Thursday, September 9, 2010

အိမ် အလွမ်း



`အိမ် `
ဆိုတာ အကျဉ်းတန်နေခဲ့ရင်တောင်
လွမ်းကောင်းတဲ့ အရပ်ပဲ …။

`အိမ် `
ဆိုတာ… ငိုစရာ… သောကတွေ
ရစ်ဝိုင်းနေလဲ..
လွမ်းကောင်းတဲ့အရပ်ပဲ …။

`အိမ် `
ဆိုတာ လွမ်းမောစရာတွေနဲ့
ပြည့်နှက်နေလဲ…
လွမ်းကောင်းတဲ့ အရပ်ပဲ..။


`အိမ် `
ဆိုတာ တခန်းရပ်ပြဇာတ်လို..
ရင်ခုန်စရာ ရင်နာစရာ ချောက်ခြားစရာ တွေ ရှိခဲ့လဲ…
လွမ်းကောင်းတဲ့ အရပ်ပဲ..။

`အိမ် `
ဆိုတာ ဘာကြောင့်ပဲ လွမ်းလွမ်း
လွမ်းကောင်းတဲ့ အရပ်ပဲ…

`အိမ် `
ဆိုတာ ..
ဘာကြောင့်ပဲ ခွာခဲ့ကြရပါစေ…
သတိယလို့ကောင်းတဲ့အရပ်.. လွမ်းလို့ကောင်းတဲ့ အရပ် ..
သူ့ကို တည်ငြိမ်နေတဲ့ အတိတ်ရဲ့ သံသရာ ပန်းချီကားတချပ် အဖြစ် ပုံမဖော်နိုင်သေးသ၍ ပေါ့ ..။

( မြန်မာပြည်ကို ငွေမရှိပဲ ပြန်မလာချင်စမ်းပါနဲ့… လို့ ပြောလေ့ရှိတဲ့ သူငယ်ချင်းကို အကြောင်းပြုပြီး ဒီစာလေး ကို ရေးဖွဲ့မိပါတယ်..။)



စိန်ခေါ်သံကြားက တိုက်ပွဲပုံစံတွေ ပြောင်းလာတာလား

အပျက်အပျက်နဲ့ ဒုက္ခတွေတော့ များတော့မယ်ထင်တာပါပဲ…။

ငြိမ်းချမ်းရေး လို့ အမည်တပ်ပြီး အရှေ့လယ်ပိုင်း က ပြန်လာတဲ့ အီမာန် ( Imam Feisal Abdul Rauf) က ခုနကပဲ လယ်ရီကင်း အထူးသီးသန့် အင်တာဗျူးမှာ ဂရောင်းစီးရိုး ( Ground Zero ) နားမှာ အစ္စလာမ် စင်တာ (ဘုရားကျောင်း အပါအဝင်) ဆောက်ဖို့ အတည်ပြု ကာပြောသွားတယ်..(ဒီအကြောင်းအရာ အငြင်းပွားတာကို ပဲ လယ်ရီကင်းမှာ ဆွေးနွေးခဲ့တာ ကျန်ခဲ့တဲ့အပါတ် တင်ဆက်တာကိုလည်း ကြည့်ရပါသေးတယ်… အမေရိကန် အစ္စလာမ် မဟုတ်တဲ့ သတင်းသုံးသပ်သူ…ပရော်ဖက်ဆာ ငယ်ငယ်ရွယ်ရွယ် ၂ ယောက်ကလည်း ဘာသာရေး လွတ်လပ်ခွင့်ဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်ပြီး… ဗလီ ဆောက်ဖို့ ဖက်ကနေ ဆွေးနွေးသွားတာပါ.. ။ ) ဒီနေ့တော့ မေးခွန်းမေးတဲ့သူကလည်း အင်တာဗျူးတာနဲ့ မတူဘဲ.. စစ်ကြောရေး လုပ်နေသလိုပဲ စိတ်တိုပြီး မေးမြန်းနေလေရဲ့.. (သဘောက တို့မြေပေါ်မှာ လူပေါင်း များစွာအကြောင်းမဲ့ သေခဲ့ရပြီ.. အခုလည်း အသတ်ခံရသူတို့ကို စော်ကားသလို ဘာသာရေးကို အသုံးချ ဖို့ လုပ်နေတာကို လုံးဝ မကျေနပ်တဲ့ပုံပါပဲ.. နောက် အမေရိကန် ၇၁ ရာခိုင်နှုန်းက ဒီလိုတည်ဆောက်မှုကိုလည်း သဘောမတူတာ ပြောသွားပါတယ်..။ ) နောက် အစ္စလာမ်ဟာ တခြားဘာသာဝင်တွေ ပျက်ဆီးမှ သူတို့ငြိမ်းချမ်းရေး ဆိုတဲ့ အင်တာဗျုးကိုလည်း ပြပါသေးတယ်..။ အီမာန်ကတော့ ဒီလို မမှန်ကန်တဲ့ ဟောပြောချက်တွေကို မှားတယ်လို့ ပြောဆိုသွားပါတယ်..။

