Wednesday, August 18, 2010

ပထမဆုံးကြားရတဲ့ နောက်ဆုံး လူသတ်မှုပဲဖြစ်ပါစေလို့


ကျန်ခဲ့တဲ့ စနေနေ့ ဝါဆိုသင်္ကန်းကပ်ပွဲမှာ မြန်မာပြည်သားတွေ ဆုံတုန်းက ဘယ်သူမှမပြောတော့ ဒီသတင်း မသိခဲ့ပါဘူး.. ညနေ ပိုင်း သူငယ်ချင်းအိမ်ရောက်မှ သိတာ.. တခါ အိမ်ရောက်တော့ သတင်း ပြန်ဖတ်တော့ ကလေးပါ ရှိနေတယ်ဆိုတာနဲ့.. ဒီသတင်းကို အင်မတန်မှ စိတ်မကောင်းကြီးစွာနဲ့ တင်တာပါ.. မဗေဒါ ဆုတောင်းပါတယ်.. ပထမနဲ့ နောက်ဆုံး ကိစ္စဖြစ်ပါစေလို့..။

နော်ဝေးနိုင်ငံ မြို့လေးတခုမှာ မြန်မာပြည်သား အသက် (၃၀) အရွယ် လင်ယောကျာ်းဖြစ်သူက (၁၉) နှစ်အရွယ် ဇနီးမယားကို သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်.. ဘာကြောင့် သတ်တယ်.. ဘယ်လိုဖြစ်တယ် (ဥပမာ လက်လွန်သွားတာလား .. ရည်ရွယ်ချက်နဲ့လား) စတာတွေကိုတော့ အခုတင်ထားတဲ့ အချိန်အထိကို ဘာမှ မသိရသေးပါဘူး..။ အမှုဖြစ်ခဲ့တာက ကျန်ခဲ့တဲ့ ကြာသာပတေးနေ့ ညလယ်လောက်ကပါ.. သောကြာနေ့ ရောက်မှ ရဲက ဒီသတင်း လက်ခံရရှိခဲ့တာပါ..။ ဘေးအိမ်ကလည်း အဲဒီညက အသံတွေ ကြားတယ်.. ကွဲသံ ရှသံတွေအပြင် ကလေးငိုသံလည်း မရပ်တော့ဘူး လို့ ဆိုပါတယ်..။ ဘေးအိမ်ကလူပြောတာက ရဲရောက်လာတယ် ပြီးတော့ မြန်မာပြည်သားတွေလည်း ရောက်လာပါတယ်လို့ ပြောပါတယ်..။


အမှန်က အဲဒီ အိမ်က ပုံမှန်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ် အိမ်လေးပါ.. သူတို့ ဘယ်သူတွေမှန်းမသိပေမဲ့ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ရောက်လာကြပြီး ကလေးက လည်း ၂ လ ၃ လသားအရွယ်လောက် လို့ အိမ်နီးချင်း ဖြစ်သူ က ဆိုပါတယ်..။ အခုလိုဖြစ်တဲ့အပေါ်မှာလည်း လူတွေ အတော်လေး ထိတ်လန့် နေကြပုံရပါတယ်..။ သဘောက မြန်မာပြည်သားတွေ အဲလို နာမည်ဆိုးလည်း မရှိတော့ အံ့သြတာရော လန့်တာရော ပါမယ်ထင်ပါတယ်..။

ကလေးအသက် က ၁ နှစ်လောက်လို့ ခန်းမှန်းရသလို သူ့ကို ကလေးဌာနက နေ လာခေါ်ခဲ့ပါပြီ.. ဖခင်ကိုလည်း ရဲက ဖမ်းခေါ်ထားပါပြီ..။ ဘယ်အချိန်မှာ ဖြစ်တယ်..နဲ့ တခြားသော အကြောင်းအရာတွေက တော့ နောင်ကျမှပဲ သိရမှာပါ.. ဘာပဲဖြစ်ဖြစ် ဒီလို အဖြစ်တွေ .. မကြားပါရစေနဲ့ လို့ မဗေဒါ အများကြီး ဆုတောင်းပါတယ်..။

နော်ဝေးလို ဖတ်ချင်သူများ လင့်ပေးလိုက်ပါတယ်.."http://www.aftenbladet.no/lokalt/dalane/1245042/Burmeser_siktet_for_drap.html">

မဗေဒါ (၈၈)
၁၈.၀၈.၂၀၁၀

13 ဦး၏ဆွေးနွေးချက်:

Nge Naing said...

သူငယ်ချင်းရေ စိတ်မကောင်းစွာ ဖတ်သွားပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်အသိုင်းအ၀ိုင်းက ဆိုတာလည်း စုံစမ်းကြည့်ပါဦး။ အဖေအမေနဲ့ အတူပုံမှန်အတိုင်း ကြီးရတော့မှာ မဟုတ်တဲ့ ကလေးလေးကို သနားပါတယ်။

ခိုင်နုငယ် said...

