အမေ...နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
ကျွန်တော်တို့အားလုံး ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ကြဖို့လေ။
(ကမ္ဘာစိုးမင်း)
မေးထဲမှာလက်ခံရတာပါ.. သဘောကျလွန်းလို့ တင်ပေးပါတယ်..။ မျှဝေခံစားကြနိုင်ပါစေလို့..
မဗေဒါ (၈၈)
၁၉.၁၀.၂၀၁၀
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
ကျွန်တော်တို့အားလုံး ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ကြဖို့လေ။
(ကမ္ဘာစိုးမင်း)
မေးထဲမှာလက်ခံရတာပါ.. သဘောကျလွန်းလို့ တင်ပေးပါတယ်..။ မျှဝေခံစားကြနိုင်ပါစေလို့..
မဗေဒါ (၈၈)
၁၉.၁၀.၂၀၁၀
8 ဦး၏ဆွေးနွေးချက်:
အင်း အတော်လေးကိုကောင်းပါတယ်
ဗေဒါပျံ အန်ကိုခဲ ပန်းပန်လျှက်ပဲ
အမှတ်မမှားဘူးဆိုရင်အဲဒီကဗျာရဲ့
ခေါင်းစဉ်က “ ဆုံမှတ် ”လို့ထင်ပါတယ်။
တော်တော်ကောင်းတဲ့ကဗျာလေးပါ။
မျှဝေပေးတာကျေးဇူးပါ။ကျန်းမာပါစေ။
ကိုခိုင်
သို့
ဘလော့ပိုင်ရှင် မဗေဒါ
ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတွေဟာ တိုင်းပြည် သစ္စာဖေါက် စာရင်းသွင်းခံရပါတယ်။ သူတို့ရဲ့ သားသမီးတွေလည်း အနောက်ဖက်နိုင်ငံတွေမှာ နေခွင့်မရအောင် လုပ်တာခံခဲ့ရပါတယ်။ အခုဆိုရင် အနုပညာရှင်တွေလည်း ဗီဇာ ပိတ်ခံခဲ့ရပြီ။ သခင်ကရင်တွေကလည်း DKBA ကို နအဖနဲ့ ပေါင်းသင်းတဲ့အတွက်. . သူတို့ကိုယ်တိုင်က ဆဲဆိုပြီး နှိပ်ကွပ်နေတာ ခင်ဗျားတို့သိပါတယ်။ ဒီလုပ်ရပ်တွေကို မှန်ကန်တယ်လို့ ယူဆပြီး . . . ထောက်လဲ ထောက်ခံတယ်။
ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ကျောသား ရင်သား ခွဲခြားတာတွေ မလုပ်သင့်ဘူး။ မေးချင်တာက နအဖ လက်ကိုင်ဒုတ် ပလီဆရာတွေနဲ့ မွတ်ဆလင် အသင်းအဖွဲ့ ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို အနောက်နိုင်ငံကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု ဘယ်တော့ စတင်မလဲဆိုတာ သိချင်ပါတယ်။ နအဖ ရွေးကောက်ပွဲကို ထောက်ခံနေတဲ့ မွတ်ဆလင်အဖွဲ့တွေ နဲ့ စီးပွားရေးသမားတွေ အများကြီးရှိပါတယ်။ ဒီစာရွက်မှာ ရှေနေကုလား သန်းတင်က ပလီတွေဆောက်ခွင့်နဲ့ အခွင့်ထူးတွေပေးရင် . . နအဖရဲ့ မတရားတဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ ဗြောင်ကြီးကို စည်းရုံးထားတယ်။ ပလီဆောက်ခွင့်ရရင် ကလိမ်ကကျစ်ကျတဲ့ ရွေးကောက်ပွဲကို ထောက်ခံကြပါလို့ စည်းရုံး ပြောဆိုချက်ဟာ လူကျင့်ဝတ်နဲ့လုံးဝကို မကိုက်ညီပါဘူး။ မြန်မာပြည်မှာ ခိုကပ်နေတဲ့ ကုလားတွေက. .. အိမ်ရှင်မြန်မာတွေကို စစ်ကျွန်ဖြစ်အောင် လုပ်တဲ့ ကိစ္စဟာ ဘယ်လောက်အထိ ကောက်ကျစ်လဲဆိုတာ စဉ်းစားကြည့်ပါ။
