Monday, April 4, 2011

အမေတွေအသဲကွဲတဲ့မြေ - ၆၆ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်





ကျွန်မတို့ မြန်မာအမျိုးသမီးအဖွဲ့ချုပ်ကနေ ရုပ်ရှင်တကား တင်ပါတော့မယ်... ဟောလီးဝုဒ်က ထုတ်တဲ့ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူဆိုးဗိုလ်ကြီးပါဝင်တဲ့ ကားပါ..။ မသိသူတွေအတွက် ဘယ်သူပါလဲဆိုတာ သိအောင်ကြော်ငြာပေးတာပါ..။ မဗေဒါက မင်းသမီး မလုပ်ရလည်း ကိုယ့်မြေကိုယ့်ရေပေါ်မှာ ဖြစ်နေတဲ့ အသည်းကွဲရတဲ့ ဇာတ်လမ်းလေးကို ဘယ်သူတွေ သရုပ်ဆောင်ဆောင် ကြည့်ချင်ပါတယ်.. ဒါကြောင့် ဘယ်သူမှ မကြော်ငြာခိုင်းလည်း ဝါသနာကြောင့် ဝိုင်းကြော်ငြာပေးရင်း မကြာမီမျှော်..ပါ။ ပြီးတော့ ဝိုင်းအသည်းကွဲ ကြေကွဲကြတာပေါ့...။

ပြည်သူချစ်သော မြန်မာ့တပ်မတော်ကြီး ဖြစ်ပါစေလို့ မကြည့်ခင်ကတည်းကနေ ကြိုပြီးတော့လည်း ဆုတောင်းပါတယ်..။

မဗေဒါ
၀၄.၀၄.၂၀၁၁

အောက်ပိုဒ်

7 ဦး၏ဆွေးနွေးချက်:

Anonymous said...

ခင်ဗျားတို့ပြောတဲ့ နှစ်၂၀ကျော် အမေစုကို ၀န်းရံနေတယ်ဆိုတာ ဘာကိုပြောတာလဲ? ပါးစပ်ကြီးနဲ့ အမေလို့ခေါ်နေတာကို ၀န်းရံတယ်လို့ပြောတာလား? သူမဓါတ်ပုံကို ဧည့်ခန်းမှာ ချိတ်ထားတာကို ၀န်းရံတယ်လို့ပြောတာလား? ဒီဆွေးနွေးထားတာကို ဖတ်ကြည့်ပါဦးဗျာ။ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီးခိုင်းနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ်မဟုတ်ဘူး။ သမတ္တလဲမဟုတ်ဘူး။ သူမဟာ စေတစ်လုံးပိုင်ရှင်လဲမဟုတ်ဘူး။ နောက်ပြီး နိုင်ငံရေးမှာ နအဖက အသာစီးရလာတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီမိုလုပ်စားတွေကလဲ သူမကို NGO ငွေတွေ အရနည်းသွားလို့ ဒေါသထွက်ပြီးတိုက်ခိုက်နေတဲ့ အနေအထားပါ။ အရမ်းကို စိတ်ရှုပ်ဖို့ကောင်းတဲ့အချိန်မှာ ခင်ဗျားတို့က ဟိုဟာလုပ်ပေးပါ . . .ဒီဟာလုပ်ပေးပါ . . ဟိုဒုက္ခလေးကို ကူညီပါဆိုပြီး နားပူအောင်ဝိုင်းပြောနေကြတယ်။ သူမဟာပါးစပ်က ထုတ်မပြောပေမယ့် ခင်ဗျားတို့ နောက်လိုက်တွေအပေါ် အရမ်းစိတ်ပျက်နေမှာပဲ။ သူ့နေရာမှာ နေပြီး စဉ်းစားကြည့်စမ်းပါ. . . တကယ်ကို သနားဖို့ကောင်းပါတယ်။