အင်း မမရေ စိတ်မကောင်းစရာ။
သူများနိုင်ငံမှာ ရပ်တည်ရတာလည်း
မလွယ်ဘူးနှော် အဲလိုကိစ္စရပ်တွေ ဖြစ်ရင်
ဖော်ရိန်နာတွေအတွက် ဥပဒေ အားနည်း
သွားသလိုပဲ။ မမရေ ကုလားမလေးတော့
မလုပ်ပါရစေနဲ့ ကိုရီးယားဆိုနည်းနည်းတော်သေး:):)

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Unknown said...

ဖြစ်နိုင်ချေကတော့မိန်းမကဖောက်ပြန်တာပဲဖြစ်ဖြစ်၊
ယောကျားကမူးလာတာပဲဖြစ်ဖြစ်၊ပေါ့..အဲအများဆုံးကတော့..မိန်းမဖောက်ပြန်လို့သတ်ပစ်တာနေမယ်..
ဘလိုင်းကြီးကတော့မသတ်နိုင်ဘူး..
နောက်တစ်ချက်ကတော့ယောကျားကယဉ်ယဉ်လေးရူးနေ
လို့ပဲဖြစ်မယ်..နောက်တစ်ချက်ကတော့..နေရးထိုင်ရေး
စားရေးသောက်ရေးပေါ့ဒါကတော့အားနည်းပါတယ်ဖြစ်နိုင်ချေ။
ဖြစ်နိုင်ချေများတာကတော့မိန်းမဖောက်ပြန်တာနဲ့ယောကျားလုပ်သူရူးနေလို့ပဲ
ခြင်္သေ့

Unknown said...

ညီမလည်း ညီမအမျိုးသားပြောလို့ အဲ့ဒီ့နေ့ ကသိရတယ်
( သူသတင်းဖတ်ပြလို့ ) အခုတလော အဲ့ဒီ့လို သတင်းတွေက ကနေဒါ မှာရယ်၊ အမေရိကားမှာလည်း ထပ်ဖြစ်တော့ ကြားသိရတာ စိတ်မကောင်း တော်တော် ဖြစ်ရတယ်၊၊ အားလုံးဒုက်ခတွေ ကျော်ဖြတ်ခဲ့ကြပြီးမှ အခုလို ဖြစ်ကြတော့ စိတ်မကောင်းဘူး၊၊

ဓါတ်ပုံတွေ ပါတဲ့လင့်ခ် ပေးလိုက်ပါတယ်ရှင်၊၊ အမ ပုံလေး တွေလည်း တင်ပါအုံးနော်၊၊ အမှတ်တရပေါ့၊၊

http://burmatoday.net/photo2005/2010/201008/100815_norway/content/index.html

Zay Tar Yar said...

စိတ်မကောင်းဘူးဗေဗေရေ့ နော်ဝေ နီးနားဝန်းကျင်လူသက် မှုတွေတော်တော်ဖြစ်နေတယ် ခလေးလေးသနားပါတယ် ဗေရယ် ၊ မွေးစားလိုက်ပါလား
မြန်မာသွေးတွေ လူမျိုးကြားလက်ထဲမှာ ကြီးသွားရမှာကို စိတ်မကောင်းပေမဲ့ ရွှေပြည်ကြီးက လူငယ်ပြုစုပျိုးထောင် ရေးစခန်းထက်တော့ သာမှာပါ ၊ နာနီလိုရင်လဲ နှင်းကိုအကူ ညီတောင်းလို့ရပါတယ် ၊ သူကစာမေးပွဲပြီးရင်
အားသွားပြီ ၊ စိတ်မကောင်းပါဘူး မွေးစားလိုက်ပါလားဗေ ဗေ ကရင်လေးဆိုတော့ချစ်စရာလေးနေမယ်

SHWE ZIN U said...

မဗေဒါ ရေ

စိတ်မကောင်းစရာ ဘဲနော် အင်း လူမျိုးတိုင်းမှာ တော့ ရှိတတ်ပါတယ် ဒါပေမဲ့ မြန်မာတွေမှာ တော့ အဲလို လုပ်တာရှားတယ် သနားပါတယ် ကလေးလေး

အလုပ်တွေ ရှုတ်နေလို့ နောက်ကျသွားတယ် မျှော်နေသေးလား sorry နော်

ခင်တဲ့
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

အော်....
အချစ်အချစ်၊
အချစ်အစ၊
ပျော်ရွှင်ရလည်း၊
အချစ်အဆုံး၊
ထိုနိဂုံးဝယ်၊
အမုန်းနဲ့သာ ဇာတ်သိမ်းပါတကား။

အဲဒီလင်္ကာလေးကိုသာ ပြေးသတိရမိလိုက်ပါတော့တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဇော်သိင်္ခ said...

စိတ်မကောင်း စရာပဲနော် မမ ဗေ..
ဒီလိုမျိုး အဖြစ်အပျက်တွေ နောက်နောင် မှာ မြန်မာပြည်မှာရော ပြည်ပ နိုင်ငံ တွေမှာပါ မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းပေးပါတယ်ဗျာ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ရွှေရတုမှတ်တမ်း said...

