Thursday, May 13, 2010

ဆိုးနေဆဲ ကံပဲလား..

မနှစ် စက်တင်ဘာလောက် ကတည်းက လျောက်လိုက်တဲ့အလုပ်တွေ ….. တနေ့ကို ၂၀ ကျော်မလားပဲ..။ အင်း..ကျွန်မထက် အလျောက်တော်သူ သူငယ်ချင်း တယောက်လည်း ရှိပသေး.. သူကတော့ တနေ့ကို ၈၀ ကျော်လောက် လျောက်တယ်..။ တခါတလေ အလုပ်တွေ အကြောင်း ပြောကြရင် သူလည်းသိနေတဲ့ အလုပ် ကိုယ်လည်း အလွတ်ရနေတဲ့ အလုပ်တောင် ဖြစ်လိုက်သေး..။ စဉ်းစားသာကြည့်. .မဗေဒါ ဘယ်လောက် အလုပ်လိုနေလည်း.. တနည်း ဆင်းရဲနေသလဲပေါ့..။ မြန်မာပြည်မှာ တုန်းက အလုပ်မလုပ်ဖူးတော့ မသိဘူး..။ လျောက်တိုင်း အရည်အချင်းမှီတိုင်း ရမရ ဆိုတာပေါ့..။ ဒီမှာတော့လည်း အသက်.. ဘာသာစကား.. လိုအပ်တဲ့ ပညာ စတာတွေ ကိုက်နေတာတောင် ရချင်လည်းရ ..မရချင်လည်းမရ ဖြစ်တက်တာပဲ..။ ကြေကွဲစရာတွေပေါ့..။

လျောက်တဲ့ အလုပ်တွေကတော့ လည်းအစုံပဲ.. အောက်ခြေအလုပ်တွေပေါ့.. အဲဒီထဲမှာမှ အရင်လုပ်ဖူးတဲ့ ကျောင်းအလုပ် ( မူလတန်းအရွယ်တွေကို ကျောင်းအားချိန်မှာ ဝိုင်းထိန်းတာ.. မူကြိုအရွယ် ကြည့်တာတွေ..) ကျွန်မမှာက အဲဒီအလုပ်က အရင်ကလည်း တောထဲတောင်ထဲ နေတုန်းက လုပ်ဖူးတယ်.. အဲဒီပညာလည်း စင်ကာပူက ပေးတာကို (၆) လလောက် သင်ဖူးတော့ လျောက်နေတာပဲ..။ သင်ဖူးတာကလည်း လွန်ခဲ့တဲ့ ၁၇ နှစ်လောက် ကတည်းကဆိုတော့ သိပ်တော့ တန်းမဝင်လောက်တော့ ပါဘူး.. (ဆိုလိုတာက မွန်းမံနည်းအသစ်တွေ အများကြီး လိုတာပြောတာပါ..) ။ ဒါပေမယ့်လည်း စီဗွီ ထဲ လျောက်ရေးနေရတာပါပဲ..ဘာလုပ်ဖူးတယ်.. ညာလုပ်ဖူး တယ်ပေါ့..။ တခါတလေတော့လည်း ဘာလုပ်တယ် ညာလုပ်ခဲ့တယ် ဆိုတာတွေ ရေးသာရေးရတာ ဖီလင်က လာတာမဟုတ်.. ထမင်းစားဖို့သာ အလုပ်လျောက် နေရတာမလား..။

ပလာစစ် မှာ ပြောခဲ့တဲ့အတိုင်း ကိုယ်စိတ်ဝင်စားတာက တမျိုးမလား.. ဒါတွေကလည်း ဒီမှာက ကွန်ပီတေးရှင်းက များသလို တရားဝင် လတ်မှတ် ကလည်း ရှိသေးတယ်မလား.. မဗေဒါတို့ကတော့ စာရွက်ဆိုရင် ဘာမှ မသိမ်းထားခဲ့တာရော.. နှစ်ရှည်လများ တရားဝင် ကျောင်းတော်က စာရွက် မရှိတာကြောင့် ပွဲက ပြတ်ကရော.. သူများမေးရင် လိမ်သလိုတောင် ဖြစ်နေပသေး..။ စာရွက်တာ မရှိတာ မဗေဒါက ကိုယ့်ခွင်ထဲ ဝင်လာရင် ကရားရေရွတ် ပြောတော့ မြို့နယ်က လူတွေဆိုတာ ဖြုံကုန်ရော (ဒါကဒီလိုပါ.. မဗေဒါက ဒီက အကြောင်းတွေ သိပြီးသားမို့.. ဘာလုပ်ခဲ့လဲ မေးရင် မဖြေချင် မဖြည့်ချင်ပါဘူး.. သာသာစကားကျောင်း တက်တုန်းက. အလုပ်ရှာပေးမဲ့ မြို့နယ်က လူတွေ ဆရာတွေက မေးလာရင်လည်း အတင်းမေးတော့ မဖြေချင်ပဲ ဖြေခဲ့ရပါတယ်.. အဲတုန်းက သူတို့က မယုံသလို မေးတက်လွန်းလို့ မဗေဒါက ကိုယ်ပိုင်တာတွေက ပုဒ်ထီး ပုဒ်မ တွေနဲ့ ပြောပြလိုက်ပါတယ်.. ဒါကြောင့် ဖြုံတယ်ပြောတာပါ..) .။ ဒါပေမယ့်လည်းပေါ့လေ..။ ဟဲ..စာရွက်က အရေးကြီးပါတယ်..။ စာရွက်တောင်မှ မြန်မာပြည်လို စာရွက်ဆိုရင် တမျိုးဖြစ်ပြန်ရော.. မဗေဒါကတော့လည်း မြန်မာပြည်စာရွက်ဆို အိမ်မှာ ဝယ်ထားတဲ့ ပုံနှိပ်စာအုပ်တွေပဲ ရှိသူဆိုတော့ ပျက်ကရောပဲ..။

