Thursday, August 26, 2010

သတင်းခေတ် ထဲက ကျွန်မရဲ့ ကျေးဇူးရှင်

တနင်္လာနေ့က သားသားကျောင်း (အားလပ်ချိန်) ကလေးထိန်းတဲ့ နေရာက ဖုန်းခေါ်လာတော့ ကျွန်မ ယောက်ယပ်ခတ်မိသွားတယ်.. ဘာဖြစ်လို့ပါလိမ့်.. ဒိန်းခနဲ ဒိန်းခနဲပဲ.. တခါတလေ မတော်တဆ တွေက ဖြစ်တက်တယ်မလား..။ ဘုရား တ ပြီး ဖုန်းကိုင်တော့ `.. ဟလို.. ငါ .. ပါပေါ့..။ မင်းတို့သား.. မင်းခန့် ပြောတာက သူ့ခေါင်းမှာ သန်းတွေ ရှိတယ် ` တဲ့..။ ကျသွားတဲ့ အလုံးနဲ့အတူ ` ဟင် မဟုတ်ရပါဘူး.. ဒါပေမယ့် သန်းဥ တော့ ရှိနေတယ် ..စိတ်မပူပါနဲ့ ငါတို့ သေသေချာချာလေး နေ့တိုင်း လျှော်ပေးနေတယ် ` ဆိုပြီး .. အပြန်အလှန် စကား ပြောဖြစ်တယ်.. စကားတွေ ပြောရင်းနဲ့ ဟိုဘက်က အမျိုးသမီးက ခေါင်းကို ရိုးရိုး လျှော်လို့ မရဘူး.. အစ ရှိသဖြင့် .. ပြောကာ အဆုံးမှာတော့ ကလေးကို စောစောလာကြိုဖို့ရယ်…အကယ်၍ ခေါင်းကို ညွန်ကြားတဲ့အတိုင်း သာ မလုပ်ခဲ့ရင် ကလေးမနက်ဖြန် ကျောင်းတက်ခွင့် မရှိတော့ကြောင်း နဲ့ ကျန်ခဲ့တဲ့ အပတ်က တချို့ကလေးတွေ သန်းရှိလို့ အိမ်ကို ပြန်ပို့ခံခဲ့ရကြောင်း ပြောလာတော့.. ဒီလောက်တောင် ကြီးကျယ်ခမ်းနားနေရသလားဆိုကာ စိတ်တော့ နဲနဲ တိုမိပါတယ်..။ နောက်ဆုံးတော့ သားသားကို အိမ်စောစောပြန်ဖို့ စီစဉ်ရပါတယ်..။

စိတ်တိုတာ ပြီးသွားတော့ သားသားကို သွားကြိုရပါတယ်.. သူက လိုင်းကား စီးပြန်လာတော့ သူဆင်းမဲ့ ဂိတ်မှာ စောင့်နေခဲ့တယ်..။ ကားပေါ်က သူဆင်းလာတော့ `ကဲလာ အမေတို့ ဆေးဝယ်မယ် `ဆိုပြီး ဆေးရုံထဲကို သွားကြတယ်…။ နံပါတ်စဉ် တိုကင် အပိုင်းလေး ယူပြီး အလှည့်ကို စောင့်ရပါသေးတယ်..။ ဟိုရောက်တော့ `ငါ့သားလေးခေါင်းမှာ သန်းတွေ ရှိနေလို့ လိုအပ်တာတွေ ပြောပါ ရောင်းပါ`လို့ ပြောရပါတယ်.. ဟို ကလည်း အထဲကိုဝင်သွားကာ ဆေး သွားရှာနေပါတယ်.. ၂ မိနစ်လောက်နေတော့ ဒါက သန်းကျအောင် ဖီးတဲ့ ဘီး…. လို့ခေါ်ပါတယ်.. ဒါကတော့ မင်းသားရဲ့ ခေါင်းကို (၁၂) နာရီကြာ လိမ်းထားရမဲ့ ဆေး ဆိုကာ ရှင်းပြပါတယ် .. ဆေးသုံးတဲ့အခါ ညရောက်ရင် ခေါင်းအုံးတွေ မစွမ်းရအောင် တခုခု ခံထားပါပေါ့.. ကိုယ်လည်း နာရီတွေ တွက်ပြီး အေး ဒါဆိုရင် ၁၂ နာရီပြည့်ရင် ခေါင်းကို လျှော်လို့ ရပြီလားလို့ .. ဟိုကလည်း ရပါတယ်…။ ကျေးဇူးပါ ပေါ့.. ။ အမယ် ကျသင့်ငွေလည်း ပြောရော နဲနဲတော့ လန့်သွားတယ်.. စုစုပေါင်း ၂၃၀ လောက်ကျတယ်.. အမယ်လေးဟဲ့ မြန်မာပြည်မှာသာဆို ရိုးရိုးဘီးစိပ်လေးနဲ့ ဖီးရင် ပြီးကြတာပဲမလား.. ငွေကို ကုန်စရာ အမြဲရှိနေတာပဲဆိုကာ စိတ်ထဲ ရေရွတ်နေမိတာပဲ..။

