Wednesday, September 22, 2010

လူမိုက်


တကယ်တော့
ကျွန်မရဲ့ ကြမ်းတမ်းတဲ့
ခြေသံတွေ
လုံးဝ… မပျင်းလာစေချင်ဘူး….

တကယ်တော့
ကျွန်မရဲ့ တိုးတိုးတိတ်တိတ် မဟုတ်တဲ့
တောက်ခတ်သံတွေ..
ဘယ်သူမှ မကြားစေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ သက်ချသံပြင်းပြင်းရှည်ရှည်
ဘယ်သူ့ ကိုမှ မရိပ်မိ စေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ မျက်ရည်တွေ
ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး..

တကယ်တော့
ကျွန်မရဲ့ နာကြည်းမှုတွေ..
ဘယ်သူ့ကိုမှ လှစ်ဟ မပြချင်ဘူး..။

တကယ်တော့
ကျွန်မရဲ့ ဝေဒနာ ခံစားချက်တွေကို
ဘယ်သူ့ကိုမှ မပေးချင်ဘူး..။

တကယ်တော့
ကျွန်မရဲ့ ခံစားချက်တွေကို
စာအဖြစ် မပြောင်းလိုဘူး..

တကယ်တော့…
တကယ်တော့…
တကယ်တော့
ကျွန်မရယ်လို့ ထင်ရှိနေတဲ့
ရုပ် နာမ် ၅ ပါး
ခံစားချက်အတ္တ
ထုထည်ကြီး တည်ရှိနေသ၍ …..
အစဉ်မပြတ်
တည်ရှိနေမဲ့ ပုထုဇဉ် လူမိုက်လမ်းပဲ ဖြစ်မယ် ထင်ပါရဲ့…..။

အကောင်းတွေထက် အဆိုးတွေ ကြားပြီးရင်း ကြားနေရတဲ့ သံသရာလောကကြီးထဲ တခါတရံ ဘာကိုမှ မကြား မသိချင်တော့တဲ့ ခံစားမှုတွေအတွက် ဒီစာလေးကို ရေးဖွဲ့မိပါတယ်… ရွေးကောက်ပွဲအတွက် ဓါတ်ပုံတွေ မရသေးလို့ မတင်ဖြစ်သေးပါ. …………….။

အသစ်အဟောင်း မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို နုတ်ဆက်ပါတယ်…။ စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။ ဘလော့ရေးကြတဲ့ မိတ်ဆွေများဆီကိုလည်း အရောက်လာပြီး အားပေးပါအုံးမယ်… လာပွားပါအုံးမယ်… ။


မဗေဒါ
၂၁.၀၉.၂၀၁၀

11 ဦး၏ဆွေးနွေးချက်:

ဇော်သိင်္ခ said...

တကယ်တော့ ...
တကယ်တော့ ...
ရုပ် နာမ် ၅ ပါး
ခံစားချက်အတ္တ
ထုထည်ကြီး တည်ရှိနေသ၍ ….. တော့ အဲဒီမကောင်းသတင်း ကောင်းသတင်းတွေကတော့ ကြားနေမြင်နေကြရအုံးမှာပါ မမဗေ..ရေ... ကောင်းသတင်း တွေကိုပဲ အမြဲကြားနေနိုင်ခွင့် ရနိုင်ကြပါစေလို့ပဲ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ.

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သီလရှင်ဝတ်တော့မှလား? အကူအညီလိုရင် ပြောနော်.. သီလရှင်အသိရှိတယ်ဗျ :P

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရေ မဖတ်ဖြစ်တာကြာလို့ လာဖတ်ပါတယ်။ ဒါမျိုးလေးတွေလည်း ရတာပဲနော်။ အားပေးပါ၏။ နောက်လည်းလာ မည်။ ပြန်ပီ.

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
နေကောင်းလား
အလုပ်ရှုတ်နေတယ်ထင်တယ်။

ကျွန်မလည်း မိုက်တယ်။ မဗေဒါရဲ့။
သိရက်နဲ့ မိုက်နေတာပါ။
အတ္တတွေလည်းများနေဆဲပါပဲ။

ခင်မင်လျှက်

blackကော်ဖီ said...

စိတ်ညစ်စရာတွေ ရှိနေပြီလား အစ်မရေ...
တတ်နိုင်သမျှ ပျော်အောင်နေပါ။

Nge Naing said...

လူမိုက်မှန်းသိရင် လျှောင်လိုက်ပေါ့ လွယ်လွယ်လေးပဲဟာ။

SHWE ZIN U said...

မဗေဒါ ရေ

တရားသဘောတွေ အမြဲနှလုံးသွင်းနေရင် ကောင်းပါတယ် လူဆိုတာ မပြောနိုင်ဘူးလေ ဘဝဆိုတာ တိုတိုလေးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Nge Naing said...

လူမိုက်မှန်းသိရင် လျှောင်လိုက်ပေါ့ လွယ်လွယ်လေးပဲဟာ။

makhaing said...

သူငယ်ချင်း မငယ် ...