အီမာန်ကလည်း ဒီစင်တာ တည်ဆောက်ရခြင်းဟာ ငြိမ်းချမ်းရေး သဘောဆောင်တဲ့ အခြေအနေ.. ပေါင်းစည်းရေး.. စည်းလုံးရေး.. အဓိကကတော့ အမေရိကန် လုံခြုံရေး ဟာ အင်မတန် အရေးကြီးကြောင်း ပြောသွားပါတယ်..။ အစ္စလာမ် စင်တာ တည်ဆောက်ဖို့ သန်း (၁၀၀) နဲ့ ဆောက်ဖို့ လျာထားကြောင်း ပြောသွားတယ်.. ငွေတွေ ဘယ်က ရမလဲလို့ မေးတော့ နေရာပေါင်းစုံက ဖြစ်မယ်.. (ဟားမက်) ဆီကလည်း ပါမယ်ဆိုတဲ့ သဘော ပြောပါတယ်..။ ဟားမက် ဆိုတာကလည်း အမေရိကန်အစိုးရရဲ့ အကြမ်းဖက် အုပ်စု စာရင်းထဲ ပါ လို့ စဉ်းစားစရာတွေ တော့ များနေပါတယ်..။ ၉/ ၁၁ မှာ ခံခဲ့ရတဲ့သူတွေဘက်ကလည်း ဘယ်လိုမှ အခုလိုမျိုး ဆောက်လုပ်မှာကို ဟဒယ တွေ့မှာ မဟုတ်တာတော့ အသေအချာပါပဲ..။ နောက် အဲဒီဝန်းကျင်မှာပဲ အစ္စလာမ် ဘုရားကျောင်း ၂ ကျောင်း ရှိပြီးသားဖြစ်လို့ အခုလို အစ္စလာမ်အကြမ်းဖက်သမားတွေ အသေခံတိုက်သွားလို့ သေသွားတဲ့ နေရာနားမှာ ဘုရားကျောင်း ထပ်ဆောက်ဖို့ ဘယ်လိုမှ သဘောတူ နိုင်မှာ မဟုတ်ဖြစ်နေတယ်… ။ နှစ်ဘက်စလုံးကတော့ အတော်လေးကို တင်းမာ နေတဲ့အချိန်ရောက်နေပါပြီ..။

တခါ မနေ့ကပဲ ဂျာမဏီ သမ္မတ ကလည်း ဒိန်းမိတ်က မိုဟာမက် ပုံ ဆွဲခဲ့တဲ့ သတင်းသမားကို ဆုပေးဖို့ ပြောပြန်ပါတယ်..။ အခုလည်း ဖလော်ရီဒါက တယ်ရီကလည်း အစ္စလာမ်တွေရဲ့ ကျမ်းစာအုပ်ကို လာမဲ့ စနေနေ့မှာ မီးရို့ပစ်မယ်ဆိုကာ ကျမ်းစာအုပ်တွေကို စုံပုံထားတာတွေ့ပါတယ်..(အိုဘားမားက သူ့လုပ်ရပ်ကို လုံးဝ ရူတ်ချပါတယ်လို့ ပြောသွားပါတယ်..) သူ့လုပ်ရပ်ဟာ အစ္စလာမ် တိုင်းပြည်ထဲ ရောက်နေတဲ့ အမေရိကန်စစ်သားတွေ အတွက် အန္တရယ် ရှိပါတယ်.. ဘယ်လိုမှ ပြေလည်မှုကို မဖြစ်စေဘူးဆိုတဲ့ ပြောဆိုမှုအပေါ် နားမထောင်တော့ပဲ မီးရို့ဖို့လုပ်နေပြန်ပါပြီ..။

မဗေဒါ စဉ်းစားမိသလောက်တော့ မပြီးပြတ်သေးတဲ့ ပြဿနာများကြား.. လူတွေ မသေသင့်ပဲ သေကြေပျက်ဆီးတော့မယ်လို့ မှန်းဆမိပါတယ်..။ ဘယ်ဘာသာကမှ… အစွန်းရောက်တာ အကြမ်းဖက်တာတွေ… ရန်လိုတဲ့ အပြုအမှုတွေကို အားပေးတယ်လို့ မယူဆပါဘူး.. သို့ပါသော်လည်း ဘာသာကို အသုံးချပြီး အစွန်းရောက်နေသမျှ ကာလပတ်လုံး သူတို့ ယုံကြည်ရာ ဘုရားများ ပြောတာကို ဆန့်ကျင်နေဆဲ ဖြစ်မယ်လို့ ယူဆရပါတယ်..။ ဘုရားများရဲ့ ဟောခဲ့သမျှကို ပြောင်းပြန်လုပ်နေသူတွေ… ဘုရားဟောတွေနဲ့ ဆန့်ကျင်ပြီး သတ်ဖြတ်.. မုန်တီးရေး.. တွေဟာဖြင့် ကမ္ဘာကြီးအတွက် အကျိုးယုတ်စေတဲ့ အကျည်းတန်မှုတွေကိုပဲ ဖြစ်စေတယ်လို့ ယူဆရင်း တီဗွီက လာနေတာတွေကို ကြည့်ရင်း စိတ်မကောင်းကြီးစွာဖြင့် ဒီစာစုလေးကို ရေးတင်ပါတယ်..။ တပါတည်း မဗေဒါ ရောက်ဖူးခဲ့တဲ့ ဂရောင်းဇီးရိုး (၆) လပြည့် မှာ မှတ်မှတ်ယယ ရိုက်ထားခဲ့တဲ့ ပုံလေးကိုလည်း တင်ပေးလိုက်ပါတယ်…..။









မဗေဒါ (၈၈)
၀၆.၀၉.၂၀၁၀


30 ဦး၏ဆွေးနွေးချက်:

Unknown said...

