Wednesday, May 4, 2011

ခရစ်စတိုဖာနဲ့ မိတ်ဆက်ခြင်း…





` လူတွေ ပြောတာကို ကျွန်တော် လိုက်လုပ်လေ့မရှိဘူး… နောက် လူတွေက ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောကြတာမဟုတ်ဘူး… ဥပမာအားဖြင့်… `တိတ်တိတ်နေ` လို့… ပြောတာရှိတယ်..ဘယ်လောက်ထိ တိတ်တိတ်နေရမှာလဲ… ဘယ်လောက်ကြာကြာနေရမယ်လို့ မပါဘူး…… `မျက်ခင်းပေါ်မှာ မလျှောက်နဲ့` ..လို့ ဆိုင်းပြထားတာတွေ တွေ့တယ်..ဘယ်နေရာလောက်ထိ မလျှောက်နဲ့လို့ တားမြစ်ထားတာလဲ …ဆိုတာ ရေးမထား ပြောမထားဘူး..။ ဒါကြောင့် လူတွေ ပြောသမျှကို လိုက်လုပ်လေ့မရှိဘူး..ပေးတဲ့ အချက်အလက်လည်း ရှင်းလည်း မရှင်းဘူး…ကိုး.. ။

လူတွေဟာ တကယ်တော့ တချိန်လုံး စည်းကမ်းတွေ ဖောက်ဖျက်နေတာပဲ ..အဖေဆိုရင် တနာရီကို မိုင် ၃၀ နဲ့မောင်းလို့ပြောထားတာကို ကျော်မောင်းတာပဲ… တခါတလေဆိုရင်လည်း အရက်သောက်ပြီးမောင်းတာပဲ… ခါးပတ်လည်း တပ်ချင်မှတပ်တာပဲဟာ..။ ကျမ်းစာအုပ်ထဲမှာ မသတ်ဖြတ်ရလို့ ပါတာပဲ..ဒါပေမယ့် ဒုကမ္ဘာစစ် မှာရော.. ပထမကမ္ဘာစစ်မှာရေ..ကရူးစိတ်စစ်ပွဲကြီးတွေမှာ ခရစ်ယာန်တွေ သတ်ဖြတ်ခဲ့ကြတာပဲမလား.. ။

တခါတလေ အဖေက ပြောတက်တာက.. `သူများကိစ္စမှာ ဝင်မပါနဲ့..ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပဲ..` ..နားကိုမလည်ဘူး..။ သူများအလုပ် ( ကိစ္စ)ဆိုတာ ဘာကိုပြောတာလဲ… ကျောင်းမှာ… ဈေးဆိုင်မှာ အလုပ်မှာ.. ကားပေါ်မှာ ..အကုန်လုံးဟာ သူများတွေနဲ့ ပတ်သက်နေရာတာပဲမလား..ဒါကြောင့် သူပြောတဲ့ သူများကိစ္စ မပါစမ်းနဲ့ ဆိုတာ နားကိုမလည်ဘူး..။ `

