Monday, August 23, 2010

သူတို့အတွက် ခံစားရသမျှ ..


မနေ့က သားသားကို ဘုရားရှိခိုး ခိုင်းပြီး.. အိပ်တော့မယ်လုပ်တော့ စိတ်ထဲမှာ ပါကစ္စတန်က ကလေးတွေ ကို မျက်စိထဲမှာ မြင်နေမိတာနဲ့ ပါးစပ်က နေ ` သနား စရာ ကောင်း တဲ့လူတွေ ` လို့ ရေရွတ်မိတယ်..။ သားသားက ``ဘာလဲ မေမေ `` လို့ မေးတော့ ` ပါကစ္စတန်က ကလေးတွေ သနားပါတယ်.. သားက ကံကောင်းတယ်.. မွေ့ရာပေါ်မှာ အေးအေးဆေးဆေးနဲ့ အိပ်နေလို့ရတယ်.. ဟိုမှာ လူတွေ အိပ်ယာလည်းမရှိ.. စားစရာလည်း မရနဲ့.. သောက်လို့ရတဲ့ ရေလည်းမရှိဘူး သားရဲ့` လို့ပြောမိတယ်..။ သားက ` သူတို့ကို နော်ဝေးကို ခေါ်ရမယ် ` တဲ့..။ သားကို မနက် စောစောထရမယ်… အိပ်တော့ ပြောတော့ သူက သူ့သူငယ်ချင်း တယောက် ပါကစ္စတန် ကနေ ပြန်လာလို့ မရသေးတာ ပြောတော့ ကျွန်မ အံ့သြသွားတယ်.. မြန်မြန် ပြန်လာလို့ရပါစေလို့ အမေတို့ ဆုတောင်းကြတာပေါ့ သား လို့ ပြောကာ သားသားကို အိပ်ခိုင်းရပါတယ်..။ သူလည်း စိတ်မကောင်းဖြစ်ပြီး အိပ်ပျော်သွားခဲ့တယ်..။ ဒါပေမယ့် ကလေးဆိုတော့ လူကြီးလို ရူပ်ထွေးတဲ့ ကိစ္စတွေကို အရှည်ကြီး တွေးတက်မှာ မဟုတ်ဘူး.. သနားတာ ကိုယ်ချင်းစာတက်တာလောက်ပဲ သိမယ်လို့ ထင်တာပဲ..။

တခါတလေ သဘာဝရဲ့ ရိုက်ချက်တွေက သိပ်ပြင်းထန်လွန်းတယ်လို့လား ကျွန်မ တွေးမိတယ်.. ဒီလောက် သည်းထန်တဲ့ မိုးတွေ ဘာကြောင့် များ ရက်ရက်စက်စက် ရွာခဲ့ တိုက်ခဲ့ တာပါလည်း.. ဘယ်သူ့အပြစ်တွေလည်း.. ကျွန်မတို့ အားလုံးမှာ တာဝန်ရှိသလား.. အစရှိသဖြင့် အတွေး မဆုံးဘူး..။ အဓိကကတော့ တီဗွီကနေ မြင်နေရတဲ့ အရွယ်အို လူကြီးသူမတွေ အစာစားရဖို့ လုနေရတာ.. ကလေးတွေ နား ယင်ကောင် တလောင်လောင် အုံနေတာ.. ရေထဲမှာ ကယ်မဲ့သူကို မျှော်နေတာ.. အစုလိုက်အပြုံလိုက် တရွေ့ရွေ့ သွားနေတာတွေကို ကြည့်ရတာ စိတ်ဘဝင် ကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သလို ခံစားရတာပဲ..။ ကိုယ်လုပ်တက်တာကလည်း ၅ ပြား ၁၀ ပြား လှူတဲ့ကိစ္စကလွဲရင် ဘာမှ မလုပ်တက်ဘူး.. ။ ကိုယ့်တိုင်းပြည် ရေမျှောတုန်းကလည်း ရူးကြောင်ကြောင် ဖြစ်ချင်ခဲ့တာ.. (တချို့လည်း ဆေးရုံတောင် တက်ကုရတဲ့ အဆင့်ထိ ဖြစ်ခဲ့တာ) တွေ ရှိတယ်..။ အခုလည်း ပါကစ္စတန်ရဲ့ ၃ ပုံ ၁ ပုံက ရေ တွေနဲ့ ဖြစ်နေပြီ..။ ဘယ်လိုမျိုး ရှေ့ဆက်ကြမလည်း မသိဘူး..။

