Wednesday, May 26, 2010

နော်ဝေးအကြောင်း တခုတ်တရဖတ်ကြစို့.. ( ၄ )

ဆောင်းတွင်းမှာ လူအတော်များများ စိတ်ညစ်ရဆုံးကိစ္စကတော့ ရေခဲ ကြီးပဲ မဟုတ်သေးပါဘူး.. နောက်ထပ် ဇာတ်လိုက်ကတော့ ကုတ်အင်္ကျီ နဲ့ အောက်ခံ အဝတ်စားများပါပဲ..။ ဆောင်းတွင်းမှာ တွေ့တဲ့ အဝတ်ကို ကောက်ဆွဲပြီး အပြင်ထွက်လို့ မရပါဘူး.. သေချာ စည်းစနစ်တကျ ဝတ်စားရပါတယ်..။ ဒီလိုပါ..။ ကိုယ်အပေါ်ပိုင်းရဲ့ အောက်ဆုံး အထပ်မှာတော့ အအေးဒဏ်ကို ခံနိုင်တဲ့ သိုးမွေးနဲ့ ယက်လုပ်ထားတဲ့ အဝတ်ကို ဆင်မြန်းရပါတယ်..။ ပြီးမှ ကိုယ်ကြပ်လေးတထည် ဝတ်ရင် ဝတ်.. မဝတ်ရင်တော့ ကိုယ်ကြိုက်တာ ကို ဝတ်ပြီး.. အနွေးထည် တထည် ထပ်ဝတ်..။ သုံးထပ်ရှိသွားပါပြီ..။ နောက်ဆုံးမှ အပေါ်က နေ `ကုတ်` ဝတ်ရပါတယ်.. အောက်မှာကတော့လည်း အဲလိုပဲ သိုးမွေးတထည် ဝတ်ရတယ်.. ပြီးရင် ဘောင်းဘီ ထူထူတထည်ပေါ့..။

နောက် ဖိနပ်ကတော့ ဆောင်းတွင်း ဖိနပ် ဝတ်ရပါတယ်.. ဆောင်းတွင်းဖိနိပ်တွေကတော့ အနောက်တိုင်းက လယ်သမားအကြမ်းစီးတဲ့ ဖိနပ်လိုပဲ..။ ဗမာပြည်မှာ အဆိုတော်မတွေ တခါတခါ ဝတ်တက်တဲ့ အရှည်တွေပေါ့.. (စကားမစပ် .. မြန်မာ အဆိုတော်တွေ ဒီလောက်ပူတာ ဘာလို့ စတိတ်ပေါ်မှာ အဲသလို ဖိနပ်ဝတ်သလဲဆိုတာ တွေးမိနေတက်သေးတယ်..။ ) ပြီးရင် ခေါင်းကလေးကို အအေးဒဏ်ခံနိုင်အောင် နားလေးပါ ဖုံးအောင် ဦးထုပ် ဝတ်ဆင်ရပါတယ်..။ အမျိုးသမီး ရော ကလေးတွေ အကုန်လုံး သုံးတက်ကြပါတယ်..။ ဒါပေမဲ့ အမျိုးသား တွေကတော့ ပိုဆောင်းတာ သတိပြုမိပါတယ်..။ အမျိုးသမီးတွေ အများစုကတော့ ခေါင်းထက် လည်ပင်း ကနေပတ်တဲ့ လည်စီးလေးကို အမျိုးမျိုး အသုံးပြုပါတယ်..။ အလှပြချင်တာလေးလည်း ပါမယ်ထင်ပါရဲ့ ..။

