Saturday, May 7, 2011

လျှောက်လဲချက်လည်း မဟုတ်ပါ..






အော်စလိုသင်္ကြန်မှာ ဘာတာဝန်မှ မရှိပဲ ၄ ပါတ်လောက် ယောင်ဝါးဝါး လိုက်လုပ်ခဲ့ပါတယ်..။ သူများတွေကတော့ တကယ်ကို တာဝန်ရှိလို့ ယူထားတဲ့ တာဝန်တွေအတွက် သွားရ လာရ..ကျွန်မကတော့ တာဝန်မရှိပဲ လိုက်သွားလိုက်တာ…. အပျော်ကို မနဲ…ရပ်ယူရတဲ့အထိ..။ အော် ပျော်စရာမရှိတဲ့ ဟောဒီက ဝန်ရိုးစွန်းမှာ အဲသလို မပျော်ရင်လည်း လူဖြစ်ရကျိုး ရူံးရချည်ရဲ့လို့ ကိုယ့်ဘာသာယူဆတာမို့ ဖန်တီးရယူခြင်းလည်း မည်ပါပေတယ်..။ အော်စလိုသင်္ကြန်ကတော့ ကျန်ခဲ့တဲ့လ (၁၆) မှာလုပ်ခဲ့တာပါ… သူများတွေ အကတိုက်တာ သံချပ်တိုက်တာ… တွေကြည့် အားကျလာခဲ့တာနဲ့ သီချင်းဆိုချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့ပါတယ်.. ဒါနဲ့ပဲ သီချင်းဆိုမယ်ဆိုပြီး ဖြစ်သွားပါတော့တယ်..။ ဆိုချင်တာကလည်း တကယ့်အကောင်းစား..။ ကိုယ်ကြိုက်တဲ့သီချင်း… မြန်မာ့သီချင်း … မြန်မာ တိုင်း နှစ်သက်တဲ့ သီချင်းလို့ ယူဆရတဲ့ သီချင်းကောင်း ` သက်ဆိုင်သူသို့`..။ ရေးသူက ဘိုကလေးတင့်အောင်..။

ဒီမှာက အခန်းဌားရတာ အတော်လေး ဈေးကြီးတယ်… သိသလောက်တော့ ခရိုနာငွေ အစမ်းလေးကျင့်ဖို့ကို ၃၀၀၀ ပေးရတယ် .. ဒါတောင်…၂ နာရီစာပဲ… နောက်နေ့ ကျင်းပဖို့က သောင်းချီလေရဲ့..။ မဗေဒါက ပထမနေ့မှာ သီချင်းလည်း သွားမတိုက်ထားဘူး..တိုက်ဖို့လည်း အချိန် ၂ ဘက်လုံးမှာ မရှိဘူး… သီချင်းကိုတော့ အိမ်မှာ အလွတ် အခါခါ အော်ဟစ်ထားလေရဲ့.. ယောကျာ်းကလည်း ပါဝင်ကူညီပေးတယ်..။


