Thursday, August 12, 2010

နေတိုး ..နေတိုး…….ကြောင့်ရယ်


နော်ဝေးနိုင်ငံလည်း အခြားသော နေတိုး အဖွဲ့ဝင် နိုင်ငံများလိုပဲ အစွန်းရောက် တိုက်ခိုက်သူများရဲ့ မျက်စိကျတဲ့ နိုင်ငံတခု ဖြစ်လာတယ်လို့ နော်ဝေးအဖွဲ့အစည်းတခုဖြစ်တဲ့ (PRIO..ငြိမ်းချမ်းရေးဆိုင်ရာသုတေသနပြုဌာန ) က တာဝန်ရှိသူ ( Harpviken ) က ပြောပါတယ်..။ အကြောင်းရင်းကတော့ နော်ဝေးစစ်သားများကို အာဖဂန် နိုင်ငံကို ပို့လွတ်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဆိုလိုတာကတော့ နော်ဝေးအပါအဝင် ကမ္ဘာကြီးဟာ ပိုပိုပြီး မလုံမခြုံ ဖြစ်နေရပါတယ်…အဓိက ကတော့ နေတိုး (NATO.. ) အဖွဲ့ဝင် ဖြစ်တာကြောင့် အဖွဲ့ကို ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာရတာကြောင့်ပါ..။ ဒါကြောင့် ၂၀၀၁ မှာ အာဖဂန်ကို စစ်သားတွေလွတ်လိုက်တာဟာ မှားတယ်လို့ သူ (Harpviken) ယူဆကြောင်း ပြောပါတယ်..။

နေတိုးမှာ အဖွဲ့ဝင်ထားတဲ့ နိုင်ငံတွေက စစ်သားများဟာ အာဖဂန်မှာ ရှိနေတာပါ..။ နေတိုးဟာ ဥရောပ နဲ့ မြောက်အမေရိကတိုက်က နိုင်ငံပေါင်း (၂၈) နိုင်ငံ က ပါဝင် ပတ်သက်နေတာပါ..။ ဒါကြောင့်လည်း အကြမ်းဖက်သမားတွေအတွက် နေတိုးအဖွဲ့ဝင်တွေဟာ အဓိက ပစ်မှတ်ဖြစ်လာနေပါတယ်တဲ့..။ နော်ဝေးက လည်း သူ့မြေပေါ် လာပြီး အခုလို ကြံရွယ်တာတွေကြောင့် ဖမ်းဆီးရတာမျိုးတွေ လုပ်ရတာတွေ ရှိပြန်ပါတယ်..။ ဆိုလိုတာက သူ့မြေပေါ် ကိုယ်က သွားရောက်ပါဝင်ပတ်သက်ခဲ့ပြီမို့ ဟိုက ပြန်တိုက်ခိုက်တာ ခံရတယ်ဆိုတဲ့ အယူအဆဆိုတာကို သူလက်ခံနားလည် ထားပါတယ်..။

သိပ်မကြာသေးခင်ကပဲ..ယောက်ျား ၃ ဦးကို လုံခြုံရေး ရဲဌာန ကနေ ဖမ်းလိုက်ပါတယ်..။ အကြောင်းကတော့ နော်ဝေးနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ အစီအစဉ်ကြောင့် ပါ..။ တဦးကတော့ အူပါကစ်စတန် က ဖြစ်ပြီး နော်ဝေး နိုင်ငံမှာ ခိုလှုံခွင့် ရထားသူဖြစ်ပြီး.. တယောက်ကတော့ တရုတ်က…။ သူကတော့ ၂၀၀၇ မှာ နော်ဝေးနိုင်ငံသား ဖြစ်ခဲ့ပြီး (Uigurer )လို့ ခေါ်တဲ့ တရုတ်.. တူကီ အဖွဲ့ဝင် အုပ်စု တယောက်ပါ..။ ဒီ လူ ၂ ယောက်ကိုတော့ ၂ ပါတ်လောက် ပေးမတွေ့ပဲ သီးသန့် ထားမှာဖြစ်ပြီး … ကျန်တယောက်ဖြစ်တဲ့ အီရတ် နွယ်ဖွားကိုတော့ .. ဂျာမနီမှာ ဖမ်းမိပြီး နော်ဝေးကို ပြန်ပို့ပေးမှာဖြစ်ပါတယ်..။

