Saturday, April 30, 2011

မရေး( တင်) ချင်ဘူး… …



စီဘောက် ပိတ်ထားလား..စာရေးလို့ မရဘူးလို့ ပြောလာတဲ့ သူငယ်ချင်းမိတ်ဆွေ များကို အသိပေးရင်း ဒီစာကို ရေးဖြစ်ပါတယ်..။ တကယ်မရေးချင်တဲ့ အကြောင်းအရာပါ..ဒါကြောင့်မို့ ကိုယ်ရေးကိုယ်တာနဲ့ နဲနဲဆိုင်တာမို့ ဒီလိုအကြောင်းအရာတွေကို စိတ်မဝင်စားသူများအတွက် တခါတည်း ကြိုအသိပေးရင်း ရှေ့ဆက်ဖတ်ဖို့ လိုမလို တခါတည်းဆုံးဖြတ်လို့ရအောင် အသိပေးတာဖြစ်ပါတယ်..။

သူငယ်ချင်း မငယ်နိုင်ကို အမျိုးမျိုးနှောင့်ယှက် နေသူ ၂ ယောက်လောက် ရှိမယ်..လို့ခန့်မှန်းမိရင်း.. ကျွန်မတို့လို အတိုက်အခံပဲပြောပြော ဒီမိုကရေစီကို ချစ်တဲ့သူတွေရဲ့ ဘလော့များကို လူမြင်မကောင်းအောင် နှောင့်ယှက်သူများရဲ့ လုပ်ဟန်နဲ့ ပတ်သက်ပြီး ပြောစရာ နဲနဲရှိပါတယ်.. အဲလိုနှောင့်ယှက်သူ များဟာ ဘယ်သူဘယ်ဝါ ဘယ်မှာနေတယ် ဆိုတာကတော့ ကွန်ပြူတာ ကျွမ်းကျင်သူများ ပြောစကားနဲ့ သေချာတွက်ချက်ကြည့်ရင်တော့ ဘယ်အရပ်မှာ ရှိနေတယ် ဘယ်ကွန်ပြူတာ (ဆိုလိုတာက) အများသုံးကွန်ပြူတာကိုသုံးနေပြီး ရေးနေတာလား ကိုယ်ပိုင်လက်တော့ လေးကို ကိုင်ပြီး သုံးနေတာလား ဆိုတာ မေးလိုက်တာနဲ့ သိပါလိမ့်မယ်.. ဒါပေမဲ့လည်း ဒါတွေက လိုက်စစ်ဆေး မေးခွန်းထုတ်နေဖို့တော့ မလိုဘူးလို့ထင်ပါတယ်..။ အချိန်တွေ ပိုနေလို့ ဒါမှမဟုတ် ရည်ရွယ်ချက်တွေနဲ့ နှောင့်ယှက်နေတယ်ဆိုတာ သိသာလှပါတယ်..။ နောက် လုပ်သူ ဟာ ဘယ်အရပ်ကဆိုတာရယ် ဘယ်လိုလူမျိုး ဘယ်အခြေအနေမှာ ရှိတယ်ဆိုတာ အတိအကျ ပြောနိုင်ခန့် မှန်းလို့ရမဲ့ သူတွေ ရှိနိုင်သလို မမှန်းတက်သူလည်း ရှိနိုင်ပါတယ်..။ အမှန်းရ ခက်နေသူတွေကို တခုလေးတော့ ပြောချင်ပါတယ်.. သိက္ခာ ဆိုတာ လူတယောက်ဟာ (မိသားစု လူ့အဖွဲ့အစည်းထဲ) မှာ အကျိုးယုတ်အောင် မဖျက်ဆီးသမျှ သူဟာ လူကောင်းတယောက်ပါ..။ လူတယောက်ကို မလိုသူတွေက ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် အဲဒီလူရဲ့ သိက္ခာ ကျသွားတယ်လို့ မယူဆသင့်ပါဘူး ..။ ဒါပေမယ့်လည်း ဒီကနေ့ ဖြစ်တည်နေတဲ့ ခေတ်အခြေအနေအရ.. ဘလော့ဂါ ကို … ( ) ပြောသလို ဇဝေဇဝါ ဖြစ်နိုင်တဲ့ အေ ခြအနေတွေ အများကြီးကို ဖန်တီးလို့ ရနေတာတွေလည်းရှိပါတယ်..။ ဖြစ်အောင်လည်း လူ ၂ ယောက်လောက်က ဖန်တီးနေတာပါ.. ဒါကြောင့် စစ်အစိုးရ ပြောတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတာဟာ ဒီထဲမှာ အပါအဝင်ပဲလား ဆိုတာလည်း စဉ်းစားစရာပါ..။ ပါချင်မှလည်း ပါမှာပါ..ပုဂိုလ်ရေးအရ အမြင်ကတ်လို့ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်..။ သူငယ်ချင်းမငယ်ကိုတော့ ဘာကြောင့်လုပ်တယ်ဆိုတာ သူရေးထားတာကို ဖတ်ရင်သိကြမှာပါ.. အဲဒီလိုပဲ ကျွန်မကိုလည်း သမီးကနေတဆင့် သတ္တိပြောင်မြောက်စွာ ဗြောင်ပြောထားပါတယ်..``နင့်အမေကို ဆုံးမချင်လို့.. ကြည့်မရလို့``ဆိုပါတယ်.. သမီးကနေလည်း တဆင့် သတိပေးခိုင်းထားတာတွေလည်း အများကြီးပါ..။ .အင်မတန်ကို သတ္တိပြောင်မြောက်လှတဲ့ မလောက်လေးမလောက်စား နိုင်တဲ့ သတိပေးမှုများပါ..။

