Thursday, June 24, 2010

ကိုယ်ပိုင်ဗီဇာနဲ့ ခရီးစဉ်


မနှစ်ကတော့ အိန္ဒိယသွားဖို့ ညစ်လိုက်ရတဲ့စိတ်..။ ပြောမဆုံးပေါင် ဖြစ်ကျန်ခဲ့တာ နီးစပ်ရာ အသိတွေ အားလုံး အသိပေါ့..။ အခုကျတော့ ကိုယ်ပိုင်ဗီဇာနဲ့ ခရီးသွားမဲ့ အဖြစ်စုံသနစ်စုံ..။ အခုချိန်က နော်ဝေးမှာ နွေရာသီဝင်ခဲ့ ပြီဆိုတော့.. အားလုံး လှုပ်လှုပ်ရွရွ..။ နေရောင်ထွက်လာကတည်းက လူတွေက ဂနာမငြိမ်ဖြစ်နေတာ အခုချိန်က အဆိုးဆုံး အချိန် ပေါ့..ဒီဂရီအမြင့်ဆုံး တက်နေတဲ့အချိန်ပေါ့..။ အဲဒီထဲမှာ မဗေဒါတို့ မိသားစုလည်း အပါအဝင်.. ဟိုဟာလုပ်မထိ ဒီဟာလုပ်မထိ ဖြစ်နေတာပေါ့..။ အချိန်ရောက်ပြီဆိုတော့ သွားချင်လာချင်ဖြစ်နေပြီ..။ အိမ်ပေါ်က ပဲကြည့်ကြည့် လမ်းပေါ်မှာပဲကြည့်ကြည့် လူတွေက ခရီးဆောင်အိတ်တွေနဲ့.. ဟိုဟိုဒီဒီ..တွေ့ရတာပေါ့..။

ဒီနှစ်က တော့ မဗေဒါတို့ မိသားစုခရီးဝေးမထွက်နိုင်ဘူး..။ အိမ်နီးးချင်းနိုင်ငံ ဆွီဒင်ကိုပဲ ထွက်ဖြစ်တော့ တာပဲ..။ ဆွီဒင်မှာကတော့ ငယ်ပေါင်းကြီးဖော်လို့ ပြောလို့ရတဲ့ အကြောင်းသိ အစင်းသိတွေ ရှိလေရဲ့..။ သူတို့ဆီသွားရင် စားချင်သလိုစား.. ပြောချင်တာတွေ ရှေ့ဟောင်းနှောင်းဖြစ်တွေပြော.. စိတ်ကူးယဉ်တာတွေလည်း ပြောကြနဲ့ ပျော်စရာကောင်းတာပေါ့..။ အဲလိုအပျော်ရှာရင်း ကလေးတွေရော လူကြီးတွေပါ ပျော်ကြဖို့ မဗေဒါတို့ ခေတ်မီအောာင် ခရီးထွက်ခဲ့ပါ၏..။ တကယ်တော့ နော်ဝေးနဲ့ ဆွီဒင်ဆိုတာက ဟိုဘက်ဒီဘက် အိမ်နီးချင်း ကပ်နေ တာ.. အိမ်ဦးနဲ့ ကြမ်းပြင်လို သွားချင်သလို သွားလို့ရတဲ့ နိုင်ငံတွေ.. ဘာဗီဇာမှမလိုဘူး..။ ဆွေမျိုးနိုင်ငံသားတွေ ဆိုတော့ တံခါးမရှိ ဓါးမရှိ သွားချင်သလိုသွားလို့ရတယ်..။ ဥရောပထဲမှာ ခက်တာဆိုလို့ အင်္ဂလန်လောက်ပဲ..။ ဒါတောင် မိခင်နိုင်ငံသား ဖြစ်သွားရင် မခက်တော့ပြန်ဘူးပေါ့..။ တချို့ဆိုလည်း ဟိုမှာပဲ ရှောပင်းတွေဘာတွေ ထွက်ပေါ့..။ အခုလည်း ဆွီဒင် နဲ့က မဝေးလှဘူးဆိုတော့ ခရီးထွက်တယ်ဆိုပေမဲ့ အဖြစ်ခရီးလို့ အမည်တပ်လဲရ၏ ပေါ့..။ လူကြားကောင်း အောင် ခေတ်မီအောင် ထွက်တဲ့ခရီးစဉ်..။