ခင်ဗျားတို့ သိဖို့က ခေါင်းဆောင်ဆိုတာ နည်းပေးလမ်းပြပဲလုပ်ရမှာ။ ခေါင်းဆောင်ခိုင်းတာကို ခင်ဗျားတို့တွေက လက်တွေ့ အကောင်အထည်ဖေါ်ဖို့ တာဝန်ရှိပါတယ်။ အခုတော့ ခင်ဗျားတို့က ဘာမှမလုပ်ဘူး။ အမေဆိုတဲ့ စကားလုံးလေးသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နွားမကြီးလို ခိုင်းနေကြတယ်။ ခင်ဗျားတို့တွေ အရမ်းကိုမှားနေတယ်ဗျ။ သူ့မကိုတကယ်ချစ်ရင် ပါးစပ်ကြီးနဲ့ အမေလို့ခေါ်မနေနဲ့ . . . အလကားပဲဗျ။ သူမခိုင်းထားတဲ့ ကွန်ယက်ကိစ္စကို လုပ်ကြပါ။ ထို့အတူ ဒီမိုအချင်းချင်းစည်းလုံးလာအောင်နည်းလမ်းတွေ ရှာကြံကြပါ။ မလုပ်တတ်ဘူးဆိုရင်လဲ ဘယ်လိုလုပ်ကြမလဲဆိုတာ အချင်းချင်း ဆွေးနွေးကြပါ။ ကျုပ်လိုဒေါ်အောင်ဆန်းစုကြည်ကို စောက်မြင်ကပ်တဲ့သူကတောင် သူ့ကို သနားတဲ့ စိတ်ဖြစ်လာလို့ အခုလိုရေးလိုက်တာပါ။ စဉ်းစားပါ။

Anonymous said...
This comment has been removed by the author.
Anonymous said...
This comment has been removed by the author.
Anonymous said...

တိုင်းပြည်အရေးကို လုံးဝ ဂရုမစိုက်ပဲ မိမိပြည်နယ်နဲ့ လူမျိုးစု ကွက်ကွက်လေးပဲကြည့်နေတဲ့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်းတွေကို မေးချင်ပါတယ်။ ကျုပ်မေးတဲ့မေးခွန်းကို ဖြေရဲမယ် မထင်ပါဘူး။ ဒီတော့ မဖြေနိုင်ဘူးဆိုရင်လဲ ဦးဏှောက်မရှိတဲ့ အောက်တန်းစားတွေပီပီ ဆဲလို့ရတယ်။ ဒါမှ မဟုတ်.. အခြောက်တွေလို ကွယ်ရာမှာ စောက်တင်းစောက်ဖျင်းပြောလို့ ရတယ်။ အဲဒါမှ မဟုတ်လဲ ခွဲထွက်မယ်ဆိုပြီး ခြိမ်းချောက်လို့လဲ ရပါတယ်။ ကဲမေးကြည့်မယ်. . .

(၁) တိုင်းပြည်နာမည်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ မခေါ်စေချင်ရင် ဘယ်လိုနာမည်ကို ခေါ်စေချင်လဲ ဖြေကြပါ။ လူများစုဆိုတာ ဘာအခွင့်အရေးမှမရှိဘူးလား? လူများစုမှာလဲ အခွင့်အရေး ရှိခဲ့တယ်လို့ လက်ခံရင် လူများစုက ဘာအခွင့်အရေးတွေရှိလဲဆိုတာ ပြောပြကြပါ။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ကယားပြည်နယ် ၊ ချင်းပြည်နယ် ဆိုတဲ့ နာမည်တွေဟာ အဲဒီပြည်နယ်ထဲမှာ နေထိုင်တဲ့ တခြားတိုင်းရင်းသားတွေကို ကိုယ်စားမပြုပါဘူး။ မင်းတို့က လူနည်းစု အခွင့်အရေးကို အရမ်းကို အလေးထားတယ်ဆိုရင် အဲဒီပြည်နယ်နာမည်တွေကို ပြောင်းဖို့ မသင့်ဘူးလား?

