Monday, May 10, 2010

စိတ်အဟာရကို ပုံစံတမျိုးနဲ့ ဖြည့်နေတဲ့ မဗေဒါ…..


ဆရာ ဖေမြင့်ရေးတဲ့ စာအုပ်မဟုတ်ပါ.. မဗေဒါရေးတဲ့ လက်တွေ့အဟာရပါ..။ ရင်းနှီးသူ အများစုကို ဒီမှာနေရတာ မပျော်ပါဘူး ဟု ဆိုသည့်အခါ ရယ်ကြပေသည်..။ ကျွန်မကိုကြည့်ပြီး မပျော်ဘူး ဟု အထင် မရောက်သည့်ထဲတွင် သာမန်လူမဟုတ် ဘုန်းဘုန်းပင် ပါလိုက်သေးသည်..။ ဖြစ်တော့လည်း ဖြစ်ပေမပေါ့.. အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ကျတာ ဖြစ်မည်..။ နောက် ပျော်အောင် ကြံဖန်နေတက်သည့် အကျင့်ကောင်းလေးကို မသိတာလည်း ဖြစ်နိုင်ပါသည်..။ ကျွန်မက လူတွေဆီကို အလည်သွားသည်.. နောက် များများ နားထောင်သည်.. များများပြောသည် (အခု ပိုနားထောင်တက်တဲ့ အကျင့်နဲနဲရလာပြီ) ရယ်မောသည်.. ။ ကိုယ် သိသည်ထိလျင် ဝင်တွယ်လိုက်သည်..။ အကောင်းဆုံးနဲ့ အားကောင်းတဲ့ အကျင့်ကလေးကတော့ အင်မတန်မှ ရယ်စရာကို ကြံဖန် တွေးတက်သလို အရယ် အင်မတန်သန်သည့် အတွက် ကျွန်မနော်ဝေးမှာ မပျော်ဆိုသည် ကို မချေပနိုင် သည့် အမူအရာ ပင်ဖြစ်နေပါသည်..။

တချို့တွေကတော့ သူများအိမ်မသွားဘူး မလည်ဘူး.. ဘာညာပြောကြပါသည်..။ မဗေဒါကတော့ဖြစ် ပြောင်းပြန်ပါ..။ သွားလည်မည်..(လည်လားမလည်လား ဆွီဒင်ကို ရောက်တာ အကြိမ်ပေါင်းမနည်းတော့.. ဟိုမှာကလည်း အကြောင်းသိ အစင်းသိသူတွေ ရှိ.. သိဆို ၁၆ နှစ်လောက် အတူတူ ရန်ဖြစ်ခဲ့.. ချစ်ခဲ့ရသူ တွေပေါ့) ။ သွားမည်..ပြီးတော့ မြင်တာတွေပြောမည်.. သူများကို ဘယ်တော့မှ နင်ပဲငဆ တော့ မပြောမိအောင် ကျိုးစားနေသူ....။ နောက် သိချင်တာတွေကို မေးချင်သည်..။ ဒါပါပဲ.. အရေးကြီး ဆုံးကတော့ ကျွန်မတို့တွေ သည် မြန်မာပြည်သားများမို့ မြန်မာလို အားရပါးရ ပြော၍ ရယ်စရာဆိုရင် ရယ်မည် အံ့သြစရာဆိုရင် လည်း နားထောင်လိုက်ချင်ပါသည်..။ နော်ဝေးမှာလည်း အံ့သြစရာတွေ အမြဲတမ်းရှိတာ ဆိုတော့ မဗေဒါတို့ မသိလိုက်တာတွေကို သူများပြောရင် `ဟုတ်လား` လိုက်ရသည်မှာ အကြိမ်ပေါင်းမနည်းတော့..။ (ဟိုတလောကပဲ နော်ဝေးအမျိုးသမီးတယောက် ဗိုက်ထဲမှာ ခွဲစိတ်တုန်း ကိုက်ကြေး ကျန်ခဲ့တာ (၆) နှစ်အကြာမှ သိရလို့ တအံ့တသြော်ဖြစ်ခဲ့ရပသေး.. မြန်မာပြည်မှာ သွားတွေ အများကြီး နုတ်ခံပြီး အသက်ပါသွားသလိုမျိုး. သတင်းထူးတွေပေါ့...) ကိုယ်သိတာလေးတွေ ကို ပြန်ပြောပြ၍ ဟုတ်လား ဆိုသူတွေလဲ တွေ့ဖူးသည်သာ..။ အကျိုးရှိ အောင် နေတက်လျင် ဘာမဆို အကျိုးရှိသည်သာ.. နောက် အရေး ကြီးဆုံး အချက်သည်ကား.. အကောင်း မြင်တက်ဖို့ နှင့် စိတ်ကလေးကို ပေါ့ပေါ့ပါးပါး ထားတက်ဖို့သာ..။

