Saturday, May 15, 2010

အမည် နာမ သတ်မှတ်ချက် အရေးကြီးသလား …

ကျွန်မမှာ မီးမလာ .. ရေမရသည့် မြန်ပြည်သားတို့၏ အပူမီးများ .. ဆရာကြီး ဦးဝင်းတင် ၏ လူ့လောကငရဲ အပူများ နှင့် ကျွန်မ ကိုယ်ပိုင် အပူများကို ရင်ဆိုင်ရင်း ဘလော့က် အကြောင်း ကို နဲနဲ အာရုံမလာ သလို ဖြစ်သွားခဲ့ပါသည်.. မများပါ.. (၂) ရက်နည်းပါး..။ ကိုဇော်ဆိုသူက လင့် တခုပေးခဲ့သည်ကိုလည်း တခုတ်တရ မရှိသည့်အတွက် မကြည့်ဖြစ်ပါ..။ အခု နဲနဲ အမောပြေတော့ သွားကြည့်မိသည်ပေါ့..။ မဗေဒါ ဆိုသည့် အမည်အကြောင်း အကြီးအကျယ် ဆွေးနွေးပွဲ စဉ်ထားသည်ကို တွေ့ရပြီး သကာလ ကျွန်မမဗေဒါသည် အော် ဖြစ်ရလေခြင်းဟု တွေးမိပြီး ဘလော့က် နာမည်ပြောင်းမှ ရတော့မည် ဟု စဉ်းစားမိပါသည်..။ သို့သော်….. သို့သော်ပေါ့လေ ကျွန်မသည် မပြောင်းခင် နဲနဲတော့ လျာရှည်ချင်ပါသေးသည်..။ ဘလော့ စာရေးသက် (၂) လ ပြည့်တော့မယ် ဆိုတော့ ..။

၁..။ ဘဝတွင် အရေးမကြီး သို့တည်းမဟုတ် ဖက်မတွယ်သင့် ဟုထင်သော အရာများကို အသက် အရွယ်အရ သော်လည်းကောင်း အတွေ့အကြုံအရသော်လည်းကောင်း ဘာကိုမှ ကျွန်မ မဖက်တွယ်လိုပါ..။

၂..။ မဗေဒါ ဆိုသည့် ကလောင်အမည်သည် ခန့်မှန်းခြေ (၁၉၉၄) လောက်ကတည်းက စပြီး သုံးခဲ့ပါသည်..။ ထို့နောက်တွင်ကား …အထောက်အထား နဲနဲ ပြောရမည်ဆိုသော် (၁၉၈၈) ခုနှစ်မှ တောခိုလာသော မြန်မာ ကျောင်းသူ အမျိုးသမီးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော `မြန်မာ့အမျိုးသမီး သမဂ`မှ ထုတ်ဝေသည့် `ချိုးလင်းပြာ`တွင် ထိုအမည်ဖြင့် သုံးစွဲခဲ့ပေသည်.. ရသ ရေးလျှင် `မဗေဒါ `သုတ ရေးလျှင် `ဒေါ်အေးအေးခိုင်` ဟု နာမည်ရင်း သုံးခဲ့ပါသည်..။

၃..။ ဘလော့လောကတွင် မဗေဒါ ရှိပြီးသား မသိသည်မှာ အမှန်ပင်ဖြစ်ပါသည်..။ မဗေဒါ ရှိပြီးသားကို တွေ့သည်တွင်လည်း အခုလိုမျိုး ဖြစ်လာမည်ဟု လုံးဝမထင်ခဲ့ပါသောကြောင့် ကိုယ်မြတ်နိုးသည့် ကလောင်ကို သုံးခဲ့ခြင်းဖြစ်ပါသည်..။

၎..။ မဗေဒါ အမည်နှင့် ရေးခဲ့သည့် ကွန်မန့်တိုင်းတွင် မိမိ၏ လင့်ရှိနေသည့်အတွက် ဟိုလိုလို ဒီလိုလို အရေးမျိုး ကို အဘယ်သို့ပင် ရေးစေကာမူ အိုင်တီ ခေတ်တွင် လိုက်လို့ရနိုင်ပါသည်..။ ကျွန်မတို့ မညံ့ကြပါ..။ အားလုံးတော်ကြပါသည်..။

၅..။ နာမည်တူလျှင် ငါ လည်းသူ့လို နာမည်ကြီးမည်.. ငါ့ဆီအလည် လာကြမည်ဟု ဘလော့ လောက အကြောင်းများ ကို မသိခဲ့ခြင်း.. နှင့် ယခုလို မျိုးဖြစ်လာမည်ဟု အထင်မရှိသည့်အတွက် နာမည်ကို တူနေပါလျက် သုံးခဲ့ပါသည်..။ ( အလည်လာချင်း မလာချင်းသည်လည်း ကျွန်မအတွက် အရေးတယူ ကိစ္စ ဟု မှတ်ထင်မထားပါ.. ဖတ်ချင်သူကလာမည် မဖတ်လျင်မလာပဲ ရှိမည်ဟု ခံယူထားပါသည်..။ )

၆..။ ပြောမည်ဆိုလျှင် မိမိရေးမည့် အကြောင်းအရာ ဦးတည်ချက်ကို လင့်လုပ်ထားသည့်နေရာများ.. တွင် တွေ့နေနိုင်သည့်အတွက်လည်း ဘယ်မဗေဒါ ဆိုသည်ကို စိတ်မဝင်စား.. သို့တည်း မဟုတ် မကြိုက်လျှင် မဝင်လာပဲ ရှိနေနိုင်သည့် စာဖတ်သူ အခွင့်အရေး အပြည့်ရှိနေပေသေးသည့်အတွက် လည်း ရှင်းနေပါသည်..။ ဆိုလိုသည်က ကျွန်မလင့်ကို မြင်လိုက်ကတည်းက ( အမျိုးသမီးရေး မြှင့်တင်ရေး) ကို တွေ့နေနိုင်သည်ကို ဆိုလိုခြင်း..။ ထို့ကြောင့် ရှင်းတာကို ရူပ်အောင် ဘာဖြစ်လို့ လုပ်နေကြတာပါလိမ့်ဟု စဉ်းစားမိပါသည် ( တွေးတာ ညဏ်မမီပါက ခွင့်လွတ်ပါ..။ )

၇..။ မဗေဒါသည် စာမူ ကိစ္စ အပါအဝင် စာပေ နှင့်ပတ်သက်၍ လိုက်နာရမည်များကို နားလည်သည့်အပြင် စာအုပ် (၂) အုပ် ( အမျိုးသမီး အခွင့်အရေးလက်စွဲ.. အိမ်တွင်း အကြမ်းဖက်မူ) ကို လည်း ရေးဖူးသူဖြစ်ပါသည်..။ ထို့ကြောင့် စာပေနှင့် ပတ်သက်၍ ဟိုလိုလို ဒီလိုလိုနည်းဖြင့် နာမည် မလိုချင်သလို နာမည်ကျော်ကြားမှုအတွက် စာမရေးပါ.. ဝါသနာ ပါ၍ စာရေးပါသည်..။ ပြောမည်ဆိုလျှင် ကျော်ကြားမှုသည် အရေးပါသည်ဟု မှတ်မထင်ပါ..။ မထင်မှတ်ပဲ ကျော်ကြားခဲ့ရင်လည်း ရှေးကုသိုလ်ဟု မှတ်ယူပါမည်..။ ကျော်ကြားစေသတည်းဟု………။

၈..။ မဗေဒါသည် ဘယ်သူ့အမှီကိုမှ မယူပါ.. ကိုယ့်အရည်အချင်းဖြင့်သာ ဂုဏ်ယောင်ထွန်းချင်သူ ဖြစ်ပါသည်..။

၉..။ မဗေဒါသည် အရှက်နည်းစွားဖြင့် ရှိပြီးသား အမည်ကို သိသိဖြင့် ယူသုံးစွဲခဲ့ခြင်း မဟုတ်ပါ..။ မဗေဒါဆိုသည့် ကလောင် အမည်ကို မက်မောစွာ အဓိပါယ်ရှိစွာ မြတ်နိုးစွာ သုံးစွဲချင်သူသာ ဖြစ်ပါသည်..။

၁၀…။ မဗေဒါ (စကာင်္ပူ) ၏ ဘလော့တွင် မန့်ခဲ့သူတချို့ကို အသိပေးချင်တာကတော့ အခွင့်အရေး သဘောတရား ကိစ္စပါ..။ ကိုယ်က တဘက်သားကို ပြောချင်တယ်ဆိုရင်လည်း တဘက်က အခြေအနေကို အရင် သိအောင်ကျိုးစားစေချင်ပါတယ်..။ အချက်အလက်.. သမိုင်းကြောင်းတွေ မသိပါပဲနဲ့.. ငါ တကော ပြောချင်တာတွေကို နင်းမပြောမိစေဖို့ပါ..။

နိချုန်းခုတ်မယ်ဆိုရင်တော့လည်း … မဗေဒါ ဆိုတဲ့ အမည် ကိစ္စလေးဟာ ဖြင့် ဘဝ ရဲ့ ရက်ပေါင်းများစွာ ပြဿနာ ကြီးကြီးတွေထဲက တကယ့် သေးသေးမွားလေးမို့ … စိတ်ထဲမှာ ဘာမှမရှိကြေး ရေးလိုက်ရင်း …အရေးကြီးတာ တွေဘက် ဦးစားပေးရအောင်ပါ ။ အော် ကျန်သေးတယ်..။

အခုလိုစာတစောင် ပေတဖွဲ့ရေးရလောက်အောင် ဖြစ်ခဲ့ရသည့်အတွက် ကျွန်မတို့ အချိန်.. တခု ပေးဆပ်လိုက်ရသည့်အတွက် စိတ်မကောင်းပါ..။ ဒါ့အပြင် ရှိပြီးသား မဗေဒါ ဘလော့ဘက်ကနေ စဉ်းစားပေးခဲ့သည့် ပထမ မဗေဒါ၏ ဘော်ဘော်များကိုလည်း တောင်းပန်ပါသည်..။ နောက်တခုက ပြောချင်တာကတော့ … ဒေါသတွေ အဲလောက် မထွက်ပြပါနဲ့လို့ ဘာမှမတည်မြဲပါလို့..ပြောရင်း ကျွန်မခုံမင်ခဲ့ ရသည့် `မဗေဒါ` အမည် ပြောင်းမည်ဖြစ်ကြောင်း အသိပေးပါသည်..။ နာမည်ရွေးပါဦးမည်..။ ခဏတော့ စောင့်နိုင်မည်ဟု ဆဝါးမိပါတယ်ရှင်..။

မဗေဒါ
၁၅.၀၅.၂၀၁၀

54 ဦး၏ဆွေးနွေးချက်:

Nge Naing said...

ဘလော့ဂ်နာမည်ကို မဗေဒါလို့ ပေးထားတာ မဟုတ် ပို့စ်တွေမှာပဲ မိမိကလောင်နာမည်ကို မိမိအသုံးပြုထားတာ ဖြစ်တော့ ကလောင်နာမည်က သူ့အတိုင်း ရှိနေမှာပဲ သီးသန့်ပြောင်းဖို့တော့ လိုမယ်မထင်ဘူး။ ဒါပေမဲ့ တခြားဘလော့ဂ်တွေကို သွားလဘ်တဲ့အချိန်မှာ မှတ်ချက်တွေ ရေးရာမှာ လာလည်ခံရတဲ့ ဘလော့ဂ်က ဘယ်မဗေဒါမှန်းမသိဘဲ ရောထွေးတာမျိုး ဖြစ်လို့ ပြောတာလည်း ဖြစ်နိုင်တယ်။ နာမည်ကြီးခြင်း မကြီးခြင်းက သိပ်အဓိကကျမယ် မထင်ဘူး။ ဘလော့ဂါ ကိုအောင် (ပျူနိုင်ငံ) လုပ်သလို ဘလော့ဂ် နာမည်ကို ကိုအောင် (ပျူနိုင်ငံ) ပေးထားပြီး ဘလော့ဂ်တွေကို လိုက်လည်ရင်လည်း အဲဒီနာမည်နဲ့ပဲ ရေးတယ်၊ နှုတ်ဆက်တယ်။ ဒါပေမဲ့ သူ့ပို့စ်အောက်မှာတော့ သူ့ကလောင်နာမည် စစ်ငြိမ်းဒီရေကိုပဲ အမြဲတမ်းရေးတာ တွေ့ရတယ်။ သူငယ်ချင်းလည်း ဒီလိုလုပ်လို့ရနိုင်တယ်။ ဘလော့ဂ်အမည် ပေးရင်တော့ ဒေါင်းဂွင်နဲ့ ရောင်နီဦးကို အမြဲတမ်း ပြန်သတိရနေအောင် တောထဲမှာတုန်းက ရေးတဲ့နာမည် အေးအေးခိုင် (ရောင်နီဦး) ကို အကြံပြုချင်တယ်။

SHWE ZIN U said...

မဗေဒါ ရေ

နံမည် ဆိုတာ အမှတ်သညာ တခုပါဘဲ.....

တူနေတော့ လည်း ကွဲပြားအောင် လုပ်ကြတာပေါ့..

မငယ်နိုင်းပြောသလိုလေး ကောင်းသားဘဲနော်..

မဗေဒါ နောက်က တခုခု ထဲ့လိုက်ရင်လည်း ခွဲခြားနိုင် သွားမှာပါ..

အားလုံးအဆင်ပြေပါစေနော်

ခင်တဲ့
ရွှေစင်e

Zay Tar Yar said...

မမမပြောင်းနဲ့နော်ဝေမဗေဒါ ဒါမှမဟုတ် မဗေဒါ၂လုပ်
လိုက်သိလား နာမည်နဲ့စာနဲ့လိုက်တယ် ပေါ့ပါးနေတာ
ဘဲ ရေမျှောကန်းတင်ပုံ လောကကြီးကိုမခန့်ပုံ စိတ်မညစ်
တတ်တွေကတော့ မဗေဒါမှမဗေဒါဘဲသိလား နာမည်ဟာ
အရေးတော့မကြီးပါဘူး သက်မှတ်ထားတဲ့အရာတခုပါ
ဒါပေမဲ့ မဲတူးနေတဲ့ကုလားလေးကို ပေါက်ဖော်ကြီးလို့
ခေါ်တာတော့ကြည့်မကောင်းဘူး နော်ဝေရောက်မဗေဒါ
ဘဲလုပ်လိုက်ပါ ဒါမှမဟုတ်မဗေဒါ၂လုပ်လိုက် နှင်းဆီပန်း
ကို လက်ခုတ်ပန်းလို့ခေါ်သော်လဲ နှင်းဆီပန်းရနံ့ပျောက်
လိမ့်မည်မဟုတ် ...ထာဝရပရိတ်ကြီး ဇေ..

