`ချေးဌား ` ဆိုတာကို `ချီးဌား` လို့ရေးလို့ လှောင်ပြော နောက်သွားတဲ့ ကောင်လေးတယောက် ကျွန်မ အစဉ်မှတ်မိနေပါတယ်..။ ကျွန်မဆီကို သမီးအရွယ် နဲ့ အသက် သိပ်မကွာတဲ့ ကလေး (၃ ) ယောက် အမြဲမဟုတ်တောင် မကြာခဏ လာလည်လေ့ရှိပါတယ်.. နှစ်ယောက်က မြန်မာပြည်ထဲက ကျန်တယောက်က နိုင်ငံခြားမှာ ပညာသင်နေတဲ့ မျက်မှန်ထူထူ လေး တပ်ထားပါတယ်ဆိုတဲ့ ကလေးတယောက်..။ ကလေး ၃ ယောက်စလုံးက ရင်းရင်းနှီးနှီးနဲ့ ကျွန်မကို နောက်တက်လှောင်တက်ကြပါတယ်..။ သူတို့နောက်သမျှ စသမျှ ဟာလည်း ချစ်စရာကောင်းသလို ကျွန်မကိုယ်တိုင်ကလည်း နောက်တက်ပြောင်တက်တဲ့သူ ဖြစ်တာမို့ တခါမှ စိတ်အနှောင့်အယှက် မဖြစ်မိပါဘူး..။
အဲဒီထဲက တယောက်ကတော့ အသက် ( ၂၁) နှစ် ပြည့်တော့မှာဖြစ်သလို ဘလော့ ရေးတာလည်း ၁ နှစ်ပြည့်ပါပြီ .... သူကတော့ မိုးကုတ်သားလေး မောင်ကိုကိုးအိမ် ပါ.. ။ ကျွန်မ မှတ်မိသလောက်တော့ ဘလော့ လုပ်ကာစက သူငယ်ချင်း မငယ်နိုင်က လျှောက်လည်ရတယ် ပြောတာရော.. ကိုယ်ကိုယ်တိုင်လည်း တချို့စာတွေ သဘောတွေ့တာကြောင့် လည်ရင်းပတ်ရင်း မောင်ကိုးအိမ် ဆီ ရောက်ခဲ့ပါတယ်.။ ဒီနောက်တော့ ပုထုဇဉ် တို့ရဲ့ ထုံးစံအတိုင်း ခင်ခဲ့ သံယောဇဉ် ဖြစ်ရပါတယ်..။
အဲဒီထဲက တယောက်ကတော့ အသက် ( ၂၁) နှစ် ပြည့်တော့မှာဖြစ်သလို ဘလော့ ရေးတာလည်း ၁ နှစ်ပြည့်ပါပြီ .... သူကတော့ မိုးကုတ်သားလေး မောင်ကိုကိုးအိမ် ပါ.. ။ ကျွန်မ မှတ်မိသလောက်တော့ ဘလော့ လုပ်ကာစက သူငယ်ချင်း မငယ်နိုင်က လျှောက်လည်ရတယ် ပြောတာရော.. ကိုယ်ကိုယ်တိုင်လည်း တချို့စာတွေ သဘောတွေ့တာကြောင့် လည်ရင်းပတ်ရင်း မောင်ကိုးအိမ် ဆီ ရောက်ခဲ့ပါတယ်.။ ဒီနောက်တော့ ပုထုဇဉ် တို့ရဲ့ ထုံးစံအတိုင်း ခင်ခဲ့ သံယောဇဉ် ဖြစ်ရပါတယ်..။
သားသမီး.. တူသားအရွယ်..ဆိုပေမယ့် ဒီခေတ် ကလေးတွေ နိုင်တဲ့ဝန်တွေထမ်းရင်း သူတို့မြင်တာတွေး ခံစားရတာတာလေးတွေ ဗဟုသုတ ဖလှယ်တာတွေကလည်း စိတ်ဝင်စားစရာတွေ အများကြီးနဲ့ပါ..။ မောင်ကိုးအိမ် ရဲ့ စာတွေ ကို သွားသွားဖတ်နေတဲ့ အချိန်က မြန်မာပြည်မှာ နွေခေါင်ခေါင်ကြီးထဲ လူတွေ ဒုက္ခခံစား ရတာလေးတွေ သူရေးတင်ပေးတာကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်..