထဲဝင်တိုင်း ချွတ်လိုက်ရတဲ့ ဖိနပ်.. သားကို အမြဲ ပွေ့ချီယူရတယ်.. လူကြီးတွေလည်း လူ့ငရဲ ခံကြပေါ့..။ လူတွေကလည်း အမြဲပြည့်နေပုံပဲ.. လာကြည့်ရူကြတာ ဧည့်သည်ကနဲနဲ.. အဲဒီ နိုင်ငံသား များက များများပဲ.. ရှိမှာပေါ့ နော် ..ကမ္ဘာပေါ်က လူဦးရေ အများဆုံး နိုင်ငံတခုပဲမလား..။ တရုတ် တောင် နောက်ကျခဲ့ပြီထင်တာပဲ..။

ပြောရမယ်ဆိုရင် ကားက ရပ်ထားတုံးပဲ အဲကွန်းဖွင့်ပေးတာ.. ပြန်တက်တော့ ကားက မအေးဘူး.. ။ ဒါကလည်း အုံနာတွေက ပိတ်ခိုင်းထားတာ.. ချွေတာမှု တမျိုးပေါ့..။ ကျွန်မကလွဲရင် ကျန် ၃ ယောက် က ပူလွန်းလို့ စိတ်တိုကြတယ်..။ ကားမောင်းတဲ့ ကောင်လေးကို ဖွင့်ပါပေါ့..။. ကလေးတွေ ပူလို့..။ သူကလည်း ဖွင့်ပေးပါတယ်..။ ဒါပေမယ့် ကြာတာပေါ့နော် အေးအောင် စောင့်ရတော့.. စိတ်တိုရပြန်သေး.. လူတွေ များ ဒီလောက်လေးပဲ ဒုက္ခရှိသေး .. သည်းခံစိတ်ကို ပျောက်ကရော။ ပထမရက်မှာ အဲဒီကားမောင်းတဲ့ ကုလားကောင်လေးက လိုက်တာပြနေတာ..။ စကားကလည်း သိပ်မတက် နားမလည်တော့ အတော်လေး စိတ်ညစ်ရပါတယ်..။ နောက် သူက ဈေးပေါလို့ ခေါ်ကားမောင်းခိုင်းတဲ့ ချာတိတ်လေး.. နီပေါက ပါ.. တိုးရစ် ဂိုက်မှ မဟုတ်တာ.. ဒါကြောင့် ဘာသာစကားရော.. အကြောင်းအရာရော မပိုင်ပါဘူး..။ ဒါပေမယ့် ကိုယ်လည်း အဖြူတွေနဲ့ နေခဲ့တော့ နင်ပဲငဆ တော့ သူ့ကို မပြောဘူး..။ အေးဂျင့် လုပ်လို့ အခုလိုဖြစ်ရတာဆိုတော့ သူတို့ကိုပဲ ပြောတယ် .. သူ့ကိုတော့ ကောင်းကောင်းပဲ စိတ်ရှည်ရှည် ဆက်ဆံရပါတယ်..။ သူမှမသိပဲ.. နားမလည်ပဲလို့ သူ့ဘက်ကနေ စဉ်းစားပေးရပါတယ်..။ ကောင်လေးက ထမင်းခေါ်စားလည်း အတူမစားဘူး..။ ဒီလိုပဲ ထိုင်စောင့်တာပဲ..။ ပြောသာပြောမေးတာ သူ့ကိုတော့လည်း သနားနေပြန်တယ်..နောက်နေ့ သူမလာရလို့ အလုပ်မရမှာ..။ ဒါပေမယ့်လည်း သူက တော်ရုံမသိတာထက် နဲနဲ ပိုနေတော့ အေးဂျင့်ကို တော့ ပြောရပါတယ်။