နော်ဝေးဆိုသည်က နိုင်ငံက ကြီးသလောက် လူကလည်းနဲပါသည်.. စုစုပေါင်းမှ ၅ သန်းမပြည့်ပါ..။ အဲဒီထဲမှာမှ မြန်မာပြည်သားက ထောင်ကျော်သာသာ..။ အဲဒီထဲမှာမှ ဗမာစကားကို အားရပါးရနဲ့ ပြောတာကို သေချာနားလည်ပြီး `အထာ` ဆိုတာက စိတ်မဆိုးကြေး နားလည်တာကလည်း လူနဲစုပါ..။ ဆိုတော့ ကျွန်မတို့တွင် အင်မတန်မှ အပေါင်းအသင်းနည်းသလို မြန်မာ့အသိုင်းအဝန်းဆိုသည်ကို အင်မတန်ငတ်သည့် သူများ ဖြစ်ပါသည်..။ နော်ဝေးအသိုင်းအဝန်းဆိုသည်မှာ က ကိုယ့်ယဉ်ကျေးမှုလို မဖြစ်သည့်အတွက် ..သွားလာရသည်မှာ မပျော်ပိုက်လှ.. ကိုယ့်ကိုယ်ကိုလည်း ငါ သူတို့နဲ့ အလုပ်မဖြစ်ဘူး ဟု ခံယူထားကြကာ ဖိတ်ရင်တောင် မသွားဖြစ်တာက များပါသည်..။ တကယ်တော့လည်း ကျွန်မတို့သည် မိခင်ဘာသာစကားနဲ့ အံဝင်သည့် ယဉ်ကျေးမှုများကို အင်မတန်ငတ်မွတ်နေသူများသာ ဖြစ်ပါသည်..။ ယဉ်ကျေးမှုဟု ပြောလျှင် ကျယ်ပြန့်မည် မှန်သော်လည်း လူမျိုးတူ.. တွေ တွေ့ပြီး ဘာသာစကား တူခြင်းက အဓိက အချက်ပင်...။ မြန်မာလို အားရပါးရ ပြောကာ ငြင်းကြမည် ခုန်ကြမည်.. နှိပ်ကွပ်ကြ မည်..အတို့အထောင်လုပ်ကာ.. ကြပ်ပေးမည် (အထူးသဖြင့် အကြောင်းမသိသူတွေကို) .. ငယ်ကြောင်းတွေ ဖော်ကာ စိတ်တိုအောင်စကြမည်..။ (နော်ဝေးတွေနဲ့ သွားလုပ်မရတဲ့ အချက်မျိုးတွေပေါ့) ကိုယ်သိထားတာတွေကို ခံစားရတာတွေကို ပြောမည်..။ စားသောက်တာဆိုရင်လည်း ဇွန်းတချောင်းတည်း အတူသုံးရင်း လက်ရေတပြင်တည်း ဖြစ်သလို လုပ်လိုက် ချင်သေးသည်.. ဘယ်သူ့ကိုမှ ကြီးကျယ်ခန်းနားစွာ `````ဧည့်ခံစရာမလိုသလို.. စကားပြောနေရင်း တယောက် ယောက်က ဖုန်းခေါ်လာလို့ ဖုန်းပြောနေလည်း စိတ်ဆိုးစရာမလိုတဲ့ ယဉ်ကျေးမှု တူသူတို့စုဝေးရာ အရပ်မို့ မဗေဒါ ပျော်ပါသည်... ။ ကိုယ့်ကလေးက ပြောစကား နားမထောင်လို့ အားနားစရာ မလိုပဲ မြန်မာလို အားရပါးရ တွယ်လိုက်မည်.. ဗိုက်ဆာရင်လည်း ဟန်မလုပ်ပဲ အားရ ပါးရ ယူစားကာ ဖြစ်သလို အားရပါးရ ထိုင်နေလို့လည်း ရသေးသည်..။ တခုခု စိတ်ဝင်စားတာတွေ့ပါက ယူဖတ် ပစ်လိုက်မည်.. နောက်ကြရင်တော့ ကိုယ်နှစ်သက် သည်များဘက်ကို ကူးကာ စကားတွေ အော်ကြီးဟစ်ကျယ် ပြော.. ငြင်းခုန် ခြင်း (မြန်မာပြည်က မင်းသားမင်းသမီး ကိစ္စလိုမျိုးလည်း ပါလိုက်သေး) သည်ပင် စိတ်၏အဟာရဟု ကျွန်မ သတ်မှတ်ပါသည်..။

