Thursday, October 14, 2010

( Luis Urzua)


ရက်ပေါင်း (၁၇) မှာ
လူပေါင်း ၃၃ ယောက်ကို
ခံနိုင်ရည်ရှိအောင်
စိတ်ဓါတ်ခွန်အားတွေ ရှိအောင်
စုစုစည်းစည်းရှိအောင်
စွမ်းဆောင်ပေးထားနိုင်တဲ့
နုလုံးရည် သတ္တိ ဆိုတာ
နဲတာမှ မဟုတ်ပဲ..
ဒါမျိုးမှ
တကယ့်ခေါင်းဆောင်..

ရက်ပေါင်း (၆၉) ရက်
မျှတအောင်
ညီညွတ်အောင်
ဇွဲရှိစွာ
ရင်ဆိုင် ရဲအောင်
နုလုံးရည် လက်ရုံးရည်နဲ့ ဦးဆောင်ရင်း..

သူ ဆိုတဲ့ ( Luis Urzua) က
ကြောက်စရာ အမှောင်တွင်း
မီတာ (၆၂၂ ) မြေခေါင်းထဲက
နောက်ဆုံး မိုင်း သမား အဖြစ်
မြေပေါ်က လေသန့်ကို
ရူဖို့ ချီလီမြေပေါ် မှာ ခြေချလို့

ခေါင်းဆောင် စိတ်ဓာတ်ကို
ပီပီပြင်ပြင်
ပြခဲ့တာမို့
သူ့အတွက် ဂုဏ်ယူရင်း

မိသားစုတွေ အတွက်
ကြည်နူးရင်း..
ကျွန်မ စိတ်တွေကို
ချီလီ မိုင်းသားတွေ ထံ အရောက် ပို့ခဲ့မိလေရဲ့ .. ..။

ရက်ပေါင်း ၆၉ ရက်တာ မြေအောက်မှာ မွန်းကျပ်စွာ နေခဲ့တဲ့ ချီလီမိုင်းသားပေါင်း ၃၃ ယောက် ကို အကျယ် ၄ မီတာ ၅၄ မီတာ အရှည် ကယ်တင်စက်ကလေးနဲ့ ၂၂ နာရီကြာ တယောက်ချင်းကို ၁၅ မိနစ်နဲ့ ၂၀ မိနစ်ကြား မြေပေါ်အရောက် ကယ်တင်နိုင်ခဲ့ပြီမို့ ကြည်နူးစွာ တီဗီက သတင်းတွေကိုကြည့်ရင်း ပီတီဖြစ်ရတာမို့…အုပ်စု ခေါင်းဆောင် ( Luis Urzua) စိတ်ဓာတ် ကို ဂုဏ်ပြု ချီးကျူးရင်း.. ရင်ထဲက စာများကို ရေးမိပါတယ်..။

မဗေဒါ
၁၄.၁၀.၂၀၁၀

2 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ ပျောက်လိုက်တာ

အမ လာဖတ်သွားပြီနော် အောက်က ပိုစ့်လည်း အခုမှ ဖတ်ရတယ်...

အမ လည်း သူ့ရဲ့ ခေါင်းဆောင် စိတ်ဓါတ် ကိုအားကျ ချီးကျူးနေတာ တော်လိုက်တာနော်...

ပိုစ် လေးအတွက် ကျေးဇူးညီမရေ
အဆင်ပြေနေကောင်းပါစေ

ခင်မင်တဲ့
ရွှေစင်ဦး

Myanmar Good Knowledg Co., Ltd said...

နဂိုမူလသတင်းကလည်းကောင်းတယ်။
ဒါမျိုးကိုပြန်လည်ခံစားမျှဝေတာလည်း ထပ်ဆင့် စိတ်ဓါတ်အင်အားဖြစ်စေတေယ်။
ခင်မင်စွာဖြင့်