Wednesday, June 9, 2010

ရဲဘော် ဝလုံး အတွက် ..

…….။
(၉၃) မှာ
စင်ပေါ် တနေရာကနေ
ခင်ဝမ်း ရဲ့
`` ဆယ်လမွန် ငါးတို့အပြန်`` ကို
မူရင်း အသံနဲ့ ခပ်သွဲ့သွဲ့ လေး
ဟစ်လိုက်တော့..
ငိုသူငို
ဆိုသူဆို
ပြိုင်းသူပြိုင်းနဲ့
မှတ်မှတ် ရရ ( ၅) နှစ်ပြည့်မှာ..
ရဲဘော် တို့ရဲ့ အသဲအိမ်ကို သူလှုပ်ခါခဲ့တာ..။

တော်လှန်ရေးကြီး ရဲ့ နေရာတခုမှာ
တာဝန် တွေ အတူတူ ထမ်းရင်း ပိုးရင်း..
`နင့်အသံ က နဲနဲလိုသေးတယ် .. အသက်အဝရူထား `
`ဆရာကလည်း လုပ်ပါ့ `လို့
ခပ်စွာစွာ
ငြင်းဆိုတော့
ခွင့်လွတ်တဲ့ စိတ်ထားနဲ့အတူ ..
အံ့သြဟန်ပြ
... ရယ်မောနေခဲ့သေး..။

ငြင်းခဲ့ရ အော်ခဲ့ရနဲ့
ရက်ပေါင်းများစွာ
ဆင်းရဲမှု..
မပြည့်စုံမှု..
ခါးသီးမှု … မှု ပေါင်းစုံကို
… ရင်ဆိုင် အံတုရင်း ..။

ဘဝရဲ့ စိန်ခေါ်မှု
တော်လှန် ရေးရဲ့ စိန်ခေါ်မှု
စိန်ခေါ်မှုတွေကို မာန်တင်းခံရင်း..
ဘဝတိုက်ပွဲတွေကို အတူတူ နွှဲခဲ့ သူ ..။

``ငါ ရှေ့တန်းသွားတော့မယ်``ဆိုတဲ့
စကားလေးနဲ့
..ဌာနက ရဲဘော်တွေကို ..
နုတ်ဆက် စကားဆို တော့ ….
အော် ရဲဘော်ဆိုတာ ရှေ့တန်းနဲ့
မိတ်ဘက်တွေမို့
အမှန်တရား အတွက် သူ
တနေ့ ပြန်လာနိုးမျှော်ရင်း …

သီချင်းတွေ ရေးတဲ့သူ…
သီချင်းတွေ ဆိုခဲ့သူ..
ကဗျာတွေ ရေးခဲ့သူ..
အသံတွေ ဖမ်းပေးခဲ့သူ..
တော်လှန်ရေးမှာ သူလိုကိုယ်လို ..
နိုင်ဝန်တွေ ကို ထမ်းရင်း ….
တော်လှန် တဲ့ သားကောင်းတယောက် သူမြတ်နိုးတဲ့ အရာတွေ မပွင့်မီ ကြွေခဲ့ရပေါ့..။

( တပ်ရင်း (၂၀၉) မှ ရဲဘော် ကိုဝလုံး အတွက် ရေးထားတာပါ။ .. ကျွန်မနဲ့အတူတူ ပြန်ကြားရေးဌာနတွင် အလုပ်တွဲ လုပ်ဖူးခဲ့ပါတယ်.. သူကောင်းရာ သုဂတိ ရောက်ပါစေလို့ ဆုတောင်းရင်း.. မရေးတက်ရေးတက်နဲ့ ဒီစာစု လေး ကို ရေးပါတယ်..။ တကယ်တော့ ကျဆုံးသူတွေ အတွက် ဒီလိုစာနဲ့ မလုံလောက်ဘူးဆိုတာ ကျွန်မ စိတ်ထဲမှာ အလိုလိုသိနေပါတယ် ..။ )

မဗေဒါ
၁၂.၀၅.၂၀၁၀

10 ဦး၏ဆွေးနွေးချက်:

Myanmar Good Knowledg Co., Ltd said...