ဒီကနေ့မနက်ပိုင်းကပဲ တီဗွီ သတင်း မှာ လာနေတာ

၁.. အမေရိကန်
၂.. အော်စတေးလျှ
၃.. ဗြိတိန်
၎.. ဆော်ဒီအာရေဘီးယား
၅.. အီးယူ ဆိုပြီး အစဉ်လိုက် ပြောသွားတာပဲ..။

မလေး.. အီရန်.. ယူအေးအီး.. ဂျော်ဒန်.. အစရှိတဲ့ ချမ်းသာတဲ့ အစ္စလာမ် နိုင် ငံ တွေက လှူတာတော့ မတွေ့ဘူး.. ဒါမှမဟုတ်လည်း အဖွဲ့ဝင်လိုက် စုလှူတဲ့ထဲ ပါတာလားလည်း .. မသိဘူး..။

ဟေတီတုန်းက တီဗွီကို နေ့တိုင်း နေ့ရော ညပါ ကြည့်ဖြစ်တယ်..။ စီအန်အန် က သတင်းထောက်တွေ အားလုံးနည်းပါး ဟေတီကနေ ..ဖြစ်နေတာတွေကို သတင်းပို့တာများ တမ္ဘာလုံးက အံ့သြ ခဲ့ရတာပဲ..။ ကမ္ဘာအနှံ့က နာမည်ကြီး (ကျော်) အဆိုတော်တွေ ငွေရှာပေးတယ်.. ကုလ အပါအဝင် တကမ္ဘာလုံးက အများကြီး လှူခဲ့ကြတယ်..။ ဟေတီ သတင်း ၃ ပါတ်လောက်ထိကို ကမ္ဘာ့သတင်းခေါင်းစဉ်ထိပ်ကနေ မဆင်းခဲ့ရဘူး.. လူတွေ အများကြီးရဲ့ စာနာမှုကို ရခဲ့တယ်လို့ မြင်မိတယ်..။ အင်မတန် ကြည်နူးစရာ ပဲ.. လို့ ခံစားခဲ့ရတယ်..။

အောက်စဖမ်း (Oxfam) အဖွဲ့ ရဲ့ အဆိုအရ ဆိုရင် ဟေတီမှာ ဖြစ်ပြီး (၁၀) ရက်အတောအတွင်းမှာ အလှူရှင်တိုင်းပြည်တွေက အာမခံပေးခဲ့တဲ့ ငွေပမာဏာဟာ ၇၄၂ (ယူအက်စ် ဒေါ်လာ ) ရှိခဲ့ပြီးတော့ ၉၂၀ (ယူအက်စ ဒေါ်လာ) ပေးမယ်လို့ ကတိတွေ ရှိခဲ့တာ ပါ..။ အခုပါကစ္စတန်ကျတော့ သိပ်ကို နဲလွန်းနေတယ်.. ဟေတီလိုပဲ ၁၀ ရက်ကြာလာတဲ့အခါ တကယ်ပေးမဲ့ ငွေပမာဏက ၄၅ နဲ့ ၉၁ ပဲ ရှိပါတယ်..။ အကြောင်းတွေကတော့ ဘာသာရေး.. လူမျိုးရေး.. အခြား အကြောင်းတွေ.. အများကြီးရှိမယ်လို့ မြင်ပါတယ်..။

တကယ်တော့ ပါကစ္စတန်မှာ ဖြစ်ဖြစ်ချင်း သိပ်မလှူကြဘူး.. အခုနောက်ပိုင်းမှ ငွေလှူတာ များလာတာတွေ့တယ်..။ ဖိအားတွေက လည်း နဲနဲ ရှိလာတယ်လို့ ထင်တာပဲ..။ နော်ဝေးကတော့ ၃ သန်း ကျော်ပဲလှူတာတွေ့တယ်..။ (မသန့်ရှင်းတဲ့ရေကနေ ရေသန့်လုပ်ပုံပြတွေ နော်ဝေးနိုင်ငံသားတွေ လုပ်တာကို တီဗွီမှာ ပြနေတယ်.. ဟိုမှာ သွားကူညီလုပ်ပေးဖို့ပါ.. .. ) ဘယ်သူ.. ဘယ်နိုင်ငံက ဘယ်လောက်လှူရမယ်လို့ စည်းကမ်းတွေ မရှိပေမဲ့လည်း တကယ်တမ်း အခုလို ဖြစ်လာရင်တော့.. ဆင်းရဲတဲ့ နိုင်ငံက လွဲရင် ကျန်နိုင်ငံတွေ အားလုံး ပါနိုင်ရင်တော့ အကောင်းဆုံးပေါ့.. လူသေတာ ထောင်ဂဏန်းပဲ ရှိပေမဲ့ တကယ်အသက်ရှင်ကျန်နေတဲ့ သူတွေကို မကူရင် ပြဿနာက တော်တော်ကြီးလာမယ် ထင်တာပဲ..။ ဒါကြောင့် ကျန်တဲ့အစွဲတွေကို ဘေးချိတ်လို့.. သာမာန်ပြည်သူတွေ အသက်အိုးအိမ်တွေ စွန့်ရပြီ ဒုက္ခရောက်ပြီ လို့ ရိုးသားတဲ့ မျက်စိနဲ့ ပဲ ကြည့်သင့်တယ်လို့ မြင်မိတာပဲ..။ စေတနာ မေတ္တာဟာ ဘယ်တော့မှ အလကား မဖြစ်ဘူးလို့ ထင်တာပဲ..။