နိုင်ငံရေးကိစ္စတွေကို ချက်နဲ့လက်နဲ့ ဆွေးနွေးနိုင်တဲ့ အရည်အချင်း အသိတရား (ညဏ်)ကင်းမဲ့တာကြောင့် အိမ်က သမီးနဲ့ ငြင်းခုံရင်း ကျွန်မရဲ့ ဘလော့ကို လာဖတ်ရင်းဘာလုပ်ရမှန်းမသိတာနဲ့.. မနိုင် နိုင်အောင် ပြောနိုင်တဲ့ နည်းတွေနဲ့ သိက္ခာကျအောင်.. ဖန်တီးလာမှုဟာ ကျွန်မတို့ သားအမိအတွက်တော့ ဟာသများပါပဲ..။ အခုလို ကြည့်မရ ဖြစ်နေပြီး ရန်လိုနေသူ ၂ ယောက်ထဲက တယောက်ကတော့ ကျော်သူအောင်လို့ သိထားပါတယ်..။ သူ စစ်သား ဟုတ်မဟုတ် ဆိုတာတော့ သေချာမသိပါဘူး..။ ဒေါ်စုပုံအပါအဝင် အခြားသော အမြင်မတော်တဲ့ ပုံများကို ဖန်တီးသူဟာလည်း သူပဲလို့ သိရပါတယ်.. ။ နောက်တယောက် ကတော့သူ့အထက်က ဆရာကြီးလို့ ယူဆရင် ရနိုင်ပါတယ် .. ဆိုတော့ ၂ ယောက်လောက်က နိုင်ငံ့ထမင်းစား ဒါမှမဟုတ်လည်း ကိုယ့်ထမင်းကိုယ်ရှာစားပြီး မိုက်တွင်းနက်နေကြသူများလို့ ပြောရင်ရနိုင်ပါတယ်..။