အိမ်မှာတော့ အဟုတ်ဖြစ်နေပြီ… စာသားလည်း အလွတ်ရ… အပြတ်ကိုဟဲတာပဲ… ကျွန်မဆိုတာကို မကောင်းဘူးလို့ ပြောတက်တဲ့ သမီးကလည်း အားပေး ..ဟုတ်ပြီပေါ့..။ တကယ်လည်း ရောက်လာရော… အရှေ့က ..ဆိုသွားတဲ့သူမှာ ပြဿနာတက်ပါလေရော.. စက်သမား အတု ( စက်သမားမဟုတ်ပဲ… ဗာက် မာစတာလို့ ခေါ်တဲ့ ကင်းစောင့်လုံခြုံရေးစစ်ဆေးသူ ) က စက်ကိုင်တော့ အသံက စောင့်တက်လိုက် ပြတ်သွားလိုက် … ကျယ်လာ တိုးလာ ..သီချင်းက နှေးလာလိုက်နဲ့ အမျိုးမျိုး ဖြစ်တော့တာပါပဲ..။ ကျွန်မတို့က သူ့ရဲ့ အစမ်းသပ်ခံဖြစ်ကရောပဲ..။ အဲဒါကို စင်အောက်ကနေတွေ့တော့ အဲလောက်ဆိုရင် တော်တော် အခြေအနေ ဆိုးနေပြီလို့ သိလိုက်ပါတယ်… ပါမယ် ဆိုမယ် လို့ ပြောထားပြီးတော့လည်း မဆိုတော့ဘူး လုပ်လို့မပြောချင်တော့ဘူး…။ စင်ပေါ်လဲရောက်ရော ကျွန်မမှာ လူကြောက်တာရော… စင်ပေါ်မှာ တကယ်မဆိုဘူးလို့ အသံက တုန်.. ထွက်လာတဲ့ စက်က သီချင်းသံက ဟုန်.. ထွက်လာတဲ့ အခွေက သီချင်းကလည်း ပြတ်တောက်ပြတ်တောက်နဲ့ မှတ်ကရောပဲ..။ စက်က တမျိုး ကျွန်မက တမျိုး နှစ်မျိုး နှစ်သံနဲ့ သက်ဆိုင်သူသို့ ကို ချဲလိုက်တာ ပျက်ကရောပဲ.. ။ သီချင်းကို သည်းခံပြီးနားထောင့် သူများကိုလည်း အားနာရသလို ကိုယ့်မျက်နှာလည်း အရှေ့ကနေ အနောက် ပြောင်းလို့ မဖြစ်တော့ ဒီအတိုင်းပဲ နေလိုက်ရတော့တာပါပဲ..။ ဒါတောင် အဲဒီပြတ်တောင်း ဖြစ်နေတာကို ပြီးအောင် ဆက်ဆိုလိုက်မိသေးတယ်.. အဲသလို ဝါသနာရယ်ပါ..။



အဲသလို ၂၀၁၁ သင်္ကြန် အော်စလိုမှာ ဝင်ကဲ ခဲ့တဲ့ ကျွန်မ…. ဝါသနာကို တားမရလို့ အိမ်မှာ သီချင်းတွေ ဆက်လေ့ကျင့်နေဆဲ..။ အိမ်မှာတင်မဟုတ်ဘူး.. ကျန်ခဲ့တဲ့ အပတ်ကလည်း သူငယ်ချင်းအိမ်တွေမှာ သွားဒုက္ခပေးပြီးသွားပြီ.. ဒီမှာက သွားရေးလာရေးနဲ့..တခြားသော အရေးများကလည်း မထောင်းသာတာမို့ ခနခနလည်း ဒုက္ခပေးလို့ မရဘူး..။ လက်လုပ်လက်စားဘဝ စိန်ဗေဒါမလား..။ ဒါကြောင့် အိမ်မှာပဲ မိသားစုကို အသံနဲ့ ဒုက္ခပေးနေရတော့တယ်..။ နောက် လာအုံးမယ် အတီး.. လေ့ကျင့်နေတယ်..လက်ထိပ်တွေတော့ တော်တော်နာနေပြီ..။

အော်ဝါသနာများ မခမ်းခြောက်တက်ဘူး…ဘယ်လောက်ထိ…. များ ဆိုချင်စိတ် ဖြစ်နေအုံးမလဲ မသိဘူး..။ အင်း တကယ်တော့လည်း ကိုယ်တယောက်တည်း မဟုတ်ပါဘူး… အများကြီး…ထဲက ကိုယ်က တယောက်ပါ…။ ဟဲ အဖော်တွေကိုပါ ပါအောင်ခေါ်မှ ..။ တော်ကြာနေ ကိုယ်တယောက်တည်း ပေါတယ်ထင် နေမှာစိုး လို့..အများကြီးရှိတယ်… မဗေဒါတို့ နေတဲ့ နော်ဝေးမှာ..။ အဆိုတော်ဖြစ်နိုင်သူတွေလည်း ဒုနဲ့ ဒေး….။တကယ်ပြောတာ နောက်တာမဟုတ်ဘူး… အဆိုတော်အစစ်တွေလည်း ရှိတယ်…ကချင်အဆို တော်တွေ.. မဗေဒါ တို့ က ဝါသနာရှင် အတုလေးတွေ..။