အမှန်တကယ် လက်ခံရရှိမဲ့ လက်တလော ငွေတွေကို ဘယ်လို စနစ်တကျ သုံးကြမလည်း.. တကယ် ဒုက္ခရောက်နေတဲ့ သူဆီကို ရော ဘယ်လောက်ထိ ရောက်မလည်းဆိုတာ ကျွန်မတို့တွေ မသိဘူး..။ ဆုတောင်းပါတယ်.. သူတို့ဆီကို ဘာမှ မရောက်တောင် နေစရာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ တဲကလေး.. စားစရာ လေး.. ရေ ..လိုအပ်တဲ့ ဆေးဝါးတွေ ရောက်ပါစေလို့..။ ပြီးတော့ အခု ကြုံနေရတဲ့ ဌက်ဖျား.. ဝမ်းပျက်.. ဝမ်းလျှော..အခြားသော ကိုယ်ရေပြား ဆိုင်ရာ စတဲ့ ရောဂါ ဆိုးတွေကိုလည်း စနစ်တကျ ကုပေးမဲ့ နိုင်ငံ တကာက ကျမ်းမာရေး အဖွဲ့တွေ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ရောက်လာပြီး ကူနိုင်ပါ စေ..လို့..။

(မှတ်ချက်.. ဒီနေ့ပဲ သား ကျောင်းက ပြန်လာတော့ ဗုဒ္ဓဟူးနေ့မှာ ကျောင်းမှာ မုန့်ဝယ်ဖို့ ငွေယူသွားရမယ်.. လို့ ဆိုပါတယ်..။ ပါကစ္စတန်ကို လှူဖို့ ဆိုပါတယ်.. ကြည်နူးစရာပါ.. တနိုင်ငံလုံးက ကျောင်းတွေသာ အဲလို လုပ်ရင် ငွေတွေ သန်းနဲ့ ချီရမှာ ဖြစ်ပါတယ်..။ )

ခံစားရတာတွေ ရေးတာပါ..။ အားလုံးမျှဝေ ခံစားနိုင်ကြပါစေလို့ ..။


မဗေဒါ
၂၃.၀၈.၂၀၁၀

11 ဦး၏ဆွေးနွေးချက်:

Zay Tar Yar said...

ကျောင်းသားလေးတွေကို အိမ်ကနေမုန့်ဘိုး ယူပြီးလှူဘို့
စီစဉ်တာဟာ အတုခိုးဘို့ကောင်းတဲ့ အချက်တခုလို့ မြင်ပါတယ် ကျေးဇူးတင်ပါတယ် ဗေဗေရေ ဗေဗေ ခေသူ မဟုတ်.........။

SHWE ZIN U said...

မဗေဒါ ရေ

ဟုတ်ပါရဲ့နော် အမတို့လည်း ဘာမှမတတ်နိုင်တော့ ကြည့်နေရတော့တာဘဲ မြန်မာပြည်နာဂစ်တုန်းကတော့ တတ်နိုင်တာ လေး လှူနိုင်သေးတယ်

ခင်တဲ့
ရွှေစင်ဦး

နွေဆူးလင်္ကာ said...

အေးဗျာ ... စိတ်မကောင်းစရာကြီးပေါ့ဗျာ ... အော် ဒုက္ခ ဒုက္ခ ... တို့မေတ္တာစွမ်း ကမ္ဘာလွမ်း အေးချမ်းကြပါစေ ... ကျနော်တော့ ဒါပဲ တတ်နိုင်ပါတယ်ဗျာ ....

Myanmar Good Knowledg Co., Ltd said...