နော်ဝေးက အရင်ကထက် အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ပိုလုပ်လာတာ ရှိပါတယ်တဲ့…။ အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ရဲနဲ့ ပြည်သူ ပူပေါင်းပြီး တွဲလုပ်လာတာတွေ ရှိနေပါတယ်.. အရင်ကထက် ပိုပြီးတော့ ငွေတွေကို နှိမ်နှင်းရေးမှာ အသုံးပြုလာနေပါတယ်..။ အမှန်ကတော့ အဲဒီထဲမှာ ပါဝင်သူ တယောက်က ရဲကို သူ့ဘာသာ သတင်းပေးခဲ့တာပါ..။

တရားစွဲဆိုမှု အနေနဲ့ကတော့ အကြမ်းဖက်မှု ၁ ခု ဒါမှမဟုတ်လည်း အကြမ်းဖက်မှု အများကြီး နော်ဝေးမှာ လုပ်ဖို့ စီစဉ်ထားမှုမျိုးနဲ့ သက်ဆိုင်ပါလိမ့်မယ် .. သူတို့မှာ ဝယ်ယူထားတဲ့ ( ဓာတုပစ္စည်း) တွေလည်း ရှိနေပါတယ်..။ ရဲတွေ ပြောတာက ဒီပစ္စည်းတွေက ဗုံး လုပ်လို့ရတယ်လို့ ဆိုပါတယ်..။ သူတို့ထဲက တယောက်ပြောတာကတော့ ဒါတွေ ဝယ်ယူတာက ကားက သံခြေးတွေ ကို ခွာတဲ့နေရာမှာ အသုံးပြုဖို့ပြောသလို တယောက်ကတော့ ဘာလုပ်ဖို့မှန်း သူမသိဘူးဆိုပါတယ်..။ ရဲတွေကတော့ သူတို့ဘယ်မှာ ဖောက်ခွဲမယ်ဆိုတဲ့ နေရာအတိအကျကို လူတွေကို မပြောပါဘူး..။ (စကားချပ်.. သတင်းဘေးမှာ ကပ်ရပ်တွဲပါတဲ့ နော်ဝေးနိုင်ငံသားတွေ အကြမ်းဖက်မှုတွေကို ကြောက် လားလို့ မေးတာကို အားလုံးက `မကြောက်ပါဘူး.. သွားရဲလာရဲပါတယ်` တဲ့.. အားလုံး .. မဟာသတ္တိတွေချည်းပါပဲ.. ။)

တချို့ပြောတာကတော့ အခုဖမ်းထားသူတွေကို တရားစီရင်ဖို့ခက်မယ်.. ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၆ တုန်းကလည်း လူတယောက် အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်ခဲ့တာပဲ..။ အဲဒီလူက သံအမတ်တွေကို ဖောက်ခွဲသတ်ပစ်ဖို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့တာပါ..။ ဒါပေမယ့်လည်း အဲဒီအပြောလောက်နဲ့ တရားစီရင်ဖို့ ဆိုတာ ခက်သားလား..။ ဆိုတော့ အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေသများစွာကို ဖတ်.. ကြည့်ရူပြီးမှပဲ အော်စလို တရားရေးဌာနကနေ တရားစီရင်ချက် ချမှတ်လို့ ရမှာဖြစ်ပါတယ်..။ ဆိုလိုတာက ခိုင်လုံတဲ့ အထောက်အထားက သိပ်အရေးကြီးတဲ့… သဘောပါ..။

တရား စီရင်ဖြစ်မယ် ဆိုရင်လည်း စီစဉ်ကြံရွယ်မှု.. နဲ့ ပြင်းထန်တဲ့ စကားလုံး သုံးစွဲမှု ဖြစ်ပါလိမ့်မယ်..။ ဖြစ်နိုင်တာကတော့ ( ဥပမာ..ပေါက်ကွဲစေခြင်းမျိုးနဲ့ လေယာဉ်ပေါ်မှာ ခြိမ်းခြောက် အကြပ်ကိုင်ပြီး.. ပေါက်ကွဲစေတာတွေ သယ်ဆောင်ယူငင်စေတဲ့ အခြေအနေမျိုး..။ )..။