(၂) ဗမာက မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိပါတယ်။ ဗမာစာကို မြန်မာနိုင်ငံရဲ့ ရုံးသုံးစာအဖြစ် သတ်မှတ်တာကို ဘာအတွက် ကန့်ကွက်နေတာလဲ? မင်းတို့ရဲ့ စာတွေကို မသင်ရဘူးလို့လဲ မပြောပါဘူး။ အခုလဲ သင်နေတာပဲ မဟုတ်လို့လား? စာပေတင်မကပါဘူးနော်။ ပါတီတောင် မင်းတို့ လူနည်းစုနာမည်တွေနဲ့ ဖွဲ့နေကြတာပဲလေ။ ကချင်ပါတီ၊ ရှမ်းပါတီ၊ ရခိုင်ပါတီ၊ မွန်ပါတီ၊ ချင်းပါတီ၊ ကယားပါတီဆိုပြီး ထောင်ထားကြတာပဲ။

(၃) ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံး အေးအတူ ပူအမျှ နေထိုင်ရမှာဖြစ်ပါတယ်။ မိမိပြည်နယ်နဲ့ မိမိလူမျိုးစုရဲ့ အခွင့်အရေးပဲ တောင်းနေတဲ့အမူအကျင့်ဟာ အတ္တကြီးပြီး ပြည်ထောင်စုစံနစ်နဲ့ မကိုက်ညီဘူးဆိုတာ သိကြပါသလား? တိုင်းပြည် အကျပ်အတည်းထဲရောက်ရင် ခွဲထွက်မယ်လို့ ခြိမ်းချောက်တာလဲ ပြည်ထောင်စု စံနစ်နဲ့ မကိုက်ညီဘူးဆိုတာ သိပါသလား?

(၄) ၅၀% ကျော်ရှိတဲ့ ဗမာက မြန်မာပြည်ကြီးကို လွှမ်းမိုးထားတယ်လို့ စွပ်စွဲနေတယ်ဆိုရင်. . . မင်းတို့တွေကရော မင်းတို့ ပြည်နယ်ထဲမှာ တခြားတိုင်းရင်းသားတွေအပေါ် လွမ်းမိုးဖို့ကြိုးစားနေတာကို မရပ်သင့်ဘူးလား? မင်းတို့တွေက မင်းတို့ ပြည်နယ် သေးသေးလေးထဲမှာ လူမျိုးကြီးဝါဒကို သွတ်သွင်းနေတာဟာ တရားမျှတရဲ့လား?

(၅) အခုခေတ်ကြီးမှာ လှည်းမစီးကြတော့ပါဘူး။ ရောင်ထုံးမထုံးကြတော့ပါဘူး။ ရှင်ဘုရင်ဆိုတာလဲ မရှိတော့ပါဘူး။ (ရှင်ဘုရင်ကို သိပ်ကြည့်ချင်ရင် အညာက ဇတ်ပွဲမှာ သွားကြည့်ပါ။) စော်ဘွားဆိုတာလဲ မရှိတော့ပါဘူး။ ဘုရင်ကို သတ်ပြီး ဘုရင် ဖြစ်တဲ့ ခေတ်မဟုတ်တော့ဘူး။ တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ချဲ့တဲ့ ခေတ်လည်း မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀၀နဲ့လုံးဝမတူတော့ပါဘူး။ အဲဒါတွေကို သတိထားမိပါရဲ့လားခင်ဗျာ?

ကိုခိုင် said...

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။
အစစအရာရာအဆင်ပြေသောနှစ်ဖြစ်ပါစေ။

ကိုခိုင်
cbox-ကိုပိတ်ထားပါသလား။
စာရေးလို့မရပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

