Tuesday, May 18, 2010

မိန်းမတို့၏ ကိုယ်ပိုင်စရိုက် သီးသန့်ရှိ/ မရှိ


မိန်းမတွေရဲ့ ကိုယ်ပိုင် .. အကျင့်… စရိုက်တွေ ဆိုတာဘာလဲ.. ။ တဝါးဝါးနဲ့ အရယ်သန်တဲ့ ကျွန်မ အတော် ရယ်ခဲ့ရတဲ့ ပျက်လုံး..။ သဘောကျမိပါတယ်. ကျွန်မကို ကောင်လေးတယောက်က မိန်းမရဲ့ ဇာတိရုပ် ပေါ်လာပြီဆိုပဲ.. ( ဘာလို့ အဲလိုပြောသလဲ ဆိုတော့ ကျွန်မရေးခဲ့တဲ့ .. အိပ်မက်ထဲက ကျောင်းစာများ ကြောင့် ဖြစ်ပါတယ်..) ။ သူ့ကို လုံးဝ စိတ်မဆိုးသလို ရယ်စရာ အဖြစ်ပဲ မဗေဒါက သတ်မှတ်ပါတယ်..။ ကျွန်မ မိန်းမ အစစ်ကြီး ပါရှင်လို့ ငေါ့တော့တော့ လေသံဖြင့်လည်း ဖြေချင်ပါသေးတယ် …။ အမှန်က ငေါ့တာကို ဝါသနာ မပါပေမဲ့ ပြောချင်လွန်း၍ ကျိုးစား ငေါ့ခြင်းပင်..( ငေါ့ပရစေရှင်..။) ဒါမှ မိန်းမစရိုက် ပီပြင်ရင်လည်း ပီပြင်ပေမပေါ့..။

ကြီးကြီးကျယ်ကျယ် ပြောရရင်ဖြင့် ကမ္ဘာပေါ် ရှိရှိသမျှ သက်ရှိလူသားတွေ သက်မှတ်ထားတဲ့ မိန်းမဆိုတဲ့ ပင်ကိုယ် အကျင့် စရိုက်တွေက ဘာတွေလဲ..။ ဘယ်သူတွေက သတ်မှတ်ခဲ့ကြတာလဲ..။ နောက်.. မိန်းမတွေရဲ့ကိုယ်ပိုင်စရိုက်ကတော့ ဖြင့်ရင် ဒီလိုပါ.. ယောက်ျားတွေကတော့ဖြင့်ရင် ဒီလို ဒီလိုပါ ဆိုပြီး ပုံသေ သတ်မှတ်လို့ ရပါသလား လို့.. စဉ်းစားရအောင်ပါ..။



မိန်းမဆိုတာ…

ပါးစိပါးစပ်များခြင်း ( စကားများခြင်း)
လိမ်တက်ခြင်း
လှည့်ဖျားတက်ခြင်း
မနာလိုစိတ်များခြင်း
ဆဲရေးတိုင်းထွာတက်ခြင်း
တစိတ်ကို တအိတ်လုပ်ပြောခြင်း
ဈေးစစ်တက်ခြင်း
အငိုသန်ခြင်း
အကြွားသန်ခြင်း
အငြင်းသန်ခြင်း
ပျော့ပြောင်းခြင်း
သိမ်မွေ့ခြင်း
ယဉ်ကျေးခြင်း
အပျင်းထူခြင်း..
ဖောက်ပြန်တက်ခြင်း …
ရန်လိုခြင်း….အစရှိသဖြင့်။



ယောက်ျားဆိုတာ…

ရဲရင့်ခြင်း
သဘောထားကြီးခြင်း
သတ္တိရှိခြင်း
စဉ်းစားချင့်ချိန်တက်ခြင်း
ခေါင်းဆောင် လိုစိတ်ရှိခြင်း
အရည်အချင်းရှိခြင်း …
ပညာတက်ခြင်း…
မလိုတမာပြောခြင်း..
စိတ်တိုတက်ခြင်း..
သမာသမတ်ကျခြင်း ..
စကားနည်းခြင်း..
ကိုယ်ထိလက်ရောက် ဖြေရှင်းတက်ခြင်း..
အကြမ်းဖက်လိုခြင်း…. အစရှိသဖြင့် ။