။ လူတွေရဲ့ ဒုက္ခတွေကို ရေးပြတက်သလို သူကြုံခဲ့ရတဲ့ အတွေ့အကြုံ သီချင်းဆိုတာမျိုး.. ကျွန်မ စိတ်ဝင်စားတဲ့ ပုလဲ.. ကိစ္စမျိုး.. ဘာသာရေး ကိစ္စနဲ့ အခြားသော ဗဟုသုတ များ ရေးထားတာတွေကလည်း ဗဟုသုတ အဖြစ် အကျိုးများစေပါတယ်..လို့ မြင်မိပါတယ်..။ စာရေးရင် ရိုးရိုးပဲ ရေးသလို သူရေးထားတဲ့ ပို့စ်တခုမှာ ဘာသာရေးစာပေတွေ စိတ်ဝင်စားတယ်ဆိုတာ ရယ်.. မဟုတ်တာ လုပ်ရမှာကို ကြောက်တဲ့ စိတ်ထားတွေ ဖော်ပြထားတာ တွေ့ရတော့ ` အော်.. စိတ်ထားကောင်းကို ဘာသာက သင်ပေးတာ.. ငယ်ရွယ်ပေမဲ့.. သူလက်ခံနာလိုသားပဲ ` လို့ ချီးကျူးမိပါတယ်.. .. ဖြူစင်တဲ့ ကလေးတယောက် အဖြစ် မြင်မှတ်မိ သလို မိခင်ရဲ့ ဂုဏ်ကိုလည်း နားလည်တက်သူ အဖြစ် လေးစားမိပါတယ်..။ ဒါကြောင့် မောင်ကိုးအိမ်ကို တခု ပြောချင်ပါတယ်.. အခုအရွယ်မှာ ထားနိုင်တဲ့ စိတ်ထားမြတ်တွေကို ဘဝမှာ ဘယ်လိုအခြေအနေတွေပဲ ရောက်ရောက် သယ်ဆောင်ယူသွားနိုင်ပါစေ..လို့ပါ..။ ရိုးသားခြင်း.. ဖြူစင်ခြင်း.. သဘောထားကြီးခြင်း.. မေတ္တာထားနိုင်ခြင်း… စတဲ့ ကောင်းမွန်တဲ့ စိတ်ထားမှန်သမျှဟာ တခါတရံမှာ လုပ်ယူမွေးယူ ရသလို ရှိရင်းစွဲ စိတ်ဓာတ် စိတ်ထားကောင်းတွေကို ဆက်လက် သယ်ဆောင် သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။
ရှေ့နေဘာသာနဲ့ ကျောင်းပညာတွေ သင်ကြားခဲ့ပေမယ့် စာရေးတာ.. ဖတ်တာ ဝါသနာ ပါတဲ့ မောင်ကိုးအိမ်က အခုတော့လည်း ပညာနဲ့ လွဲနေတယ်လို့ ထင်ရတဲ့ အသံလွင့်ဌာန မှာ အလုပ်လုပ်နေပြန်သတဲ့..။ အဲဒီအတွက် ကျွန်မမှာ မေးခွန်း ၂ ခုရှိပါတယ်.. ဘာဖြစ်လို့ အဲဒီအလုပ်ကို လုပ်နေရတာပါလဲ.. အရင် အသံလုပ်ငန်းကိစ္စ အခံနဲ့ ဆက်စပ်ပြီး သဘောကျလို့လား.. ရှေ့နေလုပ်ငန်းက အခုအရွယ်မှာ ဝင်တိုးရ ခက်လို့လား ဒါမှမဟုတ် အလုပ်သင်ရှာရ နေရာခက်လို့လားဆိုတာပါ..။ သူမဖြေခင် ကျွန်မသိတဲ့ ရင်ထဲက စကားအချို့ ပြောကြည့်ချင်ပါတယ်..။ ကျွန်မခင်တဲ့ အသိုင်းအဝန်းလေးတွေ နဲ့ ဆက်စပ်ပြီး သိရတာကတော့ မြန်မာပြည်မှာ သင်ထားတဲ့ အတန်းပညာနဲ့ အမြဲလွဲနေတဲ့ လုပ်ငန်းကိုပဲ နှစ်များစွာ ဘာကြောင့် လုပ်နေကြရတာလဲ ဆိုတာပါ..