နောက်တခု အခက်အခဲကတော့ ကျွန်မတို့လို ရောက်ကာစတွေက မသိတော့ အချမ်းသက်သာအောင် တွေ့တဲ့ အနွေးထည်တွေဝယ်.. အထပ်ထပ်ဝတ်တော့ ကြည့်ရတာ အာကသ တက်မဲ့ လူတွေလည်း ဖုဖောင်းပွထ နေလေရဲ့.. ။ ကြည့်ရတာ မျက်စိပသာဒ မဖြစ်တဲ့အပြင် ရူပ်ယှက်ခပ်နေတက်ပါတယ်..။ နောက် အဝယ်မတက် အဝတ်မတက်ရင်လည်း ကြည့်ရတာ ညုဉ်းဆိုးဆိုးနဲ့ ဆင်းရဲသားတွေနဲ့ တူပါတယ်..။ ( ဒီမှာတော့ နိုင်ငံခြား သားတွေက အဝတ်အစား ညစ်နေရင် အထင်သေး အမြင်သေး ရှိသလို သိပ်တောက်ပြောင်နေ ပြီး စိန်ရွေ တွေ ပန်ထားပြန်ရင်လည်း မြင်ပြင်းကတ် ကြပြန်ပါတယ်..။) နော်ဝေး အစစ်လို့ ပြောလို့ရတဲ့ ဒီနိုင်ငံသား အဖြူတွေ ဒီမှာမွေးကြီးတဲ့ သူတွေကတော့ အဝတ်ထူထူတွေ နိုင်ငံခြားသားတွေလောက် မဝတ်ကြ ဘူး..အအေးဒဏ်လည်း အတိုင်းအတာ တခုထိ ခံနိုင်ကြတာပေါ့ .. ကျွန်မတို့ အီကွေတာ နီးတဲ့ နိုင်ငံသားများ ..အပူဒဏ်ခံနိုင်သလိုပေါ့..။

သူတို့က ငယ်ငယ်ကလေးကတည်းက သင်လာရတော့ ဘယ်လို ဝတ်စား ဆင်ယင်ရ မယ်ဆိုတာ သိနေတယ်..။ ဒီတော့ ကြည့်ရတာ စနစ်ကျနေတာပဲ.. နောက် သူတို့က ကိုယ်ပိုင်ကားတွေနဲ့ သွားကြလာကြတာဆိုတော့ တော်ရုံအေးရင် တော်ရုံပဲ ဝတ်စားထားကြတာမျိုးပါ..။ ကျွန်မတို့သာ အေးတာကိုကြောက်ပြီး အာကသမှူး လုပ်နေကြတာ များပါတယ်..။ ပြီးရင်လည်း အဲဒီဝတ်စုံတွေနဲ့ ကားအမှီပြေးရ .. လမ်းလျောက်ရနဲ့ အင်မတန်မှ ပင်ပန်းလှပါတယ်.. ။ အပေါ်က ဝတ်ရုံအတွက်လည်း သယ်ပိုးရ အောက်မှာလည်း ချောတာကို ထိမ်းရ နဲ့ ဆောင်းရာသီ ဟာ စိတ်ရော လူရော အင်မတန် စိတ်ညစ်ရတယ်လို့ ပြောရင် ရနိုင်ပါတယ်..။

နော်ဝေးနိုင်ငံက ကမ္ဘာကြီးရဲ့ မြောက်အစွန်းဆုံးထိပ်ပိုင်း ဝန်ရိုးစွန်းနဲ့ နီးနေတာကြောင့် သိပ်ကိုအေးပါတယ်၊၊ အိမ်နီးချင်းနိုင်ငံတွေထက် ပိုအေးတယ်၊၊ အိမ်နီးချင်းဆွီဒင်နိုင်ငံက မိုင်းနပ်စ် ၅ ဆိုရင် ဒီမှာက မိုင်းနပ်စ် ၁၂ လောက်ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်၊၊ အေးတာက သိပ်ကြမ်းလွန်းတော့ ကျမတို့လို လူသစ်တွေအတွက် ရောက်ကာစမှာ မကြာခဏဆိုသလို ဖျားနာတက်ကြပါတယ်၊၊ ကျမတို့ ရောက်ကာစက သားက (၂)နှစ်ပဲ ရှိသေးတာကြောင့် ရာသီဥတုဒဏ်ကို မခံနိုင်တာကြောင့် ခဏခဏ ဖျားနာပါတယ်၊၊ နှာရည်တွေကလည်း တချိန်လုံးထွက်နေတက်ပါတယ်၊၊ ကျောင်းမှာကလေးတယောက်က ချောင်းဆိုးနှာဆေးပြီဆိုရင် အကုန်လုံးကူး တာကြောင့် အရမ်းစိတ်ညစ်ရပါတယ်၊၊ ဆောင်းတွင်းမှာ ကလေးတွေအတွက် စိတ်ပူရတာကတော့ အင်မတန် များပါတယ်၊၊