မဗေဒါ
ပို့စ်တွေကိုဖတ်ရင်း မဗေဒါအကြောင်းပိုသိလာရတယ်။
နိုင်ငံတကာအရေးလည်း စိတ်ဝင်စားတယ် ၊ စိတ်ဝင်စားစရာကိုလည်း ပြန်ရေးတယ်။
ကလေးတွေကို လည်းသိပ် သနားတတ်တယ်နော်။
လေးစားပါတယ်။
ခင်မင်လျှက်

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကျနော်ပြောရင် လူတွေက ကုလားကို မုံန်းလို့ပြောတယ်လို့ပဲ ထင်ကြပါတယ်။ Israel က ကုလား တစ်ယောက် ၂ယောက်လောက်ကို သတ်မိပြီဆိုရင် ဆန္ဒပြကြတာ နိုင်ငံတိုင်းမှာ မြင်မကောင်းအောင်ပါပဲ။ လမ်းတိုင်းမှာ ပြည်နှက်နေပါတယ်။ မိုဟာမက် ကာတွန်းကိစ္စတုံးကလည်း ဒေါသထွက်ပြီး လူသတ်.. ဆန္ဒပြခဲ့တာလဲ အစ်မတို့သိကြမှာပါ။ မွတ်ဆလင်အချင်းချင်း သိပ်ချစ်ပြီး ကူညီလိုသူတွေဖြစ်တယ်လို့ အမှတ်မှားနိုင်ပါတယ်။ ပါကစ္စတန် ရေကြီးတဲ့ ကိစ္စကိုကြည့်ပါ။ ဘယ်မွတ်ဆလင်နိုင်ငံက အင်တိုက် အားတိုက် ကူညီသလဲ? ကမ္ဘာမှာ မွတ်ဆလင်ဦးရေဟာ ခရစ်ယာန်နဲ့ အတူတူလောက်ရှိပါတယ်။ သူတို့သာလှူမယ်ဆိုရင် ပါကစ္စတန်ကုလားတွေ အစားအသောက်တွေ ဖေါဖေါသီသီနဲ့ ဖြစ်နေမှာပါ။ (Allahက ဒေါသထွက်ပြီး သဘာဝဘေးတွေကို ဖန်တီးပြီး လူတွေကို သတ်တယ်လို့ ယူဆထားလို့ . . . . Allah ကို မဆန့်ကျင်ချင်လို့ . . မကူညီကြတာလားဆိုတာကတော့ သူတို့ပဲ အသိဆုံးနေမှာပါ။) မွတ်ဆလင်တွေဟာ ဆန္ဒပြ.. စစ်တိုက် . . အဓိကရုဏ်း . . ပဌိပက္ခတွေ . . . စတဲ့လုပ်ရပ်တွေမှာ သိပ်ပြီး တက်ကြွပါတယ်။ ဒါပေမယ့် လူသားအကျိုးပြုလုပ်ငန်းတွေမှာ မွတ်ဆလင်တွေကို ရှာလို့မတွေ့ပါဘူး။ သူတို့အချင်းချင်းလည်း သတ်ဖြတ်ပြီး ကူညီချင်စိတ်ရှိကြတာ မဟုတ်ပါဘူး။

☀ Islam will take over the world and youtube is helping in

☀ British Muslims chant: "We are all Hezbollah!"

☀ Muslims chanting arabic and antisemitic slogans in Malmö, March 7

☀ The Problem of Islam(Religion of Peace) in Indonesia

☀ Islamic Militants protest Christians Trial

☀ Persecution of Christians in Indonesia

☀ Muslim Anger Over Danish Mohammed Cartoons

Unknown said...

အဲလိုပဲအစ်မရေ ကုလားတွေက ပြောလိုက်ရင်တော့ အနောက်နိုင်ငံတွေ မကောင်းကြောင်း ပြီးတော့ ဒုခသည်အဖြစ်သွားလိုက်ရင်တော့ ဒီနိုင်ငံတွေချည်းပဲ။ သွားကြပါလား ဆော်ဒီတို့ ဒူဘိုင်းတို့။ အခုလဲ ပြီးခဲ့တဲ့လတွေက အစရေးနဲ့ဖြစ်တုန်းက ၀ိုင်းလှူကြတဲ့ ကုလားနိုင်ငံတွေ ဘာလုပ်နေကြလဲ တုတ်တုတ်မှမလှုပ်ကြဘူးလေ။ ကျွန်မကတော့ ကုလားဆို အသေမုန်းလွန်းလို့ အခုရက်ပိုင်း သတင်းတွေတောင် မကြည့်တော့ဘူး။ အရာရာ ကုလားသတင်းတွေချည်းပဲမို့လို့။ ကုလားချစ်တဲ့နိုင်ငံတွေလေ။ ပြီးတော့ သားရေပေါ်အိပ် သားရေနားစားဆိုတဲ့ အတိုင်းပဲ ဆွီဒင်။ ဒိန်းမတ် တို့ခံနေရတာ ကြည့်ပါလား။ ကုလားတွေ ကလေးတွေစွတ်မွေးလို့ လောကကြီးကလူဦးရေ လျှော့ပေးတယ်လို့ပဲ သဘောထားတယ်။ သူတို့ ကုလားကျောင်းတွေမှာ တာလီဘန်တွေအတွက် သင်တန်းပေးတာလဲ ပါကီပဲလေ။ အခုလဲ နိုင်ငံတကာ အထောက်အပံ့တွေယူပြီး နောက်ဆုံး တာလီဘန်အတွက်ပဲ ဖြစ်မှာပဲ။ အစ်မနဲ့ သားလေးစိတ်ဓါတ်ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ကုလားတွေကိုတော့ ငါးပြားတောင် မလှူချင်ဘူးရှင့်။ အောက်ကစစ်တမ်းကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။