စစ်ပွဲ ဆို ဘာစစ်ပွဲမှ မကောင်းပါဘူးအမရယ်။ ရှုံးတဲ့သူလဲ စစ်ပွဲပြီးတဲ့အခါ အရှုံးနဲ့ ရင်ဆိုင်ရသလို နိုင်တဲ့သူလည်း အရှုံးကို ခံယူရတာပါဘဲ။
ကမ်ဘာသူ ကမ်ဘာသားတွေ အေးချမ်းသာယာပါစေ။ ခြိမ်းခြောက်ခံရမှု့ တွေ၊ အနိုင်ကျင့် ခံရမှု့ တွေကနေ ကင်းဝေးပါစေလို့ ဆုတောင်းရုံမှတပါး.......။

မွေးရပ်မြေ မြန်မာပြည်မှာလည်း တဒုက်ခ။ သတင်းတွေ ကြည့်လိုက်ရင်လဲ ဒုက်ခ တွေချည်းဘဲ။ တခါတခါ ဘာမှ မကြည့်ဘဲ ကိုယ့်စိတ်ကို ကိုယ်အနား ပေးတဲ့ နေ့ တွေရှိတယ်။ ဘာမှလည်း မသိချင်တော့ ဘူး။ တခါ တခါ ဘာမှ မသိလိုက်တာ တွေက မှ စိတ်ငြိမ်းချမ်းရေးရသေးတယ်။

အမ ဓါတ်ပုံလေးတွေကြည့်ရတာ ကောင်းပါတယ်။ အမ မျက်နှာလေးက စိတ်မကောင်းဖြစ်နေတာ သိသာတယ်။ အမုန်းတရားတွေက ပြသ၁နာ ရဲ့ အဖြေမဟုတ်တာ တော့ သေချာပါတယ်။ ဒါပေမဲ့ တခါတခါ ကျတော့ လည်း......... စိတ်ဆင်းရဲပါတယ် အမရယ်.....

ညို

SHWE ZIN U said...

မဗေဒါ ရေ

ငြိမ်းချမ်းရေးကိုဘဲလိုချင်တယ် လူတွေ သတ်ဖြတ် နှိုတ်စက် နေတာကို မကြားချင်ဘူး မဖြစ်စေချင်ဘူး ကမ္ဘာကြီးငြိမ်းချမ်းပါစေ

မဗေဒါ အဆင်ပြေလို့ ဝမ်းသာပါတယ်နော် အိမ်လွမ်းသူလေး အိမ်အမြန်ဆုံး ပြန်နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

သြ မဗေဒါ က အချောစားဘဲ မိတ်ကပ်လေး လူး နှုတ်ခမ်းလေး ဆိုးလိုက်ရင် မင်းသမီးတွေ တောင် အရှုံးပေးသွားမယ်

ပြောဘို့ကျန်ခဲ့လို့ ပြန်လာပြောတာ

အားလုံး ငြိမ်းချမ်းပါစေ
ရွှေစင်ဦး

နှင်းမိုး said...

ဗေရေ ဗေရဲ့ အောင်မလေးဗေရဲ့ ကောင်းလှချည်လားလို့ ကဗျာလေးက ၊ တော်တော်တတ် စာမရေးဘဲ ဆားချက် သလိုလို အချိုမှုန့် ချက်သလိုလို မလုပ်နဲ့နော် လူလည်သလိုလို သိုင်းတတ်သလိုလို မလုပ်နဲ့ ဇေပရစ် အကြောင်းရေးထားတယ် သိလား စားရအောင် လာခဲ့

ရွှေရတုမှတ်တမ်း said...

စိန်ဗေဒါရဲ့အိမ်ဂေယာက....ဂလိုလား...
ဒို့ကတော့ လောက်များလိုပဲ...ဟိုဟာကျတဲ့နေရာပျော်နေတာပဲ..

PhyoPhyo said...

ဘာသာတိုင်းက အစွန်းရောက်တာကို အားမပေးဘူးဆိုတာဟုတ်တယ်၊ အစွန်းရောက်တဲ့သူတွေကြောင့်သာ .. မပြီးနိုင်မစီးနိုင် တိုက်ချင်ခိုက်ချင်နေကြတာပါပဲ၊
ကဗျာလေးလဲ ကြိုက်တယ်၊ ဂရောင်းဇီးရိုးသတင်းလည်း သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။
မဗေဒါ ပျော်ရွှင်ချမ်းမြေ့ပါစေ
ခုမှ မြင်ဖူးတော့တယ်၊ မရွှေစင်ပြောသလိုပဲ အချောစားလေးရယ်

နွေဆူးလင်္ကာ said...

အင်း အိမ်ကို ပြန်ခဲ့တော့တဲ့ လေးဖြူနဲ့ မျိုးကြီးက ဘရိုင်ယယ်အဒမ်နဲ့ မယ်လ်စီ တို့အတိုင်း လိုက်ပြောနေတယ် ...