။ နောက်ပြီး ဒီလိုဖြစ်အောင် ကာယကံရှင် တွေ ကိုယ်တိုင်ရွေးချယ်တာလား.. ဒါမှမဟုတ် အခြေအနေက အဲသလိုပဲ ဖန်တီး ပေးတာလား.. ဒါမှမဟုတ် ကိုယ် စတင်ပညာသင်ကြားကတည်းက ကိုယ်မကြိုက်ပဲ သင်ယူခဲ့တဲ့ ကျောင်းပညာ ဘာသာမို့ အသက်မွေးဝမ်းကြောင်း အလုပ်တခုအဖြစ် စိတ်မဝင်စားတာလား ဆိုတာပါ..။ မဗေဒါ တကယ်ကို သိချင်တာကြောင့် အခုလို တကူးတက မေးချင်းလည်းဖြစ်ပါတယ် မောင်ကိုးအိမ်..။ နောက် အဲဒီလို လူတွေ နီးနားဝန်းကျင်မှာ အများကြီးလား… ဆိုတာပါ..။
မိဘတွေ လက်ထပ်ကတည်းက ပြောလေ့ရှိတာရော မြင်ဖူးတာရောရှိပါတယ်.. ဘွဲ့ရ လူ ဆိုက်ကားနင်းတယ်ဆိုတာပါ.. အဟုတ်ဖြစ်ခဲ့တာပါ.. အခုခေတ်ကြီးထဲတော့လည်း မသိပါဘူး..။ ဒါပေမယ့် ကျွန်မသိတဲ့ မောင်ကိုးအိမ်ကတော့ ဆိုက်ကား မနင်းပေမဲ့ သူ့ပညာနဲ့ လွဲနေတဲ့ အသက်မွေးဝမ်းအလုပ်အတွက် ဘလော့ ၁ နှစ်ပြည့်မှာ မေးချင်တဲ့ ဘွားဗေရဲ့မေးခွန်းပါ.. ။ ပြောလို့ ဖြေလို့ရရင် ဖြေစေချင်ပါတယ် မောင်ကိုးအိမ်..။
မောင်ကိုးအိမ် ကျမ်းမာရေးတွေ ကောင်းပြီး.. ကိုယ့်အတွက် မိသားစုအတွက် နောက် လူ့အဖွဲ့အစည်းအတွက် နိုင်ရာ တာဝန်တွေ ထမ်းနိုင်တဲ့ ကလေးတယောက် ဖြစ်ပါစေလို့ အစဉ် ဆန္ဒပြုပါတယ်..။
( ဒီစာကို ကျန်ခဲ့တဲ့ သောကြာနေ့ကတည်းက ရေးထားပေးပါတယ်.. မအားလို့ ပြန်မကြည့်နိုင်တာကြောင့် အခု အိပ်ယာကထထချင်းမှာ နဲနဲပြန်စစ်ပြီး တင်ပေးပါတယ် မောင်ကိုးအိမ်ရေ.. လိုင်းပေါ်လာတိုင်း ဘွားဗေကတနေရာ.. ဖြစ်နေတက်တာကိုလည်း တခါတည်း တောင်းပန်ပါတယ်..။ မွေးနေ့ ၂ ခုအတွက် ဘွားဗေရဲ့ တခုတည်းသော လက်ဆောင်မွန်ဖြစ်ပါတယ်…။ )
ဘွားဗေ
၃၀.၀၈.၂၀၁၀
12 ဦး၏ဆွေးနွေးချက်:
ကဲ ကိုကိုးအိမ် ရေ
မဗေဒါ ကတော့ မေးနေပြီ ဖြေလိုက်ပါအုန်းဗျာ
ခင်တဲ့
ရွှေစင်ဦး
ဘွားဗေရေ ကိုးက အသံလွှင့်မှာလုပ်တာကတစ်ချိန် ရှေ့နေလုပ်တာကတစ်ချိန်ဘွားဗေရဲ့ အသံလွှင့်က ပါ့တ်တိုင်းပဲလုပ်ရတာလေ။ ကိုးက စာချုပ်လိုင်းလိုက် တယ်လေ။ ကိုးက ဥပဒေပညာစသင်တုန်းက ၀ါသနာ ပါဘူးဗျ။ အိမ်ကတက်ခိုင်းလို့။ ဒါပေမယ့် အလုပ်သင်ရှေ့ နေဘ၀ကို မရောက်မဖြစ်ရောက်လာတဲ့အခါ ဆရာကောင်း သမားကောင်းနဲ့တွေ့ပြီး ၀ါသနာပါလာပါတယ်။ အဲတော့ အလုပ်တစ်ခုဟာ ဆရာကောင်းသမားကောင်းလည်း အရမ်းလိုတယ်လို့ထင်ပါတယ်။ ခုတော့ အသံလွှင့်မှာ လည်းလုပ်တယ်။ ရှေ့နေလည်းလုပ်တယ်။ ကျူရှင်ဆရာ လည်းလုပ်တယ်။ အသံလွှင့်မှာကတော့ ၀ါသနာပါလို့ခဏ ၀င်လုပ်တာပါ။ ဘွန်းကလည်းနည်း တယ်လေ.. နောက်လထဲလောက်ကစပြီး မလုပ်ဖြစ် လောက်တော့ဘူးထင်တယ်.. ဘွန်းလည်းပြည့်သွားပြီ ဆိုတော့ထွက်မလားလို့... ရှေ့နေကိုပဲဇောက်ချလုပ် တော့မယ်.. အနုပညာကတော့အရမ်းဝါသနာပါပါတယ်။ အနုပညာနဲ့ ပရော်ဖက်ရှင်နယ်မလုပ်ဘူးဆိုပေမယ့် အနုပညာတစ်ခုခုကိုတော့ ကျွမ်းကျင်အောင်လုပ်မှာပါ။ ဇေကတော့ပြောတယ်လေ... ကိုနဲ့ဇေနဲ့က၄ဂဏန်းသ မားတွေ.. ၄ဂဏန်းသမားတွေကအနုပညာကို အရမ်းဝါသနာပါကြတယ်တဲ့.. အဲတော့ အသံလွှင့်မှာဘာကြောင့်လုပ်နေသလည်းဆို ၀ါသနာအရမ်းပါလို့ပါ။ အမြဲလုပ်ဖို့မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာတော့ ဘွဲ့ရအလုပ်လက်မဲ့တို့၊ ဘွဲ့ရဈေး သည်တို့အများကြီးပါဘွားဗေ။ သူတို့က ဘွဲ့ဆိုတာ ဂုဏ်သိက္ခာတစ်ခုအတွက်ပဲ ယူကြတာလေ။ ဒါပေမယ့် ကိုးကတော့ ကိုးချစ်တဲ့မြေ ကိုးကို မွေးဖွားခဲ့တဲ့မြေ အတွက်တော့ ကိုးတတ်ထားတဲ့ ဥပဒေပညာနဲ့ အကျိုးပြုဦးမယ်လေ.... ခုလိုမွေးနေ့ပို့စ်လေးရေးပေး တဲ့ဘွားဗေကို ကျေးဂျူးကမ္ဘာဆိုင် ပါခင်ဗျာ...
ခင်မင်လျှက်
ကိုကိုးအိမ်
စိန်ဗေဒါကြီး....
ဗမာပြည်ကြီးကတော့ အမြဲတမ်းလွဲနေတာ အကျင့်ပါနေပြီ..
ပညာတတ်တွေဈေးပေါအောင်လုပ်တာ
ဦးနေဝင်းကစလိုက်တာပဲ...
ခုတော့SEAမှာ အညံ့ဆုံးတက္ကသိုလ် အများဆုံးနိုင်ငံ
ဖြစ်နေပြီလေ
မဗေဒါပြောတဲ့ ကိုယ်ရတဲ့ဘွဲ့နဲ့ လုပ်နေရတဲ့ အလုပ်နဲ့
တခြားစီ ဖြစ်နေတာကို တွေးရင်း ကိုယ်တိုင်လည်း
အဲဒီလိုဘ၀ကြီးထဲမှာ ကျင်လည်နေရတယ်..။
ခင်တဲ့
ညီမသဒ္ဓါ
မွေးနေ့ပို့စ်လေး ဖတ်သွားတယ်
ညီမကတော့ ပြီးခဲ့တာက Civil နဲ့ ၊ ကျောင်းပြီးတဲ့အခါ ကိုယ်တတ်ထားတဲ့ပညာနဲ့ က လစာအရမ်းနည်းတော့ မလုပ်ဖြစ်ခဲ့ဘူး၊၊ ပညာနဲ့ လုပ်ရတဲ့အလုပ် လုပ်ချင်ပေမဲ့ အခြေအနေအရ အဲ့ဒီ့အချိန်က လစာကောင်းတဲ့ နိုင်ငံခြားကုမ်ပဏီမှာဘဲ ပညာနဲ့ လုံးလုံးမဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းမှာ လုပ်ရင်းနဲ့  နှစ်တွေတော်တော်ကြာ သွားရော၊ ကိုယ်တတ်ခဲ့တဲ့စာ တွေ လည်း အသုံးမချ ဖြစ်တော့ ခုဆိုဘာမှန်းကိုမသိတော့ဘူး၊၊ အခုတော့ ဘာမှကို မလုပ်ဖြစ်တော့ပါဘူး၊၊ ဒါပေမဲ့ စာအုပ် တွေ တော့ နှမြောလို့ သေသေချာချာ သိမ်းထားသေးတယ်၊၊
တစ်နေ့နေ့တော့ အလုပ်နှင့်ဘွဲ့ တည့်သွားလောက်ပါရဲ့ မဗေဒါရေ...