တခြားရာသီမှာက သိပ်ပြဿနာမရှိပေမဲ့ ဆောင်းရာသီမှာတော့ အပြင်ထွက်ရင် အင်မတန်မှ သတိထားရပါတယ်၊၊ ကလေးငယ်ရင်ပိုဆိုးပါတယ်၊၊ ကလေးကို နွေးထွေးအောင်ခေါင်းကနေ ခြေထောက်အထိ လုံအောင် မုန့်ဖက်ထုပ်လို စည်းကြပ်နေအောင် အကုန်လုံးထုတ်ရပါတယ်၊၊ နွေးပေ့ဆိုတဲ့ သိုးမွေးတွေကို ကလေးတွေကို ဝတ်ဆင်ပေးရပါတယ်၊၊ သိုးမွေးကနွေးသလို ဈေးကြီးပါတယ်၊၊ ကျွန်မဆို သားအတွက် ရောက်ကာစမှာ အစုံအများကြီး မဝယ်ပေးနိုင်ပါဘူး၊ (အခုတော့ နဲနဲတော်သွားပါပြီ.. သိလာတာလည်းပါပါ တယ်..။) ကလေး နှစ်နှစ်နဲ့ ဆယ်နှစ်လောက်ကြားဆိုရင်တော့ တကိုယ်လုံးစွတ်လို့ရတဲ့ နွေးတဲ့အဝတ်ကို ဝတ်ပြီး အပြင်ထွက်ဆော့ရပါတယ်၊၊ လက်မှာကျတော့ နွေးတဲ့လက်အိတ်ကိုစွပ်ရပါတယ်၊ ခြေထောက်လုံခြုံဖို့ ကြတော့ ဖိနပ်ကိုအထဲမှာအနွေးပါတဲ့ ဖိနပ်မျိုးကို ရွေးဝယ်ရပါတယ်၊၊ ပြီးမှအပြင်မှာထွက်ဆော့ရပါတယ်၊၊

ဒီမှာက မူလတန်းကျောင်းကနေ အထက်တန်း ကျောင်းအထိ အပြင်မှာမဖြစ်မနေ ထွက်ပြီးဆော့ရတာမျိုး လမ်းလျှောက် ခရီးသွားတဲ့ အလေ့အထမျိုးတွေ လုပ်ထားပါတယ်၊ ဒါကြောင့်ကလေးတွေအပြင်ထွက်ရင် ရေဗူး ( ရာသီအလိုက် အပူ.. အအေးဗူး ) ပါရသလို ဖင်ခုထိုင်လို့ ရတဲ့ ရော်ဖာဖိုင်ပြား လေးလည်း ပါမှရပါတယ်..။ ကျောင်းတွေက အပြင်ထွက်ကို ထွက်တဲ့အလေ့အကျင့် လုပ်ပေမဲ့လည်း ကလေးတွေ အဖျားအနာ အဖြစ်များလို့.. မိဘတွေကလည်း အမျိုးမျိုး ဆွေးနွေးတာတွေလည်း ရှိပါတယ်..။ ကလေးတွေကို ဆရာမတွေက တောထဲခေါ် သွားမယ်၊ သဘာဝအကြောင်း သင်ကြားပေးမယ်၊ ဘယ်လိုထိန်းသိမ်း မလဲဆိုတာကို ပြောပြမယ်၊ လက်တွေ့ ကျကျသင်ကြားနည်းတခုပဲပေါ့၊ ဆောင်းရာသီ ရောက်လို့ အပြောင်းအလဲ လုပ်ရတဲ့အထဲမှာ လူတွေကြီးပဲ မဟုတ်ဘူး၊ ကားတွေလည်းပါတယ်၊ ကားတွေကို ဘီးလည်းရတယ်၊ နို့မိုဆိုရင် လမ်းချော်တော့ ကားတွေကို နွေရာသီမှာမောင်းသလိုမျိုးမောင်းလို့ မရပါတူး…။