ရယ်စရာဟာသလေးတခုပြောချင်သေးတယ် ..။

ရထားတစီးပေါ်မှာ.. စီးပွားရေးသမားရယ်..သချာင်္သမားရယ်… လက်တွေ့သမားရယ် ထိုင်နေကြတယ်… သူတို့က စကော့တလန်ထဲဝင်ဖို့ နယ်စပ်ကိုဖြတ်နေတဲ့ရထားပေါ်မှာ… ။ နွားညိုကြီး တကောင်ဟာ ရထားနဲ့ဘေးချင်းပြိုင် လယ်ကွင်းထဲရပ်နေတာ ပြတင်းပေါက်ကနေ သူတို့တွေ့ကြတာပေါ့.. ။ အဲဒီမှာ စီးပွားရေးသမားက ပြောတယ်… ``စကော့နွားတွေက အညိုရောင်…`` လက်တွေ့သမားက ``မဟုတ်သေးဘူး.. အများကြီးထဲကမှ တကောင်လောက်က ညိုနေတာ…``လို့ဆိုတယ်…အဲ… သချာင်္သမားကတော့ တမျိုး…။`` ဒါလည်းမဟုတ်ဘူး… ဖြစ်နိုင်တာက စကော့တလန်မှာရှိတဲ့ နွားတကောင်ထဲမှာမှ တဘက်က အညိုရောင် ဖြစ်နေတာလို့ သုံးသပ်ပြလေရဲ့`` တကယ်တော့ စီးပွားရေးသမားဆိုတာ သိပ္ပံသမားလို လက်တွေ့မကျဘူး… လက်တွေ့သမားကကျတော့ နဲနဲ ရှင်းရှင်းလင်းလင်း မြင်တက်သေးတယ်..ဒါပေမယ့်လည်း အကောင်းဆုံးကတော့ သချာင်္သမားပဲ..။


ဒီမှာကြည့် ကျွန်တော်ရဲ့ မကောင်းတဲ့ အပြုအမူတွေရှိတယ်.. အခုလည်း အဲလောက်တော့ မဆိုးတော့ဘူး..။

၁… လူတွေနဲ့ စကားကြာကြာမပြောဘူး..။
၂… အစားပဲ ဖြစ်ဖြစ် သောက်တာပဲ ဖြစ်ဖြစ် ကြာကြာ မလုပ်ဘူး..။
၃… အသားကို လာထိတာ မကြိုက်ဘူး..။
၎… စိတ်တိုတဲ့အခါ ခေါင်းရူပ်တဲ့အခါမှာ အော်ဟစ်ပစ်တာပဲ..။
၅… နေရာကျဉ်းကျဉ်း လေးထဲမှာ လူတွေ အများကြီးရှိနေတာကို မကြိုက်ဘူး..။
၆… စိတ်တို ခေါင်းရူပ်တဲ့အခါမှာ ပစ္စည်းတွေကို ကိုင်ပေါက် ပစ်တာပဲ..။
၇…အော်ဟစ်ညည်းညူတာမျိုး..
၈… အဝါရောင် အညိုရောင် မကြိုက်ဘူး… အဲဒီအရောင်တွေကိုလည်း ကိုင်ဖို့ ငြင်းတက်တယ်..။
၉… သွားတိုက်တံကို တယောက်ယောက်က ထိလိုက်ပြီဆိုရင် မသုံးချင်တော့ဘူး..
၁၀… မတူတဲ့ အစားအစာတခုနဲ့တခု ထိထပ်နေတာတွေ့ရင် အဲဒီအစားကို မစားချင်တော့ဘူး..။
၁၁… လူတွေကျွန်တော့်အပေါ် စိတ်တိုနေတယ်ဆိုတာ သတိမထားတက်ဘူး..
၁၂.. မပြုံးဘူး..
၁၃….
၁၄…