http://views.washingtonpost.com/post-user-polls/2010/08/are-you-donating-to-help-pakistan.html



Have you donated to aid Pakistan’s flood victims?

mabaydar88 said...

ဒို့ ဗမာ နဲ့ ဟို ဆိုသူ ရေ..

ထားခဲ့တဲ့ လင့်တွေကို နဲနဲ ပါးပါး တက်ကြည့်ပါတယ်.. မန့်တွေလည်း ဖတ်ဖြစ်ပါတယ်..။

အမအနေနဲ့ကတော့ စိတ်ကို ခပ်ရှင်းရှင်းပဲ ထားနိုင်အောင် ကျိုးစားပါတယ်.. အခုဖြစ်နေတာက သာမာန်လူတွေ သဘာဝဘေးကြောင့် အန္တရယ် တွေ ကြုံနေရတယ်.. ကူဖို့လိုတယ် လို့ ရိုးရိုးပဲ တွေးမြင်မိပါတယ်.. ။

အမအတွေ့အကြုံထဲမှာ အစ္စလာမ် ဘာသာဝင်များစွာနဲ့ ခင်မင်ရင်းနှီးပါတယ်..။ ပေါ့ပေါ့ပါးပါး နဲ့ အရာရာကို အကောင်းမြင်တက်သူ ရှိသလို.. သာသာကို အသုံးချပြီး အကြမ်းဖက်တာတွေကို ရူတ်ချသူတွေလည်း ရှိပါတယ်.. အဲဒီထဲမှာမှ အစ္စလာမ်ကနေ ခရစ်ကိုပြောင်းခဲ့တဲ့ အီရန်သူနဲ့လည်း စကားတွေ အများကြီး ပြောဖူးပါတယ်. အင်မတန်မှလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်..။