ကိုဇော် said...
This comment has been removed by the author.
Angel Shaper said...

ကွဲပြားသွားတော့လည်း ပိုကောင်းတာပေါ့နော်...
အဆင်ပြေ ပျော်ရွှင်ပါစေ။

Flower said...

အစ်မရေ..
နံမည်ကအရေးကြီးသလား ဆိုတဲ့ စကားကို ပြောရရင်
အရေးကြီးတယ်လို့ ပြောလို့ရသလို အရေးမကြီးဘူးလို့လဲ ပြောရမှာပါဘဲ.. ဒါတွေက တန်ဖိုးထားသူတွေရဲ့စိတ်နဲ့သာ သက်ဆိုင်မယ်ထင်ပါရဲ့..
ကျွန်မတို့တွေလည်း ဘယ်သူနဲ့ရင်းနှီးလို့ ဒီနံမည်ကိစ္စကို ၀င်ပြောနေတာ မဟုတ်ပါရှင်..
ကိုယ်လဲ သူ့နေရာမှာဆိုရင်နံမည်တူနေတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်မိမှာပါဘဲ ဆိုတဲ့စိတ်နဲ့သာ ပြောဆို အကြံပေးတာသာ ဖြစ်ပါတယ်.. အစ်မလဲ အစ်မအရင်ကတည်းကသုံးခဲ့တဲ့ ဒီ မဗေဒါဆိုတဲ့နံမည်လေးကို မြတ်နိုးမှာပါ.. နားလည်ပေးလို့ရပါတယ်.. ကျွန်မလဲ ဘလော့စရေးမယ်ဆိုတော့ နံမည်ပေးဖို့ကို ဘလော့တကာပတ်ပြီး နံမည်တူရှိမရှိ လိုက်ရှာခဲ့ဖူးပါတယ်.. နံမည်တူ ရှိနေရင် အတော်ကြာမှ သိလာရရင် ပြန်ပြောင်းရတာတွေ ဘာတွေ ဖြစ်လာမှာစိုးတာကြောင့်ပါ...
ဆိုလိုချင်တာက နံမည် မတူတာ အကောင်းဆုံး မဟုတ်လား အစ်မရယ်..
အစ်မက နံမည်ပြောင်းမယ်ဆိုတော့ အစ်မ သဘောထားကြီးမှုကို လေးစားပါတယ်.. ကိုယ်တန်ဖိုးထားတဲ့နံမည်ကို စွန့်လွှတ်ရမဲ့ သူတစ်ယောက်ရဲ့စိတ်ခံစားမှုကိုလည်း စာနာနိုင်ပါတယ်..
အစ်မစာတွေ လာလာဖတ်ပါတယ်.. မှတ်ချက်သာ မချန်ခဲ့မိတာပါ..
သားသမီးတွေကို ချစ်တဲ့ မိခင်တစ်ယောက်အနေနဲ့ရယ်.. အမျိုးသမီးတွေရဲ့ အခွင့်အရေးကို မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာရယ်ကြောင့် အစ်မကို လေးစားပါကြောင်း ထပ်ပြောသွားပါရစေ...
ပျော်ရွှင်အဆင်ပြေပါစေအစ်မရေ..

Nge Naing said...

ကိုဇော်ထင်သလို မဟုတ်ပါဘူး မဗေဒါ ဘလော့ဂ်လောကထဲ ရောက်လာတာ ကျွန်မတယောက်ကလွဲပြီး တခြားဘလော့ဂါတွေကို သူသိမယ်လို့ ကျွန်မမထင်ဘူး ကျွန်မဘလော့ဂ်ကိုတောင်မှ သူ့သမီးလေးအကြောင်း ရေးထားလို့ ကျွန်မက ပို့ပေးလို့သာ ဖတ်ဖြစ်ခဲ့တာ ဖြစ်လိမ့်မယ်။ မဗေဒါဟာ ဘလော့ဂ် စဖွင့်တဲ့အချိန်မှာ တခြား မဗေဒါတယောက် ရှိတယ်ဆိုတာ လုံးဝမသိခဲ့တာ အမှန်ပါ။ မဗေဒါ ဘလော့ဂ်စဖွင့်ပြီး ကျွန်မကို အကြောင်း ကြားလာတဲ့အချိန်မှာ သူ့ဘလော့ကို ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်သူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကြော်ငြာကို ကျွန်မ ထည့်ပေးခဲ့ပါတယ်။ http://nge-naing.blogspot.com/2010/03/blog-post_23.html ပို့စ်ဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မ ကြော်ငြာတဲ့ ပို့စ်ရဲ့ မှတ်ချက်အောက်မှာ မဗေဒါဆိုတာ ရှိကြောင်း အသိပေးခဲ့သူတွေ ရှိခဲ့ပါတယ်။ ကျွန်မလည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီ ဖြစ်တဲ့ အရင်က တခါနှစ်ခါ ရောက်ဖူးတဲ့ စင်္ကာပူက မဗေဒါဘလော့ဂ်ကို သူတို့ အသိပေးမှ ပြန်သတိရခဲ့တယ်။ အသိပေးခဲ့ပေမဲ့လည်း ကျွန်မ သူ့ရဲ့ ကလောင်နာမည်က ၉၀ ခုနှစ်တွေတုန်းကတောင် မဗေဒါဖြစ်တော့ ဒီလို နှစ်ယောက်ကလောင်နာမည် တူတာဟာ ပြဿနာမရှိနိုင်ဘူး၊ တင်တဲ့အကြောင်းအရာနဲ့သာ ဆိုင်တယ်လို့ပဲ ကျွန်မယူဆခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်မ ဘာမှ မပြောပြဖြစ်ခဲ့ဘူး။ ဒီလောက်အထိ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာလိမ့်မယ်လို့ မထင်တာလည်း ပါပါတယ်။ အခုချိန်မှာ နာမည်ပြောင်း ဖြစ်ခဲ့ရင်တောင်မှ သူအရင် ရေးခဲ့တဲ့ မဗေဒါအမည်နဲ့ ပို့စ်တွေကို ပြန်ဖေါ်ပြရင်တော့ မဗေဒါ အဖြစ်ပဲ တင်ရမှာကတော့ သေချာပါတယ်။ ဒီတော့ ကလောင်နာမည်ကို မဗေဒါ အတိုင်းပဲ ထားပြီး တခြားသူတွေ ကွဲကွဲပြားပြား သိရအောင်ပဲ ဘလော့ဂ် Profile မှာနဲ့ ဘလော့ဂ်တွေလိုက်လည်လို့ C-Box တွေမှာပဲ တခုခုလုပ်တာက ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ယောက်စလုံးက ညှိထားတာမဟုတ်ဘဲ ဒီနာမည်ကို သေဘာကျလို့ ယူထားကြပြီးမှတော့ အဓိကက နာမည်ပြောင်းတာထက် တခြားသူတွေ ကွဲကွဲပြားပြားသိဖို့က အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ ဒီလို ကွဲကွဲပြားပြား ဖြစ်သွားရင် စင်္ကာပူက ညီမလေး မဗေဒါလည်း ကျေနပ်လိမ့်မယ်ထင်တယ်။

ဒီလိုဖြစ်သွားတာ ကျွန်မတာဝန် မကင်းဘူးလို့ ယူဆလို့ မဗေဒါ နှစ်ယောက်စလုံးအတွက် ကျွန်မ တကယ်ပဲ စိတ်မကောင်းဖြစ်ပါတယ်။ အဲဒီအတွက် ကာယကံရှင် နှစ်ဦးနှင့် နာမည်တူ ဘလော့ဂါနှစ်ဦးအကြား စိတ်အနှောင့်ယှက် ဖြစ်ရသူတွေ အားလုံးကို ကျွန်မ တောင်းပန်ပါတယ်။

အဆင်ပြေသွား ကြလိမ့်မယ်လို့ မျှောင်လင့်ပါတယ်။

makhaing said...

ဟလိုကိုဇော်..ဆိုသူရှင့်..

ကိုယ့်ဘလော့ အကောင့်ကို ဖွင့်ပြီး မလုပ်တက် မကိုင်တက် ရှိလိုက် ပျောက်သွားလိုက် ဖြစ်နေရာကနေ ပထမ မဗေဒါ စကာင်္ပူ ထံသို့ ဆိုက်မြိုက်စွာ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်.. ထိုအခါ သူက ဗိုလ်လိုရေးပြီး ပြောသည့်အတွက် ကျွန်မကလည်း ပြဿနာ မရှိပါ.. နောင် ရေးတဲ့ အကြောင်း အရာပေါ် တည်ပြီး ကွဲပြားလိမ့်မည်ဟု မှတ်ချက်ပေးခဲ့ခြင်းသာ..။

မဗေဒဟု ဖြစ်နေခြင်းမှာ ပထမ အကောက်တွေ အိတ်ဇစ် ဖြစ်ပြီးသား ရှိသည့်အတွက် ဒါကိုပဲ ဒ လိုက်ရခြင်းပါဟု ဆိုချင်ပါသည်..။

မဗေဒါ ခ အိုင်ခေး

Unknown said...

ပြောမည်ဆိုလျှင် မိမိရေးမည့် အကြောင်းအရာ ဦးတည်ချက်ကို လင့်လုပ်ထားသည့်နေရာများ.. တွင် တွေ့နေနိုင်သည့်အတွက်လည်း ဘယ်မဗေဒါ ဆိုသည်ကို စိတ်မဝင်စား.. သို့တည်း မဟုတ် မကြိုက်လျှင် မဝင်လာပဲ ရှိနေနိုင်သည့် စာဖတ်သူ အခွင့်အရေး အပြည့်ရှိနေပေသေးသည့်အတွက် လည်း ရှင်းနေပါသည်..။ ဆိုလိုသည်က ကျွန်မလင့်ကို မြင်လိုက်ကတည်းက ( အမျိုးသမီးရေး မြှင့်တင်ရေး) ကို တွေ့နေနိုင်သည်ကို ဆိုလိုခြင်း..။ ထို့ကြောင့် ရှင်းတာကို ရူပ်အောင် ဘာဖြစ်လို့ လုပ်နေကြတာ ပါလိမ့်ဟု စဉ်းစားမိပါသည် ( တွေးတာ ညဏ်မမီပါက ခွင့်လွတ်ပါ..။ )

ကျွန်မအနေနဲ့ စာဖတ်သူ အမြင်နဲ့ ပြောရရင်တော့ အမရေးထားသလိုပါဘဲ၊၊ ကျွန်မ သဘောကတော့ ဖြစ်နိုင်မယ်ဆိုရင် ဘလော့ဂ် နာမည်ကိုမပြောင်း စေ ချင်ပါဘူး၊၊ အမရေးတဲ့စာတွေနဲ့ နာမည်နဲ့ က အင်မတန် လိုက်ဖက်ပါတယ်၊၊ ဒါပေမဲ့ အခုပုံအတိုင်းဆိုရင်.... အားလုံးအဆင်ပြေသွားမယ်ဆိုရင် အကောင်းဆုံးပါဘဲ၊၊ ကျွန်မလဲ ငယ်ငယ်တုန်းက အတန်းထဲမှာ နာမည်တူတွေရှိခဲ့တဲ့အချိန်တွေပြန်အမှတ်ရမိပါတယ်၊၊ ဘာမှထူးပြီး ပြသ၁နာမရှိခဲ့ကြပါဘူး၊၊ ဘယ်သူ့ နာမည်ကတော့ အရင်စောမွေးလို့ ငါဘဲပိုင်တယ်ဆိုတာမရှိပါဘူး၊၊ သူလုပ်တာ၊ ငါလုပ်တာလို့ နာမည်တူလို့ ထင်တော့မှာဘဲဆိုတာလဲမရှိကြပါဘူး၊၊ ဒါပေမဲ့ ဒီဘလော့ဂ် နာမည်တူ ကိစ်စကတော့ ကျွန်မလဲ နားမလည်တော့ မပြောတတ်တော့ပါဘူး၊၊ အားလုံး ပြသ၁နာမရှိဘဲ အေး သွားကြရင် အကောင်းဆုံးပါဘဲ၊၊ လောကကြီးမှာ ဒီ့ထက် အရေးပါတဲ့ပြသ၁နာတွေအများကြီးလို့ ကျွန်မကတော့ထင်တာဘဲ၊၊
ကွန်မန့် က ရှည်သွားပြီ၊၊ ဆောရီးဘဲအမရေ...
အမလဲပြသ၁နာ အမြန်အေးပါစေလို့ ၊၊ ၊၊ ၊၊

little brook said...

မဗေဒါဆိုတဲ့နာမည်ကို တကယ်လို့များ ကျွန်တော်သာ မိန်းကလေးဖြစ်ခဲ့ရင်လည်း လိုက်မှည့်မိမလားပဲ .. ကြိုက်တာကိုးဗျ
အမတို့ရေးတဲ့ အကြောင်းအရာက မတူပါဘူး
သို့သော် အမရယ် မဗေဒါဆိုတဲ့နောက်မှာ မငယ်နိုင်းပြောသလို(ရောင်နီဦး)ထည့်ချင်ထည့်လိုက် ကောင်းတယ် အဲ့ဒါပဲ

Unknown said...