ဆက်ပါဦးမည်..။

မဗေဒါ
၂၆.၀၅.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ

ဗဟုသုတ ရစရာ လေးတွေ ဖတ်သွားတယ်နော် အမ တို့ ကတော့ လာနိုင်ဘို့ အဝေးကြီး ထင်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Talkii said...

နောက်ထပ်ဆိုးတာ ရှိသေးတယ်။ မနက်ခင်းဆို ဘယ်လိုမှ မထချင်တာပဲ။း) ကိုယ့်စီမှာလို ဆောင်းရာသီ မနက်ခင်း လမ်းလျှောက်ပွဲလေးလုပ်ရင်တော့ ကောင်မလေးတွေ ငေးဖို့ ဝီရိယကောင်းရတာမျိုးဆိုရင်တှောသေးတယ်။

Under Water World said...

အမရေ

ဆောင်းအေးတာတော့ ပြောမနေပါနဲ့ ။ အိမ်မှာ ဟီတာ ကို အချိန်ပြည့်ဖွင့်ထားလို့ ဆောင်းဆို ဂက်စ်အတွက် ကုန်ကျငွေက တစ်လကို ယူရို ၂၀၀ လောက်ရှိတယ်။
မနှစ်ကဆောင်းက တိုပြီးတော့ ဒီနှစ်ဆောင်းက စံတင်လောက်ပါရဲ့ ။ မေလ လယ်ထိ အေးတုန်းဘဲ ။
နွေမှာတော့ နေလို့ပျော်ပါတယ် အမရေ ။ ဒါပေမဲ့ ဗမာပြည်ကလူတွေအတွက်တော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ် ။

mabaydar88 said...

အမရေ..

တနေ့တော့ ရောက်လာရမှာပေါ့..။ ဒီလောက် ပေါနေတဲ့ လေယာဉ်လိုင်းတွေ ရှိနေတာ.. ရောက်မှာပါ အမ.. အဲကျရင် အိမ်မှာတည်းလို့ရတယ်.. မဲဇာမှ ဖိတ် ခေါ်ပါ၏..။

ဟုတ်ပါ့ ကိုတော်ကီ.. ဟီး.. မဗေဒါကျတော့ ဘယ်သူ့ကိုမှ မငေးချင်ဘူး.. အိပ်ပဲအိပ်ချင်တယ်.. မှောင်မဲနေလို့ စိတ်ကလန်းကိုမလန်းတာပါ..။ ဆောင်းတွင်းဆို အိပ်ရတာ ဝကိုမဝတာ..။

ဟုတ်တယ်ညီမရေ.. ဟီတာ အကြောင်း တကူးတက ရေးကို ရေးမှ ရမယ်.. စံတင်လောက်တယ်..။

မဗေဒါ (၈၈)

စူးနွယ်လေး said...

(စကားမစပ် .. မြန်မာ အဆိုတော်တွေ ဒီလောက်ပူတာ ဘာလို့ စတိတ်ပေါ်မှာ အဲသလို ဖိနပ်ဝတ်သလဲဆိုတာ တွေးမိနေတက်သေးတယ်..။ )....တဲ့လား..

တူလိုက်တာ...ကျမလည်း သူတို့တွေကို အဲလိုဖိနပ်တွေနဲ့တွေ့တိုင်း ခဏခဏ အဲလိုတွေးမိလို့...

chokya said...

မရောက်ဖူးတဲ့နေရာတွေအကြောင်း သိရတဲ့အတွက် ကျေးဇူးပါပဲ အစ်မရေ.... ခင်တဲ့(ချိုကျ)