ဒီအပေါ်က အရာတွေဟာ ခရစ်စတိုဖာဆိုတဲ့ အသက် ၁၅ နှစ်အရွယ် ဇာတ်လိုက် ကောင်းလေးတယောက်ရဲ့ အတွေးလေးတွေပါ.. ခွေးတွေဟာ သစ္စာရှိတယ်.. ရိုးသားတယ်..လိမ္မာပါးနှပ်သလို တခါတလေ လူတွေထက်တောင် စိတ်ဝင်စားစရာကောင်းတယ်လို့ ခံယူထားသူလေးပါ… အပေါ်မှာလည်း သူမကြိုက်တာတွေကို တန်းစီပြောထားတယ်.. စိတ်ထဲ မရှင်းတာတွေကို အများကြီး တင်ပြထားတယ်.. သူ့မှာ ကြွက်တကောင်မွေးထားတယ်…။ ခရစ်စတိုဖာဟာ အဖေဖြစ်သူနဲ့ အတူနေထိုင်ရင်း အိမ်နီးချင်း ခွေးတကောင် သတ်ခံရမှုကို စုံစမ်းဖို့ ဖြစ်လာပါတယ်..။ ဒါပေမယ့် အဖေဖြစ်သူက ``ကိုယ့်ကိစ္စမဟုတ်ရင် မပါနဲ့``လို့ ပြောခဲ့လို့ တိတ်တိတ်စုံစမ်းရင်း သူ့အဖေပြောခဲ့တဲ့ စကားတွေနဲ့ လွတ်မဲ့မေးခွန်းမျိုးတွေ အပြုအမူတွေကို ဆက် အကောင်အထည် ဖော်နေခဲ့သူပါ… သူစုံစမ်းတာကို အဖေသိသွားပြီး သူ့မှတ်တမ်း စာအုပ်လေးကို အဖေက သိမ်းဆည်းလိုက်ပါတယ်..အဖေဖွတ်ထားတဲ့ စာအုပ်လေးကို လိုက်ရှာရာကနေ မထင်မှတ်ပဲ သူ့အမည်နဲ့ လိပ်မူထားတဲ့ စာတွေ တွေ့ခဲ့ရပါတယ်..။ စာလေးတစောင်မှာတော့ ဒီလိုရေးထားပါတယ်..။

`` ချစ်ရတဲ့ ခရစ်စတိုဖာ… အမေပြောခဲ့တယ်မလား… သားကို ပြောချင်တာတွေရှိတယ် ဆိုတာလေ… အမေ အဝေးကြီးကို သွားခဲ့တယ်ဆိုတာကိုပေါ့… အခုအမေအချိန်ရှိတုန်း ပြောပြချင်တယ်သားလေး.. အမေဟာ အမေကောင်းတယောက်တော့ မဟုတ်ဘူး…တကယ်လို့များအခြေအနေ တွေက အခုလို မဖြစ်ခဲ့ဘူးဆိုရင် သားလည်းပဲ တမျိုးဖြစ်ခဲ့မှာ အမှန်ပဲသား…. မင်းအဖေနဲ့ အမေက မတူကြဘူး..မင်းအဖေက စိတ်ရှည်တယ်.. စိတ်တို စိတ်မကောင်းစရာတွေ တွေ့ရင် ဖော်မပြပဲ သိမ်းထားတက်တယ်.. အမေကတော့ အဲလိုမဟုတ်ဘူး…``