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရေ ဒါမျိုးလေးလည်းရတာပဲနော်။ အဲလို လုပ်စမ်းပါဗျ။ အားပေးတယ်။ ကဗျာရေးလည်း တော်တာပဲနော်.။ ဒါပေမယ့် ကိုးကတခြားတော့ ပြောတော့ဘူး။ ဇေ့ကိုလန့်လို့.. ဟီး

ခင်မင်လျှက်
ကိုကိုးအိမ်

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မရေ

အချိန်လေးရမယ်ဆိုရင် တခြားဆောင်းပါးတွေ ရေးနေတာရပ်ထားပါဦး။ ဒီမိုယောကျားတွေ အခြောက်စိတ်ဝင်နေတဲ့ ကိစ္စကို ဆုံးမဖို့ ဆောင်းပါးလေးတွေရေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့က အွန်လိုင်းမှာတောင် စစ်သားတွေကို ချေးထွက်မတတ် ကြောက်နေကြတယ်။ ဒေါက်တာလွမ်းဆွေး ဘလော့ဆိုရင် တစ်နေ့ကို လူတစ်သောင်းဝန်းကျင်အထိ ဖတ်ရှုပါတယ်။ ပဲခူးလူသတ်တဲ့ကိစ္စကို စစ်ဗိုလ်တွေက ဒေါက်တာလွမ်းဆွေဘလော့ရဲ့ ကော်မန့်မှာ ပြောင်ပြောင်တင်းတင်းကို ထောက်ခံနေပါတယ်။ ဒီမိုယောကျား ၃ ယောက်လောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲပါတယ်။ တစ်သောင်းမှာ ၃ ယောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲတဲ့သူပဲ ရှိတဲ့အဖြစ်ဟာ အစ်မတို့ ဒီမိုတွေအပေါ် အထင်သေးစရာဖြစ်နေပါတယ်။ပိတောက်မြေနဲ့ ကျေးစေတမန် ဘလော့မှာလည်း ဒီမိုယောကျားတွေ အသံမထွက်ရဲပါဘူး။ အမှန်တရားအတွက် နည်းနည်းပါးပါးလေးတောင် မပြောဆိုရဲဘူးဆိုရင် ဘယ်လိုလုပ်ပြီး အပြင်မှာ သေနတ်ကိုင်ထားသူတွေကို ရင်ဆိုင်ရဲမှာလဲ? ဒါ့ကြောင့်.. စစ်သားတွေရဲ့ကွယ်ရာမှာ နအဖကို ဒေါသထွက်နေတဲ့ ဒီမိုယောကျားတွေကို … အွန်လိုင်းမှာ ယှဉ်ပြိုင်ပြီးပြောဖို့တိုက်တွန်းပေးပါဗျာ။ စစ်သားအဆဲခံရမှာကြောက်လို့ဆိုပြီး ဘာမှ မပြောတာဆိုရင်တော့ ဒင်းတို့ကို သနတ်ခါးလေးလူး… ထမိန်လေးဝတ်ပြီးနေဖို့ပြောပေးပါဗျာ။

လေးစားလျက်
ဇော်မျိုး

Zay Tar Yar said...

အို ဗျာ

ဇော်သိင်္ခ said...

အိမ် ဆိုတာ ဘယ်လို အကြောင်းပဲရှိရှိ လွမ်းစရာ အကောင်းဆုံး နေရာပါခင်ဗျာ..

ကမ္ဘာမြေကြီးအတွင်းမှာ အချင်းချင်းသတ်ဖြတ်မှုများ ပပျောက်ပြီးတော့ ငြိမ်းချမ်း ကမ္ဘာမြေကြီးဖြစ်ပါစေလို့ ဆုတောင်းပေးသွားပါတယ်ခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Myanmar Good Knowledg Co., Ltd said...

မဗေဒါ
ချောတယ်။

အိမ်ကိုလွမ်းတယ်။
နော်။
အမြဲတမ်းသတိရတယ်။

mabaydar88 said...

အဟမ်း အခုလို လာရောက်အားပေးသွားတဲ့ သူငယ်ချင်း အသစ် (ဟောင်း)များကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်..။

ချောတယ်လို့ ပြောသွားတဲ့ သူများကိုလည်း ပိုတောင် ကျေးဇူးတင်ပါတယ် ( အင်း.. အပုပ်ကောင်ကို အဟုတ်မှတ်ထင်နေတဲ့ တဏှာ စိတ်များ)..။

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးသည် အားလုံးအတွက် မရှိမဖြစ် တဲ့အရာမို့.... ကျိုးစားကြတာပေါ့..။

မဗေဒါ

သဒ္ဓါလှိုင်း said...