တပြိုင်နက်တည်းမှာပဲ.. စိတ်ပျက်စရာကောင်းလောက်အောင် လူ့အဖွဲ့အစည်းရဲ့ အေးချမ်းမှုတွေကို ဖျက်ဆီးသူတွေကိုလည်း ဒီနိုင်ငံမှာရော ကမ္ဘာကြီးပေါ်မှာပါတွေ့နေရလို့ စိတ်ကုန်တာ စိတ်ပျက်တာ လည်း ရင်ထဲမှာ ရှိပါတယ်.. အဲလိုလူတွေရဲ့ လုပ်ရပ်မှန်သမျှကိုလည်း လုံးဝ မထောက်ခံပါဘူး.. ဒါပေမယ့်လည်း ကမ္ဘာပေါ်က သန်းထောင်နဲ့ချီတဲ့ မွတ်စလင်တိုင်းကတော့ အကြမ်းဖက်မှုတွေကို ထောက်ခံတာမျိုး လို့လည်း ယူဆလို့ မရပါဘူး.. ဒါကြောင့် အခုလို လူသားတွေ အတိဒုက္ခ ရောက်နေတဲ့ အချိန်မှာလည်း ရှင်းရှင်းလင်းလင်း မြင်သင့်တယ်လို့ ယူဆပါတယ်..။ သူတို့ ဘာသာဝင် အချင်းချင်း မပေးကမ်းတာကလည်း သူတို့စေတနာ သူတို့ရဲ့ စိတ်ဝင်စားမှုအပိုင်းပေါ့..။
တကယ်တော့ ဒီမိုကရေစီလို့ အော်နေတဲ့ အနောက်နဲ့ (ဥရောပ အချို့နိုင်ငံ) တို့နဲ့ တဘက်သက်အစွန်းရောက် ဘာသာဝင် ခေါင်းဆောင် ..နောက်လိုက် ယုံကြည်သူတို့ရဲ အားပြိုင်ပွဲဟာ အမတို့တွေ ဒီကနေ့ စောင့်ကြည့်ရမဲ့ အားပြိုင်ပွဲတွေလို့ ယူဆပါတယ်..။ တကယ်တော့ ဘက် ၂ ဘက်စလုံးမှာ မတူညီတာတွေ.. မတူတဲ့ သဘောထား.. အတွေးအခေါ်တွေ.. ယဉ်ကျေးမှုတွေ.. တန်ဖိုးတွေ ..စံ နှုန်း အစရှိသဖြင့် ရှိနေကြတာကို အပြန်အလှန်သိထား.. သတိထား မိရင်ဖြင့် နဲနဲလေးတော့ ပိုနေလို့ ကောင်းတဲ့ ကမ္ဘာဖြစ်လာမယ်လို့ မှတ်ယူပါတယ်..။
အစ္စလာမ်ဝင် ဘာသာဝင်တွေ နေတဲ့ ပါကစ္စတန် တိုင်းပြည်မှာ အခုလိုရက်ရက်စက်စက် ဖြစ်နေတာကို ကူညီတာဟာ ဖြစ်သင့်ဖြစ်ထိုက်သလို .. မညီမျှမှုတွေအတွက် ဖာထေးရာလည်း ရောက်တယ်လို့ တွေးယူလို့ရပါတယ်..။ နောက်ပြီး စေတနာ ထားခြင်းဟာ ဘယ်တော့မှ အလဟာသ မဖြစ်ပါဘူး..။
အမဒီပို့စ်ရေးတာကတော့ သာမာန် လူတွေ ဒုက္ခရောက်တာကို ကြည့်သင့်တယ်.. ကွဲကွဲပြားပြား ရှိစေချင်တယ် ဆိုတဲ့ စေတနာသာ အဓိက ဖြစ်ပါတယ်.. ကျန်တာတွေ ခေါင်းထဲမှာ ဘေးဖယ်ထားသင့်တယ်လို့ ယူဆလို့ဖြစ်ပါတယ်..။
အကြောင်းရာတိုင်းမှာ အကြောင်း အကျိုးရယ်လို့ ရှိတက်ပါတယ်.. ဒါကြောင့် ၂ ဘက်စလုံးကို မြင်တက်အောင်ကြည့်ရင်လည်း အခြေအနေတခုကို ပို့ နားလည်လာလိမ့်မယ်လို့ ယူဆရပါတယ်..။ စေတနာတို့ နားလည်မှုတို့ ဆိုတာဟာ မြင်အောင်ကြည့်တက်.. ဝင်ရောက် ခံစားတက်ပါမှ နားလည်ပေးနိုင်တဲ့ ရင်ထဲက ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး နုလုံးခွန်အား အလှ တရားတွေ ဖြစ်မှာပါ..။
အခုကိစ္စမှာ တယောက်ချင်း သဘောထားက အမျိုးမျိုး ရှိတာမို့ ဘာကိုမှ အမှန်အမှားလို့ ဆုံးဖြတ်မပေးနိုင်တာတောင်.. အော် ကိုယ့် သားသမီးအရွယ် ကလေးတယောက်.. ငါ့ အဖေ.. အမေအရွယ်.. တူမရွယ်တွေ မချိမဆန့် ခံနေရတယ်လို့ စေတနာ စိတ်လေး ထားတက်ရင်တောင် အတော်လေး နေလို့ ထိုင်လို့ ကောင်းသွား နိုင်မယ်လို့ မျှော်လင့်ရပါတယ်..။

