Friday, May 28, 2010

ဘဝ အမောတွေကြားက အပြုအမူမှား တခုပဲလား ..။


ဟိုတပတ်က အတော်လေး လူပြောများခဲ့တဲ့ ထက်ထက် သတင်း..။ ကျွန်မလည်း သွားလည်တုန်းက အတော်လေး ငြင်းလိုက်ခုံလိုက်မိသေးတယ်..။ အဓိက စဉ်းစားမိတာက ဘာဖြစ်လို့ သူ ဒီလို ကိုယ်ထိလက်ရောက် လုပ်လိုက်မိသလဲ..။ မေးတဲ့ သူရဲ့ မေးခွန်း.. ( ပြောချင်တာက မေးပုံ.. အခြေအနေ.. အမူအယာ) အစ ရှိသဖြင့်ပေါ့..။ မဗေဒါ အမြင်ကတော့ ဖြစ်ရင် မဗေဒါ တို့ မြန်မာ့အသိုင်းအဝန်း အတွက် လုပ်စရာတွေ အများကြီးထဲက အကြောင်းအရာလေး တခုအဖြစ် ဒီပြဿနာက မီးမောင်းထိုးနေတယ်လို့ မြင်မိတာပါပဲ ..။ မဗေဒါပြောခဲ့သလိုပဲ .. ဒီနော်ဝေးမှာ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်တယ် ဆိုတာပါ..။ သိပ်ကောင်းနေတယ်လို့ စောဒက မတက်တောင် ကျိုးစားပြီး အကောင်းဆုံးဖြစ်အောင် ကျိုးစားနေကြတယ်..။ နော်ဝေးရဲ့ ရေရှည် အနာဂါတ် လူ့ဘောင်လှပဖို့အတွက်.. (ဒါလည်း အားနည်းချက် ဆိုတာ ရှိတက် ပါသေးတယ်..)။


မဗေဒါတို့နဲ့ ငြင်းတဲ့ထဲမှာ ပါတဲ့သူကလည်း သူ့ကို စော်ကားဖူးလို့ မြန်မာပြည်ထဲမှာ နေတုန်းက ပြန်တွယ်ဘူးတယ်လို့ ဆိုပါတယ်..။ တွယ်တာ ရိုးရိုးမဟုတ်..။ ကိုယ်ထိလက်ရောက်ပါ..။ သူဘာလို့ အဲလို လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက်က ရိုးရိုးပဲ..။ မခံချင်လို့.. မတရားလို့.. ဘဝမှာ စိတ်တွေ မောနေလို့..။ နောက် အဲလို ဖြေရှင်းမှ ကိုယ့်ကို လန့်သွားမယ်.. မှတ်သွားမယ်ထင်လို့..။ ကဲ .. ကျွန်မတို့တွေ ငယ်ငယ်ကတည်းက ဘယ်လို ကြီးလာကျသလဲ..။

အဖေက ` အေး မင်း..မငိုလာနဲ့.. သူများကိုလည်း သွားမလုပ်နဲ့.. ကိုယ့်ကို လုပ်လာရင် ပြန်လုပ်ထည့်လိုက် ငါလိုက်ရှင်းမယ် ..`..။ အမေကလည်း ` တွေ့တာနဲ့ ပြန်လုပ်ထည့်လိုက်.. နောက်ပြဿနာ နောက် အမေရှင်းမယ် `… အစ ရှိသဖြင့် သင်ပေးသလို ရှေ့ဆောင်ပေးနေတယ်..။ ကြာလာတော့ လက်စားချေတာ.. အကြမ်း ကို အကြမ်းနဲ့ပဲ ရှင်းဖို့ စိတ်ဝင်စားလာတယ်.. မှန်တယ် မထင်တောင် ..မမှားဘူးလို့ မပြောရဲကြဘူး။ ဖြေရှင်းနည်း အမှန်ကို အသိုင်းအဝန်းမှာ သင်ပေးတာ လမ်းကြောင်းပေးတာ မရှိ သလောက်နည်းပါးပါတယ်..။ သင်လည်း အားလုံးက ကြမ်းနေမှတော့ ကျန်တဲ့သူကလည်း နုဖတ်နေလို့ မရတော့ပဲ လိုက်ကြမ်းနေရတာပဲ..။ ဆိုတော့ အားလုံး ကြမ်း နေရမှ ကိုယ့်ကိုယ်ကိုယ်.. ကိုယ့်မိသားစု လုံခြုံသလို ဖြစ်နေတော့တာပဲ..။ ကြမ်းတယ်ဆိုတာကလည်း နုတ်အားဖြင့် ရော.. လက်အားဖြင့်ရော … အားလုံး ပါကုန်တော့တာပဲ..။ ဖြစ်လာတဲ့ ပြဿနာကသေးသေး မိဘတွေ အတ္တကြီးလို့ မပြီးနိုင် မစီးနိုင် ဖြစ်ရတာက များများမလား..။