အပေါ်က အချက်လေးတွေက စွမ်းအားမြှင့်တင်ရေးလို သင်တန်းမျိုး.. လူ့အခွင့်အရေးသင်တန်းနဲ့ အမျိုးသမီးရေးဆိုင်ရာ ပညာပေးတွေ လုပ်တိုင်းမှာ မဗေဒါ ကြုံခဲ့ကြားခဲ့ရဘူးတဲ့ အသံတွေပါ..။ (တချို့အချက်တွေလည်း မေ့နေပါပြီ..) ဒါပေမဲ့လည်း အခုချိန်ထိ အပေါ်က အချက်တွေကို မရိုးနိုင်တဲ့ သတ်မှတ်ချက်လေးတွေ အဖြစ် ကြားရလေ့ ရှိတာမို့ အပျင်းပြေ ပေါ့ပေါ့ပါးပါး ပြန်ပြောခြင်းမျှသာ..။

ကဲ … ကျွန်မတို့တွေ နှစ်နေရာစလုံးမှာ ပါတဲ့စရိုက်တွေ ပိုင်ဆိုင် (ကျင့်သုံးတက် ) ပါသလား.. ဒါမှမဟုတ်လည်း ရေးထားတဲ့အတိုင်းပဲ .. အုပ်စု တခုချင်းစီက ကိုယ်ရည်ကိုယ်သွေးလေးတွေ သီးသန့်စီ ပိုင်ထားပါသလား.. ။ သီးသန့်ချည်း ပိုင်ထားတယ် ဆိုရင်လည်း ဆွေးနွေးကြတာပေါ့ရှင်..။


မဗေဒါ
၁၈.၀၅.၂၀၁၀

13 ဦး၏ဆွေးနွေးချက်:

Zay Tar Yar said...

အာ အချက်လတ်တွေတော်တော်လိုသေးတာဘဲ
မိန်းမပိုးတတ်ချင်း ဆေးလိပ်သောက်တတ်ခြင်း
အရက်နှစ်သက်ခြင်း ဖဲပိုကာစသောလောင်းကစား
အမှုတို့ကို ပျော်ပါးချင်းနှစ်သက်ခြင်း အနှိပ်ခန်းသို့
သွားလာခြင်း ကလပ်တပ်ခြင်း ဒါလေးတွေလဲထည့်
လေး ဟားဟား

သေးသေးလုံးလုံး နံ့သာတုံးလည်း လိမ်းချယ်သူတို့
မွေးစေဘို့.............

SHWE ZIN U said...

ဘယ်လိုရေးလိုက်တာ လည်း မဗေဒါ ရယ်

မရွှေစင် ဖြင့် လန့်သွားတာဘဲ အဲဒါမိန်းမ လား အဲဒါယောက်ကျား လား...ဟား...ဟား

မဗေဒါ မြင်နေပါတယ် သိနေပါတယ် ..

စကားမစပ် WORD VERIFICATION ဖြုတ်လိုက်ရင် မန့်ရတာ ပိုအဆင်ပြေမလားလို့

ခင်တဲ့
ရွှေစင်

Unknown said...

ဘာလဲဟ စောက်ပေါမပဲ။
ဝင်မရေးချင်လို့ နေနေပါတယ်။ စကားကြီးတွေ တော်တော်ပြောတယ်။ တကယ်တော့ ပြောင်းခိုင်းတာက ကလောင်နာမည် ပြောင်းတာက ဆိုက်လိပ်စာ။ အခု စာမှာလည်းကြည့်။ အောက်မှာ မဗေဒါပဲ။ လာဖတ်သူတွေက ဟိုမဗေဒါနဲ့ မှားမှာ စိုးပါတယ် ဆိုမှပဲ။ ဘလော့တစ်ခုတည်းကို နှစ်ယောက် ၊ သုံးယောက် ရေးနေတာတွေ မသိဘူးလား။ ဆိုက်နာမည်ပြောင်းတာနဲ့ ကလောင်က မပြောင်းဘူးဟဲ့။
အမျိုးသ္မီးတွေကို မမြှင့်နဲ့ ကိုယ့်စိတ်ကို အရင်မြှင့်ဦး
သဘောတရားကိုတောင်မှ နားမလည်တဲ့ဟာ..။

Unknown said...
This comment has been removed by the author.
Unknown said...

