Sunday, May 9, 2010

သူ ( ဝါ) အမေ

မျက်လုံးအစုံက
အစဉ်တောက်မြဲ….။

နှလုံးသားက
အစဉ်လှမြဲ…။

မြွက်စကားတွေက
အစဉ် ထက်မြက်ဆဲ…။

အတွေးတွေက
အစဉ် အဖိုးတန်မြဲ…။

ဘာတွေလုပ်လုပ်
သူတို့အတွက်
အစဉ် ဖြစ်မြဲ…။

အလုပ်တွေနဲ့
သူတို့အတွက်
သက်သေတွေပြမြဲ…။

`သူ `ဆိုတဲ့
ကိုယ်ကျိုးကို ဖယ်ခွာလို့
`သူတို့` အတွက်
``ဓမ္မ `` ကို ရင်မှာ ဖက်တွယ် .. သူ ..အဖြစ် …။

အကြောက်တရားဆိုတာကို ခြေစုံပေါ် မားမားရပ်လို့
ခိုင်မာတည်ကြည်စွာ..
ရဲဝံ့ စွာ တော်လှန် ရပ်တည် ပြနေမြဲ …

စိုးရိမ်စိတ်တွေ…
ပူပန်မှု သောကတွေ..
စိတ်ဓာတ်ခွန်အားတွေ .. ……….တွေ…..။
လောကမှာ အရာရာကို သူတို့စိတ်နဲ့ ယှဉ်ပြိုင် အနိုင်ယူ ( နေ) သူ…
ငြိမ်းချမ်းရေး ကိုစုံမက်တောင့်တ
လိုလားသူ `` သူ`` ။

မဗေဒါ
၀၉.၀၅.၂၀၁၀

1 ဦး၏ဆွေးနွေးချက်:

Nge Naing said...

အမေများအားလုံး ပျော်ရွှ့င်ချမ်းမြေ့ပါစေ။