‘ပြည်ထောင်စုအရေးနှင့် အတွေးအမြင်များ’ အမည်ရှိ စာအုပ်ထုတ်ဝေတယ် ဆိုလို့သွား ကြည့်လိုက်ပါတယ်။ ထုံးဆန်အတိုင်းပဲ သူတို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ်. . . ဒါ့ကြောင့် ဟိုအခွင့်အရေး ရသင့်တယ်။ ဒီအခွင့်အရေးရမှ ဖြစ်မယ်။ ဒီလောက်အခွင့်အရေးရမှ ပြည်ထောင်စုက စစ်မှန်မယ်ဆိုတဲ့ အကြောင်းရေးထားတဲ့ စာအုပ်ပဲဖြစ်နေတယ်။ ခင်ဗျားတို့က ယောကျားတွေဖြစ်ပါလျက်နဲ့ . . . ဘာလို့ အခွင့်အရေးတွေပဲ ထိုင်ပြီးတောင်းနေကြတာလဲ? လူ့ဘ၀ဆိုတာ အခွင့်အရေးပဲ ထိုင်တောင်းရမယ်လို့ မင်းတို့ရဲ့ မိဘတွေက သင်ပေးထာတယ် ထင်ပါ့။ အမိနိုင်ငံကို ချစ်ရကောင်းမှန်း … . . အမိနိုင်ငံအပေါ်မှာ တာဝန်ကျေရမှန်း . . . မင်းတို့တွေက မသိကြဘူးနော်။ ဒီမယ် အခွင့်အရေးကို လိုချင်ရင် မိမိတာဝန်ကိုသိရမယ်.. ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လဲ ကြိုးစားရမယ်ကွ။ မင်းတို့တွေ အခွင့်အရေးပဲတောင်းနေတာကို ခဏရပ်ပြီးတော့

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ရခိုင်တွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ရှမ်းတွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကရင်တွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကချင်တွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ မွန်တွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကယားတွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

☀ အခုလို မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ချင်းတွေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးကို တခါလောက် ပြောကြစမ်းပါ။

မျိုးအောင် said...

@ခေတ်ပညာတတ်များ

ရခိုင်တွေက မိမိလူမျိုးစုအတွက် အခွင့်အရေးတွေ တောင်းဆိုနေတယ်။ ပြည်တွင်းစစ်မျိုးစုံနဲ့ ဒုက္ခရောက်နေပြီး စည်းလုံးမှုပြိုကွဲနေတဲ့ မြန်မာနိုင်ငံထဲမှာ အခွင့်အရေး အပြည့်အ၀ မရလို့ ဒေါသထွက်နေတဲ့ ခင်ဗျားတို့ကို အပြစ်မပြောဘူး။ အခွင့်အရေးလိုချင်တာ လူ့သဘာဝပဲ။ ရခိုင်တွေက အခွင့်အရေး တောင်းခွင့်ရှိသလို တိုင်းပြည် အတွက် လုပ်ရမယ့်တာဝန်လဲ ရှိတယ်။

တိုင်းပြည်အတွက် တာဝန်တွေ ကျေထားလို့ ၇ခိုင်တွေက အခွင့်အရေး အပြည့်အ၀ မရတာကို ဒေါသထွက်တာလား? တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုထဲမှာ လူမှုရေးလုပ်တော့ ရခိုင်အသင်းဆိုပြီး ရခိုင် လူမျိုးစုလေးအတွက်ပဲ လုပ်ကြတယ်။ နိုင်ငံရေးလုပ်ရမယ့် နေရာမှာတောင် . . . နိုင်ငံ့အရေးမလုပ်နိုင်ပဲ . . . ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ ဆိုပြီး . . . လူမျိုးစုအတွက်ပဲပါတီ ဖွဲ့ထားကြတယ်။ တိုင်းပြည်အတွက် ဘာမှ မလုပ်ပါဘူး။ မြန်မာပြည်ကြီး အတွက် စကားလေးနဲ့တောင် မပြောကြပါဘူး။

ရခိုင် ခေတ်ပညာတတ် တွေနဲ့ ဆွေးနွေးကြည့်ချင်တယ်။ မိမိရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုရင်း တဖက်က တိုင်းပြည်အတွက် တာဝန်ကျေအောင် ကြိုးစားကျရင် မသင့်တော်ဘူးလား?