ဘာလည်းဟ မင်းကရောမျက်စိမမြင်ဘူးလား ။မင်းမှ ဘာကောင်လည်း ဝင်မပြောချင် အေးဆေး အမြီးခွေအိပ်နေပါလား။မပြောချင်ဘူးဆို ခဏခဏဝင်ပြော နေရအောင် မင်းကို ဟောင်ဖို့ ငှားထားလား အော်ငှားထားရင်လည်း ဆက်ဟောင် ပေးလိုက်ပါ ။ ဒီမှာလာ စောက်ရူးလာလုပ်နေတယ် ဘယ်သူကမှမဝင်ပြောတာနဲ့။ မိန်းကလေးတွေ ကြား အခြောက်ကြားညပ်နေတယ်။ ဒီအမကြီးကလည်း နေနိုင်ပါတယ် ပြန်မပြောဘူး ကြုံတုန်းပြောသွားမယ် မင်းသာ စောက်ရူးလို အခြောက်လိုလို လာမလုပ်နဲ့ ကိုယ်ဟာကိုယ်နေ မျက်စိ မပါဘူးလား ကလောင်နာမည် ကိုမမြင်တာက ။ခွေးတတောင်းစား ဆရာကြီးလေသံနဲ့ ဝင်မရေးချင်နေပါလား စောက်ရူးအစစ်မင်းမှ မင်းကဘယ်လောက် ဆရာကြီးကျနေလည်း ။ ဆရာကြီးဆိုတာ ဂတုန်းတုန်းပြီး အီးပုန်းထမ်းရတယ်မှတ်ထားကွ။ မင်းအဖေအမေက သင်မပေးဘူးလား မင်းထက်ကြီးတဲ့သူကို မဆော်ကား ရဘူးဆိုတာ။ ဆောရီးဗျာ သွားရင်းလာရင် ခွေးခလုတ်တိုက်လို့။ ဒီက ပိုင်ရှင် အမကြီး ကျုပ်ကွန်မန်းမကြိုက်ရင် ပယ်ဖျက်လိုက်ပါ။နည်းနည်းရိုင်းသွားရင် ဆောရီး။ဒီလို အလကားနေ ဆရာဝင်လုပ်တဲ့ကောင်တွေဆို ကြည့်မရဘူး အပြင်မှာဆို သတ်ပါပြစ်တယ် ဒီလို ဆန်ကုန်မြေလေး မိန်းမလိုမိန်းမရ ကောင်တွေကို။
မကျေနပ်ရင်ခြေမစုတ် ရောဟေ့ကောင်၊ ဒီထဲပြန်လာမရေးဘူး နောက်လည်းမရောက်ဘူး ရေးချင် ငါ့မေးကိုရေးပို့။လာမကြည့်ဘူး နောက်တ ခေါက်ဒီထဲကို ။
Goldenminthar@

Unknown said...

ဘာမှမှားနေစရာမရှိဘူး ဟိုဆိုက်မှာ ရေးရင် ဟိုဗေဒါ၊ဒီဆိုက်မှာ ရေးတာ ဒီဗေဒါပဲ ကြောင်တောင်တောင်ကောင်တွေပဲ မှားမယ်။ မျက်နှာလိုမျက် နှာရ လုပ်ချင်တဲ့ကောင်တွေပဲ မှားမယ်။ဒါပဲ ။ကျွန်တော်ကွန်မန်းတွေ မကြိုက်က ဖျက်နိုင်တယ်ဗျာ။နောက်လည်းမရောက်တော့ပါဘူး။
လူဘားဝတဲ့ မျိုးမစစ်တဲ့ ကောင်တွေ ကို ဆုံးမတဲ့ အလုပ်လက်ခံထားတယ် ။နောက်ဆို ကွန်ပြူတာရော အင်တာနတ်ရော ဆိုတာ မရှိတော့ဘူး။ဘိုင်

Unknown said...

ဟာ ဒီကောင်ကလည်း တစ်မျိုးပါလား။
အခု တင်ထားတဲ့ ပို့စ်မှာ ကြည့်ပါလားကွ။
ဘယ်မှာ ကလောင် နာမည်ပြောင်းလို့လဲ မဗေဒါက မဗေဒါပဲလေ။ ဒါကို မြင်လို့ မြင်သူက ပြောတာ ဒီကောင်က ကြားထဲက ဝင်ဟောင်သွားပါလား။
ကလောင် နာမည်မပြောင်းပဲ ဘလော့ဂ်နာမည်ပဲ ပြောင်းတဲ့ အရှက်လည်း တော်တော် မဲ့တဲ့ ဘလော့ဂ်ဂါ တစ်ယောက်ပါလား။

ဒီရေ said...