အမေသေသွားတယ်လို့ သိထားခဲ့တဲ့ ခရစ်စတိုဖာဟာ အခုလို အမေက သူ့ဆီပို့ထားခဲ့တဲ့ စာတွေ ဖတ်ရတော့ စိတ်မကောင်းဖြစ်တယ်… ။ စာတွေ အထပ်လိုက် ဖတ်မိတဲ့ ခရစ်စတိုဖာ အဖေဟာ လူလိမ်ဆိုတာ သိသွားသလို သူစုံစမ်းနေတဲ့ ခွေးကိုလည်း အဖေသတ်တာ သိသွားပြီး အိမ်ကနေ အမေရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ ကြိုးစားပါတယ်… မလိမ်တက်တဲ့ ခရစ်စတိုဖာဟာ ဘေးအိမ်က မိန်းမကြီး စပ်စုတော့ အမှန်တိုင်းပြောမိလို့ အဖေ့ဆီ ပြန်ပို့မှာစိုးကြောက်ပြီး လန်ဒန်ကို ရထားနဲ့ ပြေးဖို့ကြံရွယ်ရမှာ အိမ်ကယူလာတဲ့ အဖေရဲ့ ဘဏ်ကဒ်ကနေ ငွေထုတ်..ပတ်ဝန်းကျင်.. လူတွေကိုလေ့လာ ..ရဲနဲ့တွေ့..ထွက်ပြေး… မွေးထားတဲ့ကြွက်ပျောက်သွားလို့ လိုက်ဖမ်းနဲ့ ရင်တုန်စရာတွေ တပွေ့တပိုက်ကြုံခဲ့ရပါတယ် .. ။ အဆုံးမှာ အမေ့ဆီကို ရောက်ခဲ့ပါတယ်.. အမေရဲ့ နောက်အိမ်ထောင်က မကြည်ဖြူတာကိုလည်း သူသိနေပါတယ်.. အဆုံးတော့ အမေဖြစ်သူ သူ့ယောကျာ်းနဲ့ စကားများပြီး.. သူ့ကို စောင့်ရှောက်တဲ့ အမေလည်း အလုပ်မသွားနိုင်ရာကနေ အလုပ်ပြုတ်သွားပါတယ်..။ လန်ဒန်မှာနေတုန်းခဏလည်း သချာင်္ ကို သဘောကျတဲ့ ခရစ်စတိုဖာ စာမေးပွဲ ဖြေမယ်တကဲကဲနဲ့ အမေကို ပူဆာပါတယ်… အမေဖြစ်သူက ဆရာကို မဖြေတော့ဘူးလို့ လှမ်းအကြောင်းကြားပြီးကာမှ အိမ်ထောင်ရေးအဆင်မပြေလို့ ခရစ်စတိုဖာ နေထိုင်ရာ နေရာလေးကို ပြန်ရောက်လာခဲ့ပါတယ်..။ အဖေရှိတဲ့ နေရာလေး ကိုပြန်လာခဲ့ပြီး အဲဒီအိမ်မှာ ခဏ နေခဲ့ကြပါတယ်..ဒါပေမယ့်လည်း ခွေးသတ်ခဲ့တဲ့ အဖေကို မယုံတဲ့ ခရစ်စတိုဖာကြောင့် အဖေဖြစ်သူက တခြားနေရာမှာ သွားနေပေးခဲ့ရပါတယ်..။အဖေက နောင်ဆို သူနာကျင်အောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးခဲ့သလို ခွေးလေးတကောင် ဝယ်ပေးခဲ့ပါတယ်..။ ဇာတ်လမ်းအဆုံးမှာ အမေက ထိုက်တန်တဲ့ အိမ်လေးတလုံး ဌားပြီး သားအမိနှစ်ယောက် ရှေ့လျောက်သလို ခရစ်စတိုဖာအတွက် လင်းလက်တဲ့ အနာဂါတ်တခု ရှိနေတယ်လို့ ကိုယ်တိုင်ယုံကြည်နေတဲ့ အဖြစ်ကလေးပါ..။


စာရေးဆရာက (Mark Haddon ) ပါ.. တခါမှ သူ့စာတွေကို မဖတ်ဖူးပါဘူး.. ဒီစာအုပ်ကလည်း ယောက်ျားကျောင်းက ဖတ်ခိုင်းလို့ စိတ်ဝင်စားတာနဲ့ ကောက်ယူကြည့်ရကနေ အတော်သဘောတွေ့သွားပါတယ်…သာမန်ဖတ်နေကြ စာအုပ်မျိုးတွေထက် ထူးတာက..သူတွေးတာတွေကို ပုံလေးတွေနဲ့ ဖော်ပြမှုဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်..။ စာရေးဆရာက သူပြောချင်တဲ့ အတွေးတွေကို ဒီရသ စာအုပ်ထဲ ထည့်ပေးထားတာတွေဟာ ရယ်စရာ တွေးစရာ စဉ်းစားစရာတွေ အများကြီးမို့ မော်ဒန် သမားတွေ အကြိုက်ဖြစ်မယ်လို့ ယူဆပါတယ်..။ စာရေးသူဟာ ကလေးတွေနဲ့ ပတ်သက်တာတွေကို ပုံဆွဲသလို စာတွေရေးခဲ့ပါတယ်..ဒီစာအုပ်လေးဟာ ရောင်းအားကောင်းခဲ့ပြီး ဆုလည်း ရခဲ့ပါတယ်…။ သူဟာ အပျော်တမ်း အလုပ်သမားအဖြစ်နဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်…အဓိကကတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ကလေးတွေကို ကြည့်ရူစောင့်ရှောက်ခဲ့သူ တယောက်အနေနဲ့ပါ..။