ရှင်းရှင်းလင်းလင်း ပါပဲဗျာ။ပြောင်းနေစရာမလိုပါဘူး။ ဘက်လိုက်ပီးလည်းမပြောတက်ဘူး။၂ယောက်လုံးကို
လည်း မသိဘူး(ဆောရီး)တကယ်မသိလို့ မသိဘူးပြောတာပါ။ စာဖတ်တာလည်း ကြာပါပြီး ၂၀၀၅ တည်းကပါ။ဒီလို နာမည်တူကိစ္စဆိုတာ အပြင်ဖက်မှာ လည်းကလောင်းတူနေတာတွေ ခဏခဏ တွေ့နေရပါတယ်။ ဖြစ်တက်ပါတယ်။ဖြစ်လေဖြစ်ထရှိပါတယ်။ တယောက်နဲ့တယောက်ရေးတဲ့ စာကမတူနိုင်ပါဘူး။ အဲတော့ ကိုယလုပ်စရာရှိတာပဲ ဆက်ရေးကြပါလို စာဖတ်ပရိတ်သတ် တယောက်အနေနဲ့ အကြံပေးချင်ပါတယ်။ ဘယ်သူမှပြောင်းလို့ အစဉ်ပြေမယ် မထင်ပါဘူး။ တယောက်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာတွေ ရှိနေလို့ ။တယောက်က ဘလောက်လောကမှာ အချိန်ကြာကြီး အသုံးပြုထားကြလို့ဆိုတော့ကာ ဘယ်ဘက် ပဲဖြစ်ဖြစ် နှမြောကြမှာပဲ။နာမည်က အရေး မကြီးပါဘူး(ကြီးချင်လည်းကြီးမှာပေါ့လေ့ တချို့အတွက်တော့) အဲဒီတွက် ကိုယ်ရေးစရာရှိတာ ပေးစရာရှိတာ ပရိတ်သတ်ကို ပေးကြဖို့ပါပဲ။
နောက်တခုက ၂ယောက်ကြားကမြောက်ထိုးပင့်ကော် လုပ်တာလေးတွေကို ၂ယောက်လုံး သတိထားကြပါလို့ စာဖတ်ပရိတ်သတ်အနေနဲ့ အကြံပေးတာပါ။ ရိုင်းတယ်ဆိုရင် ခွင့်လွတ်။
မိတ္တူ×××-နောက် မဗေဒါသို့

shin said...

mabaydar blog ရော mabayda blog ရော နှစ်ခုလုံးဖတ်ပါတယ်။ ဒါပေမဲ့ အမရဲ့ဒီ postမှာအမ ဒေါသထွက်နေသလိုဘဲ။ စာဖတ်ရင်း ခံစားရတာကို ရေးလိုက်ပါတယ်။

Steve Evergreen said...

် အေးအေးခိုင် (ရောင်နီဦး) ဆိုတဲ့နာမယ်ကပိုပြီး အားမန်ပါတယ်လို့ ခံစားရတယ်....

ရေးတဲ့စာတွေနဲ့ပိုကိုက်တယ် :)

All the best

Unknown said...

သေချာ မပြောတတ်ပေမဲ့
နောက်လူ ဆိုတာ အတုပဲ ။ နောက်လူဆိုတာ နောက်လူပဲ။ တကယ်ဆို ဒီလိုကို ပို့စ်မတင်ပဲ ပြောင်းပေးလိုက်သင့်တယ်။ အမျိုးသမီးတွေကို မြှင့်တင်မှာလား။ ဒါကို ခုတုံး လုပ်မှာလား။ ကျမတို့ကတော့ ကြားရတာ များလို့ ရွံနေပြီရှင်။

Unknown said...

ကျန်ခဲ့လို့ :P
၅ မှာ ရေးထားသားပဲ ဒါဆို အကောင့်ဖွင့်ကတည်းက မဗေဒါရှိတယ် ဆိုတာ သိနေတာပေါ့နော် ရှိနေတာ သိရင်လည်း သွားကြည့်မိမှာပဲ သိသိကြီးနဲ့ ယူတာပေါ့နော် မဗေဒါ နဲ့ တူအောင် ဗေဒ လိုက်တာပေါ့ ခစ်ခစ် တော်ချက်ရှင်။
မြန်မာအမျိုးသမီးတွေတော့ အတုတွေနဲ့ မြှင့်တင်ခံရဦးမယ် ရင်လေးတယ် ရင်လေးတယ်။

Unknown said...

ဆြာမကြီး မြတ်သွယ်အေး......
မြတ်သွယ်အေး ဆိုတာ မိန်းကလေးဆိုရင်တော်တော် ကို ရှက်စရာကောင်းပါတယ်။လူ၂ ယောက်ကြားမှာ ဝင်ပြီး ပြေလည်ရာပြေလည်ကြောင်း ဝင်မပြောပဲ အလကား လူမှုရေးသက်သက်နဲ့ ဝင်ဆရာမကြီး လုပ်နေတာလား။
ဘာလည်းနာမည်ကြီးချင်တာလား။သူများတကာတွေ ပြဿနာတက်နေပါတယ်ဆိုမှမီးလောင်လာလေပင့် ဆရာမကြီးလေသံနဲ့ လာပြောနေရအောင် ဘာလည်း မင်းက ဘာမို့လည်း။
အေးငါက မဗေဒါ၂ယောက်လုံးကို အားနာပါတယ်။သ်လည်းမသိဘူး ရေးထားတာ အမြင်မတော်လို့ ။အစောကြီးတဲ့က ဒီလို အဓိပ္ပာယ်မရှိ ကြားထဲဝင်ရန်တိုက်ပေးမယ့်သူရှိနေလို့ ၂ယောက်လုံးကိုသတိပေးထားတယ်။
အပေါ်မှာ မမြင်ဘူးလား။
နာမည်ကိစ္စက သူတို့ ကာယကံရှင်၂ယောက်နဲပဲဆိုင်တယ်။
မေးလိုက်ပါဦးမယ် ဆရာမကြီး...
(၁) အွန်လိုင်းပေါ်မှာ နာမည်တူတာ မယူရဘူးလို့ ဘယ်သူကသတ်မှတ်ချက်ပေးထားလည်း၊ဥပဒေထုတ်ထားလို့လား
(၂) နာမည်တူနေတာ တရားစွဲလို့ရလား။အဲဒီနာမည် ကို မှတ်ပုံတင်ထားလို့လား
(၃) သူတို့၂ယောက် ပြေလည်ရာပြေ လည်ကြောင်းရှင်းရမည် ကိစ္စကို မင်းက ကြားဝင်ရန်တိုက် ပေးရအောင်မင်းကိုယ်မင်းဘာ မို့လည်း(နာမည်မင်းကမှကြီးချင်နေတာလား)
(၄)၂ယောက်လုံး ညှိလို့ အဆင်ပြေမယ့်ကိစ္စကို ဘာလိုကြားဝင်ပြီးငေါတော့တော့နဲ့ ရန်တိုက်ပေးရတာလည်း
(၅)မင်းကရော သူများကောင်းကျိုးတွေ တအားလုပ်နေတယ်ပေါ့..အေးဆေးနေပါ လိုင်းပေါ်မှာ ဆရာမကြီးလာမလုပ်နဲ့...။
(၅)ဒီနာမည်က သူတို့၂ယောက်နာမည်ပါလို့ ဘယ်သူက ပြောလည်း၊မူရင်ပိုင်ရှင်ရှိတာရောသိလား ။
နေရာတကာဘာမှသေချာမသိပဲ ဝင်မရှုပ်ပါနဲ့ ။
သူတို့ကိစ္စသူတို့၂ယောက်ရှင်းလိမ့်မယ်။ရေးထားတဲ့ပုစံကိုက လူမြင်ကပ်စရာပဲ။မိန်းကလေး မို့ပဲ။

Nge Naing said...

မြသွယ်အေး- ကျွန်မ ကိုဇော်ကို ရှင်းပြထားတဲ့စာကို သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ မဗေဒါ ဘလော့ဂ်မရေးခင်က စင်္ကာပူက မဗေဒါကို သိဖို့နေနေသာသာ ကျွန်မကိုတောင် သူ့သမီးအကြောင်း ရေးတဲ့စာကို သူ့ကို လိပ်စာနဲ့တကွ အီးမေးနဲ့ ပို့ပေးပြီးဖတ်ခိုင်းမှ ဘလော့ဂါမှန်းသိသူဖြစ်ပါတယ်။ စာရေးဝါသနာပါတာနဲ့ သူအရင်ရေးထားတဲ့ စာတွေကိုလည်း ပြန်လည် မျှဝေရင်း ရေးဖြစ်သွားတာဖြစ်ပါတယ်။ ဘလော့ဂ်လောကရဲ့ အတိုက်အခိုက်အခိုက်တွေကို သူဘာမှ သိခဲ့တာမဟုတ်ပါဘူး။ ဘလော့ဂ်ရေးတာသာ သူက နောက်ကျပေမဲ့ မဗေဒါဆိုတာ 94/95 ကတည်းက အခုထိ သုံးလာတဲ့ သူ့ကလောင်နာမည်ဖြစ်ပါတယ်။ သူ့ကို အတုလို့ ပြောလို့မရနိုင်ပါဘူး။ အတုဆိုတာ မိမိတခါမှ မသုံးရသေးပဲနဲ့ တခြားသူတောယက်သုံးထားတဲ့ နာမည်ကို သုံးမှ အတုဖြစ်ပါတယ်။ သူ့နေရာမှာကျွန်မဆိုလည်း ကျွန်မနာမည်ကို ဆက်သုံးမှာ သေချာပါတယ်။ ဥပမာ ကျွန်မက Ning site လို တခြား တခုခုမှာ စာသွားရေးဖြစ်တယ်ထားတော့ Nge Naing ဆိုတာ ကျွန်မထက် အရင်စောပြီး ရေးနေတဲ့သူ အဲဒီနေရာမှာ ရှိနေရင်လည်း ကျွန်မဟာ Nge Naing ဆိုတဲ့နာမည်နဲ့ ဘလော့ဂ်ရေးနေပြီးသူ ဖြစ်လို့ ကျွန်မနာမည်ကို အဲဒှီsite ကစာဖတ်သူတွေ ကွဲကွဲပြားပြားသိအောင် တခုခုနဲ့ အထူးပြုပေးတာကလွဲလို့ Nge Naing ဆိုတဲ့ မူရင်းနာမည်ကိုတော့ ပြောင်းမှာမဟုတ်ဘူး။ အခုလည်း မဗေဒါက ဒီလိုပဲ လုပ်ဖို့လိုပါတယ်။ သူ့ဆီကို အရင်ရေးနေတဲ့ ချိုးလင်းပြာတို့ ခေတ်ပြိုင်တို့က စာမူတောင်းလာရင်လည်း ဒီနာမည်နဲ့ပဲ သူစာမူပို့နေဦးမှာ ဖြစ်တယ်။ မဗေဒါ နှစ်ယောက်ကိုလည်း ဒီဥပမာအတိုင်းပဲ မြသွယ်အေးတောက် နားလည်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ဆက်ဆွေးနွေးချင်ရင်တော့ မဗေဒါ နှစ်ယောက်စလုံးအတွက်လည်း အကျိုးမရှိ၊ တခြားဘယ်သူ့အတွက်မှလည်း အကျိုးမရှိတဲ့ မဆိုင်တာတွေတော့ ဆွေးနွေးရာမှာ မပါစေချင်ဘူး။

ရွှန်းလဲ့ said...

နှစ်ယောက်စလုံးရဲ့ blog ကိုဝင်ဖူးဖတ်ဖူးတယ်။
စစချင်းတော့နာမည်တူလို့ တစ်ယောက်တည်းမှတ်တာ။ နောက်တော့ ရေးတဲ့အကြောင်းအရာမတူတဲ့အတွက်မရောထွေးတော့ပဲ နာမည်တူတာပဲလို့ သိလိုက်တယ်။ ကိုယ်ကြိုက်တဲ့စာတွေတွေ့ ရင်ဝင်ဖတ်တာက လွဲလို့ နာမည်ကိစ္စကို တခါမှ ထဲထဲဝင်ဝင် မစဉ်းစားဖူးပါ။ လူတူမရှားနာမည်တူမရှားမို့ လား။

Unknown said...

To: Ma BayDa,

If you really think Name is not important, you should change your blog name instead of writing this post. And MaBayDar from Singapore is not asking you to change your blog name,even she is your daughter's age, she looks like more mature than you , that's my personal opinion after I read two posts. Please also read this link;

http://pandora-and-pandora.blogspot.com/2007/11/blog-post_09.html


I like your previous posts but a little bit upset for this post coz I think the way you response is wrong. Sorry.

Anonymous said...

mabayda
အန်တီအရွယ်ဖြစ်တဲ့ အတွက် အန်တီလို့ပဲ သုံးနှုန်းပါ့မယ်..
ကိုယ်က နောက်မှ ရောက်တဲ့ အတွက် အသက်ဘယ်လောက်ကြီးကြီး blog မှာတော့ junior ပါ. နောက်မှ ရောက်လာပြီး နာမည်တူ ဆင်တူရိုးမှား မလုပ်သင့်ပါဘူး Nge Naing blog မှာကတည်းက ပြောသွားတဲ့သူတွေ ရှိတာကို မမှုပဲ ဆက်လက် သုံးတာတော့ အံ့သြမိပါရဲ့ ကိုယ့်ထက် အသက်ငယ်တဲ့ သူလောက်မှ မရင့်ကျက်ပဲ စကားလုံး အမှားမှား အယွင်းယွင်းနဲ့ post တင်သွားတာလည်း အံ့ပါရဲ့ အမည်နာမ သတ်မှတ်ချက် အရေးကြီးသလား ဆိုတာတော့.. သေချာပါပြန်စဉ်းစားလိုက်ပါ.. လူသေပေမဲ့ နာမည်မသေတဲ့သူတွေ တပုံကြီး ရှိနေတယ်မလား :)

Unknown said...

မနေနိုင်ရဲ့ (မဗေဒါ ဘလော့ဂ်မရေးခင်က စင်္ကာပူက မဗေဒါကို သိဖို့နေနေသာသာ ...) ဆိုတာကိုမရှင်းလို့ပါ။ နားလည်သလောက်ကတော့ google မှာ အကောင့်အသစ်ဖွင့်ပြီဆိုရင် နာမည်ရိုက်ထည့်လိုက်တာနဲ့ နဂိုရှိပြီးသားဆိုရင် unavailable လို့ပြတယ်မဟုတ်လား။ အဲဒီတော့ မဗေဒါဆိုတဲ့နာမည်ကို ပုံမှန်ဆိုရင် mabaydar လို့ပဲပေါင်းကြတယ်မဟုတ်လား။ အဲဒီတော့မဗေဒါ အိုင်ခေးကဘလောဂ့်စဖွင့်ချိန်မှာ mabaydar ကနဂိုရှိပြီးသားလို့google ကပြရင် အီးမေလ်းရှိပြီးသားလား၊ ဘလော့ဂ်ရှိပြီးသားလားဆိုတာကို ရှာမကြည့်ခဲ့တာလား။ လျှောက်စဉ်းစားမိတာပါ။

Unknown said...