အင်ဖော်မေးရှင်း ခေတ်ကြီးမှာ စာတွေမျိုးစုံရေးပြောမယ်.. အမှန်နဲနဲ အမှားများများ ဒါမှမဟုတ်လည်း အမှားတွေကြီးပဲကို အဟုတ်လုပ် အကွက်ဆင် (ဆိုလိုတာက ဖေ့ဘုတ်မှာ ပုံတွေကို ခိုးကူး… အမှန်လိုလို ဖန်တီးရင်း နာမည်ပျက်အောင် လုပ်ခြင်း) မျိုးတွေကို ကျော်သူအောင် သတ္တိရှိစွာ အချိန်တွေအားပြီး လုပ်ယူတယ်လို့ ဆိုနိုင်ပါတယ်..။ မြန်မာပြည်မှာနေတုန်းက နိုင်ငံရေးလုပ်တဲ့ ကျွန်မကို အမျိုးမျိုးနှောင့်ယှက်တဲ့ထဲမှာ ကျွန်မအဘိုးကို မိဘတွေ မရှိုတုန်း သတင်းလာမေးသလိုလို ဘာလိုလိုနဲ့ ထောက်လှမ်းရေးတွေ အလုပ်မရှိ အလုပ်လာရှာ ရင်းနှီးအောင်လုပ်ခဲ့တဲ့ အကျင့် ကြောင့် ကျွန်မအပေါ်မှာ အထင်အမြင် လွဲမှားမှုတွေ အများကြီး ဖန်တီးမှုတွေကို ပြန်လည် အမှတ်ရစေပါတယ်..။ တကယ်ကတော့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတာ ဖြစ်တာကို လူကြီးတွေက သိခဲ့တယ်.. လူငယ်တွေကြားမှာပဲ မသိခဲ့လို့ အမြင်မှားတွေလည်း ရှိခဲ့ဖူးတယ်..။ ဆိုတော့ ပြောချင်တာက ယနေ့ အခြေအနေ ဘလော့လောကမှာ ကျွန်မအပါအဝင် ရိုင်းစိုင်းစွာ ဓါတ်ပုံနဲ့ပဲဖြစ်ဖြစ် အခြားသော ပေါက်ကရ ညစ်ညမ်းတဲ့ စာသားတွေနဲ့ပဲဖြစ်ဖြစ် ဖော်ပြခံနေရခြင်းကိစ္စမှာ ဘာလို့ ဒီလို လုပ်နေကြသလဲဆိုတာကို မှန်းဆတက်ရင် သိကြလိမ့်မယ်လို့ ထင် ပါတယ်..။ ဒါကြောင့် ကျွန်မကို ရင်းနှီးပြီး `မအေးခိုင်ရေ ဆိုကာ `ဖုန်း မေးလ်နဲ့ အကြောင်းကြား အသိပေးပြီး ပူပန်ပေးတဲ့ ရိုးသားတဲ့ လူတွေအတွက် ဒီစာကို ရည်ရွယ်ရေးခြင်းဖြစ်ပါတယ်..။