(ဒီ ၃ ဦးဟာ ဆေးဆိုင်မှာ သူတို့လိုအပ်တဲ့ ပစ္စည်းကို ဝယ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်..။ ဝယ်ထူတဲ့ထဲမှာ (ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ငွေ့ ) ပါပါတယ်..။ အဲဒီကတည်းက ရဲများက အန္တရယ်သိပ်မပျင်းတဲ့ ဗုံးလိုမျိုး လုပ်မယ်ဆိုတာကို လက်ခံထားပြီးသားပါ..။ ဆေးဆိုင်ကလည်း လာဝယ်တဲ့ သူတို့ ၃ ဦးကို ပစ္စည်းကို ဝယ်ယူဖို့ အရင်မှာယူရမယ် လို့ ဆိုခဲ့ပြီး ရဲကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်… ဒါနဲ့ပဲ တကယ်တမ်း သူတို့လာယူတဲ့အခါမှာ ရဲများက အထဲက အငွေ့တွေကို လဲခဲ့တာဖြစ်ပါတယ်..။ ဒါ မနှစ်က ဒီ ၃ ဦး ဗုံးလုပ်ဖို့ ယူဆရတဲ့ ပစ္စည်း ဝယ်ယူခဲ့ပုံ နောက်ကြောင်းပါ..။ )


၆၀ ကျော်များ ကွဲကြ လေသတည်း

ဒါက ဒိန်းမတ်နိုင်ငံက သတင်း.. အခုတော့ ဒိန်းမတ် စုံတွဲတွေ ကွဲတာ ပိုများလာတယ်ဆိုပဲ.. ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေ ပိုလွတ်လပ်တဲ့ သူများအဖြစ် နေချင်ကြလို့ပါတဲ့..။ ဒိန်းမတ် စာရင်းဇယား ကောက်ယူတဲ့ ဌာနကပြောတာကတော့ လင်မယားအတွဲများဟာ နှစ်ပေါင်း ၂၅ ကျော် ပေါင်းသင်းလာတာတောင်မှ ကွဲကြပါသတဲ့..။ ၁၉၉၉ ခုနှစ်က အသက် ၆၀ ကျော် စုံတွဲပေါင်း ၂၅၉ တွဲ .. ၂၀၀၉ ရောက်တော့ အသက် ၆၀ ကျော် အတွဲပေါင်း ၅၈၈ တောင် ဖြစ်သွားပါသတဲ့..။ အင်း … မဗေဒါတို့ မြန်မာများတော့လည်း ၆၀ ကျော်ဆိုရင် .. ဒန့် ဒန့်.. မဖြစ်ချင်.. မကွဲချင်တော့ဘူး.. ထင်တာပဲ ..။

နော်ဝေးလို ဖတ်သူများ.. ( Klar Tale) အတွဲ ၂၇ … ၂၀၁၀ မှာ ဖတ်ယူနိုင်ပါတယ်..။

အားလုံးကို ကျေးဇူးတင်ပါတယ်..။

မဗေဒါ
၁၁. ၀၈.၂၀၁၀

7 ဦး၏ဆွေးနွေးချက်:

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
သတင်းကလည်း စုံပါ့။
ကောင်းတယ် ဗဟုသုတရတယ်။
မသိတာသိရလို့။
ကျွန်မကလည်း မြန်မာဆိုတော့ ၆၀ကျော်မှ မဟုတ်ပါဘူး။
အခုလည်း အတူတူပါပဲ။
ဒန့်ဒန့် က ဘာကိုပြောတာလဲဟင်။ အဟိ။
ခင်မင်လျှက်

chokya said...

အော်...ပြောရုံတင်ဆို ဘာမှလုပ်မရဘူးတဲ့နော် ဒို့များရဲ့ ပြည်တော်ကြီးနဲ့ ကွာပါ့ :)

ခင်တဲ့(ချိုကျ)

သူကြီးမင်း (တုံးဖလား) said...