တမှုရှင်းသွားပြီဆိုကာ ဆေးဆိုင်ကထွက်လာတော့ ကဲ သားရေ သားကားလတ်မှတ်ကုန်နေပြီဆိုကာ မျက်နှာချင်းဆိုင် ဈေးဆိုင်မှာ… ကားလတ်မှတ်ဝင်ဝယ်ရပါတယ်.. လတ်မှတ်ဝယ်ရင်း ဟော့ဒေါ့စားမယ်ပြောတော့ ဝယ်ကျွေးရပါသေးတယ်..။ အဲဒီမှာလည်း စုစုပေါင်း ၁၇၀ ကျပါတယ်..။ သားလွယ်အိတ်လေး ဝိုင်းကူလွယ် ပေးရင်း သားကို နားလည်အောင် ပြောပြရတယ်.. သားခေါင်းမှာ သန်းမှ မရှိတာ သား.. ဘာဖြစ်လို့ အဲလို သွားပြောတာလဲလို့မေးတော့ ကျွန်မကို အစားစားနေရင်း `သန်းဥ ရှိတာ သန်းရှိလို့` ပေါ့ လို့ အကြောင်းပြန်တယ်..။ ဆက်မေးတာလည်း ကြိုက်မဲ့ပုံ မရှိတာရယ် ကလေးအစားစားနေရင်း အပြစ်တင်တာတွေ မလုပ်ချင်တာရယ်.. ကျောင်းက လိုအပ်လို့ လုပ်တာပဲ လို့ စိတ်ထဲမှတ်ယူကာ သားအမိ ၂ ယောက် အိမ်ပြန်လာကြတယ်..။

အိမ် ပြန်လာပြီး သိပ်မကြာဘူး.. ယောက်ျားက ဖုန်းဆက်လာတယ်.. မိန်းမ ဘယ်မှာလည်းပေါ့.. အိမ်မှာပဲ .. သားသားကို သွားမကြိုရတော့ဘူး ဆိုတော့ သူလည်း အံ့သြ သွားတယ်.. ဘာဖြစ်လို့ သူ အိမ်ရောက်နေတာလည်းတဲ့.. အိမ်ရောက်မှ ပြောတော့မယ်လို့.. ဘာမှ မဟုတ်ဘူးလို့ တပါတည်း စိတ်အေးအောင် ပြောရသေးတယ်..။ ချစ်ချစ်အိမ်ရောက်တော့ ကို့သားက ဆရာကြီး.. ခေါင်းမှာ သန်းရှိတယ်ပြောလို့ ဟိုက လှမ်း ဖုန်းဆက်တယ်.. အဲဒါ သွားကြိုပြီး ဆေး ဝယ်ရတယ်.. ကားလတ်မှတ်လည်း တခါတည်း ဝယ်လာတယ်… ဆိုကာ နိဒါန်းချိ တော့ ယောက်ျားက သားသားကို ` မင်းမှာ သန်းရှိတယ်လို့ ဘယ်သူ ပြောလဲပေါ့..` ` သန်းဥက သန်းက လာတာ့.. နောက် ဒီသန်းဥ တွေကို ရိုးရိုး ခေါင်းလျှော်ရည်နဲ့ လျှော်လို့ မပြောင်ဘူး.. ဆေးဝယ်မှရမယ် .. သေသေချာချာ လုပ်မှ ပျောက်မှာ.. ဒါက ကူးစက်တက်တဲ့ရောဂါ ` ဆိုကာ လက်ဟန်ခြေဟန်နဲ့ နော်ဝေးလို တုန့်ပြန်ပါတယ်.. သူ့အဖေက စိတ်တိုပါတယ်..။ သူ့ကို ဆရာ မလုပ်နဲ့ဆိုတဲ့ သဘော ပြောနေလို့ ကျွန်မ စိတ်တိုရလည်း အခက်ပါပဲ...။ ကျွန်မကတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာကို ကြည့်ပြီးတော့ ရယ်ချင်တာပါပဲ..။ ကျွန်မပဲ ကြားဝင်ပြီး `ကဲ..ကဲပြောမနေနဲ့ သူ့မှာ သတင်းအချက် အလက်တွေ အကုန်ရှိတယ်.. ကျောင်းက နေ ပေးလာတဲ့ စာရွက်မှာ သန်း ဘယ်လို သန့်စင်မလဲဆိုတာ သူ ဖတ်ပြီးသား ထားလိုက်တော့ ` လို့ ဆိုမှ သူ့အဖေလည်း ဘာမှ မပြောတော့ပါဘူး..။ ကျောင်းမှာ ကလေးတွေမှာ သန်းရှိတာကြောင့် သတင်းအချက်အလက်တွေပါတဲ့ လက်ကမ်းစာစောင် ဝေပေးထားပါတယ်.. အဲဒီစာစောင်ကို .. ဟိုတရက်က သားသားဖတ်နေတာ ကျွန်မတွေ့တယ်.. နောက် အဲဒီ စာစောင်လေးအောက်မှာပဲ ဝက်ဆိုက် ကို တက်ကြည့်လို့ ရအောင်ဖန်တီးပေးထားတယ်.. ဒါကြောင့် သူဖတ်ထားတယ်.. အကုန်လုံးနည်းပါး သိတယ်... ။ သြော် သတင်းခေတ်မှာ ဘာကိုမှ ထိန်ချန် လို့ မရအောင်ပဲ (၈) နှစ်သားက သိနေပြီ..။