အထက်က ခိုင်းလို့ပဲလုပ်လုပ် လူတွေကိုမုန်းလို့ပဲလုပ်လုပ်.. ရည်ရွယ်ချက်ပေါင်းများစွာနဲ့ လုပ်နေကြတယ်ဆိုတာ ကျွန်မတို့ သိဖို့လိုပါတယ်.. သူတို့ရဲ့ အဓိက ပစ်မှတ်က စစ်အစိုးရ မကောင်းတာတွေ မရေးဖို့.. ဒေါ်အောင်ဆန်းစုကြည်အပေါ် ကောင်းတာတွေ မပြောဖို့ မရေးဖို့.. အပြင်ဘက်မှာ အောင်မြင်နေတဲ့ ကလေးတွေ (ဥပမာ နော်ဇိုးရာဖန်း.. ဝေနှင်းပွင့်သုန် ) လူမျိုးတွေ ကို မထောက်ခံဖို့.. တပ်မတော်ဖခင် ဗိုလ်ချုပ်ကို မေ့ဖို့… တခြားသော အတိုက်အခံ အတွက် အလုပ်လုပ်နေတဲ့ အဖွဲ့တွေကို မထောက်ခံဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးကြတယ်လို့ ယူဆရပါတယ်..။ အဲဒီလူတွေဟာ စစ်သားအစစ် ဟုတ်ချင်မှ ဟုတ်မှာပါ… ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မသိသလောက် စစ်သားဆိုတာ ပြတ်သားမယ် ရဲရင့်တယ်.. မြင်တာကိုပြောမယ်..အမိန့်ပေးမယ် အမိန့်လိုက်နာမယ်.. သူ့မှာ ရိုင်းစိုင်းလောက်တဲ့ ညစ်ညမ်းတဲ့ ပက်ပက်စက်စက် စိတ်ထားမျိုး သာမာန်အချိန်တွေမှာ မရှိလောက်ဘူးလို့ ယူဆရပါတယ်..။ ဆိုလိုတာက လူစိတ်မပျောက်အောင် တခုခု မသုံးစွဲထားသေးသ၍..။ နောက်တခုဖြစ်နိုင်တာကလည်း လူကတော့ စစ်သားအတု ..ဘယ်ဘက်ကိုမှ မထောက်ခံပဲ ဘေးထိုင်ဘုပြော..အမြင်ကတ် အပြစ်ရှာကာ အကုသိုလ် ဝယ်ယူနေသူလည်း ဖြစ်နိုင်ပါတယ်..။ သူရဲ့ ဟန့်တားနည်း ပေါင်းစုံထဲကမှ နည်းတနည်းနဲ့ ဘလော့ရေးသူတွေကို အရှက်ကွဲရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေတာလည်း ဖြစ်နိုင်ပါတယ်..။

ကျွန်မ လင့်အတုကို ရောက်ခဲ့တဲ့ အသိတယောက်က ``မအေးခိုင် ဘာတွေ လျှောက်ရေးနေတာလဲ ဆိုပြီး စဉ်းစားနေတာ..နောက်မှ ဟုတ်သေးပါဘူး ဒါ မအေးခိုင်ရေးတာ နဲ့မတူဘူး`` ဆိုပြီး ဖုန်းဆက်လာဖူးပါတယ် ..ကျွန်မလည်း အကုန်မဟုတ်ပေမဲ့ သိသလောက်တော့ ရှင်းပြပါတယ်.. ဖြစ်နေတဲ့ အခြေအနေတွေရယ် ဘာကြောင့် ဒီလိုနှောင့်ယှက် သလဲဆိုတာပါ… ဒါ…ဟိုတုန်းက မဗေဒါ လင့်အတုနဲ့ ပေါ်လာတုန်းကပါ…။ နောက်ကျတော့လည်း လူတွေ သိမယ်လို့ ယူဆရတာရယ်ကြောင့် ကျွန်မရေးတက်တဲ့အကြောင်းအရာ တွေဟာ ဒါမဟုတ်ဘူး ဆိုတာကို မှန်းဆလို့ရမယ်လို့ထင်ရတာကြောင့် ရှင်းလင်းတာလည်း မလုပ်ခဲ့ပါဘူး..။ အခုလည်း မလုပ်ချင်ပေမဲ့ (၈၈) အမည်နဲ့ ပတ်သက်တဲ့ မေးလ်တွေထဲထိ ပုံတွေ စာတွေ လျှောက်ရေးပို့နေတာကြောင့် ဘလော့ ဘောင်ကို ကျော်သွားတာမို့ မရေးချင်ပေမဲ့ အသိပေးရင်း တင်ဖို့ စဉ်းစားမိတာပါ..။ နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ ရှက်တက်တဲ့ သိက္ခာရှိတဲ့ လူငယ်တွေဟာ ဒီလို အရေမရ အဖတ်မရတာတွေ လုပ်လိမ့်မယ်လို့ ကျွန်မမယူဆဘူး.. ဆိုတာနဲ့ ကျွန်မကို မကြိုက်ရင် အချိန်မရွေး ဘာမကြိုက်လဲ ဆိုတာ အဖြေရှာ ဆွေးနွေးနိုင်တယ်လို့ အသိပေးပါတယ်..။