မဗေဒါ..
အိမ်ကိုအရမ်းလွမ်းတယ်။
ကမ္ဘာကြီးတခုလုံးငြိမ်းချမ်းစေချင်ပါသော်လည်းးး
အိမ်နဲ့ဝေးနေတဲ့သူအားလုံးအမြန်ဆုံးပြန်လည်
နီးနိုင်ပါစေနော်..
ခင်တဲ့
ညီမသဒ္ဓါ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(အစ်မရေ.. ဆောင်းပါးနဲ့မဆိုင်ဘူးဆိုတော့ မျက်စိရှုပ်တယ်… မသင့်တော်ဘူးထင်ရင် ဖျက်ပစ်နိုင်ပါတယ်။ နှောင့်ယှက်လို၍ ရေးခြင်းမဟုတ်ပါ။ သြော်.. ဒါနဲ့ အစ်မကို ချောတယ်လို့ပြောတဲ့ထဲမှာ ကျနော်လဲပါတယ်နော်။ အဲဒါလေးကို ထောက်ထားပြီး မဖျက်ပဲနေလို့ရပါတယ် :P )
ဒေါက်တာလွမ်းဆွေ ဘလော့မှာ “သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေနဲ့ ကျန်ရစ်ကြမလဲ” ဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။ ဒီမိုဆိုပြီး ကွက်ကွက်လေးလက်ညှိးထိုးမပြောလိုပါဘူး။ တကယ်တော့ ဒီမို.. နအဖ. .တတိယလူ.. ပြည်သူ . .KNU.. KIA.. DKBA . . ဗမာ.. ကရင်.. ကချင်.. ရှမ်း.. ရခိုင်.. မွန်.. ပလောင်.. ပအို.. ချင်း စတဲ့မြန်မာနိုင်ငံသားအားလုံးဟာ တံဆိပ်ပဲကွာပြီး စောက်ကျင့်နဲ့ စိတ်ဓါတ်တွေကတော့ အတူတူပါပဲ။ ကိုယ်တိုင်က အုတ်တစ်ချပ်သဲတစ်ပွင့် တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ကိုင်ဖို့ ခေါင်းထဲမှာ နည်းနည်းလေးမှမရှိပဲ သူတစ်ပါးကို သြ၀ါဒပေးဖို့ပဲ စိတ်ဝင်စားပါတယ်။ အဲဒီဆောင်းပါးမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖိုးကြီးတွေကို သြ၀ါဒတွေပေးထားပါတယ်။ ဖတ်လို့တော့ကောင်းသားဗျ။ ရယ်စရာကောင်းတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ညွှန်ကြားချက်တွေ ပေးထားပေမယ့် . . . သူကိုယ်တိုင်က စံပြအဖြစ် ဘယ်လိုလုပ်ပြမယ်.. အခုလည်း ဘယ်လိုလုပ်နေတယ်စသဖြင့် .. အရေးကြီးဆုံးစကားကို ထည့်မပြောဘူး။ သဘောကတော့ သူက ဆရာကြီးဟန်ပန်အပြည့်နဲ့ ဘေးကနေ လက်ပိုက်ကြည့်နေမယ် .. ဘေးထိုင်ဘုပြောလုပ်မယ်.. ဒေါ်အောင်ဆန်းစုကြည်က နာခံရမယ်ပေါ့ဗျာ။ ဟိဟိ.. ဒို့မြန်မာတွေက ကိုယ်တိုင်က ရေသာခိုပြီး.. သူတပါးကို ညွှန်ကြားတဲ့နေရာမှာ ပါရမီဓါတ်ခံကတော့ သိပ်ကိုကောင်းတယ်နော်။ လေးစားပါတယ်လေ။ ဟဲဟဲ။



မြတ်ဗုဒ္ဓ၏ အဆုံးအမကိုသာ လက်တွေ့ကျသော နိုင်ငံရေးလမ်းစဉ်အဖြစ် ခံယူထားသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


(p.s ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်များကိုဖြစ်စေ … နအဖနှင့်ပတ်သက်သူများကိုဖြစ်စေ.. စစ်ခုံရုံးတင်ဖို့ တရားစွဲဖို့ ပြောဆိုမှုများနှင့် ရန်လိုမှုများသည် နိုင်ငံရေးကို ပိုမိုရှုပ်စေသောကြောင့် … တိုင်းပြည်ချစ်လျှင် ထိုအပြောအဆိုများကို မလုပ်ဖို့ မေတ္တာရပ်ခံပါသည်)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(အစ်မရေ.. အစ်မရဲ့ သူငယ်ချင်းက မမျှတဘူးဗျာ။ သူကျတော့ သူ့ဘလော့ကော်မန့်မှာ ရေးချင်တာ ရေးတယ်။ တောသားကို နှစ်ပြားမတန်အောင် အသရေဖျက်တယ်။ ကျနော်ချေပတာကျတော့ ဖျက်ပစ်တယ်။ ဖတ်ကြည့်ပါဦး ရိုင်းတာပါလို့လားဗျာ?)
သို့
မငယ်နိုင်

အစ်မရေ.. ကျုပ်က တောသားစစ်စစ်ဗျ။ အဖေနဲ့ အမေ ၂ ယောက်စလုံးကလည်းတောမှာ မွေးတယ်.. ကျုပ်ကလဲ တောမှာမွေးတယ်။ တောသားကို စကားပြောရင် တည့်တည့်ပြောမှ သိတယ်။ ကွေ့ပတ်ပြောလို့ကတော့ အရိပ်ပြရင်တောင် အကောင်မှန်းမသိဘူး။ အခုလည်း “ဇော်မျိုးရေ.. ဆီပုံးမှာ စကားပြောတဲ့လူ လုံးဝမရှိလို့ အဲဒီမှာ စကားပြောပေးပါ”လို့… ခြေတောက်ဖက်ပြီး တောင်းတောင်းပန်ပန်နဲ့ ပြောရင် … စဉ်းစားပေးမှာပေါ့။ အခုတော့ မိန်းမ မာယာအပြည့်နဲ့ ကျုပ်ကို မခံချင်စိတ်ဖြစ်အောင် ပေါက်ကရတွေပြောတယ်။ ဒေါသထွက်ပြီး ဆီပုံးမှာ စာရေးမယ်လို့ တွက်ထားတယ်ထင်ပါ့။ ဟိဟိ… စိတ်မဆိုးဘူး… ခွင့်လွှတ်လိုက်ပါတယ် ကွယ်။ ၀ါးဟားဟား