အထုပ်ကြီးကြီးလာပို့တာပါ။ ရော့ ယူလိုက်။းဝ)

နေတိုးအဖွဲ့ထဲမှာထဲ မိုးယုစံလဲ ပါတယ်လေ။ ယူကေကိုလာတာ။ ဟာ ဟ။ စတာပါ။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အဖျက်သမားတွေ များများရှိလာရင် ကမ္ဘာ့လုံခြုံမှု ပိုနည်းပါးလာပါလိမ့်မယ်။ ဒါကြောင့် မျိုးစေ့တွေ ကြဲမချထားတာ အကောင်းဆုံးပါ။ ကြီးရင့်လာရင် ခုတ်ထွင်ရှင်းလင်းဖို့ ခက်လို့ပါ။

အသက် ၆၀ ကျော်မှ အိမ်ထောင်ကွဲကြတယ်ဆိုတာကတော့ အင်းးး ဘာတွေများ ဆက်လုပ်ကြဦးမှာပါလိမ့်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုကိုးအိမ်(မန္တလေး) said...

ဘွားဗေရေ နေတိုးဆိုလို့ရုပ်ရှင်မင်းသားမှတ်နေတာ ကမ္ဘာကျော်နေတိုးအဖွဲ့ကြီးအကြောင်းကိုး။ ဒါနဲ့ဘွားဗေရေ သားမသိတာလေးတစ်ခုလောက် မေးမယ်နော်။ ဒန်ဒန့်ဒန်မဖြစ်ချင်တော့ဘူးဆိုတာဘာပါလိမ့်...................အင်း....

ခင်မင်လျှက်
ကိုကိုးအိမ်

Zay Tar Yar said...

ဒီမှာကိုကိုး ဒါကြောင့်ခင်များမစွန်တာ ဒန်ဒန်ဖြစ်တယ်
ဆိုတာ xxxxxxxxxx သိလား အဲဒါ ၊ ဘွားဗေ ကစာရေးတုန်းက သူ့ဘိုးတော်က အနားကစောင့်ကြည့်
နေတာ ၊ အဲဒါမလို့ ကုဒ်နဲ့ထည့်ရေးလိုက်တာ အပါ့ ကိုကို
ဇေတို့က ဒါမျိုးသိပ်လည်တာ ဟဲဟဲ...။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

မီဒီယာတွေပြောသမျှ ယုံနေမယ် . . နိုင်ငံရေးသမားတွေ ပြောသမျှ အမှန်လို့ ထင်နေမယ်ဆိုရင် … ခက်ပါတယ်ဗျာ။ အဲဒါဆိုရင် ဦးသန်းရွှေ လိမ်သမျှ မျက်ကန်းယုံနေတဲ့ စစ်သားတွေကို ဘယ်လို အပြစ်တင်ရမလဲ မသိတော့ဘူး။ နိုင်ငံရေးမှာ လိမ်ညာတာ လုပ်နေတာကို အားလုံးသိပါတယ်။ ဘာဖြစ်လို့ ကျန်ာတို့ မြန်မာတွေက အဲဒီအမှန်တရားကို လက်မခံနိုင်တာလဲဗျာ။ ကျနော့အမြင်ကတော့ ဦးသန်းရွှေကို စစ်သားတွေက တော်လှန်ပုန်ကန်စေချင်ရင် မိမိကိုယ်တိုင်က စံပြ အရင်ပြုပြင်ရမယ်ထင်တာပဲ။ ငါကတော့ ဒီမိုအစိုးရတွေကို အထင်ကြီးနေတဲ့ စိတ်ထားကို ဘာမှမပြောင်းလဲဘူး.. နင်တို့တွေပဲ ပြောင်းလဲကြ.. ပြုပြင်ကြ.. အသေခံပြီး ဦးသန်းရွှေကို ပုန်ကန်ကြဆိုတဲ့ သဘောမျိုးကတော့ လက်တွေ့မှာ ဖြစ်လာမယ်ထင်ဘူးဗျ။

☀ The Media Lies to You

☀ CIA Influence on the Mass Media: How Disinformation Campaigns Work (Part 1)

☀ CIA Influence on the Mass Media: How Disinformation Campaigns Work (Part 2)

☀ CIA Influence on the Mass Media: How Disinformation Campaigns Work (Part 3)