ဟိုနေ့ကလည်း အလုပ်တော့တွေ့တယ်.. မြန်မာပြည်သားဆိုတော့ ပြူးပြဲ သွားတာ.. ဟ.. ငါတော့ လူတလုံး သူတလုံး အလုပ်ရပြီဆိုပြီး.. အမယ်လေး ကရင် ဘာသာစကား တက်တဲ့သူမှ တဲ့.. သေရောဟဲ့ နိန္ဒယ.. ပေါ့..။ အင်း ကရင်စကားတက်လည်း ကံဆိုးချင်ရင်လည်း ပါချင်မှပါမှာလေ.. တချို့တော့လည်း ဘာသာစကားတောင် မကျွမ်းကျင်ပဲ အောင်မယ်လေး ဟုတ်နေတာ..ပဲ.. မနာလိုစရာ ကောင်းလောက်အောင်ကို ပါပဲ..(တကယ်တော့လဲ မနာလို မဖြစ်ရက်ပါ.. အားလုံးက အလုပ်လုပ်မှ တန်ဖိုးရှိတာမလား..)။ လွန်ခဲ့တဲ့ ၂ လနည်းပါးကလည်း လျောက်သေးတယ်.. သင်ထားတဲ့ပညာနဲ့ နဲနဲဆိုင်တယ်.. လူခေါ်တာကလည်း အမိုက်ပဲ.. အားလုံးကွက်တိ.. နိုင်ငံခြားသား အသက်ခပ်ရွယ်ရွယ်.. မိန်းမ ဆိုတဲ့ အချက်တောင် ဂွင်ဝင် ကွက်တိ လိုက်သေး.. အင်တာလည်းဗျူးရော အဘိုးကြီးက တော်တော်လေး သဘောကျနေပုံပြတယ်.. ဟင်း ငါတော့ အင်စပက်တာ ( သန့်ရှင်းရေး လုပ်သားများကို လှည့်ပတ်ကြည့်ရူစစ်ဆေး ရမဲ့သူ ) ဖြစ်ရချည်သေးရဲ့ပေါ့.. လား လား မေးရင်းနဲ့ `ကား` ရှိလား လည်းမေးရော မဗေဒါ မျက်နှာ ဖြုတ်လောက်ပဲ ရှိတော့တယ်..။ မဗေဒါလည်း အလုပ်ကို သဘောကျလွန်းလို့ .. ငါ ကားမရှိလည်း လိုင်းကား ..ရထားနဲ့ သွားနိုင်တယ်လို့ အထွန့်တက်သေးတယ်.. မရပါတဲ့..။ နေရာပေါင်း ၃၀ .. ၄၀ လောက်ကို လှည့်ပတ်ရမှာ ဖြစ်ပါကြောင်းဆိုတဲ့အခါ မဗေဒါ တယောက် ဘလော့က်တွေ ရေးဖို့ အကြောင်းတွေ ဖန်နေ.. အချိန်တွေ ရနေတုန်း ပါပဲ..။

မဗေဒါ
၁၃.၀၅.၂၀၁၀

2 ဦး၏ဆွေးနွေးချက်:

နှင်းမိုး said...

အော်မမရယ် ကော်ကားလေးတစီးဝယ်ထားပြီး ရှိပါတယ်
ပြောလိုက်ရောပေါ့...ဟီဟီ

ပေါ့ဆိမ့် said...

ဆက်ကြိုးစားပါအုံးဗျ။ သင့်တော်တဲ့အလုပ်တစ်ခုက ရှာနေတဲ့လူအတွက် စောင့်နေပါတယ်။