အေးဂျင့်ကို ကိုယ် `လူအ` မဟုတ်ကြောင်းတော့ နဲနဲ ကွန့်ရတာပေါ့.. ဟဲ့ နင်တို့ ပို့လိုက်တဲ့ ကောင်လေးက သေချာလည်း မတက်ဘူး.. မတက်တာထက် ငါပြောတာ မေးတာကို နားမလည်တာ .. အဲဒါ ပြဿနာရှိတယ်..။ နားမလည်တော့ လိုက်လည်တာ အလကားပေါ့..။ သူတို့က တောင်းပန်ရှာတယ်.. နောက်နေ့ ဗိုလ်လိုကောင်းတဲ့သူ ရှာပေးမယ်ပေါ့.. အိုကေပါ..ပေါ့..။ နောက်နေ့မရောက်ခင် ပထမနေ့မှာပဲ .. ကျွန်မတို့ အသိတွေနဲ့ အဆက်ရပြီး ဒေလီမှာ သွားလည်တော့လည်း သူတို့ကားက အဲလိုပို့ဖို့ထဲမှာ မပါပေမဲ့ လိုက်မောင်း ပို့ခဲ့သေးတယ်..။ ဂိုက်ကောင်းကောင်း မပေးထားလို့ အားနာပြီး ပေးသုံးလိုက်တာ ဖြစ်မယ်ထင်ပါရဲ့....။

မဗေဒါ (၈၈)
၀၃.၀၆.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

အင်း မဗေဒါ ရေ

ဖတ်လို့ကောင်းတယ် ပုံလေးလည်း ကြည့်သွားတယ် ပိန်ပိန်လေးနော် နောက်ထပ်နေရာတွေလည်း ရေးအုန်း
ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဟိုနေ့က အနံတွေ နံလို့ သားသားထွက်ပြေးတာ ငပိရည် ကျိုလိုက်လို့လားးးးးးးးး

Zay Tar Yar said...

ဗေဗေက ကွန်ဒိုလီဇာရိုက်နဲ့တူတယ်နော် ၊ မင်ဒရဲလား
ညီမနဲ့တောင်ဆင်သလိုလိုဘဲ ၊ ဟိုဟာကြီးစီးနေတဲ့ပုံနဲ့
တော့ကွာချက်တော် . စာဖက်လို့ကောင်းတယ် သိလား
ပေါ့တယ်တော်တော်လေးကို ပေါ့တယ် ပေါ့တယ်...........။

mabaydar88 said...

အမရွေစင်..

အဟဲ ပိန်တာတော့ အမြဲပဲ.. အစားမှ ဝအောင် မစားရတာ.. သီနားဘားဒယ်း.. ဟိုတခါက ငပိထက်စိုးတဲ့ ပဲငပိပုပ်တွေ ကြော်မိလို့.. နောက် တအားပုပ်နေတာ အမရေ.. အကုန်သွန်ရတယ်.. ဒီမှာက အဲလောက်နံပြီဆိုရင် တိုင်တယ်အမ.. မဗေဒါ တော်တော်လေး လန့်သွားတယ်.. တအိမ်လုံးလည်း နံစော်ကုန်တယ်.. မဗေဒါကိုလည်း မိသားစုဝင်တွေ ကောင်းချီးတွေ ပေးကြတယ်.. ဟဲ..။

မောင်ဇေ.. အမ တခါပြောထားတယ်မလား.. ကုလားအုပ်ပေါ်က သမီးနဲ့ သားပါ.. အမ မဟုတ်ပါ.. လို့..။

မဗေဒါ (၈၈)

Under Water World said...

အမရေ

မြန်မာတိုးရစ်ကြီးများအကြောင်း လာဖတ်ပါတယ် ။
ခလေးတွေကအေးတာနဲ့ကျင့်သားရနေတော့ စိတ်တိုကြတာလည်း အပြစ်မဆိုသာဘူး ။

ရွှေရတုမှတ်တမ်း said...

မာမူဒို့ဆီ လားလဲဒယ်နော်..အများဂျီး..
ချေးဒူးတင်ပါဒယ်...

ကိုခိုင် said...

ဘုရားတွေဖူးကြတယ်ဆိုတော့
သာဓု သာဓု သာဓု ပါဗျာ

ကိုခိုင်