လွယ်သတဲ့လား.. တို့အပါအဝင် (ဗုဒသာသာဝင် လို့ လက်ခံနားလည် ထားသူ များ အားလုံးဟာ ) ဟာ ဘုရား ဟောတဲ့ လမ်းစဉ် တွေကို မလျှောက်လမ်းနိုင်သမျှ တနည်းနည်းနဲ့ မိုက်နေကြတဲ့ လူမိုက်များပဲမလား.. ။ ဒီသဘောကို ဖွဲ့ဆိုထားတာသာ ဖြစ်ပါတယ်.. ဆိုလိုချင်တာက အခုချိန် အထိ.. နောင်လာမဲ့ အချိန်များစွာထိ ခံစားရတာတွေကို ငါ ...ကိုယ် ... လို့ပဲ ထင်နေတာ.. ကို ပြောချင်တာပါ.. ။ ဒါတွေကို မပြတ်နိုင်သေးတဲ့ တဏှာ ကို ဖွဲ့ဆိုပါတယ်.. ဆိုလို တာ နားလည်တာလွဲရင်... ခွင့်လွတ်ပါ နော် ဂဂဂဂဂဂဂဂျစ် သူငယ်ချင်း.. အဆိုတော် အမတ်လောင်းကို..။

စိတ်ညစ် စရာတွေကတော့ မရှိအောင် ကျိုးစားနေတက်ပါတယ်.. ကို ဘလက်ရေ... ပင်ကိုယ်က ပျော်တက်အောင်နေတယ်.. အပြုသဘောဆောင်ကြည့်တက်အောင် ကျိုးစားတယ်.. တော်ရုံကိစ္စလောက်ကို သိပ် ခေါင်းထဲ မထည့်ထားတက်ပါဘူး... ။ မေးတဲ့အတွက်ရော... နေတက်အောင် နေခိုင်းတဲ့ အတွက် ကျေးဇူးနော်... လာလည်အုံးမယ်နော်.. ။

လာဖတ် မန့်တဲ့ သူငယ်ချင်းများ ကျေးဇူးပါ.. အရောက်လာပါဦးမယ်..။

စိန်ဗေဒါ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
မစိန်ဗေဒါ


အစ်မရဲ့ ရှင်းလင်းချက်တွေက တကယ်ကို ကောင်းတယ်ဗျာ။ ထိုင်းဘုရင် မိဘုရားကြီး ခွေးထီးကြီးမွေးနေ့မှာ ဘာမှ မ၀တ်ပဲ လေးဘက်ထောက် ပြီး ကိတ်လှီးလိုက်တဲ့အတိုင်းကို ရှင်းလင်းနေတယ်။ အမတ်မကြီးရဲ့ အရေးအသားတွေနဲ့ အတွေးအခေါ်တွေကို ကြိုက်ပါတယ်။ ဦးပေါကြီးလည်း အစ်မဆီမှာ အတွေးအခေါ် သင်တန်းတက်ဖို့ တိုက်တွန်းလိုက်မယ်နော်။


အမတ်လောင်း မစိန်ဗေဒါကို သမ္မတလုပ်ဖို့ မဲပေးမည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. မဗေဒါကို မဲပေးသူတိုင်း ရေမရောသည့် ထန်းရေတစ်ခွက် တိုက်ပါမည်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
အမိုက်အမှောင်တွေဖုံးနေတဲ့ ဒီမိုများ

မြန်မာအချင်းချင်း ဒီမို / နအဖ တံဆိပ်တွေနဲ့ ရန်သူ မိတ်ဆွေ ခွဲခြားထားကတည်းက အခြေခံနိုင်ငံရေး အုတ်မြစ်ကိုက မှားနေပြီ။ မြတ်ဗုဒ္ဓ ဟောကြားတဲ့တရားတွေဟာ စာအုပ်ထဲမှာမဟုတ်ပဲ လက်တွေ့ အတွေးအခေါ်တွေဆိုတာ မင်းတို့သိနေတာပဲ။ နအဖ ဗိုလ်ချုပ်တွေအပေါ် အမုန်းတွေကြီး … ဒေါသတွေကြီး . . အဲဒီတော့ မောဟတွေကလဲကြီးနေကြတယ်။ ဒီမိုတွေအားလုံးမှာ မောဟတွေဖုံးပြီး ဘာလုပ်ရမှန်းမသိ ဆုံးဖြတ်ချက်မချနိုင်ပဲေ၀၀ါးနေပြီ။ ခေါင်းအေးအေးထားပြီး စဉ်းစားပါ. . ခင်ဗျားတို့တွေ ဘာဆက်လုပ်ကြမှာလဲ?။ နအဖတော်လှန်ရေးဟာ အသက်ငွေ့ွေ့လေးပဲ ကျန်တော့တယ်။ ဒီအတိုင်းဆက်သွားမှာလား.. လမ်းသစ်ကိုရှာမလား။ နအဖကို အမှောင်ထဲကနေ ဒေါသထွက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မြန်မြန်စဉ်းစားကြပါ. . . ရွေးကောက်ပွဲက ဖင်ထဲဝင်တော့မယ်။

မြန်မာပြည်မှာမွေးတဲ့ . . .အညာသားစစ်စစ်ဖြစ်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★