Friday, October 15, 2010

မှားတဲ့ဘက်မှာ


ဘာရယ်ညာရယ် မဟုတ်.. အလုပ်မရှိ အလုပ်ရှာပြီး.. စာနဲနဲရေးချင်ပါတယ်.. ကိုယ်သဘောကျတဲ့ စာသားများကိုပါ..။ လူတွေမှာ ကိုယ်သိပ်နှစ်သက် သဘောကျတဲ့ သူတွေ ရှိတက်တယ်မလား.. မဗေဒါ အရမ်းသဘောကျတဲ့ မြန်မာပြည်က ဒိတ်ဒိတ်ကြဲ.. ဆရာကြီး (မ/ကျား.. ဆရာကြီးဆိုရင် ကျားတွေချည်းပဲ ထင်နေမှာစိုးလို့.. လူသား ၂ မျိုးလုံးကို ရည်ရွယ်ကြောင်း .. ) တွေ ရှိပါတယ်.. ။ အဲဒီထဲက တယောက်က တော့.. သီချင်းလည်း ရေးတယ်… ဆိုလည်းဆိုခဲ့ဖူးသေးတယ်.. နောက် ဂစ်တာတီးတာလည်း နိုင်ငံခြားက သူတွေတောင် သဘောကျခဲ့တဲ့ နာမည်ကျော် ဆရာကြီး.. စောဘွဲ့မှူး..။ သူရေးခဲ့တဲ့ သီချင်းတပုဒ်ကို အခု ရေးချင်တာနဲ့… သီချင်း လိုက်ဟစ်ရင်း အပျင်းပြေ .. ပျော်ကြတာပေါ့နော်...။ သိပ်တော်တဲ့ ဆရာ တယောက် ကောင်းရာ ဘုံမှာ ရောက်ပါစေလို့ တပါတည်း ဆုတောင်းပါတယ်..။ မြန်မာပြည်သား တော်တော်များများ.. သဘောကျခဲ့တဲ့ သီချင်းတပုဒ် ဖြစ်မယ်လို့ မှန်းဆရတာပါပဲ.. …

မှားတဲ့ဘက်မှာ

ဝ လုံးလေးမှ ဝိုင်းအောင်မရေးနိုင်ခင်
ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့
လင်ဗန်းကြီးပဲ မက်မောကာ
ငါဟာ လောဘတက်လာတယ်..

ပုခက်တွင်းမှဆင်း
မြေကြီးပေါ်နင်းခါစ
ရွှေယုန်လေးနဲ့ ရွှေကြားပုံပြင်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို သိပ်ပြီး အားကြနေခဲ့တော့
ငါဟာ ကောက်ကျစ်တက်လာတယ်

မျက်လုံးကတစ်ဖက် ကန်းနေခဲ့ပါလျက်နဲ့
ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရမန်ကန်းကြီးအား
အရမ်းဂုဏ်ပြုမိတော့
တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်..

ဘိုင်စကုတ်ကြည့်တော့
လူကြမ်းကိုအံ့ကျော်ကို အလွန်တရာ နှစ်သက်တက်ခဲ့တယ်
ငါ့နံဘေးနားက ချစ်သူလေးကတောင်
တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတက်မဲ့ တစ်ယောက်ကိုရှာ

သည်လိုနဲ့ ဆန့်ကျင်ဘက် အမြင်တွေကို
သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်

အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
သည်အတွက် အကျိုးအမြတ်က
အများတကာ မေးငေါ့ကာ
အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ
အရိုင်းအစိုင်း အပြစ်မြင်လာ… ။

မဗေဒါ
၁၅.၁၀.၂၀၁၀

8 ဦး၏ဆွေးနွေးချက်:

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရေ မန့်သွားပါတယ်။ ဒီသီချင်းလေးကို နားမထောင်ဖူးပေမယ့် စာသားလေးတွေကို တော့ခိုက်တယ်။

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

နှင်းမိုး said...