တောင်ဥက္ကလာပ မှာလဲ ပလီဆောက်ခွင့်ရရှိရေးအတွက် နအဖနဲ့ အပေးအယူလုပ်ခဲ့လို့ အခုဆိုရင် ပြဿနာတက်နေပါတယ်။ ရခိုင်ပြည်နယ်မှာလဲ မွတ်ဆလင်တွေဟာ နအဖရဲ့ မတရားတဲ့ရွေးကောက်ပွဲကို အဓိက ကူညီနေကြပါတယ်။ မွတ်ဆလင်ကြီးဆိုးနိုင်ရေး အတွက် ရွေးကောက်ပွဲကို ထောက်ခံပါဆိုပြီး မရှက်မကြောက် ပြောနေကြပြီ။ ခင်ဗျားတို့က ဦးခင်မောင်ဆွေလို တိုင်းပြည်အတွက် ထောင်ထဲမှာ နေလာခဲ့သူကို နအဖ ရွေးကောက်ပွဲထောက်ခံတဲ့အတွက် နှစ်ပြားမတန်အောင် ပြောဆိုကြပါတယ်။ ကျုပ်တို့ဆီမှာ ခိုကပ်နေတဲ့ ကုလားတွေက အားကျိုးမာန်တက် နအဖ ရွေးကောက်ပွဲ ထောက်ခံနေတာကို ခင်ဗျားတို့က ဘာလို့ ပါးစပ်တွေ ပိတ်နေတာလဲ? ကုလားကိုကြောက်ပြီး .. . မြန်မာအချင်းချင်းပဲ ရန်ဖြစ်ရဲတဲ့ အိမ်ကျယ်စိတ်ဓါတ်ကို မြင်တွေ့နေရတာလား? ဒီမိုဘက်တော်သားပါလို့ ပြောနေတဲ့ ကုလားတွေကလည်း ကုလားအချင်းချင်းဆိုတော့ မသိဟန်ဆောင်နေပြီ။
မြန်မာတွေကိုပဲ အရေးယူတယ်.. ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုးလုပ်နေပြီး ကုလားကို ဘာမှ မလုပ်ဘူးဆိုရင် ကျုပ်တို့ မြန်မာမျိုးချစ်တွေက ဘယ်လို မြင်လာမလဲဆိုတာ နည်းနည်းတော့စဉ်းစားပါ။ ဖြောင့်မတ်တဲ့ စိတ်ထားခင်ဗျားတို့မှာ မရှိရင် အားပေးထောက်ခံတဲ့သူတွေ နည်းသွားလိမ့်မယ်။ ဘာသာရေးနဲ့ နိုင်ငံရေး မပတ်သက်ဘူးဆိုတာ လက်ခံရင်.. ပလီဆရာတွေနဲ့ မွတ်ဆလင်အဖွဲ့တွေ နိုင်ငံရေးမှာ ပတ်သက်နေတာကို ဆန့်ကျင်ပေးကြပါ။ ထပ်မေးချင်ပါတယ်. . . နအဖ လက်ကိုင်ဒုတ် ပလီဆရာတွေနဲ့ မွတ်ဆလင် အသင်းအဖွဲ့ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို ဘယ်တော့ အနောက်ဖက်ကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု စတင်မလဲဆိုတာ ဖြေပေးကြပါ။ ဒီမိုဘလော့ပိုင်ရှင်ဆိုရင်တွေလဲ . . နအဖနဲ့ ပေါင်းသင်းနေတဲ့ ကုလားတွေကို ဆန့်ကျင် ရှုံ့ချမှုကို စတင်ပြီးလုပ်မလဲဆိုတာ ဖြေပေးပါ။
မြင့်မြတ်သည့်မြေမှာ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
မဗေဒါရေ
မင်္ဂလာပါ။
ကဗျာကောင်းလေး မျှဝေပေးတာကျေးဇူးပဲ။
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
မြန်မာပြည်မှာဒီလောက်အခြေအနေမဆိုးသေးဘူးလို့မြင်ပါတယ်။
ကဗျာလေးကောင်းပါတယ်။ဒါပေမယ့်မွေးမိခင်အတွက်.ကဗျာတစ်ပုဒ်စပ်ဘူးခဲ့ပါလား။
မစုမြတ်ရေ........
မြန်မာပြည်ထဲမှာ ထမင်းရည်ဝယ်မသောက်ရသေးတာက မြန်မာချင်းကူညီတတ်တဲ့ မြန်မာ့ ကာချာကြောင့်ပါဗျာ..
အခုမနက်စာစားလိုက်ပြီး နေ့ခင်းစာအတွက် ဘယ်လိုရှင်းရ မလဲ၊ ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာတွေ ကျနော် မျက်မြင်တွေ့ ခဲ့ ပါတယ်... ဆိုရင်ကော....
(တိုက်ခိုက်တာမဟုတ်ပါကြောင်း)
မဗေဒါရေ ခင်ဗျားလဲ ဒီစိတ်တွေနဲ့ပဲ လူလဲအိုဇာနေပါပြီ မလျှော့သေးဘူး
ကီးဘုတ်တိုက်ပွဲ တွေပဲဖြစ်နေကျတယ်
လက်တွေ့က ဘာမှဖြစ်မလာဘူး
အိမ်ကြက်ချင်း မခွပ်ချင်စမ်းပါနဲ့ဗျာ
ိခင်ဗျားတို့က လိုချင်တာတစ်ခုပဲသိတယ်
တိုင်းပြည်မှာ ခင်ဗျားတို့ပရောဂကြောင့် ဘာဖြစ်နေလဲဆိုတာ ခင်ဗျားတို့မသိဘူး
ဝက်ဆိုက်မှာသတင်းဖတ်တာလောက်ပဲ သိပြီး
အမျိုးမျိုးပုတ်ခတ်နေလိုက်ကျတာ
ပြောချင်တာက အိမ်ကြက်ချင်းမခွပ်ချင်စမ်းပါနဲ့
တကယ် သတ္တိရှိရင် အမတ်လောင်းဝင်ပြိုင်ပြီး လွတ်တော်ထဲမှာ သူတင်ကိုယ်တင် ဖိုက်ကြပါလား။
Post a Comment