ခိုးနည်းကို အကျဉ်းအားဖြင့် အမျိုး ၈၀ ရှိတယ်လို့ ဆိုသဗျ.............အကျယ် ဆို ပိုများမှာပေါ့လေ။ သူများကို ထင်ယောင်ထင်မှား ဖြစ်စေတာနဲ့တင် သွားပေတော့ ငရဲ။ သိနေတာကို မသိဘူး လို့ ပြောတယ် သွားပေတော့ ငရဲ။ သြော် ဒါကြောင့် ဒီနေရာက ဒီလောက် ပူနေတာကိုး ၊ ငရဲနဲ့ နီးတယ်။
ဒါထက် စာအုပ်ထုတ်ဖူးတယ် ဆိုတာ စာပေခွင့်ပြုချက်နဲ့လား။ ပိုက်ဆံပေးပြီး ပုံနှိပ်တာနဲ့ စာအုပ် ဖြစ်တယ် ဆိုလိုတာလား။ ကိုယ့်ဖာသာ ရေးပြီး ကိုယ့်ဖာသာထုတ် ကိုယ့်ဖာသာ ဖတ် ။ တော်တော် တရားကျတယ်။
ပြောင်းမယ်လည်း ပြောသေး ဘာကို စောင့်ရမှာလဲ ဘယ်လောက် စောင့်ရမှာလဲ။ “ ခဏတော့ စောင့်နိုင်မည်ဟု ဆဝါးမိပါတယ်ရှင်..။ ”
ဆဝါး တာ မဟုတ်ပါဘူး။ စာဝါးတာပါဟ ။ ဘာတွေ ရေးနေတာလဲ မှားလိုက်တာလဲ သောက်တလွဲ။
ဟိုဘက် သွားဖတ်ဦးမယ်။

Unknown said...

Pan
အပေါ်မှာလည်းတယောက်က သတိပေးထားတယ်။ဘာလို့ ကြားကနေ ရန်တိုက်ပေးရတာလည်း ငှားထားလို့လား။
မင်းသေချာမသိရင်ဝင်မပြောနဲ့... မင်းကရော ဟောဒီက မဗေဒါကိုရောသိရဲ့လား။ဗေဒါ နာမည်တွေ တွေ့လို့ ၂ယောက်လုံးရဲ့ ပိုစ်တွေလိုက်ဖတ်တယ်။ သူတို့ဟာသူတို့ အေးဆေးဖြစ်နေတာပဲကို မင်းတို့က ဘာလို့ စွပေးနေရတာလည်း။ငှားထားတယ်ဆိုရင် လည်းဆောရီးကွာ။ မင်းပြောသလို မေးဖွင့်တာမှာ ရိုက်ရင် မပေါ်ဘူးလား ။ဒါဆို ဒို့ နာမည်ကရော ဘာလို့ ရလည်း။ပြောရင် ခု ပြဿနာဖြစ်နေတဲ့ မဗေဒါ ၂ယောက်လုံးက ဒို့ထပ်နောက်ကျတယ်လို့ ပြောမယ်ကွာ။ ကဲ့ ၂ယောက်လုံး ဘာလုပ်မလည်း။
ဘာမှလုပ်စရာမလိုပါဘူး။သူနာမည် ကိုယ်နာမည်တူတာက မဆန်းသလို ရေးကြတာ စာလည်းမတူပါဘူး။မင်းတို့ ကသာ ကြားကနေ လိုက်ဘေတီးမပေးရင် ကာယကံရှင်၂ယောက်က အေးဆေူးပြေလည်လောက်ပြီး ။တို့တောင်အေးအေးနေတာပါပဲ။မင်းတို့ ကတဖက်သတ် လွန်လာလို့ ကြည့်မကောင်းလို့ ထွက်လာတာ။ အလကားနေရန်ဝင်တိုက်ပေးနေကြတယ်။ အပေါ်မြှ ရေး သတိပေးထားတာကို မမြင်ကြတာနေမယ်။စာတွေကို အကုန်ဖတ်ကြပါလို့ တို့ ပြောမယ်။ ကိုယ်သမိုင်းကိုယ်ကောင်အောင်ပဲရေးကြပါ။
နောက်အချိန်ရမှ ကိုယ်ပြမယ် ဘယ်သူက အရင်ဆိုတာ ။မှတ်ထားပါမသိသေးရင် မဗေဒါ မေးက လွန်ခဲ့တဲ့ ၂၀၀၂ တည်းကဖွင့် ထားခဲ့တာပဲဆိုတာ။တူတာကို လိုက်ရှာပေးရရင် “ဗေဒါ” တွေ ၁၀၀ လောက်ထွက်လာလိမ့်မယ်။
ဒါပဲပြောမယ် ကျန်တာတွေကို ရှင်းချင်ရင်
mamabaydar@gmail.com ကို မေးပို့လိုက်။

Unknown said...

မဟုတ်တာပဲ ၂၀၀၂ က ဖွင့်ထားတယ် ဆိုတဲ့ မမဗေဒါရယ် ကျနော် အခုပဲ mamabaydar@gmail.com ဒါကို ရှာလိုက်တာ နာရီပိုင်းပဲလို့ ပြပါတယ် ခင်ဗျာ။ အခုမှ ထွက်လာတယ် ဆိုတော့ အရင်က ဘယ်မှာ ပုန်းနေရလို့လဲ။ ကျနော်က ပရိုဂရမ်လေး နည်းနည်းပဲ တတ်တော့ ခွင့်လွှတ်ပါ နောက်တိုး ဗေဒါ
အင်း ဗေဒါတွေ ဈေးကောင်းလာပါလား

lonely angel said...

To Mamabaydar.

"Gmail, known as Google Mail in Germany, was made available to the public by Google on 1 April 2004,"
(source from Wiki)...

Know the fact if you want to be senior's senior mamabaydar.

Zay Tar Yar said...

မဗေဒါ(နော်ဝေ)နာမည်ပြောင်းရင်အဲလိုသာ
ပြောင်း လိုက်ပါမမဘာတွေမှသိပ်ခေါင်းထဲ
ထည့်မနေပါနဲ့ ဘလော့ချင်းချင်းနားလည်ပါတယ်
ဟုတ်တယ်မလား တော်ကြာဟိုလူပါဒီလူပါနဲ့
စာဖက်တဲ့လူတွေနစ်နာကုန်မယ်ဗေဒါတွေအားကို
ကိုအားပေးနေကြတဲ့ပရိတ်သတ်တွေများကြီးဘဲ
ဒါကြောင့် ဗေဒါတွေအားလုံးရဲ့အနောက်မှာဆိုင်ရာနာ
မည်လေးထည့်ကြပါလို့ စာဖက်ပရိတ်သက်တဦးအ
နေနဲ့ အကြံပေးပါရစေ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ

ADMIN said...

ကျနော် အစ ကတည်းက ပြောမလို့ပါပဲ။ မဗေဒါတို့ နှစ်ယောက် နားလည်ပြီးသား ထင်လို့ ဒီကိစ္စမပြောဖြစ်တာပါ။ အင်တာနက် က တစ်ဦး တစ်ယောက်ပိုင် မဟုတ်ပေမယ့် အင်တာနဲ့ပေါ်မှာ ဘယ်နေရာမှာ မှ နာမည်တူ လက်မခံပါဘူး။ ဘယ် account ပဲလုပ်လုပ် ရှိပြီးသားဆိုရင် လုပ်ခွင့်မပေးပါဘူး။

(၁၉၈၈) ခုနှစ်မှ တောခိုလာသော မြန်မာ ကျောင်းသူ အမျိုးသမီးများဖြင့် ဖွဲ့စည်း တည်ထောင်ထားသော `မြန်မာ့အမျိုးသမီး သမဂ`မှ ထုတ်ဝေသည့် `ချိုးလင်းပြာ` မှာ စင်္ကာပူ (သို့) ဂျပန် က မဗေဒါ က "မဗေဒါ" ဆိုတဲ့ ကလောင်နဲ့ လာရေးရင်လည်း ခုလို ပြဿနာတက်ပြီး သူမ ရဲ့ ကလောင် ကို မဖြစ်မနေ ပြောင်းရမှာပါပဲ။

ဒါပေမယ့် ယခု ဘလော့ပိုင်ရှင် မဗေဒါဖက်က ပြောင်းပေးမယ်ဆိုတော အများကြီး လေးစားမိပါတယ်။ ဘယ်သူမဆို ကိုယ့် ကလောင် ကို တန်ဖိုးထားကြမှာ၊ မြတ်နိုးကြမှာ မှန်ပါတယ်။ ဒီအတွက်လည်း ကိုယ်ချင်းစာပါတယ်။

နောက်တစ်ခုက ဒီပြဿနာက ဘယ်မဗေဒါကြောင့်မှ မဟုတ်သလို မငယ်နိုင်ကြောင့်လည်း မဟုတ်ပါဘူး။ ဒီဘလော့လောကထဲမှာ ဒီထက်ရှုပ်ထွေးတဲ့ ပြဿနာတွေ၊ အများကြီး ရှိပါသေးတယ်။ post ဖျက်ရတယ်၊ နာမည် ပြောင်းရတယ်ဆိုတာ ဘာမှမဟုတ်သေးပါဘူး။ blog ပိတ်သွားရတဲ့လူတွေ၊ blog ဖျက်လိုက်ရတဲ့လူတွေ တစ်ပုံကြီးရှိပါတယ်။ (၁၉၈၈) ခုနှစ်မှ တောခိုလာသော မြန်မာ ကျောင်းသူ အမျိုးသမီးများဖြင့် ဖွဲ့စည်း တည်ထောင်ထားသော `မြန်မာ့အမျိုးသမီး သမဂ`အကြောင်းကို ကျနော်တို့ သိဖို့ အများကြီး လိုသေးသလို ဒီလောက အကြောင်းကိုလည်း ယခုဘလော့ပိုင်ရှင် မဗေဒါတို့ မငယ်နိုင်တို့ အနေနဲ့ ရှေ့လူတွေကို မေးထားရင် ပိုကောင်းပါတယ်။ ဒီပြဿနာဆိုတာ ဘာမှမဟုတ်သေးပါဘူး။ ဒါ ပထမဆုံး တက်တာလဲ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီပြဿနာ ဖြစ်လာတာ နှစ်ယောက်လုံးအတွက် အများကြီးကောင်းပါတယ်။ ယခု blog ပိုင်ရှင် မဗေဒါ အနေနဲ့ အတော်များများရေးပြီးမှ၊ ဒါမှမဟုတ် blogger သက်တမ်းတော်တော်ကြာမှ ခုလို ဖြစ်လာမယ်ဆိုရင် ပိုမကောင်းပါဘူး။ နှစ်ဦးလုံးက ဒီနာမည် တစ်ခု ကို ကိုယ့်ကိုယ်ကို နာမည် ပေးဖို့ ရွေးချယ် ရလောက်အောင် စိတ်ချင်း တူနေမှတော့ အခြား တူတာတွေလည်း အများကြီး ရှိမှာပါ။ မိမိနဲ့ ယခုလို စိတ်ချင်းတူတဲ့ လူတစ်ယောက်နဲ့တွေ့ရတာ ဝမ်းသာ ကြည်နူးဖို့ ကောင်းပါတယ်။ အဲ့ဒီ တစ်ချက် ကိုလည်း နှစ်ယောက်လုံး ထည့်စဉ်းစားသင့်ပါတယ်။

ကျနော် blog တွေ၊ post တွေ ကို နေ့စဉ်အများကြီးရောက်ဖြစ်၊ ဖတ်ဖြစ်ပေမယ့် တော်ရုံတန်ရုံ comment မပေးတတ်ပါဘူး။ လုံးဝ မှားနေမှသာ ထောက်ပြတတ်တာပါ။ ခု ဟိုဖက်ကမှာ ရေးခဲ့လို့ ဘက်လိုက်တယ် ဖြစ်မှာဆိုးလို့ ဒီမှာ ပြန်လာရေးတာပါ။

Unknown said...

To ♥ကိုဇော်♥ :
“၃။ အထက်ပါ စာအရ မသိဘူး ဆိုတာ ကျနော် မယုံနိုင်ပါ။ ကျနော် တင်ပြသော စာမှန်ပါက မြန်မာပြည်သူတို့ အပူဒဏ်မှ ကင်းဝေးကြပါစေ။”

ကိုဇော် နံပါတ် ၃မှာ ကျိန်သွားတာ မှန်နေပြီထင်တယ်... မနေ့က မန္တလေးမှာ မိုးတွေရွာတယ်လေ...... တကယ်တော့ ကျွန်တော် လဲ သူမသိလို့လုပ်တယ်ဆိုတာ မယုံဘူး...
-------------------------- **** -------------------------------
လိမ်လားမလိမ်လား အပေါ်က မမဗေဒါ ဆိုသူကိုပဲ ကြည့်လေ... ဗူးပေါ်သလိုပေါ်သွားခဲ့တာပဲ. မမဗေဒါရဲ့ ပုံပြင်ကတော့ အရီရဆုံးပဲ
အင်တာနက်ပေါ်မှာ လူမသိဘူးဆိုပြီး လျှာရိုးမရှိတိုင်း လိမ်ချင်တိုင်းလိမ်လို့ရပင်မဲ့ ကိုယ့်ကိုကိုယ်တော့ သိတဲ့အတွက် ရှက်ဖို့ကောင်းပါတယ်.

ဒီလို လိမ်ပြောတတ်တဲ့ အသိုင်းအ၀ိုင်းက ကြီးကြီးကျယ်ကျယ်တွေရေးပြီး တကယ်တမ်းကျတော့ တိုင်းတပါးမှာ အပြီးနေနေတာ ရေးတာနဲ့ လုပ်တာနဲ့က မကိုက်ညီဘူးဖြစ်နေတယ်လို့ ထင်မိပါတယ်...