ခရီးမထွက်ခင်ဖြစ်ပုံကို ပြောပြချင်တာပါ..။ မဗေဒါတို့နဲ့ ရင်းနှီးတဲ့သူငယ်ချင်းများက နေ၇ာကွဲနေထိုင်ကြတော့ တောင်နဲ့မြောက်ကို စုံချည်ဆန်ချည် သွားရမှာ..။ သူငယ်ချင်းတွေနဲ့ လှမ်းဆက်သွယ်တော့.. ကုန်ကျစရိတ်တွေ တွက်ပြီး.. နော်ဝေးနဲ့ (၅)နာရီနည်းပါး မောင်းရတဲ့ မြို့လေးကို အရင် ကားမောင်းပြီး သွားမယ်ပေါ့..။ အဲဒီကနေမှတခါ ဟိုဘက် မြောက်ဘက်အထက်ပိုင်းလောက်မှာ နေတဲ့ သူငယ်ချင်းအိမ်ကို သွားလည်မယ်ပေါ့။..။ တကယ်ဝယ်ထားတဲ့ ရထားလတ်မှတ်က အော်စလိုကနေ ယယ်ဗလယ်ဆိုတဲ့ နေရာကို အသွားအပြန် ဝယ်ပြီးသား..။ အခုရောက်နေတဲ့မြို့က သူငယ်ချင်းတွေနဲ့ က ကားနဲ့မောင်းဝင်လာဖို့ပေါ့..။ ဆိုတော့ ကြိုပြောထားပြီးသား.. ဘယ်နေ့ဘယ်ရက် ထွက်လာမယ်ပေါ့..။ ဟိုကလည်းချတ်ပြုတ် စောင့်နေကြတာပေါ့..။ အိမ်က ချစ်ချစ်ကလည်း ညနေ (၆) နာရီလောက်ဆို ရောက်မယ်ပေါ့..။ (၆) နာရီလောက်လည်း ရောက်ရော ဟိုက ဖုန်းလှမ်းဆက်ပါလေရော..။ ရောက်လာသေးဘူးလား.. ဘယ်နားမှာလည်း.. နီးနေပြီလားပေါ့..။ မဗေဒါလည်း အသံသေးသေးလေးနဲ့ မရောက်သေးဘူး.. အခုမှ အိမ်ကနေ ထွက်လာတာ ဆိုပြီးရှင်းပြရတယ်..။ ဟိုဘက်ကတော့ အားနာတယ်ထင်ပါရဲ့.. ဘာမှပြန်မပြောဘူး..အိုကေပါပဲပြောပြီး ဖုန်းပြန်ချသွားတယ်..။ ကျွန်မချစ်ချစ်လည်း ကားကို တောတောင်အထပ်ထပ် ဖြတ်ကျော်ရင်း မိသားစုတွေ အေးအေးဆေးဆေး မောင်းခဲ့တာပေါ့..။ သူတို့လှမ်းမေးတဲ့ ညနေ (၆) နာရီက အိမ်က စထွက်ရုံပဲ ရှိသေးတယ်.. မဗေဒါရဲ့ ဖြစ်ပုံ (အိမ်က ထွက်တာ နောက်ကျတာ)က ဒီလို ဒီလို..။