… စင်ပေါ်မှာ ဆိုသွားတာကို သည်းခံပြီး နားထောင်သွားတဲ့… သူများကို.. ကျေးဇူးပါ ။ ဓါတ်ပုံများလည်း အမှတ်တယ တင်ပါတယ်.. အသံကို နားမထောင်ရလည်း အင်မတန် လှပတဲ့ ကျွန်မရဲ့ ပုံကို ကြည့်လိုသူများ ကြည့်ရအောင်..။ အသံနဲ့ ဒုက္ခကို မခံစားရသူများ ပုံလေးနဲ့ ဒုက္ခ ခံစားကြပါစေသတည်း…။ အော်ပြောအုံးမယ် အပြင်မှာ မလှပေမဲ့ နဲနဲကြည့်ကောင်းလို့ တင်ပေးတာဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးး….

နှစ်သစ်မှာ ပျော်ရွင်ကြပါစေ လို့… ။

မဗေဒါ (၈၈)
၀၁.၀၅.၂၀၁၁

5 ဦး၏ဆွေးနွေးချက်:

Nge Naing said...

သူငယ်ချင်း တော်တော်လှနေပါလား။ သင်္ကြန်မှာ တော်တော်ပျော်ခဲ့တယ်ဆိုလို့ မနာလိုတောင် ဖြစ်ရမလိုလိုပဲ။ ဒါနဲ့ သင်္ကြန်နဲ့ သက်ဆိုင်သူနဲ့က ဘာဆိုင်လို့လဲ။ မဆိုင်ပေမဲ့ မြူးမြူးကြွကြွလေးဆို ဟုတ်သေးရဲ့ အခုတော့ သက်ဆိုင်သူဆိုတော့ သင်္ကြန်မှာ ပျော်တယ်လည်း ပြောတယ်၊ အလွမ်းသီချင်းတွေလည်း ဆိုတယ်ဆိုတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ တော်တော်ပျော်ခဲ့တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။

ဇော်သိင်္ခ said...

``သက်ဆိုင်သူသို့`` ဆိုသွားတာ အတီးကတစ်မျိုး၊ အသံက တစ်မျိုးဆိုတော့ ပိုပြီးနားထောင်လို့ ကောင်းမှာပေါ့ မမဗေရဲ့။ အသံဖိုင်လေး ရှိရင် တင်ပေးပါလားဟင်။ :)
သင်္ကြန်မှာ အဲဒီလို ပျော်ပျော်ပါးပါး သီချင်းဆိုရတာ ပျော်စရာ ကောင်းပါတယ်။

Myanmar Good Knowledg Co., Ltd said...

မဗေဒါကတော့ လုပ်မယ်။
ယောက်ျားကလည်း စင်ပေါ်ထိတောင်လိုက်အားပေးတယ်။
တော်တယ်နော်။
ဓါတ်ပုံတွေလှတယ်။
ပျော်စရာကြီးပဲ။
ခင်မင်စွာဖြင့်

ကောင်းမွန်ဝင်း

သူကြီးမင်း (တုံးဖလား) said...

နားထောင်လို့ အရမ်းကောင်းတာဘဲတဲ့။ ဟို နားမကြားတဲ့ အန်ကယ်ကြီး တစ်ယောက် ပြောပြတား)))))။

ဒီလိုဘဲပေါ့ မဗေဒါရယ်။ စက်က မကောင်းလို့ပါ။ အသံကတော့ ဆိုးပြီးသား။း)))

ပျော်ရွှင်စွာပျော်မြူးနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

mabaydar88 said...

အရှက်များဖြင့် ဖုံးလွမ်းနေသော ကျမအား လာရောက်အားပေးပါသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ရှင်..။ နောက်ဆက်လက် သီဆိုမဲ့ သီချင်းကတော့ ``တက္ကသိုလ်ကျောင်းက ငွေလမင်း ``````ပါရှင်...

အဟမ်းးးးးးးးးးးးးးးးးးးးးးးးး.... ။

စိန်ဗေဒါ