Monday, August 16, 2010

မြင်းကြီးစီးကာ အိမ်နီးချင်းနိုင်ငံကို ပြေးလာခဲ့ရသူ ..


ကျန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ အီရန်နိုင်ငံက (မူစတာဖာ) ဟာ နော်ဝေးနိုင်ငံကို ကုလသမဂ ရဲ့ အကူညီနဲ့ ခိုလှုံသူအဖြစ်ရောက်ရှိခဲ့ပါပြီ..။ သူရောက်လာတော့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ သူ့ရဲ့သူငယ်ချင်းက အင်မတန်မှ ဝမ်းသာနေပေမဲ့ . . အီရန်မှာကတော့ အသက်ငယ်ငယ် (ကလေး) တွေ ထောင်ထဲမှာ ကျခံရမဲ့သူတွေ အတွက်တော့ တဘက်မှာ စိတ်လည်းမကောင်း ဖြစ်နေပါတယ်တဲ့.. ။

တကယ်တော့ အီရန်မှာ ကလေးတွေဟာ အကာအကွယ်မဲ့သူတွေပါ.. တစိမ်းတရံတွေက ငွေလေးနည်းနည်းပါးပါးပေးပြီး သူတို့နားမှာ လာပြီး ဆွဲဆောင်ခေါ်ငင်သွားတာမျိုးတွေရှိပါတယ်..။ ဒါကြောင့် သူတို့လေးတွေဟာ လွယ်လွယ်ကူကူနဲ့ အစိုးရရဲ့ အပြစ်ပေးတာမျိုးတာတွေ ခံရနိုင်တယ်..။ လူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်တယ်ဆိုပြီး အီရန်မှာ သေဒဏ်ပေးနိုင်ပါတယ်.. ဒါကြောင့် ပျောက်သွားတဲ့ ကလေးတွေဟာ အသတ်ခံရဖို့ ဖြစ်နိုင်ချေတွေ များပါတယ်..အဲဒီလို ကလေးမျိုးတွေအတွက် သူ့သူငယ်ချင်း (မူစတာဖာ ) က အလကား အမှုထမ်းပေးခဲ့သလို ကမ္ဘာကြီးကို အီရန်မှာ ဘာဖြစ်နေတယ်ဆိုတာကို သိအောင် ထုတ်ဖော်ပေးခဲ့သူလည်း ဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်..။


(မူစတာဖာ) ဟာ လူပေါင်း (၁၈) ဦး အပစ်ပေး အရေးယူခံရမဲ့ အခြေအနေကနေ ကယ်တင် နိုင်ခဲ့သူဖြစ်လို့ ဂုဏ်ပြုချီးမြှင့်ခံထားခံ့ရသူဖြစ်ပါတယ်..။ အဲဒီထဲမှာမှ အခု တလော နာမည်ကျော်နေတဲ့ ( Ashtiani) ကိစ္စကို ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်.. ( စကားချပ်.. အီရန်မှာ အဲဒီအမျိုးသမီးက သူယောက်ျားကို သတ်ဖို့ အကြံအစည်မှာ သူပါဝင်ကြောင်း..အိမ်ထောင်ရေး ဖောက်ပြန်သူဖြစ်ကြောင်း အစိုးရက အတင်းဝန်ခံခိုင်းလို့ အင်တာဗျုးခြင်း ခံခဲ့ရတာကို စီအန်အန်မှာ မနေ့က မဗေဒါ ကြည့်လိုက်ရပါတယ်..)..။ အဲဒီအမျိုးသမီးကို အခု အစိုးရက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သေဒဏ်အပြစ်ပေးတော့မှာ ဖြစ်ပါတယ်..။

(မူစတာဖာ) ပြောတာက သူ့ အမှုသည် အမျိုးသမီး သေဒဏ် အပေးမခံရဖို့ သူ ယုံကြည်သလို ကမ္ဘာကနေ အီရန်ကိုပေးနေတဲ့ ဖိအားတွေကလည်း ကြီးကျယ်တာမို့ အကယ်၍ ဒီအမျိုးသမီးကို သေဒဏ်ပေးလိုက်ရင် အီရန်အပေါ်မှာ နိုင်ငံတကာက ထားရှိတဲ့ နဲနဲလေးသော ယုံကြည်မှုတွေ အကုန်ပျောက်ဆုံး ကုန်မှာဖြစ်ပါတယ်တဲ့..။ အီရန်ရဲကလည်း ဒီရှေ့နေကို ဖမ်းဖို့ ဆုံးဖြတ်ထားပြီးပါပြီ..။ ဒါကြောင့်လည်း သူ ဟာ အီရန်ကနေ မြင်းစီး… ကား..စီး .. ခြေလျှင်လျောက်ရင်း တူကီကို အရင် ရောက်ခဲ့ရပါတယ်.. ။