ဆိုတော့ ဒါ ငယ်ငယ်က ကျွန်မတို့ ကလေးများ ကြီးပျင်းလာရတဲ့ ပုံစံပေါ့.. အများစု..လို့ ဆိုရမလား..။ နောက် ကျွန်မတို့ရဲ့ ဆင်းရဲမှု.. ကြပ်တည်းမှု.. မပြည့်စုံမှု တွေ ကလည်း အမြဲတမ်း စိန်ခေါ် ခြင်း ခံနေရတာ မလား..။ ကလေး တယောက်ကို မိဘ လုပ်သူက စိတ်ရှည်ရှည်.. နားလည်အောင် .. သိသွားအောင် ပြောပြဖို့ အချိန်မပေး နိုင်ကြဘူး..။ ပေးဖို့လည်း အချိန်မရှိဘူး..။ ပေးနိုင်ရင်လည်း မပေးချင်ဘူး..။ ကျွေးနေတာပဲ လိုတာတွေ ဖြည့်ဆည်းပေးနေတာကပဲ ပြီးပြည့်စုံပြီလို့ ယူဆနေတက်ကြတယ်..။ နောက် မိဘများကိုယ်တိုင်လည်း အစောက ပြောခဲ့သလိုပဲ.. `ပြန်တီးလိုက်တဲ့နည်း` တွေ နဲ့ပဲ ရှင်သန် နေခဲ့ကြတာဆိုတော့ ဘယ်လို သင်ရမှန်း မသိတာလည်း ပါဝင်နိုင်ပါတယ်..။

မိမိရဲ့ ပတ်ဝန်းကျင်က မောင် ( မ) တို့က ဒီလို ဖြေရှင်းနေတော့ ငါတို့လည်း ဒီလိုပဲ ဖြေရှင်းမယ် လို့ သဘောပေါက်ကြပုံပါပဲ..။ ဘဝအမောတွေ စုလိုက်တော့ ကလေးတယောက် လူလားမြောက် ရမှုမှာ လုံခြုံမှု တွေ ကင်းဝေးနေတော့တာ ဘုရား အသိ.. ကျွန်မတို့ အားလုံး အသိ အမြင်ပဲ..။ ဒါတွေဟာ အနာဂါတ် ကျွန်မတို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် စိန်ခေါ်ခြင်း ခံနေရတဲ့ ထဲက သေးသေးလေးပေမဲ့ အင်မတန်အရေးကြီးတဲ့ ကိစ္စတခု အဖြစ် မဗေဒါ ရူမြင်ပါတယ်..။

ထက်ထက်အကြောင်းလေး နဲနဲ ပြန်ကောက် ပြီး ပြောရရင်.. မေးသူက တကယ်ပဲ ကလေးဆုံးတာကို မေးတယ်ဆိုရင် အချိန်အခါအရရော အမေတယောက်အနေနဲ့ရော သူ့ဘက်က ခံစားပေးလို့ရတာက ( မေးသူက မှားတယ် ) လို့ ပြောလို့ရမယ်ထင်ပါတယ်..။ ကဲ သတင်းသမားက မေးတာ မလွန်ဘူး.. ( အိမ်ထောင်ရေး ) ကိစ္စ ဆိုရင်လည်း ကျွန်မတို့ မြန်မာပြည်ရဲ့ အဆင့် အခြေအနေ အရကိုလည်း နဲနဲတော့ ပါးရည်နပ်ရည် ရှိဖို့လိုပါတယ်..။ ဘယ်လောက်ထိ မြန်မာ့ အသိုင်းအဝန်းက ဒီလို မေးခွန်းအတွက် အဆင်သင့် ဖြစ်နေပြီလည်းပေါ့..။