နောက် ကျွန်မတို့လို မိုက် (မိုက်ကရိုဖုန်း) မြင်ရင် ငန်းငန်းတက်သည့် ဝါသနာ တူများ စုရုံးကာ ဆယ့်ငါးသံချီ (ခုနှစ်သံက သံပေါက်မဆုံ) အရှက်နည်းစွာ အော်ကြ ကကြပေမည်..။ အိမ်နီးချင်း နော်ဝေးအဖြူများလည်း အံသြစရာ သံပေါက်သံကြများ စားသုံးနိုင်သေးသည်…. စသည်ဖြင့် ကိုယ်လုပ်ချင်တာလေးတွေ.. ပြောချင်တာ လေး တွေ.. သိချင်တာလေးတွေ.. အတွက် ခင်ရမင်ရတဲ့ အိမ်များကို လည်ရင်း မဗေဒါ တယောက် ရေခြား မြေခြားမှာ စိတ်ဓာတ် အဟာရလေးများ ဖြည့်ဆည်းနေရပါကြောင်း ပြောပြရင်း… ပျော်ရာမှာ မနေရ တော်ရာမှာ နေနေ ရတဲ့…။

( စကားချပ်.. ယောက်ျားတွေကွယ်ရင်တော့ မိန်းမတွေက ထုံးစံအတိုင်း ကိုယ့်အားနည်းချက်ကလေးတွေကို ဖုံးကွယ်ရင်း ချစ်ချစ်တို့အကြောင်း တီးတိုး တီးတိုးဆိုရင်း နှစ်ပါးသွားအကတွေ ဆက်ချယ်မှုန်းရင်း ချစ်နေကြရမြဲပေါ့..။)

မဗေဒါ
၁၀.၀၅.၂၀၁၀

7 ဦး၏ဆွေးနွေးချက်:

Nge Naing said...

သူငယ်ချင်းရေ တို့ကတော့ အခုတလော ဘလော့ဂ်ကို လာလည်သူတွေနဲ့ ငြင်းရခုန်ရ ဆွေးနွေးရတာနဲ့ပဲ စိတ်အာဟာရ လုပ်နေတာများတော့ ယောက်ျားက အရေမရမဖတ်မရ အပိုတွေလုပ်နေတာနဲ့ပဲ အချိန်ဖြန်းနေတယ် ဆိုပြီး အခု အချိန်ကို ကန့်သတ်ပေးတော့မယ်တဲ့။ ဘလော့ဂ်တွေမှာ Nge Naing နိုင်မည်နဲ့ ပေါက်ကရတွေကို တခြားလူတွေက ရေးထားတာကိုတွေ့တော့ ဟိုဘလော့ဂ်လည် ဒီဘလော့ဂ်လည်လုပ်လို့ ဖြစ်လာတယ် ဆိုပြီး နောက်ပိုင်းဆို သူကန့်သတ်ပေးတဲ့ ဘလော့ဂ်ပဲ လည်ရမယ့် သဘောဖြစ်လာနိုင်တယ်။ အဲဒါဆိုရင်တော့ ဘာစိတ်အာဟာရမှ ရှိတော့မှာမဟုတ်ဘူး။ ဒုက္ခပဲ ယောက်ျားကို နိုင်တဲ့ နည်းလေးများ ရှိရင် ပေးပါဦး။

makhaing said...

မငယ် သူငယ်ဂျိုး..

(၁) အပိုင်းကတော့ တကယ်မဟုတ်ဘူး ဆိုရင်တော့ ဘာမှ မပြောတော့ဘူး ဟဲ ဟဲ..

အပိုင်း (၂) ကတော့.. ခံနိုင်ရည်ပဲ မငယ်ရေ.. မဗေဒါအကြောင်းလည်း မငယ်သိတယ်.. ဘယ်လို စိတ်ရှိခဲ့တယ်ဆိုတာ.. ယောက်ျားအကြောင်းလည်း သိမှာပေါ့.. အခု မငယ်စာရေးတာက ကိုယ်က ပေးချင်တာကို ပေးမယ်.. ယူတဲ့သူကလည်း ကိုယ်ပေးတာကို ခံစားမယ် ယူမယ် လို့ နားလည်ပါတယ်... အိမ်ကချစ်ချစ်ကတော့ ဘာမှ မပြောဘူး.. အဲဒါကိုယ်နိုင်လို့ မဟုတ်သလို သူက ကိုယ်ဝါသနာပါတာကို သိနေတယ်.... ကိုယ်စာရေးတာ ဟိုးတုန်းကတည်းက သူ အားပေးခဲ့တာ မှတ်မိတယ်. စာဖတ်လို့လည်း စာအုပ်တွေ ဝယ်ပေးတက်သေးတယ်..။(ကြွားလိုက်ရမှ)