တူရကီမှာ အချုပ်ထောင်မှာ (၆) ရက်ထားပါတယ်..။ နိုင်ငံတကာကနေ လွတ်အောင် ဝိုင်းအော်တော့ သူ လွတ်ခဲ့ရပြီး အဆုံးတော့ နော်ဝေးကို သူ ရောက်ခဲ့ပါတယ်.. ဒါကလည်း သူရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်..။ တူရကီကိုရောက်တော့ ရဲကို သူအကြောင်းကြားပါတယ်.. ရဲကလည်း ယူအန် ကနေတဆင့် ခိုလှုံခွင့်လျှောက်ဖို့ ပြောတာကြောင့် အခုလို သူလုပ်ခဲ့တာဖြစ်ပါတယ်.. ကျန်ခဲ့တဲ့ မိသားစုကတော့ အခု ထောင်ကနေ လွတ်လာပါပြီ..။

တကယ်တော့ အီရန်မှာ စာပေ (သတင်းစာ) လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူး..။အရင်ကထက်ကို ပိုပြီးတော့ တင်းကြပ်တာတွေလုပ်လာတာ ဖြစ်ပါတယ်..။ သူတို့စိတ်ထဲမှာ (မူစတာဖာ ) လိုလူမျိုးဟာ သူတို့ကို ဒုက္ခပေးမဲ့သူလို့ အထင်ရှိပါတယ်..။ တချိန်တည်းမှာပဲ မူစတာဖာ လိုလူမျိုးတွေ သူ့တို့တိုင်းပြည်ထဲက ထွက်သွားတာကလည်း ပိုကောင်းတယ်လို့ သူထင်ကြောင်း ပြောပါသေးတယ်..။ နဲနဲကြာလာရင်တော့ မူစတာဖာကိစ္စ မေ့သွားကြမှာလို့ ဆိုပါတယ်..။

ကလေးပေါင်း (၁၃၀) လောက်ဟာ အီရန်မှာ သေဒဏ်ပေးခံရဖို့ စီရင်ချက် ချထားပါတယ်..။ အီရန်မှာကတော့ အရင်ကထက် ပိုဆိုးဆိုးလာနေတယ်လို့ သူထင်ကြောင်း ဆိုပါတယ်..။ သူအနေနဲ့လည်း တခြားနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နိုင်ရင် အခုလိုမျိုး ဖြစ်နေတာတွေကနေ ရပ်တန့်စေမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်..။ တကယ်တော့ အီရန်ဟာ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ်ကို လတ်မှတ်ထိုးထားတာ ဖြစ်ပါတယ်..။ အဆုံးအဖြတ်တခုဟာ ကလေးတွေ အများကြီး ကို အပစ်ပေးအရေးယူမှုကနေ လွတ်မြောက်စေမယ်လို့ သူယုံကြည်ကြောင်း ဆိုသွားပါတယ်..။


၁.. အီရန်ဟာ အခုချိန်ထိ သေဒဏ်အပြစ်ပေးဆဲနိုင်ငံ
၂.. ကလေးပေါင်း ၁၃၀ လောက်ဟာ သေဒဏ်ပေးခံရဖို့ရာ စောင့်စားနေရတယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့က ဆိုထားတယ်..။
၃.. ရှေ့နေ (မူစတာဖာ) ဟာ သေဒဏ်အမှုတွေအတွက် လိုက်ပါဆောင်ရွက် ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်.. အခုတော့ နော်ဝေးမှာ .. ခိုလှုံခွင့်လျှောက်ထားရပါပြီ..။

(နော်ဝေးလို ဖတ်သူများ.. Klar Tale 31 မှာ ရှာဖတ်နိုင်ပါတယ်..။)


စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ (၈၈)
17.08.2010


5 ဦး၏ဆွေးနွေးချက်:

Zay Tar Yar said...

စိတ်အရမ်းပျက်တယ် ၊ အီရန် အီရန် ၊

ကိုခိုင် said...

နော်ဝေးလိုဖတ်ချင်လို့
သွားရှာကြည့်မိပါတယ်။
မရပါ။းP
နောက်တခါကြရင်
နော်ဝေးလိုပါတင်ပေးပါ။

ကျေးဇူးပါ။

ကိုခိုင်

SHWE ZIN U said...

အင်း မဗေဒါ ရေ

ဘယ်တော့ များမှာ မတရားမှု့တွေ ပပျောက် ပါ့မလည်း

ခင်မင်တဲ့
ရွှေစင်ဦး

ကိုကိုးအိမ်(မန္တလေး) said...

အင်း လူတွေများခက်ပါရဲ့။။ ဒါနဲ့ အဲဒီရှေ့နေကို ဖမ်းပြီးဘာလုပ်မှာလည်းဟင်။ လန့်စရာကောင်းလိုက်တာ နော်။ မတရားမှူ့တွေပျောက်ပါစေဗျာ။

ခင်မင်လျှက်
ကိုကိုးအိမ်

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
မင်္ဂလာပါ။

အမှန်ပြောရရင် ကျွန်မက နေတိုးတို့ မူစတာဖာတို့ အကြောင်း တွေ သတင်းလာရင်လည်း နားထောင်ရုံပဲ ။ အရမ်းစိတ်မ၀င်စားဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ခင်တော့ တရားမင် ဆိုသလို ၊ ခင်တဲ့ မဗေဒါက သေချာခံစားပြီးရေးထားတာတွေကို တော့ စိတ်ဝင်စားမိတယ်။

“သေဒဏ်အပြစ်ပေး”တာကို အရမ်းရက်စက်တယ်လို့ထင်တယ် နော်။