အင်မတန်ရိုးသားဖြူစင်သော အညာမြေမှတောသားစစ်စစ်ဖြစ်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(အစ်မရေ.. ဒီကော်မန့်ကို ဖျက်ချင်ဖျက်လို့ရပါတယ်။ ကျနော်နားလည်ပါတယ်။ အစ်မဘလော့ကို ရှုပ်အောင်လုပ်သလိုဖြစ်လို့ အားလုံးဖျက်သင့်တယ်ထင်က ဖျက်လို့ရပါတယ်။ တောသား စိတ်မဆိုးပါဘူး။ ရေနွေးကြမ်းလေးနဲ့ ထန်းလျက်ခဲလေးစားပါဦး )

မြန်မာနိုင်ငံ အခုရင်ဆိုင်နေရတာ နိုင်ငံရေး ပြဿနာမဟုတ်ဘူး။ နိုင်ငံတော်အဏာရရှိရေး အတွက် ဦးတည်လုပ်ကိုင်နေတော့ . . . . နိုင်ငံရေး ပြဿနာဆိုပြီး အမှတ်မှားနေကြတာပါ။ နိုင်ငံတော် အာဏာကို လုတယ်ဆိုတာ နိုင်ငံရေး သမားတွေအချင်းချင်း ဖြစ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် အခုဖြစ်နေတာက.. လူကြားလို့မှ မကောင်းဗျာ။ တခြားနိုင်ငံတွေလို . . . နိုင်ငံရေးသမားအချင်းချင်း အဏာလုတာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့လားလားမှ မဆိုင်တဲ့ ၀န်ထမ်းက နိုင်ငံရေး အဏာကို လုထားလို့ ပြဿနာဖြစ်နေတာဗျ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဆိုတာ ပြည်သူ့ဝန်ထမ်းတွေပါ။ ၀န်ထမ်းက ၀န်ထမ်းလို မနေပဲ… တိုင်းပြည်ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို . . . ဗိုလ်ချုပ်တွေက သူတို့ ကိုယ်ပိုင် တပ်လိုအသုံးပြုပြီး… တိုင်းပြည်အဏာကို လုထားလို့ ပြဿနာတက်နေတာပါ။

လေ့လာကြည့်လေ ကျုပ်တို့မြန်မာနိုင်ငံအဖြစ်ဟာ ရယ်စရာကောင်းလေပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေက အစိုးရမဖွဲ့ဘူး။ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ စစ်သားတွေက အစိုးရဖွဲ့တယ်။ ရွေးကောက်ခံ နိုင်ငံရေးပါတီဝင်တွေက လွှတ်တော်မှာ မရှိပဲ ထောင်ထဲမှာ ချုပ်နှောင်ခံထားရတယ်။ ရယ်စရာအကောင်းဆုံး ကိစ္စကတော့ စစ်ဗိုလ်က စစ်ရေးကိစ္စကို တလုံးတပါဒမှမဆွေးနွေးပဲ . . . လူထုကရွေးချယ်ထားတဲ့ နိုင်ငံရေးပါတီကို စောက်တင်းပြော စောက်ပြစ်တင်တာပဲလုပ်ကြတယ်။ အဲလိုအဖြစ်မျိုး တခြားနိုင်ငံတွေမှာ ကြားဖူးလား?

ဝန်ထမ်းက ၀န်ထမ်းကျင့်ဝတ်ကို မလိုက်နာလို့ဖြစ်နေတဲ့ပြဿနာ. . ဗိုလ်ချုပ်တွေက စစ်စည်းကမ်းကို မလိုက်နာလို့ ဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပြဿနာလို့မြင်နေတာမှားယွင်းပါတယ်။ ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်တွေကို နိုင်ငံရေးသမားနေရာမှာထားပြီး ပြောဆိုနေတာတွေဟာ လုံးဝ မှားယွင်းပါတယ်။ နိုင်ငံရေး ပြဿနာမဟုတ်ပဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်လို့ပြောနေတဲ့သူတွေဟာ အရူးတွေပဲဖြစ်မှာပါ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေရဲ့ အပြုအမူကို . . . . ၀န်ထမ်းကျင့်ဝတ်ပေတံနဲ့ တိုင်းတာ ပြောဆိုတာ ပိုပြီးမှန်ကန်လိမ့်မယ်။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ ၀န်ထမ်းတွေသာဖြစ်ပြီး နိုင်ငံရေးနဲ့လားလားမှ မဆိုင်ကြောင်းကို စစ်သားတွေ သတိထားမိအောင် ပညာပေးဖို့လိုပါတယ်။ စစ်တပ်အတွင်းမှာ အဲဒီအသိစိတ်သာ စိမ့်ဝင်သွားရင် . . . ဗိုလ်ချုပ်တွေ စစ်တပ်ကို သူတို့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ လက်ရွံ့သွားပါမယ်။ မတရားအမိန့်ပေးဖို့လဲ ခက်ခဲသွားပါမယ်။ စစ်အဏာသိမ်းတဲ့ အစဉ်အလာဆိုးကြီးလဲ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျုပ်တို့ပြည်သူတွေလဲ ဒီမို၊ နအဖ၊ KNU ၊ KIA ၊ ဗမာ၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ပလောင်၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဆိုတဲ့ တံဆိပ်တွေ မေ့ပျောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြမှာပါ။