ဒီလိုလူတွေအများကြီးရှိခဲ့တယ်။
သိပ်ကို လေးစားဘို့ကောင်းတယ်။
ကျွန်မသူ့ကိုမသိပေမယ့် အခုလိုရေးပေးတဲ့ မဗေဒါကြောင့်သူရဲ့ မြန်မာနိုင်ငံကိုချစ်တတ်မှုနဲ့ တာဝန်ကိုသိတတ်မှုအတွက် သူကောင်းရာသုဂတိရောက်ပါစေ လို့ဆုတောင်းပေးပါတယ်။

Nge Naing said...

ကိုဝလုံး ကောင်းရာသုဂတိ လားပါစေလို့ အတူဆုတောင်းပေးသွာပါတယ်။ သီချင်းခွေ ရှိရင် ကိုဝလုံးရေးပြီး ကိုအောင်ဇော်မင်းဆိုထားတဲ့ သီချင်းတပုဒ်လောက် ဒီပို့စ်မှာ ထပ်ဖြည့်လိုက်စေချင်တယ်။ သူငယ်ချင်းမှာ အဲဒီအခွေမရှိရင် DVB က မသီတာဆီမှာ အကူအညီတောင်းလိုက်လို့ ရနိုင်တယ်။ ပို့စ်လေး ပိုကောင်းသွားအောင် အကြံပြုတာနော့်။

mabaydar88 said...

ညီမကောင်းမွန်ဝင်း.. ကျေးဇူးပါ..နော်..။

သူငယ်ချင်း မငယ် ..`ရဲဘော်ကြီး `အခွေ ရှိတယ်.. သူရေး ဆိုထားတာလည်း ရှိတယ်..။ အဲဒါ သက်ဆိုင်သူတွေကို ပြန်မေးကြည့်ဦးမယ်.. သေချာအောင်ပါနော်..။

မဗေဒါ (၈၈)

Zay Tar Yar said...

စိတ်မကောင်းဘူး ၊ ဖက်ရတာ ရဲဘော်ဝလုံးကြီးသနားပါ
တယ် ၊ အမြန်လာဖက်ပြီးမန့်တာ ဒါတောင် ၃ယောက်
မြောက် ဖြစ်သွားတယ် အားပေးနေပါတယ် ဗေဗေ ဆက်ရေးနော် ဗေဗေ...။

သူကြီးမင်း (တုံးဖလား) said...

သူ ကောင်းရာမွန်ရာ ရောက်မှာပါ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ရဲဘော်ဝလုံးကို မသိမမြင်ဘူးပေမယ့်... ဂုဏ်ယူစွာနဲ့ ဖတ်ရှု့သွားပါတယ် ဗေဒါမ...

ရဲဘော်ဝလုံး လို နိုင်ရာဝန်ထမ်းရင်း အကြွေစောခဲ့ရတဲ့ ရဲဘော်တွေအတွက်ပါ ကောင်းရာသုဂတိသို့ ရောက်ရှိနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်...

ခင်မင်စွာဖြင့်
မောင်မျိုး (အညာမြေ)

SHWE ZIN U said...

မဗေဒါ ရေ

စိတ်မကောင်းစွာ ဖတ်ရှု့သွားပါတယ်.. အဲလိုရေးပေးတဲ့ အတွက် သိရပါတယ်.. ကျေးဇူးတင်ပါတယ်

အခုလိုင်း ရ ရခြင်း မဗေဒါစီ လာခဲ့တယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နှင်းမိုး said...

လာရောက်ဖက်ရှုသွားပါတယ် မဗေ ဘာလို့စာကဆက်မရေးရတာတုန်း ဇေ့ကိုလွတ်လိုက်မယ်
နားဓားပြသွားတိုက်လို့ မှာလိုက်မယ်...။

chokya said...

ကဗျာလေးကကောင်းတယ်အစ်မရဲ့...ဒါပေမယ့် အစ်မပြောသလိုပေါ့ မလုံလောက်ဘူးနော် သူတို့လိုလူတွေအတွက်.....

မောင်ပါလ said...

ကဗျာကိုလေးစားစွာနဲ့ဖတ်ပြီး ရဲဘော်ကိုဝလုံးကို ဦးညွှတ်အလေးပြုသွားပါတယ်။