BBC ရေ... မင်းပြောသလိုပဲ ငါလည်း BBC ကနေပြီး မင်းကို ငါတရားဆွဲရမယ်.. ငါ့တို့ ဌာန ငါတို့ အမှတ်တံဆိပ် နဲ့ ဆင်တူရိုးမှားစွာ မင်းလုပ် ထားတာလေ.. ငါတို့ကမှ အမှန်တကယ် ကမ္ဘာ့ သတင်းဌာနကြီးရယ် ဆိုပြီး ကမ္ဘာသိအောင် မှတ်ပုံတင်ထားတာ.. ဒါဆို မင်း ဘယ်လိုလုပ်မလဲ?.. အပေါ်က ဝေဖန်သူ တဲ့.. နံမည်က သူများကို မဟုတ်တာ ပြောမယ်.. ဝေဖန်မယ် ဆိုရင် မင်း နံမည် အရင်းနဲ့ မင်းလုပ်ပါ... မင်းတို့ တွေ Google မှာ အလကားရတယ် ဆိုပြီး လုပ်နေကြတာ.. ငါတို့တွေ အတွက် hosting လေးလည်း ချန်ပေးပါဦးကွာ.. မင်းတို့တွေ အခုလို နံမည် အလကားရတိုင်း လျှောက်လုပ်နေလို့ အခုလို ခက်နေတာပဲ.. မင်း တစ်ချိန်ကျရင် မင်းဘ၀ မင်းသိမှာပါ.. မင်းတို့ ဘာကောင် ငါတို့ ဘာကောင်ဆိုပြီး မဏ္ဍပ်တိုင် တက်ပြနေတာ မဟုတ်ဘူး.. ဟောင်လွန်းတဲ့ခွေး သတ္တိ မရှိဘူး.. စာရေးသူတွေက ဘာမှ မပြောကြဘူး.. ကြားက ၀င်ပြီး ကဲ့ရဲ့ ဖဲ့ရဲ့ လုပ်နေကြတာ.. မီးကို မြိုက်နေကြတာ.. အခု လင့်လည်း ပြောင်းထားပြီးပြီ.. ဘေးက profile မှာလည်း ပြောင်းပေးထားပြီးပြီ.. အကြီးဆိုပြီး အငယ်ကို ဦးစားပေး လုပ်ပေးထားတယ်.. ဒါကိုတောင် မင်းတို့က ပြောချင်နေကြသေးတယ်.. ငါတို့တွေ အေးဆေး စာလာဖတ်တဲ့လူတွေ မင်းတို့ကြောင့် အနှောက်အယှက် ဖြစ်စေတယ်.. မင်းတို့ ပြောသလိုပဲ နံမည်တူကြောင့် ဆိုရင် မင်း လည်း အမိမြေမှာ နေနေတာ မဟုတ်ဘူး.. မင်းနဲ့ အနီးစပ်ဆုံး ရှိတဲ့ လူတွေကိုမင်း စဉ်းစားပါ.. မင်းကို ဥပမာ တစ်ခု ပြောမယ်.. မိုက်ဟာမက် အလီ.. ဒီနံမည်တူ ကမ္ဘာမှာ ဘယ်နှစ်ယောက် ရှိလည်း?.. မင်းသိရင် ငါ့ကို တစ်ချက်လောက် ညွှန်ပြပါ.. နောက် အိုစမာ ဘင်လာဒင် ဘယ်နှစ်ယောက် လောက် ရှိမလဲ?.. မင်းပြောသလို လူတိုင်း အိုစမာ ဘင်လာဒင် မဟုတ်ပါဘူး.. နံမည်တူတိုင်း အကြမ်းဖက် ဖောက်ခွဲရေး သမား မဟုတ်ပါဘူး.. အခု ရဲချုပ်ခင်ရီ ဖမ်းထားတဲ့ ဖောက်ခွဲရေး သမား ဖြိုးဝေအောင် .. မြန်မာပြည်မှာ ဘယ်နှစ်ယောက် ရှိနေပြီလည်း?.. ဒီလောက်ဆို မင်း သဘောပေါက်သင့်ပြီလို့ မင်းထင်တယ်.. မင်းတို့ကို စာရေးသူက မိုက်ရိုင်းတဲ့ စကားတွေ ငါတစ်ခွန်းမှ မပြောခဲ့ပါဘူး.. ဒါပေမဲ့ မင်းတို့ မနာလို မုန်းထားတွေ လျှောက်မပြောပါနဲ့.. ငါစာရေးသူ ဘက်က ဒီလို လိုက်ပြီး ရေးနေတာလည်း မဟုတ်ဘူး.. စာဖတ်ရတာ မင်းတို့ကြောင့် အနှောက်အယှက် ဖြစ်လို့.. မင်းဖတ်ချင်တယ်ဆိုရင် အေးဆေး ဖတ်ပြီး ပြန်ပါ... မဖတ်ချင်လို့ မင်း ဒီလူကို မုန်းတယ်ဆိုရင် နောက်တစ်ခါ ဒီဘက်ကို လှည့်မကြည့်ပါနဲ့.. ဒါဟာ မင်း ယောင်္ကျား တစ်ယောက် ဖြစ်ရင် ပြတ်သားရဖို့ လိုတယ်.. ကဲ.. မင်း ဒီလောက်ဆို ကျေနပ်တော့.. မကူညီချင်နေပါ.. မနှောက်ယှက်ဖို့ တောင်းဆိုတာပါ။။။