နောက်ဆုံး ပြောချင်တာကတော့ ထက်ထက်ကို တကယ်ပဲ အဲလို အိမ်ထောင်ရေး ကိစ္စသာ မေး ခဲ့တယ်ဆိုရင် .. တတိုင်းပြည်လုံး သိထားတဲ့ သူ့ အိမ်ထောင်ရေး အခြေအနေကို ချပြလိုက်တော့ရော ဘာတွေ ပို အကျိုးထူးသွားမှာလဲ..။ စာဖတ်ပရိသတ် ဘယ်နှစ်ယောက်က အကျိုးရှိတာတဲ့ သုတတွေ ရသွား သိသွားမှာတဲ့လဲ..။ နောက် တကယ်ပဲ ပရိသတ် လိုအပ် သိချင်တဲ့ မေးခွန်းရော ဟုတ်ပါရဲ့လား လို့လည်း ဆန်းစစ်ရပါမည် ..။

( ထက်ထက် ရယ်လို့ မြန်မာပြည်မှာ သူ နာမည် ကျော်ကြားချိန်မှာ ကျွန်မ သူ့ရဲ့ အနုပညာတွေကို မခံစားဖူးပါဘူး.. ။ နောင် သူ (ကျ) တဲ့ဘက်မှာတွေ့ဖူး ကြည့်ဖူးတော့လည်း ချစ်စရာ ကောင်းသားပဲလို့ တွေးမှတ်ပါတယ်.. ဘာပဲပြောပြော ထက်ထက်မိုးဦးတယောက် ဘဝမှာ အမောတွေ ပြေပါစေလို့ .. မြန်မာပြည်သားတွေ အမောတွေ ပြေပါစေလို့ စိတ်မှာဆုတောင်းရင်း ဒီဆောင်းပါးကို ရေးပါသည်..။)


မဗေဒါ
၃၀.၀၅.၂၀၁၀

5 ဦး၏ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

ဖြစ်တတ်တဲ့ သဘောလေးတွေပါ။

SHWE ZIN U said...

မဗေဒါ ရေ

ရွှေစင်ဦး တို့ကတော့ မိဘ ကသင်ပေးစရာ ကိုမလိုဘူး မွေးရာပါဗီဇ ကို က ကိုယ်ထိရင် တွယ်ပလိုက်တာဘဲ ဟ ဟ မေမေ ကလိုက် လိုက် တောင်းပန်ရတယ်

မဗေဒါ လည်း အမောတွေပြေပါစေ စိတ်ချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နတ်ဆိုးလေး said...

ပြောရရင်တော့ အမရယ်.. (အဟမ်း)..
ဒါက ဒီလိုလေ .. (အဟမ်း)..
စားထားတဲ့ ကြက်သားက လည်ချောင်းမှာ လာတစ်နေတယ်.. ရပြီ ရပြီ..

Interviewer က နဲနဲလည်း အမေးကြမ်းတဲ့ နေရာမှာ နာမည်ကြီးဆိုပဲ.. ဘယ်သူ့ကိုလဲ ဘယ်လိုပစ်ပစ်နှစ်နှစ် မေးဖူးတယ်. ဘယ်သူ့ကိုလဲ တစ်တစ်ခွခွ မေးဖူးတယ် နဲ့ .. ပြောသံတွေ အများကြီး ကြားနေရတယ်ဗျ..ဘယ်သူ့ကို ဘယ်လိုမေးလို့လဲဆိုတာတော့ ပြောတော့ပါဘူး.. အဲဒီအတိုင်းသာ ဟုတ်တယ်ဆိုရင်. ထက်ထက် ပေါက်ကွဲလဲ ပေါက်ကွဲချင်စရာပဲ. အမရဲ့.. ဒါပေမယ့် ပါးရိုက်တာကတော့ နဲနဲ လွန်ရာကျမလားလို့...
ဘာပဲ ဖြစ်ဖြစ် အပေါ်က ကိုကိုမောင် ပြောသလိုပဲ.. ဖြစ်တတ်ပါတယ်

လေကန်ရေးသမား
...နတ်ဆိုးလေး...

Zay Tar Yar said...

အရာရာမှာ ဥပဒေရှိပြီးသားဘဲ သူ့အလုပ်သူလုပ်ကျရင်
အိုကေပါတယ် . ဗေဗေရဲ့ ဟဲဟဲ......

zawmaung said...

အားလုံးကောင်းပါသည် ခင်ဗျား..