နောက်ပြီး ဘလော့ကို ခုမှသုံးတယ်ဆိုတော့ ဘလော့ရဲ့ function တွေ နားမလည်မှာစိုးလို့ ကြိုတင် အသိပေးပါရစေ….ဘလော့တွေမှာ ဘလော့တစ်ခုကို contributor တွေ အများကြီးနဲ့ရေးလို့ရပါတယ်...
အဲဒိအတွက်ကြောင့် ငယ်နိုင် ပြောသွားသလို ယခု မဗေဒက မဗေဒ ဘလော့မှာ မဗေဒါဆိုတဲ့ ကလောင်အမည်နဲ့ ပိုစ့်တင်ရင် မသိတဲ့သူတွေအတွက် ဟိုမူရင်းမဗေဒါက ဒီဘလော့မှာပါ contributor အနေနဲ့ စာရေးတယ်လို့ အထင်လွဲနိုင်စရာရှိပါတယ် ဒိအတွက် မလိုအပ်တဲ့ ပြဿနာထပ်မဖြစ်စေရန် ပိုစ့်တင်ချင်လျှင် ကလောင်နာမည်ကိုပါ မူရင်း မဗေဒါနဲ့ သိသာကွဲပြားစေချင်ပါတယ်..

အစထဲက ကလောင်အမည် ၂ခုရှိတယ်လို့ ပြောခဲ့တဲ့ မဗေဒ အတွက် ကိုယ့်ထက်ငယ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဒါလေးကို ရသလောက် ကပ်သပ်နေမဲ့အစား... အပြည့်အ၀ သဘောထားကြီးပေးလိုက်တာ ၂ဖက်လုံးအတွက် မကောင်းပေဘူးလား...

အမျိုးသမီးထုကြီးရဲ့ ဘ၀ကို မြှင့်တင်ချင်တဲ့ မဗေဒ က ခုတော့ မိန်းကလေးတစ်ယောက်ရဲ့ နည်းလမ်းကျတဲ့ တောင်းဆိုချက်လေးကိုတောင် ပြည့်ပြည့်၀၀ မပေးနိုင်ဘူးဆိုရင် မဗေဒရဲ့စာတွေကို လာဖတ်မဲ့ ပရိတ်သတ်ကြီးက မဗေဒ ကို ဘယ်လို ယုံယုံကြည်ကြည့်ဖတ်နိုင်တော့မလဲ..

Dr. Myo Chit said...

ဒီဘွားဒေါ် နဲ့ ငယ်နိုင် ကတော့ အသက် ကြီးကောင်ကြီးမှ ဘလော့ပေါ်တက်လာပြီး အငယ် တစ်ယောက်ပြီး တစ်ယောက်နဲ့ ရန်ဖြစ်နေပါလား?? မနေ့ တစ်နေ့ကမှ ဘလော့ လောကထဲကို ဝင်လာတယ်။ ဘလော့လောကကြောင်းလည်း ဘာမှမသိ။ လေ့လာ မေးမြန်းရမှန်းလည်း မသိ။ ဘလော့ပေါ်မှာလဲ အရူးလွယ်အိပ်လိုပဲ တင်ချင်ရာတင်၊။ လေ့လာပါ လေ့လာပါဆိုရင် စီဘောက်စ်တကာလိုက်အော်တယ်၊ ဒီနေ့ ဘယ်နှယောက် တိုးလောလဲ ကြည့်တယ်။ ကိုယ့်ထက် ငယ်တဲ့လူတွေနဲ့ ပြဿနာ ဖြစ်တယ်။ အရှက်မရှိပဲ ပိုစ့်တွေ ဖျက်လိုက်ရ၊ ကွန်းမန့်တွေ ပိတ်လိုက်ရတာ မမှတ်ဘူး။ ထပ်ဖြစ်ပြန်ပြီ။ ဘယ်တော့များမှ သံဝေဂ ရမှာပါလိမ့်။ ဒီနှစ်ယောက်အတွက်တော့ တကယ် ဝမ်းနည်းမိတယ်။

Zay Tar Yar said...

မမတို့အိုကေပြီလား မကေသေးလဲကာယကံရှင်ချင်းသာ
ညှိနှိုင်းလိုက်ကြပါ မြန်မြန်အိုကေပါစေ..အော်မမတို့ကို
စကားလေးတခုပြောအုံးမယ် ဇေ့သူငယ်ချင်းရဲ့ဖေဖေက
ဘုန်းကြီးတပါးကိုဝေဘန်တဲ့စကားလေးပါ...

အနတ္တဒေသနာဟောမဲ့သူတွေ အတ္တကြီးတာကြည့်လို့မ
ကောင်းဘူးတဲ့ အဲစကားလေးပါမမရယ် စာပေတွေဆက်
လက်ရေးသားနိုင်ပါစေ.ထာဝရစောင့်မျှော်ဖက်ရှုနေမဲ့
ဇေ...

ကိုဇော် said...

ဆောရီးပါ. . .မငယ်နိုင်..
ကျနော်လည်း အခုမှ ပြန်လာဖတ်ဖြစ်တယ်။
မငယ်နိုင် ပြောသလို သူက မငယ်နိုင် တစ်ယောက်ကိုပဲ သိတယ် ဆိုတာ ကျနော် မှန်တာကို ပြောရရင် လက်မခံနိုင် ဖြစ်မိတယ်။ ဘာလို့လဲ ဆိုတော့ သူက ကျနော့်စီဘောက်ကို ရောက်ခဲ့ပြီး စာတွေ ဖတ်မရဘူးလို့ အော်သွားလို့ ကျနော်က ဟိုမဗေဒါကို သွားမေးမိတယ်။ နောက်မှ သူချန်ခဲ့တဲ့ လင့်ကနေ တဆင့် ဒီနေရာကို ရောက်လာတာပါ။ အရင်က သူုတို့နှစ်ယောက် စီဘောက်မှာ အော်နေတာကို မြင်ပေမဲ့ လိုက်မသွားမိပါ။ ဘယ်လိုပဲ ဖြစ်ပါစေ။
အခု မဗေဒါက အမျိုးသမီး မြှင့်တင်ရေး လုပ်နေတယ် ဆိုတော့ အငယ်တွေကို ဦးစားပေးပြီးတော့ လက်ဆင့်ကမ်း မြန်မြန် ခေါ်နိုင်ပါစေဗျာ။

Unknown said...

ခစ်ခစ်ခစ်.............
ကြည့်လည်း လုပ်ပါဦး ကိုချားဗစ် ( service ) ကြီးရဲ့..........
ကျမက မြသွယ်အေးပါရှင်
ဒေါသတွေ ဗလပွနဲ့ မြတ်သွယ်အေး တောင်မှ ဖြစ်နေပါရောလား။ နာမည်တူမရှား ဆိုပေမဲ့ နာမည်ကိုတော့ မမှားစေနဲ့ပေါ့ရှင်....
ဘာတော်လည်းတော့ မသိ။ တစ်ခုခုတော့ တစ်ခုခုပဲ။

Unknown said...

ဟဲ့ Zay Tar Yar ဆိုတဲ့ ကောင်လေး
မင်းကွာ သူက ဘာတွေများ စာပေ ပညာတွေ ဖြန်ဝေ နေလို့တုန်း။ ရေးတာက ဟိုရောက်လိုက် ဒီရောက်လိုက် စာတွေကို ရေးနေတာလေကွာ။
အမျိုးသ္မီး မြှင့်တင်ရေး ဆိုလည်း ဒါကိုပဲ ရေးပေါ့။
အခုတော့ ဖတ်ရသူတွေ ဝလချီးရမ်းနေမှာ။

Nge Naing said...

ကိုဇော်ရေ ကျွန်မဆိုလိုတာ ဘလော့ဂ်မဖွင့်ခင်က ဘယ်ဘလော့ဂါကိုမှ သူမသိတာကို ပြောတာပါ။ စင်္ကာပူက မဗေဒါအပါအ၀င် တခြားဘလော့ဂါတွေကို သူသိတာ ဘလော့ဂ်ဖွင့်ပြီးမှ သိတာပါ။ ကျွန်မ စမိတ်ဆက်ပေးရင် သူဘလော့ဂ်ဖွင့်ထားတာ တပတ်ကျော်ပြီ။ ဖွင့်ပြီးနောက်ပိုင်း သူတို့နှစ်ယောက်လည်း C-Box တွေကို အပြန်အလှန် လည်ကြတာ တွေ့ရတော့ အခုလိုဖြစ်လာလိမ့်မယ်လို့ ကျွန်မလည်း မထင်ခဲ့တာ အမှန်ပါ။ နောက်ပိုင်းမှာ ကျွန်မလည်း ဘလော့ဂ်မှာ မိတ်ဆက်ပေးထားတော့ အတော်များများ သိသွားပြီး သူ့ဆီသွားလည်တဲ့သူကို ပြန်လည်ရင်းနဲ့ အဲဒီ ပြန်လည်တဲ့ဘလော့ဂ်မှာ ရှိနေတဲ့ တချို့ ဘလော့ဂ်တွေကို လိုက်လည်ရင်းနဲ့ ကိုဇော်ဘလောဂ်ကို ရောက်လာတာ ဖြစ်နိုင်တယ်။ အခုတော့ ဒီဗေဒါက သူ့နာမည်ကို မဗေဒါ (၈၈) လုပ်လိုက်တယ်ဆိုတော့ အားလုံးက ကွဲကွဲပြားပြား ဖြစ်သွားမှာမို့ အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ်။

ဒေါ်လာလေးကိုတော့ အပြောအဆိုတွေ နည်းနည်းလေး ရိုင်းနေသေးပေမဲ့ အရင်ကနဲ့ စာရင် အများကြီး တိုးတက်လာပြီမို့ ပြောထားတဲ့ အကြောင်းအရာအပေါ် ဘာမှ ပြန်မပြောနေတော့ဘူး ဘေးမဲ့ပေးထားလိုက်ပါပြီ။ ဒါပေမဲ့ ကျေးဇူးတင်ကြောင်းတော့ ပြောပြလိုက်မယ်။ မနေ့ညက ကျောင်းကပြန်တော့ အမျိုးသားက ကွန်ပြူတာရှေ့မှာ စာထိုင်ဖတ်ပြီး တဟားဟား ရီနေတာတွေ့လို့ ဘာဟာသတွေများဖတ်ပြီး ဒီလောက် ရီနေရတာလဲ မေးပြီး ပုခုံးပေါ်က စာအုပ်အိတ်ကိုတောင် မချဘဲ ကွန်ပြူတာကို လာကြည့်လိုက်တော့ မင်းအပေါ်ကရေးထားတဲ့ မှတ်ချက်ကို ဖတ်ပြီး သဘောကျလွန်းလို့ ရီနေတာတွေ့ရတယ်။ အဲဒါနဲ့ နှစ်ယောက်စလုံး ရီဖြစ်ကြပြီး ကျောင်းမှာ Assessment တွေနဲ့ ဦးနှောက်ရှုပ်ပြီး ပြန်လာတောင် မင်းမှတ်ချက်ကြောင့် ဦးနှောက်ပြန်ကြည်သွားတယ်။ မင်းမှတ်ချက်ကို မှန်တယ်လို့ မထောက်ခံပေမဲ့ နဂိုက ဘလော့ဂ်ရေးတာကို သိပ်သဘောမကျပေမဲ့ အမျိုးသားမှာ ဘလော့ဂ်နဲ့ပတ်သက်ပြီး ဇနီးကို စစရာ ဟာသလေးတခု ရသွားတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ အဲဒါ ရွဲ့ပြောတာ မဟုတ်ဘူးနော် ဒေါ်လာ တကယ်ပြောတာ။

naychi said...

တကယ်တမ်း မဗေဒါကွဲပြားစေချင်တာ (ပြောင်းစေချင်တာမဟုတ်)က လူအများမှတ်မိတဲ့၊ ထင်သာမြင်သာမှာရှိတဲ့ နာမည်ကိုပါ။ ဘလော့လိပ်စာက တော်ရုံလူ မမှတ်ထားကြပါဘူး။ ကွန်းမန့်က နာမည် စီဘောက်ကနာမည်ကိုပဲ မှတ်ကြတာပါ။ မမကိုပြောင်းစေချင်လို့ ဖိအားလာပေးတဲ့ သဘောမျိုးနဲ့ လာရေးတာ မဟုတ်ပါဘူး။ မဗေဒါ ဆိုလိုချင်တဲ့သဘောကို နားလည်မှုလွဲမှာစိုးလို့မှာ...

Unknown said...

စာရေး တဲ့ လူ လုပ် နေ ပြီး။ စာ တောင် ကောင်း ကောင်း ဖတ် တတ် ပုံ မ ရ ဘူး။ ဟို မဗေဒါ က ကလောင် name ပြောင်း ခိုင်း တာ ကို ... Website URL ချည်း ပြောင်း လိုက် တယ်။ What's a point of changing that?

Unknown said...

ဟ ဘယ်လို မိန်းမလဲဟ။
ဆိုက်လိပ်စာ ပြောင်းခိုင်းတာ မဟုတ်ဘူးဟ။
ဆိုက်လိပ်စာပြောင်းရင် ကိုယ်ဆီ လာလည်သူတွေ မျက်စိလည်ကုန်မှာပေါ့။ ကလောင်နာမည် ပြောင်းခိုင်းတာ။ ဒါနဲ့များ အမျိုးသ္မီးတွေကို မြှင့်တင်မတဲ့။
ဒွတ်ခဘဲ လုပ်ကြပါဦး မိုးနတ်မင်းရဲ့။

Unknown said...

လာလာဖတ်ပြီးပြန်သွားတယ်ဗျာ
အခုတော့ရေးရတော့မယ်မငယ်နိုင်ဆိုတာအကြံပေးတယ် ထင်ပ
ဆိုက်လိပ်စာပြောင်းတယ် ဆိုတာ စာဖတ် ပရိသတ်ကို စော်ကားတာဗျ သိလား ၊
တကယ်တော့ ပြောင်းစေချင်တာ သူများ စီဘောက်မှာ လိုက်ရေးတာတွေ ကလောင်နာမည်တွေကို ပြောင်းခိုင်းတာ
အော် အသိခေါက်ခက် အဝင်နက်တွေပါလားနော်
်အသက်ကြီးတယ်ဆိုတာ သေဖို့များလား
ဒီလို ကုပ်ကပ်ပြီး နေရာ ယူတတ်လို့လဲ ခင်ဗျားတို့ နိုင်ငံရေးကို ခုတုံးလုပ်သွားနိုင်ကြတာပဲ
ရွံတယ်ဗျာ ခင်ဗျားတို့ကို.................