မဗေဒါခရီးမထွက်ခင် အိမ်မှာ.. အလှူမှာ မြင်ရတဲ့ အစားအသောက် အပျက်အစီးတွေ တော်တော်များတယ်..။ လွင့်ပစ်ရပြီဆိုရင် မဗေဒါ အင်မတန် စိတ်ထဲမကောင်းလှဘူး..။ ကိုယ့်မှာ အပြစ်ရှိသလို အမြဲခံစားရတယ်..။ အိမ်မှာလည်း ထမင်းချက်ထားတာ တရက်ပဲရှိသေးတယ်..။ နေကပြင်းလာတော့ အနံ့က နဲနဲထွက်လာတယ်..။ မဗေဒါက သိပ်စိတ်မချတာနဲ့ အိုးပြောင်းပြီး လှယ်ထားလိုက်တယ်..။ လှယ်ပြီးကျန်တဲ့ဟာက နဲနဲအနံ့ထွက်နေတယ်..။ ဒါက ကိုယ်က နှမြောတဲ့စိတ်ကြောင့်လားမသိ.. သိပ်မနံသလိုဖြစ်နေတယ်..။ အိမ်က သားသားကတော့ မီးဖိုထဲဝင်လာတာနဲ့.. နံလိုက်တာဆိုပြီး ထွက်ပြေးတဲ့အဆင့်..။ ဒါကို မဗေဒါက ထမင်းလည်းစားရော.. ချစ်ချစ်တပန်းကန်.. ဗေဗေက တပန်းကန် နွေးပြီး တုံ့စရာ.. ဟင်း.. ငပိထောင်းတွေနဲ့ စားကြလေသတည်း..။ စားတဲ့အချိန်ကလည်း မိုးချုပ်နေပြီ..။ ည (၉)နာရီလောက်ရှိနေပြီ..။ မိုးချုပ်နေတာတောင် တယောက်ကို ၂ ပန်းကန်လောက် လွေးလိုက်ကြတယ်..။

စားလို့လည်းပြီးရော မဗေဒါ ဗိုက်တွေနာပြီး နေလို့ထိုင်လို့ မကောင်းတော့ဘူး.. ဗိုက်ကယ်ပြီးတော့ လမ်းလျှောက်လည်း မရတော့ဘူး..။ ဗမာဆေးလည်းမကူနိုင် အင်္ဂလိပ်ဆေးလည်း မကူနိုင်..။ ကန်တော့ပါရဲ့..ဝမ်းတွေစသွားပါရော..။ ဝမ်းသွားတာလည်း စိတ်လာပြီး အပေါ်အောက် အကုန်လုံး တန်ခိုးတွေ ပြတော့တာပဲ..။ ချစ်ချစ်ကလည်း ဟိုဟာဒီဟာတွေကူလုပ်ပေးနဲ့..။ အင်း သိပ်မကြာဘူး..။ ချစ်ချစ်လည်း တန်ခိုးတွေ ပြလာပါရော..။ သူရဲ့ ခနာကိုယ်က တုန့်ပြန်တာ နောက်ကျတယ်..။ ပါးစောင်းတွေက သွားရည်ယိုလာပြီး မှူးနှောက်လာတာပေါ့..။ ပြီးလည်းပြီးရော အောက်ပိုင်းက စပါလေရော..။ ပြောရရင်တော့ မဗေဒါတို့ နှစ်ယောက်လုံး တစ်ညလုံး ကောင်းကောင်း မအိပ်ရတော့ပဲ.. မှူးနှောက်နှောက် အီလည်လည်တွေဖြစ်ပြီး မိုးလင်းတော့လည်း မထနိုင်တော့ဘူး..။ အဲဒီတော့ ညနေ (၆) နာရီရောက်မယ်လို့ ပေးထားတဲ့ ကတိလည်း ပျက်ကရောပါပဲ..။ ကားမောင်းမဲ့ ချစ်ချစ်က မိုးလင်းတဲ့အထိ မအန်ထွက်လာတော့ ပိုဆိုးသွားတယ်..။ သူနေရထိုင်ရ ခက်နေတော့တာပဲ.. တကယ်တော့ သူက တော်တော်လေး ခံနိုင်ရည်ရှိတဲ့သူ.. ဒါတောင် သူတော်တော်လေး အနေရခက်နေတော့ မဗေဒါ ရဲ့ မိုက်ချက် စဉ်းစားသာကြည့်တော့..။ ကျွေးတာကို စားလိုက်မိတာ သူ့ခမျာ တော်တော်လေး ဒုက္ခဖြစ်နေတော့တာပဲ..။ မဗေဒါက ပြန်ထွက်တာ နဲနဲစောတော့ သူ့ကိုကြည့်ပြီး သနားမိတော့တာပဲ..။