ဟုတ်ပါတယ်.. ကလေး ဆိုပြီး သူ့ကို ကိုယ်တွေတုန်းကလို သန်းရှိတာ မိဘက လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပေးမယ် .. အလုပ်ရူပ်စရာမလို သလို ငွေလည်း မကုန်ဘူး.. ဒါ တို့ခေတ်ကတည်းက ရှိတဲ့ ပြဿနာလို့ ရူမြင်ကာ ပြဿနာကို ဖြေရှင်းလိုပေမယ့် သူနေတာက ကမ္ဘာကြီးရဲ့ မြောက်ဝန်ရိုးစွန်းက နှစ်ပေါင်း ၄၀ ကျော်က ချမ်းသာလာပြီး သန်းရှိတာကို အရေးတကြီး ကြောက်အားပိုကာ ကျန်းမာရေးဌာနကနေ ညွန်ကြားချက်တွေ အသီးသီးချလို့ သန်းတိုက်ဖျက်ရေးနေ့ရယ်လို့တောင် ရှိတော့ ဘာမှမပြောသာ မစွမ်းလှ ရှိပါတော့တယ်..။

ဘီးစိပ် အနောက်မှာလည်း ညွန်ကြားချက်ကလေးနဲ့ . ဘယ်လိုသုံးရမယ် ဆိုတာလည်း ပါသေးရဲ့ ..။ အော်.. ဖြစ်ရလေ ..ဖြစ်ရလေ လို့သာ အကောင်းတွေ ပဲ တွေးရင်းတောရင်း …။


မဗေဒါ (၈၈)
၂၆.၀၈.၂၀၁၀

6 ဦး၏ဆွေးနွေးချက်:

Unknown said...

အမရီရတယ်နော်၊၊ ဟုတ်ပ။
သဘောကျစွာလာဖတ်သွားပါတယ်၊၊

ညီမတုန်းကတော့ အရင်က သန်းရှိတယ်၊၊ ငယ်ငယ်ကဆို အဖေကအမြဲ ဘီးစိတ် ၀ယ်လာပြီး သန်းချမယ်ဟေ့ လို့ ပြောလိုက်ရင် တစ်အိမ်လုံး သန်းချရတယ်၊၊ နောက်တော့ ညီမလည်း ဆံပင် ဆေးဆိုး တဲ့ခေတ်ရောက်လို့  ဆံပင်ဆေးဆိုး လိုက်ကတည်းက အလိုလိုကို ပျောက်သွားတာ၊၊

SHWE ZIN U said...

အမယ်လေး မဗေဒါ ရေ

သားသားခေါင်း သန်းရှိတာနဲ့ ၂၃၀ တောင် ကုန်သွားရော လား သနားပါတယ်.. ကိုယ်မြန်မာပြည် မှာ တော့ အလွယ်လေး

တိုးတက်တဲ့ နိုင်ငံတွေ ဆိုတော့ လည်း ဒီလိုဘဲပေါ့ ကောင်းပါတယ်

ခင်တဲ့
ရွှေစင်ဦး

mabaydar88 said...