စာလာဖတ်တာ ဆွေးနွေးတာ ကျေးဇူးပါ..။

မဗေဒါ

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

စာပြင်တာတွေများသွားတဲ့ အမှိုက်ပွသလိုဖြစ်သွားတာ တောင်းပန်ပါတယ်

သို့
မမေဗဒါ

စကားစပ်တုံး ရယ်စရာလေးကို ပြောချင်ပါတယ်။ မြန်မာအချင်းချင်း နအဖ-ဒီမိုတံဆိပ်တပ်ပြီး ဆဲဆိုပြောဆိုနေပေမယ့် . . နှစ်ဖက်စလုံးမှာ လူတွေကို သတ်ဖြတ်ဖို့ မုဒိမ်းကျင့်ဖို့ ညွှန်ကြားချက် လုံးဝမရှိပါဘူး။ ဒီမို / နအဖ နှစ်ဖက်စလုံးမှာ လူဆိုးလူကောင်းရှိတယ် . . . ရန်မဖြစ်ကြနဲ့ . . ဒေါသတွေမကြီးကြနဲ့ .. ဆိုပြီး ပြောဆိုဆုံးမမှုတွေ မလုပ်ကြဘူး။ လူကြီးတွေက မျိုးဆက်သစ်တွေကို ဆုံးမဖို့နေနေသာသာ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး ရန်ဖြစ်နေတယ်။ လူငယ်တွေကတောင် အဖိုးကြီးတွေကို ပြန်ထိမ်းနေရတဲ့ အနေအထားပါ။ အခုဆိုရင် မြန်မာအချင်းချင်း ရန်ဖြစ် အတင်းပြောနေတာကို နိုင်ငံရေးလို့ အဓိပါယ်ဖွင့်ရမလိုဖြစ်နေတယ်။ မြန်မာအချင်းချင်း ရန်ဖြစ်နေတာကို မသိဟန်ဆောင်နေပေမယ့် ကုလား၊ အဖြူ၊ တရုတ်တွေကို ဝေဖန်အပြစ်တင်ရင် ဆတ်ဆတ်ထိ မခံဖြစ်ကြပါတယ်။

လူသတ်.. မုဒိမ်းကျင့်နေတဲ့ သူတွေကို မွတ်ဆလင် အစွန်းရောက်လို့ ခေါ်ဝေါ်နေတော့.. အဲဒီလူတွေက မွတ်ဆလင် သင်ကြားချက်နဲ့ ဆန့်ကျင်ပြီး လုပ်နေတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ အချိန်ရရင် Quran နဲ့ Hadith ကျမ်းတွေကို လေ့လာပါဦးဗျာ။ အဲဒီမှာ လူသတ်ဖို့ သင်ကြားချက်တွေ အများကြီးရှိပါတယ်။ ဘာသာခြားတွေကို မုံန်းတီးဖို့လည်း သင်ပေးထားပါတယ်။ မိုဟာမက်ဟာ မုဒိမ်းကျင့်ပြီး လူတွေ အများကြီးကို သတ်ခဲ့တာပါ။ မိုဟာမက်ကို စံနမူထားပြီး မုဒိမ်းကျင့်ပြီး လူသတ်တဲ့သူတွေဟာ မွတ်ဆလင် ပီသသူတွေ ဖြစ်ပါတယ်။ Quran ကျမ်းရဲ့ ဆုံးမချက်နဲ့အညီ တခြားဘာသာတွေကို ရန်သူလို သဘောထားမုံန်းတီးနေတဲ့သူတွေဟာ တကယ့် မွတ်ဆလင်အစစ်အမှန်တွေပါ။ နိုင်ငံရေးသမားတွေက အစွန်းရောက်ဆိုတဲ့ စကားလုံးနဲ့ ကုလားတွေကို ကာကွယ်ပေးနေတာ ဘာသဘောလဲဗျာ။

အစ်မရေ… … သူခိုးဆိုတာ လူလစ်မှ . . . ခိုးတာဗျ။ လူမလစ်လို့ မခိုးတာကို . . . လူကောင်းလို့မထင်ပါနဲ့။ ဓါးပြဆိုတာလဲ သူတို့ နိုင်မယ်ထင်မှ . . . ဓါးပြတိုက်တာပါ။ သူများနိုင်ငံမှာ ခိုကပ်နေရတဲ့ အချိန်မှာ ကောင်းနေတာကို အထင်မကြီးသင့်ပါဘူး။ နောက်ပြီး ကုလားတွေဟာ မိန်းခလေးတွေနဲ့ဆိုရင် သိပ်ပြီး ဟန်ဆောင်ကောင်း ပါတယ်။ လိုအပ်ရင် ရွှေတိဂုံဘုရားကို ကန်တော့ပြီး ချပ်ကိုလည်းတက်ပါတယ်။ ကုလားတွေရဲ့ မာယာကို မသိပါပဲ . . ကုလားမှာ လူကောင်းရှိတယ်ဆိုတဲ့ စကားကို လွယ်လွယ် ပြောနေတာ မသင့်တော်ပါဘူး။

☀ Confessions of a Former Islamist

☀ Muslims Pretend To Be Nice People

☀ Challenge to All Muslims

☀ The Challenge

☀ Immigrant Rape Wave in Sweden

☀ Kidnapping of Hindu Girls for Raping or Conversion and Marriage to Muslims

☀ Bangladesh and Pakistan: where minorities fear to walk

Unknown said...

