Saturday, May 22, 2010

မင်္ဂလာဆောင်အတွက် ဖေဖေက တဝက် အကုန်အကျခံမယ်..

ဆွီဒင် ….

ဆွီဒင်နိုင်ငံရဲ့ ဘုရင်မင်းမြတ်၏ သမီးတော်လေး ( ဗစ်တိုးရီးယား) မင်္ဂလာဆောင် အကုန်အကျလေးက နဲနဲ တော့ အကုန်အကျ များမှာ ဖြစ်ပါတယ်..။ စုစုပေါင်း ခန့်မှန်းခြေ ကုန်ကျစရိတ် နော်ဝေးခရိုနာ ( ၁၆) သန်း ကုန်ကျမှာပါ..။ ( မြန်မာငွေနဲ့ ခန့်မှန်းခြေ … သန်း၂၅၀၀ ) ။ ဧည်သည့်ပေါင်း ( ၆၀၀)လောက် ညစာ စားဖို့သောက်ဖို့ ဖိတ်ကြားထားပါတယ်..။ အဲဒီပွဲအတွက် ဖေဖေ ဘုရင်မင်းမြတ်ကြီးက တဝက်အကုန်အကျ ခံမှာပါ..။ ကျန်တဝက် ကိုတော့ အစိုးရက အကုန်အကျ ခံမှာပါ..။ စတော့ဟုန်း က ဘုရားကျောင်းကိုလည်း သုတ်လိမ်းခြယ်သဖို့ ကို ဆောင်ရွက်ရမှာ..။ အဲဒီအတွက်ကလည်း နော်ဝေးငွေ ( ၁၁ ) သန်းလောက် ကုန်မယ်လို့ ခန့်မှန်းရပါတယ်..။ လာမဲ့ ဇွန် (၁၉) ရက်မှာ ဒယ်နီရယ် လေးနဲ့ လက်ထပ်ဆင်မြန်း မှာပါတဲ့..။

မဗေဒါအတွက် အင်မတန် အံ့သြလွန်းလို့ သတင်းတိုလေးကို အပင်ပန်းခံရိုက်၍ … အသင်တို့ ဖတ်ဖို့ တင်ပြအပ်ပါသည် …။

နားမှရမယ် အရူပ်တွေလုပ်နေတယ် .. အားလုံး ချမ်းမြှေ့ပါစေ..။
မဗေဒါ
၂၂.၀၅.၂၀၁၀

7 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

အင်း ချမ်းသာ တဲ့ နိုင်ငံ က ဘုရင်သမီး ဆိုတော့လည်း အကုန်ခံနိုင်တာပေါ့နော်...

တချို့နိုင်ငံ တွေမှာတော့ ဖေဖေ က ကုန်ခံစရာ မလိုဘူး ပြည်သူက အကုန်ခံသွားလိမ့်မယ်

ချစ်ခင်စွာဖြင့်

ရွှေစင်

Zay Tar Yar said...

ဟုတ်ပ ချမ်းသာလိုက်တဲ့ဘုရင်များနော်
သောက်မြင်ကိုကပ်ကရော

mabaydar88 said...

ဟင်း...။

အပေါ်က လူနှီးရောက်းးးးးးးးးးးး..

စီကာာာာာားးးးးးးးးးးကိုးးးးးးးကောင်းကောင်းပြောစေချင်းဘားးးးးးးးးးဒဒဒဒဒဒဒဒဒဒဒဒဒဒဒယ်..။

ဓါးးးးးးးဘားးးးးးပဲ..။ သေးးးးးးးးးနတ်းးးးးးးးးးပါးးးးးပဲ..။

ဂျင်းးးးးးးးကားလိပါပဲ..။

မဗေဒါ (၈၈)

နှင်းမိုး said...

ဟုတ်ပမမရယ် ဆော်လိုက်စမ်းပါ အဲအကောင်စုတ်
ဇေကို

နတ်ဆိုးလေး said...

တူဒို့ကို အားကျလို့
အနော်မင်္ဂလာဆောင်ရင်
ဘုန်းကြီးဆွမ်းကျွေးနဲ့ပဲ
လုပ်လိုက်တော့မယ်..ဟိဟိ...

zox.netmaze said...

အစ်မရေ... အစ်မရဲ့ ရှင်းပြချက် ကို သဘောကျသလို သဘောလည်း ပေါက်ပါတယ်။ အစ်မပြောသလိုပဲ ကျွန်တော်တို့ အာရှဘက်မှာက အဲဒီ့ ထုံးစံ ရှိနေတော့ ဒီဘက်မှာ ငွေကုန်ကြေးကျ ခံပြီး၊ သွားကြရတဲ့ ပိုးရှိသူ မြန်မာတွေ ဟိုရောက်လို့ ဆေးစစ်ပြီး တွေ့တဲ့အခါ ပြန်လွှတ်တော့ အများကြီး နစ်နာရပါတယ်။ သူတို့ အပေါ် တော်တော် ကိုယ်ချင်းစာမိပါတယ်။ ဥရောပ ဘက်မှာ အဲ့လို မရှိဘူး ကြားရတော့ နှစ်သက်မိသလို ထောက်ခံပါတယ်။ ဒူဘိုင်း၊ စကာင်္ပူ၊ နဲ့ တခြား အာရှနိုင်ငံတွေ က ဒီလိုပဲ ရောဂါပိုးတွေ့ရင် ပြန်လွှတ်ပါတယ်။ သူတို့အတွက် စဉ်းစားပေးတဲ့ အနေနဲ့ အခုဆို စေတနာရှင် အဖွဲ့တွေ စုစည်းပြီး Hands for HB Carrier Group ဆိုပြီး တည်ထောင်နေကြပါပြီ။ ဘီပိုး ရောဂါသည်တွေအတွက် ကူညီမှု လုပ်ငန်းတွေ မကြာခင် စတင်ပါတော့မယ်။ ဖြစ်စေချင်တာက အာရှနိုင်ငံတွေကလည်း ကိုယ်ချင်းစာတရားထားပြီး လက်ခံပေးနိုင်ရင် တော်တော်ကောင်းမှာပါ။ မြန်မာပြည်သားတွေက အာရှကို သွားကြတာများပါတယ် အစ်မရေ။ အစ်မတို့ လည်း တတ်အားသရွေ့ ကူညီပေးကြပါ ခင်ဗျာ။

Zox (http://netmaze.mmgenius.com)

ပေါ့ဆိမ့် said...

အင်း .... ချမ်းသာလိုက်ပုံများ .. အဲသလောက်အကုန်ကျခံရသလားနော် အဟိ ရလာတဲ့ လက်ဖွဲ့တွေကိုလည်း မင်းသ္မီးလေး ခေါင်းပေါ်ရွက်ထားရမယ်ဆိုရင်တော့ အမေလေး! မတွေးရဲစရာပဲဗျ ..
အမရေ ကျနော်တို့ ဆင်တဲကဖေး က မိတ်ဆွေ site များ ထဲမှာ မဗေဒါ (၈၈) ဆိုပြီး လင့်ချိတ်ထားလိုက်ပါတယ် အမ.. နောက်လာ ရတာ ပိုအဆင်ပြေအောင်ပေါ့
ခင်မင်လျက်
ပေါ့ဆိမ့် ( ဆင်တဲကဖေး )