မဗေ ဒီသီချင်း လေးက အရမ်းကောင်းတယ်...။
တော်တော်ကြိုက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါ...။
မှားတဲ့ဘက်မှာ ရပ်တည်တော့ လူတွေရဲ့ အမြင်တွေပြောင်းသွားတယ်ဆိုတာ လေးပါ....။
ဆရာဘွဲ့ရဲ့ မာစတာပိစ် တစ်ခုပါပဲ...
ခင်မင်စွာဖြင့်
နှင်းမိုးမိုး

Unknown said...

အော် လာလည်သွားတယ်နော် စာအရေးအသားနဲ့ လူနေပုံကမထင်ရဘူး စာတွေတော်တော်လေးလိုက်ဖတ်ဖြစ်တယ် အနေရိုးပြီးအတွေးဆန်းတယ်ဆိုတာ မဗေကိုများပြောတာလားမသိဘူး အပြင်မှာ မဗေတို့မိသားစုနဲ့ တူတူတောင်သွားဘူးတယ် ဘယ်သူလဲသိလား .....http://www.soceyam.co.cc/

mabaydar88 said...

ကိုနောင်ရိုးလို့ အသံထွက်သလား မသိဘူး..။ သောဇေယျံ ဆိုပြီး တော့ ဘလော့ကို ပေးထားတဲ့အတိုင်း နှိပ်တော့ တွေ့ပါတယ်.. တကယ်မသိပါဘူးရှင်.. သိတယ်ဆိုလည်း နာမည်ရင်း ကို အီးမေး မှာပို့ထား ပြောလို့ရပါတယ်ရှင်.. တကယ်မသိလို့ပါနော်.. စိတ်မရှိပါနဲ့..။

မဗေဒါ စာတွေ လာဖတ်သွားတာလည်း ကျေးဇူးပါနော်..။

မဗေဒါ

mabaydar88 said...

စာလုံးပေါင်း မှားပြန်ပြီ.. သောစေယျံ ပါ..

Unknown said...

punch.234@gmail.com ကိုအင်ဗိုက်ကြည့်လိုက်လေ
တော်လှန်ရေးသမားတော့မဟုတ်ဘူး အဲမကောင်းတဲ့ မူတွေဆိုရင်တော့အမြဲတော်လှန်တတ်နေတဲ့သူလေ

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
မင်္ဂလာပါ။
ဒီသီချင်းက အော်ဆိုရတာပိုကောင်းသလိုပဲ။
(အခုတော့ ရေချိုးခန်းမှာ လုပ်နေကြလေ)
ရန်ကုန်မှာတုန်းက စတိတ်ရှိုးတွေသွားပြီး လိုက်အော်ဆိုရတာ သဘောကျတယ်။
အပေါ်က အဆိုတော်ကများ မိုက်ခရိုဖုန်းကို ပရိတ်သတ်ဘက်လှည့်ပြီး ပေးလိုက်လို့ကတော့ “ကျွန်မကိုတော့ အဆိုတော်က ကောင်းကောင်းသိနေပြီထင်ပြီး လည်ပင်းလေးဆန့်ခေါင်းလေးမော့ပြီး အော်ဆိုတော့တာပဲ”

Myanmar Good Knowledg Co., Ltd said...

ပြောဘို့မေ့သွားလို့
“သည်လိုနဲ့ ဆန့်ကျင်ဘက် အမြင်တွေကို
သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်

အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်”

အပိုဒ်ကိုရောက်ရင် မျက်စိလေးမှိတ်ပြီး

ကျွန်မတို့အားလုံးရဲ့ မွေးဖွားကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကိုလည်း ပိုပြီးကျေးဇူးတင်ရင်း အသည်းနှလုံးထဲကနေပြီး အသံကိုထုတ်ပြီးဆိုရတာ သိပ်ကောင်းတယ်သိလား။နော်။