Anonymous said...

အန်တီဗေဒ..
အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ.. ဘာထူးမလဲ ပြန်လာကြည့်တာ..
အမည်နာမ သတ်မှတ်ချက် အရေးကြီးသလား လို့ ထေ့ငေါ့ ရွဲ့စောင်းပြီး ရေးထားပြီးကာမှ.. ဘာမှ ဒီမဗေဒါကို ပဲ တွယ်ကပ်နေရတာပါလဲ ဗျာ.. မဗေဒ ကနေ မဗေဒါ88 တောင် ဖြစ်သွားပါလား ဟရို့.. အံ့ပါရဲ့ဗျာ..တော်လှန်ရေးတုန်းက နာမည်ပြန်သုံးလေဗျာ.. ဒီမိုရဲရဲတောက်တွေပဲ :D ကလောင်နာမည်ပြောင်းခိုင်းတာကို URL ပြောင်းတယ်.စာဖတ် သူတွေကိုဘာထင်နေလဲမသိ. စီဘောက်တကာမှာမဗေဒါ ဆိုပြီးလိုက်ရေးနေမှတော့ တဖက်သား ကို ထိခိုက်မယ် ဆိုတာ မစဉ်းစားမိဘူးလာဗျာ.. ကိုယ်က နိုင်ငံရေးလုပ်နေတဲ့သူပါ. SLIP ပြောခဲ့တဲ့ အချက်တွေကို သေချာလည်း ဖတ်ကြည့်ပါဦး
ထူးဆန်းတာက ဒီ blog ကတော့ နာမည်ကျော်နေပါပြီ. post မျိုးစုံနဲ့ကို ပြဿနာ တက်နေတာ. ပြီးတော့ ဖြေရှင်းချက်လည်း ဘာမှ ရေရေရာရာ ပြန်မပြောနိုင်ရှာပါဘူး Nge Naing တယောက်ကတော့ ဒိုင်ခံရှင်းပေးနေလေရဲ့ blogger က ငါရေးချင်ရာရေးတယ်ဟဲ့ဆိုပြီးများ ဖွဖွ ထားခဲ့တာပါလား ဒိလိုများ နာမည်ကျော်ချင်လို့ပဲ ပွဲ ဆူအောင်လုပ် နေတာလားမသိ. blog ရေးမယ်ဆို အရင်လေ့လာလိုက်ပါဦးဗျာ လွယ်လွယ်ရတာနဲ့ ငါရေးချင်တာရေးမယ်ဟဲ့လို့ လုပ်လို့မရဘူးလေဗျာ. :)

Nge Naing said...

အဓိက နာမည်ပြောင်းဖို့ ဖြစ်လာတဲ့အကြောင်းအရင်းက မဗေဒါ နှစ်ယောက် မမှားဖို့ပဲ ဆိုတော့ မဗေဒါ ကနေ မဗေဒါ (၈၈) ဖြစ်သွားတာဟာ နှစ်ယောက်ကို ကွဲကွဲပြားပြား ဖြစ်သွားပြီမို့ စင်္ကာပူက ညီမလေး မဗေဒါလည်း လက်ခံနိုင်လိမ့်မယ်ထင်တယ်။ တောထဲမှာတုန်းက သုံးတဲ့နာမည်ကို ပြန်သုံးပါလို့ ပြောထားတဲ့ Cry baby ကို ပြောပြချင်တာ ဒါဟာတောထဲမှာတုန်းက သုံးတဲ့နာမည်ပါပဲ။ ရင်တွင်းဖြစ်တွေကို မဗဒါ နာမည်နဲ့ ရေးပြီး တကယ်အလုပ်နဲ့ ဆိုင်တဲ့ DVB Programm တို့လို အကြောင်းအရာတွေကိုပဲ အေးအေးခိုင် (ရောင်နီဦး) နဲ့ ရေးခဲ့ပါတယ်။ ဒါကို သူ့ပို့စ်ထဲမှာလည်း ပြောထားပြီး ဖြစ်တယ်။ ဒါကြောင့် ဘလော့ဂ်လောကမှာ စင်္ကာပူက ညီမလေး မဗေဒါက စီနီယာ ပိုကျသလို ဒီနာမည်ကို တကယ်အပြင်လောကမှာ အသုံးပြုခဲ့တာက အခုဒီမဗေဒါက စီနီယာ ပိုကျပါတယ်။ ကျွန်မ အနေနဲ့ အခုကိစ္စမှာ မဗေဒါနှစ်ယောက် အကျေအလည် ဖြစ်ဖို့က အရေးကြီးဆုံး ဖြစ်ပြီး အကယ်၍ စင်္ကာပူက ညီမလေး မဗဒါက မကျေလည်ဘဲ ဖြစ်နေသေးရင် နှစ်ယာက် မေးလ်နဲ့ဖြစ်ဖြစ် မိမိ ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ဆွေနွေးကြဖို့ကိုပဲ အကြံပြုချင်ပါတယ်။ ဒီလို ဘေးကနေပြီး တယောက်တပေါက်နဲ့ ဒီမှာလာပြီး ပြဿနာ လာရှာ စော်ကားမော်ကား ပြောနေလို့ကတော့ အဖြေမှန်ရဖို့ မရှိနိုင်ပါဘူး။

(((ဒီလို ကုပ်ကပ်ပြီး နေရာ ယူတတ်လို့လဲ ခင်ဗျားတို့ နိုင်ငံရေးကို ခုတုံးလုပ်သွားနိုင်ကြတာပဲ
ရွံတယ်ဗျာ ခင်ဗျားတို့ကို...))) လို့ ပြောသွားတဲ့ BBC ဆိုသူကို ပြောပြချင်တာက ဒီကိစ္စမှာ နိုင်ငံရေးကို ခုတုံးလုပ်တာနဲ့ ဆက်စပ်တာ ဘာမှမရှိလို့ မင်းပြောတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ မင်းတို့ အခုလောက် Sensitive ဖြစ်နေတာဟာ တယောက်က နိုင်ငံရေးအကြောင်းရေးလို့ မဆိုင်တဲ့ တခြားတယောက်မှာ ပြဿနာ အရှာခံနိုင်ရမှာကို ကြောက်လို့ ဆိုတာ သဘောပေါက်ပါတယ်။ ဒါကလည်း နိုင်ငံရေးဆိုတာကို ရာဇ၀တ်မှုထက် ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး တခုအဖြစ် အချောက်လန့်ခံထားရတဲ့ ခေတ်စနစ်အောက်မှာ ကြီးပြင်းလာခဲ့ရလို့ ဆိုတာ သဘောပေါက်တယ်။ မင်းတို့က စစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့သလိုပဲ အစ်မတို့လည်း တပါတီအာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ပါတယ်။ အတူတူပဲ ဘာမှမကွာဘူး။ ဒီလို အလားတူ နာမည်တူပြဿနာမျိုး နိုင်ငံရေးအကြောင်း မရေးတဲ့သူ နှစ်ယောက်ကြားမှာ ဖြစ်ခဲ့ရင်တော့ မင်းတို့ဒီလောက်အထိ Sensitive ဖြစ်နေကြလိမ့်မယ်လို့ မထင်ဘူး။ အခုလို ဖြစ်နေတာဟာ ကြောက်စရာမဟုတ်တာကို ကြောက်နေရတဲ့ ခေတ်ကြီးမှာ ကြီးပြင်းလာရလို့ ဖြစ်နေကြတယ်ဆိုတာ သဘောပေါက်ပါ။ မိမိကိုယ်တိုင် နိုင်ငံရေးကို စိတ်မ၀င်စားလို့ ဖြစ်စေ၊ နားမလည်လို့ဖြစ်စေ ပါဝင်မပတ်သက်တာက အကြောင်းမဟုတ်ပေမဲ့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အများစုကြီးလုပ်မှ ဒီခေတ်ဆိုးစနစ်ဆိုးကို အောက်ကလွန်မြောက်မယ်လို့ သဘောထားပြီး လုပ်နေသူတွေ အားပေးနေသူတွေကို မစော်ကားမိစေနဲ့လို့ BBC ကို ပြောလိုပါတယ်။

Unknown said...

မငယ်နိုင်သို့
မင်းတို့ အခုလောက် Sensitive ဖြစ်နေတာဟာ တယောက်က နိုင်ငံရေးအကြောင်းရေးလို့ မဆိုင်တဲ့ တခြားတယောက်မှာ ပြဿနာ အရှာခံနိုင်ရမှာကို ကြောက်လို့ ဆိုတာ သဘောပေါက်ပါတယ်။ ဒါကလည်း နိုင်ငံရေးဆိုတာကို ရာဇ၀တ်မှုထက် ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး တခုအဖြစ် အချောက်လန့်ခံထားရတဲ့ ခေတ်စနစ်အောက်မှာ ကြီးပြင်းလာခဲ့ရလို့ ဆိုတာ သဘောပေါက်တယ်။ မင်းတို့က စစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့သလိုပဲ အစ်မတို့လည်း တပါတီအာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ပါတယ်။ အတူတူပဲ ဘာမှမကွာဘူး။ ဒီလို အလားတူ နာမည်တူပြဿနာမျိုး နိုင်ငံရေးအကြောင်း မရေးတဲ့သူ နှစ်ယောက်ကြားမှာ ဖြစ်ခဲ့ရင်တော့ မင်းတို့ဒီလောက်အထိ Sensitive ဖြစ်နေကြလိမ့်မယ်လို့ မထင်ဘူး။ အခုလို ဖြစ်နေတာဟာ ကြောက်စရာမဟုတ်တာကို ကြောက်နေရတဲ့ ခေတ်ကြီးမှာ ကြီးပြင်းလာရလို့ ဖြစ်နေကြတယ်ဆိုတာ သဘောပေါက်ပါ။ ………………….
မငယ်နိုင်ရေးထားတဲ့စာကို အနည်းငယ်ဆင်ခြေတက်လိုပါတယ်ရှင့်၊ တခြားသူတွေအတွက်တော့ မသိဘူး၊ ကျွန်မလိုလူမျိုးအတွက်တော့ ခြောက်လန့်ခံထားရလို့ ဘာညာဆိုတာလုံးဝမမှန်ပါဘူး၊ဘာလို့လဲဆိုတော့ ကျွန်မငယ်စဉ်ကတည်းက ဗမာပြည်ကထွက်လာလို့ပါ၊ ဒါပေမယ့် ကိုယ့်ဘာကိုယ် အေးဆေးစွာရေးနေတာကို လူမှားပြီး ကိုယ့်ဆီမှာလာဆဲနေရင်မငယ်နိုင်တို့လိုအရေထူပြီးလူတစ်ယောက်အနေနဲ့ မထောင်းသာပေမယ့် ကိုယ်နဲ့မဆိုင်ပဲလာဆဲတာခံနေရတာကို ဘယ်လိုလူမျိုးကခံချင်ပါ့မလဲ၊ လာဆဲတဲ့လူတွေကို အပြစ်တင်တာ နောက်မှ၊ ကိုယ်စိတ်အနှောင့်အယှက်ဖြစ်ရတာအရင်ပါ၊ အခုလဲ စင်္ကာပူက မဗေဒါကို ကိုယ်ချင်းစာမိလို့ ရေးလိုက်တာပါ၊ မငယ်နိုင်ပြောသလို သူမကျေနပ်ရင် သူတို့ဘာသူတို့ရှင်းကြလိမ့်မယ်ဆိုပေမယ့် သူပြောထားတာရှင်းနေပြီလေ၊ သူတကယ်ကျေနပ်ရဲ့လားဆိုတာ မငယ်နိုင်အနေနဲ့ သိသာပါတယ်၊ ဒါပေမယ့် အေးဆေးနေလိုတဲ့သူတယောက်ပီပီ ဘာမှထပ်မပြောတော့တာလို့ ကိုယ်နဲ့နှိုင်းပြီးယူဆမိပါတယ်၊
အခုနောက်ဆက်တွဲဖြစ်လာနိုင်တာက မဗေဒါ၈၈ ကို ဆဲချင်တဲ့သူများက စင်္ကာပူကမဗေဒါနာမည်သုံးပြီး ဆဲလာနိုင်ပါတယ်၊ ဘာမှမဖြစ်နိုင်လောက်ပါဘူးဆိုပြီး နာမည်တူမှန်း လာသတိပေးကြရက်နဲ့ ဆက်သုံးခဲ့တာမျိုး ရှောင်ကျဉ် သင့်ပါပြီ၊ ကျွန်မအမြင်ပြောရရင် မဗေဒါ၈၈ အနေနဲ့လဲ နာလဲနာ။ နံလဲနံဆိုတာ မျိုးပါ၊ ကိုယ့်အမည်လဲပြောင်းပေးရသေး ဘယ်သူမှလဲကျေးဇူးမတင်ဖြစ်နေလို့ပါ၊ အိုင်ခေး(ရောင်နီဦး)တို့ ဘာတို့ဆို လှလဲလှ၊ စင်္ကာပူကမဗေဒါအနေနဲ့လဲ ပျော်ရနှစ်ဦးနှစ်ဖက် အဆင်ပြေမယ်လို့ ထင်မိပါတယ်၊ ဒါပေမယ့် ကြားထဲက လူတွေကြောင့် မခံချင်စိတ်နဲ့ (ကိုယ့်ကလောင်ကို တန်ဖိုးထားတာလဲပါပါလိမ့်မယ်) ဒီနာမည်ကိုပဲ (၈၈) ထည့်ပေးလိုက် တော့ ရတဲ့အကျိုးကျေးဇူးက မအီမလည်ကြီးလိုပဲ၊ နာမည်ဆိုတာ အရေးမကြီးပါဘူးလို့ ကိုယ်တိုင်ပြောခဲ့တာနဲ့လဲ မကိုက်ညီပါဘူး၊ နှစ်ယောက်လုံး မပျော်ရတောင် တစ်ယောက်လောက်ပျော်ရရင် မကောင်းဘူးလားရှင်၊ မဗေဒါ(၈၈)အနေနဲ့ ကိုယ့်ကိုတိုက်ခိုက်လာတဲ့သူတွေ ကိုပဲမကြည့်ပဲ ကြားထဲကမဆိုင်ပဲ စာရင်းရှုပ်နေရတဲ့ စင်္ကာပူကမဗေဒါကိုရော ထည့်မတွက်သင့်ဘူးလား၊ သူ့အနေနဲ့စဉ်းစားကြည့်ပေးကြပါ၊

Unknown said...