အခုကတော့ မငယ်ကို ပြဿနာ လုပ်ချင်တဲ့ သူတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ သဘောကို ကောင်းကောင်းနားလည်တယ်ဆိုရင်ဖြင့် ခံနိုင်ရည်ဆိုတာကို မွေးယူရမယ် မငယ်..ဖြစ်နေတဲ့ ကိစ္စမှာ သေးသေးလို့ သတ်မှတ်ရင် သေးသေးဖြစ်မယ်.. ကြီးစေချင်ရင် ကြီးမှာပဲ..။ ကျွန်တော့်အနေနဲ့ကတော့ မငယ်နာမည်နဲ့ လိုက်ရေးတဲ့ကိစ္စက သေးတယ်လို့ မြင်ပါတယ်..။ ဘဝထဲက ပြဿနာ တကယ့်သေးသေး လေးပဲ..။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးကြောင့် ကိုယ့်ရဲ့ အခွင့်အရေးတွေကို ကန့်သတ်တာဟာ တော့ဖြင့်ရင်လည်း အင်မတန်မှ မှားယွင်းတဲ့ စဉ်းစားမှုပဲ...။ နောက် စာရေးတာကို အရည်မရ ဆိုတဲ့ကိစ္စလို့ မခံယူစေချင်ဘူး..စိတ်ထဲမှာ ကိုယ်လုပ်တဲ့ မစ်ရှင် ကိုလည်း သူနားလည်အောင် ရှင်းပြရင် ချစ်ချစ်နားလည်လာမှာပါ.. နောက်တခုကတော့ အကောင်းတွေ များများမြင်နိုင်အောင် ကြိုးစားတာ ဟာ ဘဝရဲ့ အကောင်းဆုံး နေပျော်နည်းတနည်းပဲ.. အပြုသဘောနဲ့ ခံနိုင်ရည် စိတ်ဟာ ဘဝအတွက် တစုံတရာ အတိုင်းအတာ တခုအထိ မရှိမဖြစ်လိုအပ်တဲ့ သဘောတရားတွေလို့ မြင်တယ်..။

ကဲ သူငယ်ချင်းရေ သူငယ်ချင်းသင်ထားတဲ့ အတန်းပညာထဲက လူနာပြုစုနည်းထက် အရေးပါတဲ့ ( ကွန်မြူနစ်ကေးရှင်းနဲ့ တခြား မိုင်နာ စပ်ဘချက်တွေ လက်တွေ့မှာ ဘယ်လောက် အလုပ်ဖြစ်မဖြစ် ကိုယ်စောင့်ကြည့်မယ်..။) ကိုယ့်အခွင့်အရေးဆိုတာ ကိုယ်က ရအောင် ကြိုးစားယူရမယ်.. ဘယ်သူကမှ လာချုပ်နှောင် တားဆီးလို့ မရပါဘူး.. မိဘက သားသမီးကို အဲလို လုပ်မရသလို ယောက်ျားကလည်း မိန်းမကို လုပ်လို့မရတဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ အသက်ထက်ဆုံး ရှိနေဖိ့ အင်မတိ အင်မတန်အရေးကြီးကြောင်း ပြောရင်း.. ထမင်း သွားချက်တော့မည်..။ (ချစ်ချစ်လာတော့မည်.. ဟဲ..။ )

ရေးချင်သေးတယ်အများကြီး..

မဗေဒါ

okn said...

အင်း..မယ်သီလရှင် အရူးနဲ့ လှေလူးနဲ့တွေ့ပြီး

Zay Tar Yar said...

ဒီလမ်းက ပန်းဗေဒါ။
ဆန်ရေစုန်ရေနဲ့
ထုံပေပေသူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရှာဘု သူတို့နဲ။
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာသူရွှင်ပြပေမဲ့၊ ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။

မမဗေဒါကြီးကိုအားကျလိုက်တာ နာမည်နဲ့လိုက်တယ်
ဇေလဲ ကြိုက်တယ် အဲပုံစံကြီးကို

လင်းထက် said...

ဟဲ့ နော်ဝေ ရောက်နေတာလား ဘယ်တုံးက ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ဘူး..။

mabaydar88 said...
This comment has been removed by the author.
mabaydar88 said...

ဒီမှာ ကို ဟဝှာ ...( သူငယ်ချင်းရဲ့ အဝှာမို့လို့) သည်းခံပြီး ပြောမယ်..။

ရူးတာတောင် သီလရှင်နဲ့ နှိုင်းရသလား..။

အရင်ရှိတိုင်းပဲ နှိုင်းပါလား..။

ပြောလိုက်ချင်ပါဘူး..။ အခုမှ တွေးပြီး နဲနဲ စိတ်တိုလာလို့ ပြန်မန့်တာ.. ဒီမန့်ချက်ကိုလည်း ခွင့်ပြုလိုက်မယ်..။

မဗေဒါ