တူစင်တပ်ခ် ပါဘဲ။း))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဘွားဗေရေ ကျေးဂျူး
အဲဒီလိုတွေဖြစ်နေတာကြာပါပေါ့
ဒေါ်ဗေဒါ(၈၈)ရေ။
ကျန်းမာပါစေ။
ကိုခိုင်
မဗေဒါရေ။
ကျွန်မလည်း မြန်မာပြည်မှာရတဲ့ ဘွဲ့နဲ့ လုပ်ခဲ့တဲ့ အလုပ်ကမတူဘူး။
ဒီဂျပန်မှာရတဲ့ဘွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ အလုပ်ကို ကုမ္ပဏီဝင်ကာစမှာ နည်းနည်းလုပ်ရတယ်။ နောက်တော့ အဲဒီကုမ္ပဏီမှာပဲ လုပ်ရတဲ့ အလုပ်သဘောပြောင်းသွားတာအခုထိပဲ။ ဒါပေမေယ့် ဒီမှာယူတဲ့ ဘွဲ့နဲ့ လုံးဝပတ်သက်တဲ့ နောက်အလုပ်တစ်ခုကို တော့ အလွတ်သဘောနဲ့ လုပ်တယ်။ ဒါကိုတော့ကျောင်းစတက်ကတည်းက အခုအထိပါပဲ။
အခုလုပ်နေရတဲ့ အလုပ်နှစ်ခုစလုံးကို စိတ်ဝင်စားပြီး လုပ်ရတာ ပျော်တယ်။
သင်ခဲ့ရတဲ့ ပညာကို အသုံးပြုရသလို နောက်ထပ်ပညာတွေလည်းရတယ်။
ဂျပန်မှာလည်း သင်ခဲ့တဲ့ပညာနဲ့ လုပ်နေတဲ့ အလုပ်မတူသူတွေတော်တော်ရှိသလို သင်ထားတဲ့ ပညာနဲ့ အလုပ်လုပ်ကိုင်သူလည်း များပါတယ်။
ခုပြောတဲ့အကြောင်းအရာတစ်ခုတည်းကိုပဲ အပေါ်ယံအနေနဲ့ ကျွန်မသိသလောက် ပြောရရင်တော့ မြန်မာနိုင်ငံနဲ့စာရင် ဂျပန်နိုင်ငံမှာက
အလုပ်အကိုင်အခွင့်အလမ်းအရမ်းများတယ်။
သင်ရတဲ့ ပညာရပ်အမျိုးအစား အစုံရှိတယ်။
သင်ယူနိုင်ခွင့် ကန့်သတ်ချက်မရှိဘူး။
ကျောင်းပညာတစ်ခုတည်း ကို ပညာလို့သတ်မှတ်ခြင်းမရှိဘူး။
ဝါသနာမျိုးစုံကို အလေးထားကြတယ်။
အတွေးအခေါ်ကို လွတ်လပ်ခွင့်ပေးတယ်။
နိုင်ငံက ပညာသင်လိုလားသူ ထူးချွန်သူတွေကို
ထောက်ပံ့ရေတောင်မြှောက်တယ်။
အားလုံးအကောင်ချည်းပဲမဟုတ်ပေမယ့်။
လိုအပ်တာတွေလည်းရှိပါတယ်။
သို့သောလည်း ကျွန်မတို့မြန်မာနိုင်ငံအတွက် သူတို့ဆီကနည်းယူစရာတွေကိုပဲ အားကျမိပါတယ်။
ခင်မင်လျှက်
မဗေဒါရေ
စာလုံးပေါင်းတွေမှာပြီး
မြေတောင်မြှောက် ကို ရေတောင်မြှောက်ဖြစ်သွားတယ်။
အဟဲ။ ခွင့်လွှတ်ပါ။
Post a Comment