နောက်တခုက ခင်ပြီးသားဘလော့မှာ မဗေဒါ နဲ့ သိသလိုလို ဟိုလိုလို ..ဒီလိုလို ရေးတာမျိုးတွေလည်း ရှိတက်ပါတယ်..။ တကယ်တော့ ဘလော့လောကထဲ မငယ်ကလွဲရင် ထဲထဲဝင်ဝင် သိခဲ့သူဟာ နည်းပါတယ် ....တော်လှန်ရေးလောကထဲက လူအများစုကလည်း နာမည်ရင်း ဒါမှမဟုတ် ကလောင်အမည်နဲ့မို့ သူတို့ ရေးရင်လည်း သိသာပါတယ်… ဟိုလိုလို ဒီလိုလိုလည်း မရေးကြပါဘူး..တိုက်ရိုက်ပဲ ရေးကြတာများပါတယ် ။ ဒါကြောင့် စာရေးလို့ တကယ်ရင်းနှီးသယောင်နဲ့ လာရေးတယ်.. အဟုတ်လုပ်ပြောနေတယ်ဆိုရင် ကျွန်မနဲ့ သိသူမဟုတ်ဘူး ဆိုတာကိုလည်း တပါတည်း ပြောချင်ပါတယ်.. နိုင်ငံရေးလုပ်သူတွေကို အကြည်အညိုပျက်အောင် လေးစားမှုလျော့အောင် နည်းအမျိုးမျိုးလုပ်တာတွေ အစဉ်ရှိခဲ့ပါတယ်.. ဘလော့လောကမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေကို မယုံမကြည်ဖြစ်အောင် လုပ်နေတယ်ဆိုတာကို သတိကပ်ထားဖို့ သတိပေးချင်ပါတယ်..။

အဆုံးသတ်မှာ တခုပြောချင်ပါသေးတယ်… ဆရာကျော်ဝင်းရေးတဲ့ စာအုပ်ထဲမှာပါတဲ့ စာသားလေးပါ… ကျောင်းသားလေးတယောက်က သူ့ရဲ့ပြိုင်ဘက်ကို တကွက်သာအောင် အမြဲစဉ်းစားရတယ်တဲ့ ..အဲလိုပဲ..ကျွန်မပါဝင် ပတ်သက်နေတဲ့ ဘလော့လောကမှာလည်း ချစ်သူ ခင်သူ ရှိကြတာမို့… … စာလာဖတ်တဲ့ထဲမှာ ပါတဲ့ ..အဖျက်သမားများ (၂) ယောက်လောက်ရဲ့ အမုန်းရှာ..ရန်ရှာ…တက်တဲ့ ပုဂိုလ်ရေး တိုက်ခိုက်မှုတွေ… ဆဲဆိုမှုတွေ… ရဲ့ ဘလော့ကွက်ကျော် ရိုက်ခြင်း မယုံမကြည်ဖြစ်အောင်လုပ်နေကြခြင်း.. ဘလော့ ပျက်အောင်.. စီဘောက် တွေ ပိတ်သွားအောင် လုပ်ကြခြင်းအပေါ် ပညာရှိလို့ သတိထားတက်ကြပါစေလို့ ..။

လောလောဆယ် ကျော်သူအောင် နှင့် အပေါင်းအပါများ သုံးနေတဲ့ အိုင်ပီ ( 193.200.150.125 ) ( 66.232.100.247) ( 184.154.49.106) ပါ… ။