ဒီ ပါကစ် စ် ( မွတ်စလင် ) ကိစ်စ မှာတော့ ကိုဇော်မျိုးနဲ့ သဘောထားထပ်တူပါတယ်၊၊ မွတ်စလင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတိုင်းကို သူနဲ့  သဘော ထား တိုက်ဆိုင် ပါတယ်၊၊ မွတ်စလင်တွေမှာ လျို့ ဝှက် စာတမ်း ဆိုတာရှိတယ်၊၊ တခြားဘာသာက မိန်းကလေး တွေ ကို ယူနိုင်ရင် အဲ့ဒီ့မိန်းကလေးရဲ့ အဆင့်အတန်းနဲ့ လျော်ညီ တဲ့ ဆုတွေကို သူတို့ ဗလီကပေးတယ်၊၊ ရန်ကုန် မှာတုန်း က ပတ်ဝန်းကျင်မှာ မွတ်စလင်ကို လက်ထပ်လိုက်တဲ့ မိန်းကလေးတွေရဲ့ ဘ၀ဟာ အရှင် လတ်လတ် ငရဲကို ရောက်သွားကြတာ မျက်မြင်ပါ၊၊ အခုလဲ သူတို့ ကိုကူမဲ့ ပိုက်ဆံ ကို ရည်စူးပြီး ကိုယ့် မြန်မာပြည် က လိုအပ်နေ တဲ့ သူတွေ ဆီ ဘဲပို့ ပေး လိုက်ပါတယ်၊၊ ရှင်းရှင်းပြောရ ရင် တော့ မွတ်စလင် ဘာသာကို မကြိုက်ဘူး၊၊ သူတို့ ဘာသာက သတ်တာ ဖြတ်တာကို အားပေးထားတဲ့ဘာသာမို့ လို့ ပါ၊၊ ဒါ့ကြောင့် အဆိပ် ပင် ရေမလောင်းချင်ပါဘူး၊၊ မွတ်စလင် တစ်ယောက် အသက်ရှင်တာဟာ သူများ ဘာသာဖျက်ဖို့ အတွက်ဘဲ ဖြစ်တာကြောင့် မလှူ ဖြစ်ပါ ဘူး၊၊ တခြားနေရာမှာတော့ မသိဘူး၊၊ ရန်ကုန်မှာ မွတ်စလင် ဆိုင်တွေ မှာ 786 ဆိုပြီးရေးထားတယ်၊၊ ဆိုလိုတာက အားလုံးပေါင်းရင် 21 ၊၊ 21 ရာစုမှာ သူတို့ မွတ်စလင် အယူဝါဒက ကမ်ဘာ ကို လွှမ်းစေရမည်တဲ့၊၊ မွတ်စလင်တစ်ယောက် က ပြောပြတာပါ၊၊ အခုကိစ်စ မှာလည်း သူတို့ မွတ်စလင် အချင်းချင်းတောင် မဝေမျှ တာ၊၊ ညီမတို့ ကတော့ စေတနာ လည်းမရှိဘူး၊၊ သူတို့ တွေရဲ့ အချိုးက လူနည်းသေးရင် ငြိမ်နေမယ်၊၊ သူတို့ အုပ်စု တောင့်လာရင် သိတဲ့အတိုင်း ပါဘဲ၊၊ သူတို့ ကို လူလို့ ကို မသတ်မှတ်ထားဘူး၊၊ မိသားစုအချင်းချင်း သွေးစပ်ပြီး ယူကြ၊ ကလေးတွေမွေးကြ၊ မွေးလာကြတဲ့ သူတွေက ကျပ်မပြည့်ဘဲ ဦးနှောက်ဆေးခြင်းခံရပြီး သူများဘာသာတွေကိုဖျက်ဆီးကြရော၊ သူတို့ ပုံပန်း တွေနဲ့ အဆင်းတွေကိုလည်းကြည့်ပါဦး၊ လူနဲ့ တူ သလား လို့ ၊၊သူတို့ ဖျက်ဆီး ခဲ့တဲ့ဗုဒ်ဓဘာသာ တိုင်းပြည် တွေ အများကြီးပါ၊၊ ဘာသာကိုတောင် မကဘူး၊ ဗုဒ်ဓရုပ်ပွားတော်တွေကို တောင် ဖျက်စီး ခဲ့ကြတာ၊၊ ဒါ့ကြောင့် မွတ်စလင် တွေကို တော့ ဘယ် တော့မှ သူတို့ ဘာသာ ဘာဖြစ်ဖြစ် အဆိပ်ပင် ရေမလောင်း ချင်လို့ လှူ ဖြစ်မယ် မထင် ပါဘူး၊၊ သူတို့ ကို လှူမှာလည်း အားမပေးပါဘူး၊၊
ကွန်မန့် အရှည်ကြီးရေးခွင့်ပြုတဲ့အတွက် အမကို ကျေးဇူး တင်ပါတယ်၊၊
လေးစားခင်မင်လျှက်၊၊