စိတ်ဝင်စားမယ်ဆိုရင် စာအုပ်အမည်က ``The Curious Incident of the Dog in the Night-Time``

မဗေဒါ (၈၈)
၀၄.၀၅.၂၀၁၁

9 ဦး၏ဆွေးနွေးချက်:

မန်းကိုကို said...

မဗေဒါရေ ၊ စာရိုက် နည်းနည်းလောသွားတယ် နဲ့တူတယ် ။ ခရစ်စတိုဖာကို ခေါင်းစဉ်မှာ “..တို ဖာနဲ့” ဆိုပြီး space ခြားထားလို့ ဗမာလို အဓိပ္ပါယ်ထွက် လွဲနေနိုင်ပါတယ် ။ ပြန်ကြည့်ပါဦး ။

mabaydar88 said...

ကိုမန်း လိုင်းပေါ်ရှိနေလို့တော်သေး..။

ကျေးဇူးနော် ကိုမန်း..။ ပြင်လိုက်ပြီ.. အဲလိုပါပဲ..ဒီစိန်ဗေဒါကတော့ အကြောင်းနဲ့ အရာရာ..။

မဗေဒါ

SHWE ZIN U said...

မဗေဒါ ရေ

စာကောင်းလေး ဖတ်သွားပါတယ် ကျေးဇူး

ကိုကြီးကျောက် အတွက် လုံးဝစိတ်မကောင်းဖြစ်မိပါတယ်

thadarhline said...

အမ..
သဒ္ဓါရောက်ပါတယ်.။ သဒ္ဓါတို့တွေ လုပ်စရာရှိတာတွေ လုပ်ဖို့ 'ဘာ'မှမသေချင်သေးဘူးနော်..။
အမမိသားစု ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ.။
ညီမသဒ္ဓါ

သူကြီးမင်း (တုံးဖလား) said...

ခရစ်တိုဖာရဲ့ အတွေးလေးတွေကလဲ စိတ်ဝင်စားစရာပါလား။ မဗေဒါအတွေးနဲ့ ခပ်ဆင်ဆင်ရယ်။း)))

ခင်မင်လျက်

makhaing said...

ဟာ ဒီကိုကိုမောင် သူဂျီး ..

မဟုတ်က ဟုတ်ကတွေ ပြောတော့မယ်..။

မဗေဒါ

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရဲ့စာတွေကိုမဖတ်ရတာကြာလို့ အလွမ်းပြေ လာဖတ်ပါတယ်.. ပြတ်သားခြင်းဆိုတာ မဗေဒါ ၈၈ရဲ့ သင်္ကေတပဲလို့မှတ်လိုက်မိပါတယ်.. အမြဲတမ်းပြတ်သားစွာနဲ့ အကျိုးပြုစာတွေဆက်လက် ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရဲ့စာတွေကိုမဖတ်ရတာကြာလို့ အလွမ်းပြေ လာဖတ်ပါတယ်.. ပြတ်သားခြင်းဆိုတာ မဗေဒါ ၈၈ရဲ့ သင်္ကေတပဲလို့မှတ်လိုက်မိပါတယ်.. အမြဲတမ်းပြတ်သားစွာနဲ့ အကျိုးပြုစာတွေဆက်လက် ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

Myanmar Good Knowledg Co., Ltd said...

မဖတ်ရတာကြာနေပြီ။
အစပိုင်းမှာ မဗေဒါကိုယ်တိုင်ပြောနေတာတွေလားလို့တောင်ထင်မိတယ်။
ကျွန်မလည်း ဒီပို့စ်လေးကို သဘောကျမိတယ်။
ရိုးရိုးလေးပဲ။