ကျေးဇူးတင်လျှက်
ဒီရေ

kokopock said...

အော်လူတွေ ...လူတွေ ကိုယ်ဘာလုပ်လုပ် အကောင်းတွေကြီး..သူများ လုပ်တာကြတော့ အကုန်မနာလိုဝန်တို စိတ်နဲ့ကြည့် အလကားနေ ကိုယ်ထမင်းကိုယ်စား ဝင်ပြီး ပြဿနာရှာနေကြတယ်။ အဲလို ဝင်ပြီးပြောတက်ရင် တကယ်လိုအပ်တဲ့ အမှန်တရားပေါ်ပေါက်စေလိုတဲ့ နေရာမှာ ဝင်ပြောကြည့်ပါလား။ (ဥပမာ။ ။ရပ်ကွက် လူကြီးက မဟုတ်မှန်တာ လုပ်နေတာ ကို အားလုံးအမှန်သိအောင် ဖော်ထုတ်ရဲတဲ့နေရာမှာပေါ့။ ) နည်းနည်း ပြောကြည့်ပါလား။ ဘာမှမဟုတ်တဲ့ ကိစ္စလေးကို ယောက်ျားကြီးတွေက လာပြီး စောင်သလို ရွဲသလို အလကားရတဲ့ကိစ္စ ကိုပဲ မနာလိုဝန်တိုစိတ်တွေ ထားပြီး အကုသိုလ်က ကြားကနေ ဖြစ်လေလိုက်ကြတာ ယောက်ျားနဲ့ မိန်းကလေး ဘယ်ဟာကဘယ်သူမှန်းတောင်သေချာ မသိတော့ဘူး။တကယ်လည် ရယ်စရာတွေ တွေ့ရတယ် အကုသိုလ်များ အလိုလို ရှာယူနေလိုက်ကြတာ။ သူလိုကိုယ်လို နေရင် ဘာမှကို ဖြစ်နေစရာအကြောင်းမရှိဘူး။ အော်ဒီဘလောက်ကို လက်တို့ပြီးတိုက် ခိုက်ဖို့ ပရောချက် ရှိတယ် ထင်တယ်ဗျို့။ ပိုင်ရှင်ရေ သတိထားဗျ နောက်နောက်ထပ် လာကြဦးမယ် လက်တို့ပြီးတော့ အကုသိုလ် ယူဖို့ ။ ကြားကနေဝင်ပြီး အလကားနေ မနာလို ဝန်တိုဖြစ်နေကြတာပဲ။ ပြောလိုက်ကြတဲ့ နည်းပညာ ဆိုတာလည်း အကုန်ဆြာတွေ ပါပဲဗျာ။ ခုမှပဲ ဒီလို လူတွေ ပေါတယ်ဆိုတာ သိရတော့တယ်ဗျို့...။
အလကားရတဲ့ ဟာတွေကို အလကားလုပ်ထားတာ ကို အလကားနေ အကုသိုလ် များနေကြတဲ့ လူတွေ အလကား များလာပါစေဗျာ။

kokopock said...
This comment has been removed by the author.
Nge Naing said...