ဒီမှာလဲ ဆေးကြောင်နေတဲ့ကောင်တွေ အဲလိုဖြစ်တတ်တယ်..သူတို့ပြဿနာတော့ မသိဘူး

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ

ဝမ်းနည်းစရာသတင်းပဲနော်။
မဗေဒါက တကယ်သတင်းစုံတယ်။
ဒါလည်း အရေးကြီးသတင်းပဲလေ။

အခုလိုတင်ပြပေးမှ သိရတာ။

မဗေဒါနဲ့ အတူ ဆုတောင်းလိုက်ပါတယ်။
ခင်မင်လေးစားလျှက်

Anonymous said...

အမေရိကမှာလည်း လွန်ခဲ့တဲ့၁၀နှစ်ကျော်က ဖြစ်ခဲ့ဖူးတယ်လို့သိရတယ်။အာရီဇိုးနားပြည်နယ်မှာ။ဆူရှီလိပ်တဲ့မိန်းမကို သူ့ယောက်ျားက ဆူရှီလှီးတဲ့ဓါးနဲ့ အိမ်မှာစောင့်ပြီး သတ်ပစ်တာ။ဆူရှီဆိုင်မှာ ၀ိုင်းကူနေတဲ့ကောင်လေးနဲ့စွပ်စွဲပြီးသတ်ပစ်တာ။ခလေး၂ယောက်လည်း လူသတ်ပွဲမြင်ပြီး အာ၇ုံကြောတွေ ထိခိုက်ကုန်လို့ အစိုးရဆေးရုံမှာ မှန်လုံခန်းထဲမှာ အခုထိထားနေတုန်းတဲ့။သတ်တဲ့သူလည်း ခုထိထောင်ထဲမှာ။
ဂရင်းကတ်မဲပေါက်ပြီးရောက်လာတဲ့ မြန်မာမိသားစုပါ။

makhaing said...

ကိုအိုးဝေအောင် ရေးထားသည့် ဆွေးနွေးမှုပါ... အရင် ပို့လာကြတဲ့ အခြားစာများ အော်တိုဝင်သော်လည်း ... အခု ကိုအိုးဝေ စာ မဝင်သည်ကို ထပ်ခါ လုပ်ကြည့်၍ မရသော်ကြောင့် အခုလို ပြန်လည် ကူးယူဖော်ပြပေးပါသည်..။ မဗေဒါ သည် ညစ်ညမ်းစွာ ရေးသားမှု များမှလွဲ၍ မည့်သည့်စာများကိုမှ မပယ်ပါ..။ ယခုစာမှာ သူ့ဘာသာ မဝင်ခြင်းဖြစ်ပါသည်..။ ကိုအိုးဝေအောင် သတိမပေးပါက မဗေဒါလည်း သိမည်မဟုတ်ပါ... စာလာရေးတာ ကျေးဇူးပါ...ကိုအိုးဝေ..။

`အမေရိကမှာလည်း လွန်ခဲ့တဲ့၁၀နှစ်ကျော်က ဖြစ်ခဲ့ဖူးတယ်လို့သိရတယ်။အာရီဇိုးနားပြည်နယ်မှာ။ဆူရှီလိပ်တဲ့မိန်းမကို သူ့ယောက်ျားက ဆူရှီလှီးတဲ့ဓါးနဲ့ အိမ်မှာစောင့်ပြီး သတ်ပစ်တာ။ဆူရှီဆိုင်မှာ ၀ိုင်းကူနေတဲ့ကောင်လေးနဲ့စွပ်စွဲပြီးသတ်ပစ်တာ။ခလေး၂ယောက်လည်း လူသတ်ပွဲမြင်ပြီး အာ၇ုံကြောတွေ ထိခိုက်ကုန်လို့ အစိုးရဆေးရုံမှာ မှန်လုံခန်းထဲမှာ အခုထိထားနေတုန်းတဲ့။သတ်တဲ့သူလည်း ခုထိထောင်ထဲမှာ။
ဂရင်းကတ်မဲပေါက်ပြီးရောက်လာတဲ့ မြန်မာမိသားစုပါ။`

ဒီသတင်းကလည်း အင်မတန် စိတ်ထိခိုက်စရာပဲ ကိုအိုးဝေ.. အဲလောက်တောင် ဖြစ်ရတာ အံ့သြစရာပဲ... ကလေးတွေ လည်း အခုချိန်ထိ တောင် ကုသ နေရတာဆိုတော့ အတော်လေး စိတ်ထိခိုက်တဲ့အထိ ဦးနှောက်ကြောတွေ မခံနိုင်တော့လို့ဖြစ်မယ်..။ အင်း... ဒီလိုပဲ... လောကကြီးထဲ မကြားချင်တာတွေ အမြဲကြားနေရတာပဲနော်..။

မဗေဒါ (၈၈)

မောင်သီဟ said...

စိတ်မကောင်းစရာပဲ
ကလေးလေး သနားစရာဗျာ