ညီမနဲ့ အမကြီးရွေရွေ

ဟုတ်ပါတယ်.. ရယ်စရာလည်းကောင်း ငွေကုန်တာလည်း စိတ်မကောင်းပေါ့.. (ဟဲ..။ ဒါပေမယ့်လည်းလေ... မလုပ်ရင် ဘယ်သူမှ မပြောတောင် ဟောဒီ အင်မတန်လျှာရှည်တဲ့သားက သွားပြောမှာ အသေအချာပဲ.. ပြောတဲ့အတိုင်း စနစ်တကျ လုပ်ရတာကိုလည်း ကျေနပ်ရတာပါပဲ..။)..။

ပြောမနေနဲ့ ရိုးစင်းတဲ့ ပြဿနာတောင် ကျေးဇူးရှင် နိုင်ငံက ဖြေရှင်းတာ သင်း လို့ပဲ.. ပြောမဆုံးပေါင်..။ ကျေးဇူးကြီးလွန်းလှပါတယ်.. ဒါကြောင့် ပြောတာ ဒီမှာ ကြိုက်သလောက်ရှာ.. သူတို့ပြန်ယူဖို့ကာ တန်းစီ စောင့်ပြီးသား.. ဒါကြောင့် မဗေဒါ အလုပ် မလုပ်ချင်တော့တာလည်း ပါတယ်.. ဟီး။ (အလုပ်က မခေါ်တာတော့ အကြောင်းသိတွေမို့ ထည့်မပြောတော့ဘူး..။ )
မဗေဒါ

Nge Naing said...

သူငယ်ချင်း အဲဒါ အတန်းဖေါ်တွေရဲ့ မိဘတွေကိုပါ စာပို့ပါတယ်။ အတန်းထဲမှာ သန်းရှိတဲ့ ကလေးရှိနေတဲ့အတွက် သင်တို့သားကိုလည်း ကူးစက်နိုင်ကြောင်း ကြိုတင်အသိပေးပါတယ်၊ အကယ်၍ မတော်တဆ ကူးစက်လို့ သင်တို့သားရဲ့ ခေါင်းမှာ သန်းတွေ့ရှိပါက တခြားကလေးတွအတွက် ကြိုတင်ကာကွယ်လို့ရအောင် ချက်ချင်းကျောင်းကို အကြောင်းကြားဖို့ တိုက်တွန်းကြောင်း သားသားရှစ်နှစ်လောက်က ကျောင်းက ပို့လာတာ လက်ခံရရှိဖူးပါတယ်။ ဆေးရုံမှာလည်း တခါ သန်းရှိတဲ့ လူနာတဦး ကြုံဖူးပါတယ်။ အဲဒီလူနာကို သီးသန့်အခန်းနဲ့ ထားပြီး အခန်းရှေ့မှာ Gown တို့ ခေါင်းမှာစွပ်တဲ့ cap တို့ လက်အိပ်တို့ အပြည့်အစုံထားထားပေးတယ်။ အဲဒီလူနာအခန်းကို ၀င်သူ မည်သူမဆို ဒါတွေ ၀တ်ပြီး ၀င်ရမယ် ပြန်ထွက်လာရင် အကုန်ဖြုတ်ပြီး အခမ်းဝနားက အမှိုက်ပုံးမှာ ထည့်ခဲ့ရတယ်။ သန်းကို ဒီလောက်တောင် ရေးကြီးခွက်ကျယ် လုပ်တာ မြန်မာပြည်မှာဆိုရင်တော့ ကလေးတွေ စာသင်ဖို့ အချိန်တောင် ရှိမှာမဟုတ်ဘူး ထင်တယ်။

ရွှေရတုမှတ်တမ်း said...

ဗမာပြည်က ကလေးတွေလို ယားနာတွေ ပွေးတွေ ဝဲတွေနဲ့ဆို.......ကျောင်းတောင်ပိတ်မဲ့သဘောရှိတယ်..သူတို့စံနစ်က
ကောင်းတော့ကောင်းပါတယ် ..ဒါပေမဲ့ ကိုယ်က မျက်စိစပ်တယ်.

Myanmar Good Knowledg Co., Ltd said...

သန်းတွယ်တာ ကူးတာ အရမ်းမြန်တယ်။
ငယ်ငယ်က သန်းတွေရှိခဲ့တာပေါ့။
မသန်းဌေးလို့ သူများတွေက စရင် ငိုတာပဲ။

အေးတဲ့နိုင်ငံတွေမှာလည်းသန်းရှိတယ်နော်။

ကျွန်မသားလည်းကြီးလာရင်ဘယ်လိုဖြစ်မလဲမသိဘူး။

ရီတော့ရီရတယ် မဗေဒါရယ်နော်။