မြတ်ဗုဒ္ဓ၏ အဆုံးအမကိုသာ လက်တွေ့ကျသော နိုင်ငံရေးလမ်းစဉ်အဖြစ် ခံယူထားသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


(p.s ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်များကိုဖြစ်စေ … နအဖနှင့်ပတ်သက်သူများကိုဖြစ်စေ.. စစ်ခုံရုံးတင်ဖို့ တရားစွဲဖို့ ပြောဆိုမှုများနှင့် ရန်လိုမှုများသည် နိုင်ငံရေးကို ပိုမိုရှုပ်စေသောကြောင့် … တိုင်းပြည်ချစ်လျှင် ထိုအပြောအဆိုများကို မလုပ်ဖို့ မေတ္တာရပ်ခံပါသည်)

သူကြီးမင်း (တုံးဖလား) said...

ငြိမ်းချမ်းမှုကို ဦးတည်ရင် ဘယ်ဘာသာမဆို သဘောကျတယ်။ အဓိကက လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်းစွာ နေရဖို့ဘဲ။

ဂရောင်းဇီးရိုးနှင့်မဗေဒါ.. မိုက်တယ်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မရေ.. ဘာစာမှ မတင်တော့ဘူးလား? ဆီပုံးပဲဖတ်ပြီး ပြန်သွားရတာ မနည်းတော့ဘူး။ ဒါမှ မဟုတ်.. ကြီးမိုက်ကြီး မငယ်နိုင်ကို ထိမ်းနေရလို့ မအားဖြစ်ပြီးစာမရေးနိုင်တာလား? အဲဒီအစ်မကြီးကို ထိမ်းချင်ရင်… ကျနော်တို့ ရွာက နွားရိုက်တဲ့ ဒုတ်လေးပေးလိုက်မယ်။ သူ့ကို အဲဒါလေးနဲ့ ရိုက်ပြီးပြောကြည့်ပါ။ အဆင်ပြေမှာပါ။

ဗွတ်ထူထူတနာင်္လာရီမှ တောသူကို အနိုင်ကျင့်နေသည့် ရွှေညာမြေမှတောသား
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Unknown said...

အမရေ..
ဒီပို့ စ်နဲ့ ဆိုင်တော့မဆိုင်ပါဘူး။ ဒီနေ့ ဖတ်ရတဲ့ သတင်းလေးပါ။

http://www.vg.no/

http://www.vg.no/nyheter/innenriks/artikkel.php?artid=10027145

ရွှင်လန်းချမ်းမြေ့ပါစေလို့ 

Nge Naing said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

တိုင်းပြည်အရေးကို ဘေးမှနေ လက်ပိုက်ကြည့်ပြီး ဆရာလုပ်နေသူတွေကို စတင်လို့ စစ်ကြေငြာနေပါပြီ.. ဒန်..ဒန်..ဒန်
http://kopaw07.blogspot.com/2010/09/blog-post_19.html

နအဖကို ဖြုတ်ချဖို့ လမ်းစပျောက်နေပြီလို့ခံစားနေရရင် “အပြင်းစားတော်လှန်ရေးမှသည် အုတ်တစ်ချပ်သဲတစ်ပွင့် တော်လှန်ရေးဆီသို့” ဖတ်ပါ http://myanmartruthers.blogspot.com

Nge Naing said...

သူငယ်ချင်း

ပေါတောတော ကြောင်တောင်တောင်နဲ့ လူတကာကို Assault လိုက်လုပ်နေတဲ့ တယောက်နဲ့က ဘယ်တုန်းက မိတ်ဆွေဖြစ်သွားတာလဲ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အစ်မကြီး မဗေဒါ

ပေါတောတော ကြောင်တောင်တောင်နဲ့ အဖြုကိုထိရင် ဆတ်ဆတ်ထိမခံဖြစ်ပြီး.. ကုလားက ကိုယ့်ဘာသာကို စော်ကားတော့ အသံမထွက်ရဲတဲ့ တယောက်နဲ့က ဘယ်တုန်းက မိတ်ဆွေဖြစ်သွားတာလဲ။

abcmgmg said...

Nge Naing ! r u Kalar?

abcmgmg said...

Nge Naing
r i Kalar? I am not SateBO. Working as Engineer in Singapore

Nge Naing said...