သူငယ်ချင်း ရင်ဆိုင်လာခဲ့ရတာ ရေတွက်လိုရင် ဘဲအုပ် တရာနှစ်ရာတောင် မကတော့ဘူးထင်တယ်။

နာမည်ကိစ္စ ထပ်ပြီး ပြောလာသူတွေရှိနေလို့ အရင်ပို့စ်အောက်မှာ ရေးထားတဲ့ မှတ်ချက်ထဲက အကျုံးဝင်တာကို ကူးပြီး ဒီမှာ ပြန်လာထည့်ပေးထားတယ်။

အဓိက နာမည်ပြောင်းဖို့ ဖြစ်လာတဲ့အကြောင်းအရင်းက မဗေဒါ နှစ်ယောက် မမှားဖို့ပဲ ဆိုတော့ မဗေဒါ ကနေ မဗေဒါ (၈၈) ဖြစ်သွားတာဟာ နှစ်ယောက်ကို ကွဲကွဲပြားပြား ဖြစ်သွားပြီမို့ စင်္ကာပူက ညီမလေး မဗေဒါလည်း လက်ခံလောက်တယ်လို့ ယူဆရပါတယ်။ တောထဲမှာတုန်းက သုံးတဲ့နာမည်ကို ပြန်သုံးပါလို့ အရင်ပို့စ်က မှတ်ချက်မှာ တယောက်ပြောထားပါတယ်။ ဒါဟာလည်း တောထဲမှာတုန်းက သုံးတဲ့နာမည်ပါပဲ။ ရင်တွင်းဖြစ်တွေကို မဗဒါ နာမည်နဲ့ ရေးပြီး အလုပ်နဲ့ ဆိုင်တဲ့ DVB Programm တို့လို အကြောင်းအရာတွေကိုပဲ အေးအေးခိုင် (ရောင်နီဦး) နဲ့ ရေးခဲ့တာ များပါတယ်။ ဒါကို သူ့အရင်ပို့စ်ထဲမှာလည်း ပြောထားပြီး ဖြစ်တယ်။ ဒါကြောင့် ဘလော့ဂ်လောကမှာ စင်္ကာပူက ညီမလေး မဗေဒါက စီနီယာ ပိုကျသလို ဒီနာမည်ကို အပြင်လောကမှာ တကယ် အသုံးပြုခဲ့တာက အခုဒီမဗေဒါက စီနီယာ ပိုကျပါတယ်။ ကျွန်မ အနေနဲ့ အခုကိစ္စမှာ ဒီလို ဘေးကနေပြီး တယောက်တပေါက်နဲ့ ဒီမှာလာပြီး ပြဿနာ လာရှာ စော်ကားမော်ကား ပြောနေလို့ကတော့ အဖြေမှန်ရဖို့ မရှိပါဘူး။ မဗေဒါနှစ်ယောက် အကျေအလည် ဖြစ်ဖို့က အရေးကြီးဆုံး ဖြစ်ပြီး အကယ်၍ စင်္ကာပူက ညီမလေး မဗဒါက မကျေလည်ဘဲ ဖြစ်နေသေးရင် နှစ်ယာက် မေးလ်နဲ့ဖြစ်ဖြစ် မိမိ ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ဆွေနွေးကြဖို့ကိုပဲ အကြံပြုချင်ပါတယ်။

ရွှေရတုမှတ်တမ်း said...

အဆိုတော် သုခဆိုတာ ပေါ်ခဲ့ဖူးသလို..ဆရာကြီး ဒါရိုက်တာဦးသုခ လဲ ဘဝသံသရာ တို့လို သီချင်းဆိုခဲ့ဖူးပါတယ်၊ မေရှင်နဲ့တွဲတဲ့ မောင်တင်မောင် ရုပ်ရှင်ရိုက်ခဲ့သလို ရွှေမန်းတင်မောင်လဲ ရုပ်ရှင်ရိုက်ခဲ့တာပါပဲ..ဘယ်သူ့သယ်သူမှအငြင်းပွားမနေပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြတာပါပဲ..
မိန်းမဆိုရင် ရန်ဖြစ်တတ်တဲ့ အမျိုးဆိုပြီးဘေးကနေမြှောက်ပေးနေကြသလား
မသိပေါင်ဗျာ

mabaydar said...

မဗေဒါ ကို အားကျလို့ အတုခိုးထားတယ် ဟိဟိ