(ကျွန်မကို ရင်းနှီးသူများရဲ့ မေးမြန်းမှု သတိပေးမှု… စိုးရိမ်ပူပန်ပေးမှုများ အားလုံးကို ကျေးဇူးတင်ပါတယ်… ဒီစာကိုရေးထားတာ အတော်ကြာပါပြီ.. တင် သင့် မတင်သင့် အကြိမ်ကြိမ်စဉ်းစားရသလို …မနေ့တနေ့က (၈၈) အုပ်စု မေးလ်ထဲမှာ ပို့လာတဲ့ ဓါတ်ပုံများ… စာများကြောင့် ရေးတင်ဖို့ အကြောင်းဖန်လာပါတယ်..။ စာများကို အကောင်းမွန်ဆုံးဖြစ်အောင် တည်းဖြတ်ပြီးမှ မတင်ချင်ပဲ တင်ရသည့် စာစုများလည်း ဖြစ်ပါတယ် ..။ ကွေးသောလက် မဆန့်ခင် အခိုက်အတန့်လေးမှာ ချစ်တဲ့စိတ်ထားတွေ ..တန်ဖိုးရှိတာတွေ… ကို မွေးယူတည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်..။ )

မဗေဒါ
၀၉.၀၄.၂၀၁၁

3 ဦး၏ဆွေးနွေးချက်:

မန်းကိုကို said...

ဟုတ်တယ် ၊ ကျနော်လည်း မရေးချင်းဘူး :-)

ဖတ်ရင်း ဖတ်ရင်း မျက်စိလည်ပြီး ဘာရေးရမှန်း မသိတော့ဘူး ။

အရမ်းမအားပေမယ့် လက်ဆော့လိုက်တော့ 66.232.100.247 က ရုရှ-မော်စကို နဲ့ ကျန်နှစ်ခုကတော့ အမေရိကန်ပြနေပေမယ့် anonymouse.org နဲ့ proxy တဆင့်ခံပြီး လာတာသိရပါတယ် ။ ဒီထက်လည်း နက်နက်နဲနဲ အချိန်အကုန် မခံတာ ပိုကောင်းမယ်ထင်ပါတယ် ။

ဘာရယ် မဟုတ်ပါဘူးဗျာ ၊ ဝင်နှုတ်ဆက်ရင်း စီပုံးလည်း ပိတ်ထားတာမို့ သတင်းဝင်မေးရင်းပါ ။

ချမ်းသာကိုယ်စိတ်မြဲပါစေဗျာ ။

Nge Naing said...

သူငယ်ချင်းရေ ရည်ရွယ်ချက်ရှိရှိ လာပြီး နှောက်ယှက်နေတာကတော့ နှစ်ယောက်တော့ မကဘူးထင်တာပဲ။ ကိုယ်တွေကသာ ဘာမှမဟုတ် ကိုယ့်ဖါသာကိုယ် စာရေးဝါသနာပါလို့ ဘလော့ဂ်ရေးတာ ဖြစ်ပေမဲ့ သူတို့က သူတို့ရန္တရားကို ကိုင်လှုပ်နိုင်သူတွေလို အထင်ကြီးနေကြတော့လည်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘာမှ အားစိုက်စရာ မလိုဘဲနဲ့ ဒီလို အထင်ခံနေရတာ ဂုဏ်တောင် ယူစရာတောင် ဖြစ်သေးတယ်။ ဒါနဲ့ ကိုမန်းကိုကို စစ်လို့ အမေရိကပြနေတယ်ဆိုတဲ့ နှစ်ခုက ကျွန်မဘလော့ဂ်မှာ လာရေးတဲ့ IP တွေနဲ့အတူတူပဲ။ အဲဒီ IP တွေကို သုံးတဲ့သူကတော့ အမေရိကက မဟုတ်ဘူး၊ IP အတုတွေပါ။ နောက်ပိုင်းလည်း အဲဒီ IP တွေနဲ့ ၀င်ရေးဖြစ်လိမ့်မယ် မထင်ဘူး။

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
ယုံကြည်ချက်အတွက်
ကြိုးစားကြနေတာတွေဆိုတော့လည်း.....