ကျွန်မက လူမျိုး၊ ဘာသာ၊ ကျားမ၊ လူတန်းစား၊ အသားအရောင် လုံးဝမခွဲခြားတတ်တဲ့ ဗုဒ္ဓဘာသာ ဗမာစစ်စစ်ပါ။ ဘလော့ဂ်ကို လာလည်မှတ်ချက်ပေးသူ အားလုံးကို အပြန်အလှန်လေးစားပြီး အရေးတယူ ပြန်ဆက်ဆံတတ်ပေမဲ့ အရိုင်းအစိုင်းတွေကိုတော့ ခွဲခြားတတ်တယ်။ ဘလော့ဂ်မှာ ရိုင်းတဲ့မှတ်ချက်နဲ့ မဟုတ်တာကို အဟုတ်လုပ်ပြီး ပြဿာ လာရှုာတတ်တာကိုတော့ ဆွမ်းဆန်ထဲမှာ ကြွက်ချေး ပေးမပါစေချင်လို့ လုံးဝခွဲခြားပစ်ပါတယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
မငယ်နိုင်

ခင်ဗျားမှာ အရှက်ကတော့ လုံးဝ လုံးဝ နထ္ထိ.. ပြောင်တလင်းခါနေတယ်။ ကုလား ဗုဒ္ဓဘာသာ ဆော်ကားတဲ့ ကိစ္စကို ဆက်ပြီး မဆွေးနွေးရဲရင်လည်း အရင်တုံးက ကော်မန့်တွေ ဖျက်စရာမလိုပါဘူး။ အခုတော့ လိုတမျိုး.. မလိုတမျိုးနဲ့။ ခင်ဗျားအကြောင်း ကိုလူတိုင်းကသိနေတယ် အားနာလို့မပြောပဲနေတာ။ ဘယ်သူကမှ မရိုင်းဘူး။ အငယ်တွေ ရိုသေအောင် လူကြီးလိုမနေလို့ ထုထောင်းခံနေရတာပါ။ ဖြောင့်မတ်တဲ့ လူကြီးကို ဘယ်သူကမှ မဆော်ကားဘူး။ မဗဒါ ကုလားမကို မြှောက်ပင့်ပေးလို့ အမျိုးသားရေးအရ ရှေ့မျက်နှာ နောက်ထားပြီး တိုက်ခိုက်နေတာ။ မဗေဒါဟာ ကုလားကို လူလိုသဘောထားတဲ့ အပြစ်ကလွဲလို့ကျန်တာဘာမှ မရှိဘူး။ လူကြီးပီသတယ်။ အရမ်းလေးစားဖို့ကောင်းတယ်။ သူ့ဆီက သီချင်းဆိုတာ တစ်ခုပဲ အားကျအတုမခိုးနဲ့.. စိတ်ထားလေးပါ ခိုးစမ်းပါ။ တစ်ခုလောက်တောင်းပန်ချင်တယ် .. .ခင်ဗျားကို ဗမာလို့ မပြောစမ်းပါနဲ့။ ဖြစ်နိုင်ရင် ထိုင်းလို့ပြောပေးပါ။ ဒါမှ မဟုတ် အဖြူလို့ပြောပေးပါ။ ကံတရား မျက်စိလည်ပြီး ဗမာမိဘ ဗိုက်ထဲရောက်လာတာပါ။ မထိုက်ပဲ စံတယ် ဆိုတဲ့စကား ကြားဖူးမှာပါ။

ကုလားထိရင် ဆတ်ဆတ်ထိမခံသည့် သူများကို နှိပ်ကွပ်ရာမှာ အထူးပြောင်မြောက်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(Nge Naing: တောင်းပန်ရင် အမှားလုပ်ခဲ့တဲ့ C-Box မှာ ယုတ်ရိုင်းကြမ်းထမ်းစွာ လာဆဲပြီး မှတ်ချက်မှာ ပြဿနာ အမျိုးမျိုး လာရှာခဲ့တဲ့ ဇော်မျိုးကပဲ တောင်းပန်ရမှာ ရှင်တောင်းပန်စရာမလိုဘူး။)

သို့
မငယ်နိုင်

မငယ်နိုင်ကတော့ အသက်က မိုးထိုးနေပြီ။ စိတ်ဓါတ်က အ၀ိစိမှာ ဂျိုးကပ်နေတယ်။ အရူးမကြီးလို စိတ်ပြောင်းပြီး တင်ခွင့်ပေးပြီးသား ကော်မန့်တွေကို ဖျက်ပြစ်ပြီး. . ဗလောင်းဗလဲ လုပ်တာကို မရှက်ပဲ လူတောထဲ ၀င်တိုးရဲသေးတာ အံသြပါတယ်။

လူတစ်ယောက်ကို စွပ်စွဲရင် အထောက်အထားရှိရတယ်။ ခင်ဗျားကို ကျုပ်ပြောတာ ရှင်းတယ်။ ခင်ဗျား ခန္ဓာကိုယ်ကြီးကို တကယ်ကို မသထီလို့ ညစ်ညစ်ပတ်ပတ် မပြောတာဗျ။ အဲလိုပြောလို့ အစ်မရဲ့ ရုပ်ခန္ဓာကြီးက သုံးမရဘူးလို့ မဆိုလိုပါဘူး။ အသုဘ ကမဌာန်းကြည့်တဲ့နေရာမှာ မသာလောင်းအစား အစ်မ ဓါတ်ပုံကို အသုံးပြုရင် . . . ကိလေသာ ကုန်ခမ်းဖို့ အဆပေါင်းများစွာ အထောက်ကူ ဖြစ်စေပါတယ်။ သာသနာပြုတယ်လို့ အကောင်းမြင်ပါတယ်။ ၀ါးဟားဟား

ကုလားထိရင်ဆတ်ဆတ်ထိမခံတဲ့ မငယ်နိုင်ကို ပက်ပက်စက်စက်အနိုင်ကျင့်နေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★