ကိုယ်ကအရင်လဲ ဘလော့လောကထဲရောက်သေးတယ်၊ ပေါ့ပေါ့ပါးပါး စာလေးတွေရေးပြီး ပျော်ပျော်နေတတ်တယ်၊ အခုကျတော့ လူမှားတဲ့အပြင် တချို့ကဆို စီဘောက်စ်မှာ မဗေဒါ(၈၈)ကို မှီပြီး နာမည်ကြီးအောင်လုပ်နေတယ် ပြောကြသေးတယ်၊ ကျွန်မလို မဆီမဆိုင်လူတောင် ဒီမှတ်ချက်တွေ ကိုမြင်နေသေးရင် မဗေဒါ(၈၈)နဲ့ မငယ်နိုင်တို့က ကိုယ်နဲ့ လတ်တလောဆိုင်နေတဲ့ ဘလော့မို့လို့ ပိုမြင်သင့်ပါတယ်၊ မဗေဒါ၈၈ဆိုတာ နားလှည့်ပါးရိုက်တာလို့ပဲ ထင်မိပါတယ်၊ ဘာလို့လဲဆိုတော့ သူများတွေဆီသွားလည်တော့ အရင်လိုပဲမဗေဒါလို့ပဲသုံးထားတာပါ၊ ဥပမာ မရွေစင်ဦးဘလော့မှာလိုပေါ့၊ http://shwezinu.blogspot.com/2010/05/blog-post_9457.html မငယ်နိုင်အကြံပေးခဲ့သလိုမျိုး မဗေဒါ(၈၈)အနေနဲ့သွားလည်။ ကိုယ့်ဘလော့မှာတော့ မဗေဒါအနေနဲ့ရေး ဒါကတမျိုးပါ၊

နောက်တခုက လူတိုင်းဟာ မငယ်နိုင်တို့လို နိုင်ငံရေးစိတ်မ၀င်စားပါဘူး၊ ဒါပေမယ့် စိတ်မ၀င်စားတိုင်း ကြောက်လို့။ခြောက်လှန့် ခံထားရလို့လို့ မထင်ပါနဲ့၊ စိတ်ကုန်လွန်းလို့ပါ၊ ကိုယ့်ဘာကိုယ်တောင် စိတ်မ၀င်စားပဲ သူများကိုလဲ ဘာလုပ်ပါ။ ညာလုပ်ပါမအော်ချင်ဘူး၊ အစိုးရကို အော်ဆဲနေမယ့်အစား ပြည်တွင်းကလိုအပ်တာအတွက် လှူဖို့ရှိ လှူပေးတယ်၊ ပိုအကျိုးရှိတယ်လို့ ကိုယ့်ဘာ ကိုယ်ပဲအားပေးမိတယ်၊ အပြင်ကလူတွေ အီးထွက်အောင်အော်လဲ စစ်အစိုးရက ဂရုလဲမစိုက်ပဲ လုပ်ချင်တာလုပ်နေပြီးနေလာတာ ကျွန်မအသက်ထက်တောင်ပိုနေပြီ၊ ပြည်တွင်းက တကယ် မကြောက်ပဲ လုပ်ရဲတဲ့သူတွေကို လေးစားပါတယ်၊ အပြင်ကအော်နေတဲ့သူတွေကိုတော့ ရွံတာအမှန်ပဲ၊ (ကျွန်မတို့လို လူတွေကြောင့် ဗမာပြည်ဒီလိုဖြစ်နေတယ်ဆိုလဲ အပြင်မှာအော်နေတဲ့လူတွေကြောင့်လဲ ဗမာပြည် ဘာမှ မပြောင်းလဲပါဘူး)
အဲလိုပြောနေလို့လဲ မငယ်နိုင်တို့ မဗေဒါတို့ ဘလော့တွေကို လာမဖတ်တာမဟုတ်ဘူး၊ တကယ့်နိုင်ငံရေး ဘလော့စစ်စစ်တွေကိုသာမသွားတာ၊ အစ်မတို့လို တခြားဗဟုသုတရစရာတွေရေးတဲ့ ဘလော့တွေကို အမြဲဖတ်ပါတယ်၊ မဗေဒါ(၈၈)ကို သမီးအကြောင်းတိုက်ခိုက်ခံရစဉ်ကလဲ ဘလော့ဆက်မရေးတော့မှာ စိုးရိမ်လို့ အားပေးစကားရေးနေတုန်း ပို့စ်အသစ်တက်လာလို့ ဆက်မရေးဖြစ်တော့တာ၊ ဖြစ်နိုင်ရင်တော့ မဗေဒါ တို့ နှစ်ဘက်လုံးပြေလည်စေချင်တယ်၊ ဒါပေမယ့် ဆက်ပြီးအကျယ်မချဲ့လိုတော့တဲ့သူကို ကာယကံရှင်တောင် ကျေနပ်နေလို့ ဘာမှမပြောတော့တာဆိုပြီး မထင်စေချင်ပါရှင့်၊ အေးဆေးဆေးဆေး ဘယ်ဘယ်မှ မထောက်ခံပဲ ပျော်ပျော်နေတတ်တဲ့သူတွေကိုလဲ စနစ်ဆိုးတွေဘာတွေ နာမည်မတပ်စေချင်ပါ၊

Nge Naing said...

Helen ကို နည်းနည်းတော့ ပြန်ဆွေးနွေးချင်ပါတယ်။ လူတိုင်းလူတိုင်းက အမြင်ဆိုတာ ဘယ်သူမှ ထပ်တူကျဖို့ မရှနိုင်ပါဘူး။ Helen က ငယ်ငယ်ကတည်းက အပြင်ရောက်နေတဲ့သူဆိုတော့ ကျွန်မပြောလိုတဲ့ သူတွေနဲ့ သိပ်အကျုံးမ၀င်ပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်မတူတဲ့အပေါ် ဘာမှမပြောလိုပါဘူး။ မဗေဒါ (စင်္ကာပူ) ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး သူစိတ်အနှောင့်အယှက် ဖြစ်ရတာကို သဘောပေါက်ပါတယ်။ ဒီလိုသဘောပေါက်လို့ လူမှားတဲ့ ပြဿနာကို လူမမှားအောင် ကျွန်မသူငယ်ချင်း မဗေဒါက ၈၈ မျိုးဆက်ဖြစ်လို့ ၈၈ ကိုထည့်ပြီး ဖြေရှင်းပေးထားပြီး ဖြစ်တဲ့အတွက် လုံးဝကွာခြားသွားပါပြီ။ အဲဒီပြဿနာက ပြီးသွားပြီလို့ ကျွန်မက ယူဆပါတယ်။ ဟိုနေ့က Profile မှာ ၈၈ မထည့်ခင်ကတော့ နာမည်ကို ဒီအတိုင်းထားတယ် ထင်လို့ ဒေါ်လာစားဆိုတဲ့ နအဖလက်ပါးစေက မဗေဒါ (စင်္ကာပူ) ရဲ့ C-Box မှာ သွားပြီး ဒီမိုတွေ C-Box က အမှိုက်တွေ ဒီကိုရောက်လာမယ် လို့ သွားပြီး ဖိအားသွားပေးထားတာကို တွေ့ပါသေးတယ်။ အမှန်က သူများ C-Box ကို အမှိုက်ပုံဖြစ်အောင် လိုက်လုပ်နေသူတွေက သူတို့ပဲ ဖြစ်ပါတယ်။ ၈၈ ဆိုတာ အာဏာရှင်တွေ ကြောက်ဒူးတုန်တဲ့ အာဏာရှင်ကို လုံးဝဆန့်ကျင်တဲ့ နံပါတ် အခု သိသိသာသာကြီး ၈၈ ဆိုတာ ထည့်ထားပေးလျက်နဲ့ ဆက်ပြီး ဟိုမှာ ပြဿနာသွားရှာရင်လည်း သွားရှာသူနဲ့ပဲ ဆိုင်တော့တယ်လို့ ယူဆတယ်။ ဒီမဗေဒါ(၈၈) ကလည်း ၉၄/၉၅ ကတည်းက သူကိုင်စွဲလာတဲ့ သူ့ကလောင်နာမည်ကို ဒီလောက်တော့ ကိုင်စွဲထားပိုင်ခွင့်ရှိပါတယ်။

Nge Naing said...

နောက်တခု Helen ပြောတဲ့ အပြင်ရောက်သွားတဲ့သူတွေက အတွင်းကလူတွေကို ဘာလုပ်ဆိုပြီး ပြောနေလို့ ဝေဖန်တဲ့ကိစ္စကို နည်းနည်း ပြောချင်တယ်။ အပြင်ရောက်လာပြီး ပြောနေတဲ့သူတွေဟာ အထဲမှာ ဘာမှမလုပ်ခဲ့ဘဲ အပြင်မှာ စီးပွားရှာဖို့ ရောက်လာကြသူတွေမဟုတ် ဘ၀နဲ့ရင်းပြီးလုပ်လာခဲ့ပြီးမှ မသေလို့ ရောက်လာသူတွေသာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘာပဲဒုက္ခရောက်ရောက် မHelen တို့ထက် မလျှော့တဲ့ ကူညီမှုကို ကျွန်မတို့လည်း လုပ်ပါတယ်။ ဒါက ခဏတာ ပြဿနာကို ဖြေရှင်းပေးခြင်းသာ ဖြစ်တယ်။ မံHelen တို့က ခဏတာပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာပဲ ကူညီနိုင်တဲ့အချိန်မှာ မ Helen တို့ မလုပ်နိုင်တဲ့ ရေရှည် ဖြစ်နေတဲ့ ပြဿနာအတွက် လုပ်နေသူတွေကို မစော်ကားသင့်ဘူး။ အပြင်ကိုရောက်လာပြီး ဒီမိုကရေစီ ရေကန်အသင့် ကြာအသင့် သိပ်ကောင်းတဲ့ ကျန်းမာရေးမှာ Medicare Sysetem, လူမှုရေး စားဝတ်နေရေးမှာ Social Security System, ပညာရေးမှာ ကောလိပ်အဆင့်ထိ အစိုးရတာဝန်ယူပြီး တက္ကသိုလ်ကို အကြွေးနဲ့တက်ပြီး ကျောင်းပြီးအလုပ်ရမှ အရစ်ကျ အကြွေးပြန်ဆပ်ရတဲ့ စနစ် စတဲ့ သိပ်ကောင်းတဲ့ စနစ်တွေ ရှိတဲ့နိုင်ငံမှာ ကိုယ့်နိုင်ငံအတွက် ဘာမှမလုပ်ချင်ရ်င လုပ်စရာမလိုပဲ မိမိမိသားစုတိုးတက်ရေး တခုတည်းအတွက် ကောင်းကောင်း တိုးတက်မှုကို ရှာပြီး တိုင်းပြည်ကြီး ဘာဘဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်သလို နေချင်ရင် နေလို့ရပါတယ်။ နေနေတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ အပြစ်မဆိုပါဘူး လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒီလို အေးအေးဆေးဆေး နေလို့ ရပါလျက် မနေနိုင် မထိုင်နိုင်ဘဲ ပါဝင်ပါတ်သက်နေရတာက တိုင်းပြည်မှာ ကျန်နေတဲ့သူတွေ အများစုကြီးက (လက်ပါးစေတွေနဲ့ ကပ်ဖါးယပ်ဖါးတွေမပါ) အရှင်လတ်လတ် ငရဲကျနေတာကို မကြည့်ရက်လို့ ဖြစ်ပါတယ်။ အခုလို အော်နေတာ ဘာအကျိုးရှိလဲ ဆိုရင် အနီးစပ်ဆုံး ဥပမာ ဒီမိုကရေစီကို ဆိုရင် အာဏာလက်လွှတ်ရမှာ စိုးလို့ ကြောက်ဒူးတုန်နေတဲ့ နအဖက အခု ဒီမိုကရေစီ လုပ်ပေးပါ့မယ်ဆိုပြီး ပြောနေရပြီ။ ဒါပေမဲ့ ဒါကြီးက အတုကြီးဆိုတာ သိလျက်နဲ့ ကျွန်မတို့က ပါးစပ်ပိတ်နေနိုင်စွမ်းမရှိပြန်ဘူး။ ပထွေးအုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့ ကိုယ့်မောင်နှမတွေကို ပထွေးက အဆိပ်ခတ်နေတာကို သိရင် ပထွေးရန်ကြောင့် အဝေးမှာရောက်နေတဲ့ သားကြီးသမီးကြီးတွေက အဲဒါမစားနဲ့ အဆိပ်ခတ်ထားတယ်ဆိုတာ လှမ်းအသိပေးဖို့ တာဝန်ရှိပါတယ်။ လူကြုံနဲ့အမှာပါးလို့ဖြစ်စေ၊ စာရေးပြီးဖြစ်စေ၊ အိမ်နားကိုကပ်လို့ရတဲ့ အတိုင်းအတာထိ ကပ်ပြီး လှမ်းအော်တဲ့နည်းနဲ့ ဖြစ်စေ၊ အိမ်ထဲ လျပ်ပြက်ခိုးဝင်ပြီဲးဲဖြစ်စေ၊ အင်တာနက်ပေါ်ကနေ အီးမေးလ်တွေ၊ ဘလော့ဂ်တွေနဲ့ ဖြစ်စေ ရတဲ့နည်းနဲ့ အသိပေးရမှာပဲ။ ဒီလို အသိပေးတာကို ယုံတာ မယုံတာ သူတို့အပိုင်း အသိပေးဖို့က ကျွန်မတို့မှာ တာဝန်ရှိတယ် ယူဆလို့၊ လူအထင်ကြီးခံချင်လို့ မဟုတ်ပါ။ ဒါကြောင့် ဘယ်သူကြိုက်ကြိုက်မကြိုက် ကိုယ့်စေတနာမှန်ကန်ဖို့ အရေးကြီးတယ်ဆိုပြီး မောင်နှမတွေ ရေရှည်ဒုက္ခရောက်မည့်အရေးကို ရေငုံနှုတ်ပိတ် မနေနိုင်လို့ အော်နေ၊ ရေးနေ၊ ပြောနေရကြောင်းပါ။

mabaydar88 said...

သူငယ်ချင်းမငယ်.. (အတည်ရေးပါ့မယ်)..

ကျွန်တော့်အတွက် ဒီလောက်တောင် လာရေး လာရှင်းနေတာလည်း အထူးကို ကျေးဇူးတင်ပါတယ်..။ ပြောချင်တာကတော့ ဘာကိုမှ အပူမရှာပါနဲ့..။ အချိန်တန်ရင် ရပ်သွားပါလိမ့်မယ်.. သူ့အပူကို ကိုယ့်အပူ မလုပ်စေချင်ပါဘူး..။ အရုံးပေးတယ်လို့ပဲ အရာရာကို ခံယူလိုက်ရင် ပိုကောင်းမယ်တောင် တွေးမိတယ်..။

မငယ် ဒီလောက် စာရေးတက်လိမ့်မယ်လို့ မထင်ခဲ့ဘူး.. တကယ်ကို အော်ချလောက်အောင် ဥပမာတွေပေးပြီး ရေးတက် ပြောတက်တာကို အရမ်းလေးစားနေတယ် မငယ်..။ တိုင်းပြည်အတွက် စေတနာဆိုတာ လုပ်ယူလို့ မရသလို နိုင်ငံရေးကို တစွန်းတစ ကြားဖူးရုံနဲ့ လုပ်နေ (ခဲ့)သူ တွေကို စော်ကားတာတွေကတော့ ရိုးနေပြီမို့ ပြောလည်း မပြောချင်တော့ပါဘူး..။ အချိန်တခု ရောက်တဲ့အခါ သူ့အလိုလို သိလာပါလိမ့်မယ်.. နောက်ပြီး.. အချိန်.. အသက်အရွယ်.. အတွေ့အကြုံတွေ ဆိုတာ အသိတရား ရှိသူတွေ အတွက် အင်မတန်မှ အရေးပါတယ်ဆိုတာ ပြောချင်ပါတယ်..။

အခုလို မငယ် အပင်ပန်းခံပြီး ရှင်းပြနေတာကို ကျေးဇူးတင်သလို လေးလည်း လေးစားမိပါတယ်..။

သူငယ်ချင်း မဗေဒါ

lonely angel said...

Why are u still using the name mabaydar? since u are now mabaydar88. Pls specify properly if you already agreed yourself to change to mabaydar88.

Even if you don't respect other, u should respect yourself. Thank you so much.

Unknown said...

မငယ်နိုင်သို့
အစ်မပြောသလို အမြင်တွေကတော့ မတူနိုင်ကြပါဘူး၊ အခုလဲအစ်မပြောသလို အစ်မတို့တွေကြောင့် စစ်တပ်က ကြောက်ပြီး အတုအယောင်ဒီမိုကရေစီပေးဖို့လုပ်နေတယ်ဆိုတာ ကျွန်မကတော့ မထင်ဘူးရှင့်၊ ဘာလို့လဲဆိုတော့ သူတို့က သူတို့အဖေတရုတ်ကလွဲလို့ ဘာဂရုစိုက်လို့လဲ၊ ကျွန်မမှားနေနိုင်ပါတယ်၊ ကျွန်မရဲ့ အမြင်ပါ၊
နောက်ပြင်ပက အော်နေတဲ့သူတွေကို စိတ်ကုန်တာကလဲ အစ်မတို့လို တကယ်လုပ်ပြီး နိုင်ငံရေးခိုလှုံခွင့်ရတဲ့ သူတွေကို ဆိုလိုတာမဟုတ်ဘူး၊ အဲလိုလူမျိုးကလဲ တော်တော်ရှားပါတယ်၊ ကျွန်မတွေ့သလောက်က ဘလော့တွေရေး ပြီးတော့ ဗမာပြည်ကနေပြီး နင့်ဘလော့ကို အစိုးရကသိသွားလို့ နင့်အိမ်ကိုလာမေးနေပါ တယ်ဆိုပြီး ဗမာပြည်ကနေစာတွေထည့်ခိုင်း။ ပြီးတော့ နိုင်ငံရေးခိုလှုံခွင့်တောင်းတာမျိုးတို့။ ဆနပြပွဲတွေလုပ် ဓါတ်ပုံတွေ ရိုက်ခိုင်းပြီးဗမာပြည်ကို ပြန်လို့မရတော့ပါဘူးဆိုပြီးတဖုံ အခွင့်အရေးတွေ တောင်းနေကြတာ မျိုးချည်းပဲ မြင်ရဖန်များလာတော့ ဘယ်နိုင်ငံမှာ ဗမာတွေဆနပြနေပြီဆို အရင်ဆုံးတွေးမိတာက လုပ်စားကြပြန်ပြီ ဆိုပြီးပဲ အမြဲတွေးမိနေတယ်၊ လူတွေကိုလဲ မယုံတော့ဘူး၊ လက်တဆုပ်စာလူစုပါလို့ ဖြေတွေးရအောင်လဲ တွေ့ဖူးသူက တော်တော်များနေတယ်၊ ပိုဆိုးတာက ဗမာပြည်မှာတခုခုဆို အဲဒါငါတို့ အပြင်က လှုံ့ဆော်ပေးလို့ဖြစ်တာလေဆိုပြီး ရွေဝါရောင်တော်လှန်ရေးတုန်းက ပြောတတ်တဲ့လူမျိုးတွေ ကြုံရဖန်များလာတော့ နိုင်ငံရေးလောကကို နဂိုကစိတ်မ၀င်စားတဲ့ကျွန်မအဖို့ လုံးဝစိတ်ကုန်သွားတယ်၊ တကယ်လုပ်တဲ့သူတွေရှိမှန်းသိပေမယ့် သိပ်မယုံတော့ဘူး၊ နိုင်ငံရေးခိုလှုံခွင့်ရတဲ့သူတွေကလဲ ကိုယ့်သားသမီး (၁၈)နှစ်ကျော်နေရင် လိုက်လို့မရမှာစိုးလို့ အတင်း(၁၈)အောက်ဆိုပြီး အသက်တွေလိမ်ပြကြ ဘာညာနဲ့ ဇာတ်လမ်းတွေက အများကြီးပါ၊

Unknown said...

ဇာတ်လမ်းတွေက အများကြီးပါ၊
ဗမာပြည်ကတကယ့်ပြည်သူတွေကရော အစ်မတို့အပြင်ကလူတွေ ပြောကြတာ တကယ်စိတ်ဝင်စားနိုင် ကြရဲ့လား၊ ပြည်သူတွေကို ဒီဘက်ကိုစိတ်မ၀င်စားနိုင်အောင် အမျိုးမျိုးလုပ်ထားလိုက်တာမှ ကျွန်မရန်ကုန်ပြန် တုန်းက အိမ်နားကလူတွေ မေးကြည့်တယ်။ ဘယ်ပါတီမဲထည့်မလဲလို့၊ ကျွန်မလိုလူတောင် စိတ်လေတယ်၊ တော်တော်များများ ဖြေကြတာက ဒေါ်စုပါတီရွေးကောက်ပွဲဝင်မ၀င်လဲ စိတ်မ၀င်စားဘူး။ ဒေါ်စုကိုတော့ သနားပါတယ်တဲ့၊ ဒါပေမယ့် ငါတို့က ဒီနေ့ကိုယ့်နေရာ မီးလာမလာနဲ့ ရေတင်လို့ရမရပဲ စိတ်ဝင်စားတယ်တဲ့၊ ဒါတောင်မှ စားဝတ်နေရေး မပူရတဲ့အသိုင်းအ၀ိုင်းနော်။ ဗမာပြည်မှာ အများစုက စားဝတ်နေရေးရုန်းကန် နေရတဲ့သူတွေ။ သူတို့က ဆူပူဖို့လဲ စိတ်မ၀င်စားတော့ဘူး။ စစ်အစိုးရကို ဆဲဖို့လဲ အချိန်မရတော့ဘူး (အရမ်းပြည့်သွားပြီလို့ပဲ ပြောရမလား) အင်တာနက် ဆိုင်သွားပြီး ပြင်ပကပြောတာတွေ နားထောင်ဖို့ထက် ကိုယ်ထမင်းကိုယ်အလျင်မီအောင်ရှာစားနေကြရတာပါ၊ သူတို့ဘာသူတို့ မနေနိုင်လွန်းလို့ ဆနပြမိပါတယ်။ ပြည်ပကလူတွေက သူတို့ကြောင့်ဖြစ်တာပါဆိုတော့ ကျွန်မအချဉ်ပေါက်တာလွန်သလားရှင်၊

ကိုယ့်နဲ့တွေ့တဲ့သူတွေပေါ်ပဲ ကြည့်ဆုံးဖြတ်ထားလို့ ကျွန်မရဲ့အမြင်တွေ မှားကောင်းမှားနိုင်ပါတယ်၊ အခုနောက်ဆုံးရတဲ့ သင်ခန်းစာတစ်ခုကတော့ အခုလိုမျိုး အပြင်လောကမှာမဟုတ်တဲ့။ ဘာမှလဲ ငွေကြေးတစုံတရာမရပဲနဲ့တောင် နာမည်လေးတစ်ခုအတွက် ဒီလိုမျိုးဖြစ်နေကြတာ စစ်တပ်လိုမျိုး ရာထူး။ စည်းစိမ်တွေ ခံစားနေရတဲ့သူတွေ သူတို့နေရာတွေမဖယ်ချင်ကြတာလဲ မထူးဆန်းပါဘူးလို့ ထင်မြင်မိပါတယ်ရှင့်၊ အမှားပါလျင်ခွင့်လွတ်ကြပါရှင့်၊

Unknown said...

မိုက်သကွယ်။
မင်းတို့ပဲသိကြလကွယ်။ မင်းတို့ပဲတတ်ကြလကွယ်။
အဘတို့ကတော့ဘာမှ မပြောတတ်ဘူးကွယ်။ အဘကြည့်ကြည့်နေတာကတော့ နာမည်အရေးမကြီးဘူးဆိုပြီး ဒါကြီးကိုပဲ ဆုပ်ကိုင်နေတဲ့ ဗေဒါမ ကလည်း ခက်ပါလား။
88 လေးထည့်ပြီးသူများနေရာမှာ ဟိုကလေးမ ပြောသလို ဒီနာမည်နဲ့ပဲ ရေးနေတာပါလား။
နင်တို့ ဘယ်လို နောက်လူတွေကို မြှင့်တင်ပေးမို့နေရာလမ်းကြောင်း ဘယ်လိုလုပ် ဖယ်ပေးနိုင်တော့မတုန်းကွယ်။
အတ္တ အတ္တ ဆိုးမှပါလား။

mabaydar said...

မဗေဒါ ကို အားကျလို့ အတုခိုးထားတယ် ဟိဟိ

lwin said...

I would like suggest such a few names for you to consider as mabaydar88 or mabaydar1 or mabaydar( norway). I do like the first one mabaydar88. I attribute my choice of "mabaydar88" to my own involvement in the 1988 student's uprising in Burma.

Nge Naing said...

Dear friend Mabaydar88,
please let me add a comment to reply Helen who addressed me in her comment. This is not for you but just for me. Please don’t take it as annoy.
Dear Helen
Thanks you very much for your comments. I can read your comment but I can't type Burmese from here because I'm not at home and I'm at the university where I study. Regarding your above comment, I understand your point on opportunity seekers you mentioned above. However, we can't say those all people are doing the same thing to get residential status in foreign countries. I'd like to suggest that you should not misunderstand as the whole body because everyone has different personality and altitude. At the same time, I'm afraid my last comment might assault our follower activists or bloggers who did not do any activities inside Burma but who are very active and leading us now. I don't mean that only previous activists involve in the movement. We need everyone or majority of population to participate in the movement. To tell the truth, I'm only supporter not an activist right now although I was activists before. There are lots of excellent activists working hard now but who did not do anything inside Burma previously. I pay respect to those activists because I can't participate for current struggle for democracy and human rights as much as they can. I don't complain people who do not involve in movement but need to complain to the people who are complaining the democracy movement and destroying country because I like democracy and human rights , I love my country and I like it to be democratic country. We should respect (or) recognise (or) consider for everyone's view.

With regard

Nge Naing

mabaydar88 said...

ဟာာာာာာာာာာာာာာာာာာာာာာာာာလို …။

ဝေဖန်သူများ လေကန်သူများ ဒီလောက်ဆွေးနွေးခဲ့ပြီမို့ ရလောက်ပြီလို့ထင်ပါတယ်...။ ဆက်ပြောချင်ကြတယ် ဆိုရင်လည်း ကိုယ့်မေးမှာပဲ ပြောကြ ဆွေးနွေးကြရင် ပိုကောင်းမလားလို့ပါ..။ တော်ကြာနေ လာဖတ်တဲ့သူတွေ စိတ်အနှောင့် အယှက် ဖြစ်မှာ စိုးပါတယ်..။

နောက်တခုကတော့ မဗေဒါကို ယင်းဂလိပ်လို ဆွေးနွေးသွားတဲ့ သူတွေ မြန်မာလို ရိုက်တက် ရင် ပိုကောင်းမယ်.. ဒါဆိုရင် ဗေဒါမ လိုခပ်တုံးတုံး သူတွေ အကုန်လုံး နားလည်မယ်ထင်လို့ပါ.. မဗေဒါရဲ့ ဗိုလ်လို အရည်အချင်းကလဲ …

So far my vocabulary in English is up to about twelve words.. လို့ တီးတိုး ဆိုချင်ပါသေးတယ် .. ရှင်..။ မှားရေးထားရင်လည်း ခွင့်လွတ်ပါ..။ သိတဲ့အတိုင်း မြန်မာစာတောင် ထက်အောင် မှန်အောင် မနဲသွေးနေရတဲ့ စာသင်သားမို့ပါ..။

လာလည်သူအပေါင်း .. ရွင်လန်းချမ်းမြေ့ပါစေ..။

မဗေဒါ (၈၈)

ကိုဇော် said...

ကျေးဇူးပါပဲ မငယ်နိုင်။
ကျနော်ကလည်း တစ်ခါ ရောက်ဖို့ကို တော်တော်နဲ့ကို မရောက်ဖြစ်ဘူး ဖြစ်နေတယ်။
ဘာမှလည်း ဆက်ပြောချင်စိတ် မရှိပါဘုး။
ဒါပါပဲ။