ကတိပေးထားလည်း မသွားတော့ဘူးပေါ့.. နောက်နေ့မှ သွားတော့မယ်ပေါ့..။ ဒါပေမဲ့လည်း ညနေ (၄) နာရီလောက်လည်းရောက်ရော ကမ္ဘာ့ဘောလုံးပွဲလည်း ကြည့်ရော ချစ်ချစ်အသံက ပြောင်းသွားတယ်.. အားပေးသံက တက်ကြွနေတာနဲ့ ဒါဆိုရင် ချစ်ချစ်ကားမောင်းနိုင်တယ်ဆိုပြီး ဟိုဟာပြင် ဒီဟာပြင်နဲ့ (၆) နာရီနည်းမှ အိမ်က ထွက်ဖြစ်တဲ့ သမိုင်းကြောင်းရှည်..။ လူမိုက်မဗေဒါရဲ့ မှားသွားတဲ့ စဉ်းစားချက်များပါပဲ..။
အကျဉ်းချုပ်ပြောရင်တော့ မဗေဒါတို့ အိမ်အလည်ထွက်ဖို့ကို မစဉ်းစား မဆင်ခြင်ပဲ မနှောမြောသင့်ပဲ စားလိုက်မိတော့ ခရီးစဉ်လည်း နောက်ကျ.. လူလည်း မသေရုံတမယ် ခံလိုက်ရတာ သေလုမျှောပါးပဲ..။ ဓါတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတဲ့ ခန<ာကိုယ်ကြီးလည်း စိတ်တိုပြီး ခံရခက်သွားလေရဲ့.. ဆွီဒင် ကိုလည်း ည ၁၀ နာရီ ခွဲလောက်မှ ရောက်လာလေသတည်းပါ.. အခုတော့လည်း သူငယ်ချင်းအိမ်မှာ အဌားကွန်ပြူတာလေးနဲ့ ဘီးမားလို ရိုက်ပြီး မိုက်မဲ့တဲ့ သတင်းကောင်းလေး ကို ပို့စ်အဖြစ် တင်ပေးပါတယ်..။ ဒီမှာ ကြားနေကြ ပြဿနာလေးတွေ ပျော်စရာအကြောင်းလေးတွေကိုလည်း ကွန်ပြူတာ ဌားလို့ရရင် တင်ပေးပါဦးမယ်..။ မဗေဒါမှာ ကိုယ်ပိုင်မရှိပဲ တယောက်တည်း (၂) လုံးပိုင်တဲ့ သမီး လပ်ပတော့ကတော့ ဗိုလ်လိုပဲ ရေးလို့ရပါတယ်..။ အဟဲ မဗေဒါကလည်း အင်္ဂလိပ်လို မတက်တော့ မရိုက်ဖြစ်တော့ဘူးပေါ့..။ အားလုံးကို နုတ်ဆက်ပါတယ်နော်.. ။ အတိုအစလေးတွေလည်း ရေးပါအုံးမယ်..။ အားပေးကြပါဦး.. လေးပင်တာတွေတော့လည်း ခဏ နားပြီးမှ ရေးမယ်နော်..။

မဗေဒါ

6 ဦး၏ဆွေးနွေးချက်:

Zay Tar Yar said...

လာလည်တယ်ဖက်တယ် မှတ်တယ် ၊ အသစ်မတင်လဲ
လာတယ် ၊ အဟောင်းပြန်ဖက်တယ် ၊ ဒီကိုကျတော့နာ
မည်တောင်မပါဘူး ၊ စိတ်ပေါက်တယ် မိန်းမချင်းချင်းသာ
အားပေးလိုကျတယ် မသိရင်ခတ်မယ် ၊ ဒါဘဲဖက်လို့
မကောင်းဘူး ...။

ရွှေရတုမှတ်တမ်း said...

အောင်မလေး...ခရီးလမ်းမှာဆိုရင်..ဒွတ်ခ..
ပြောင်းဖူးရိုးဆောင်ထားရမဲ့ ကိန်းပဲ..

Nge Naing said...

ဟေ့ ဘယ်သူ့အိမ် ရောက်နေလဲ။ မဌေးဆီကိုရောက်နေရင် ဟစ်တလာသေမသေ သေချာအောင် မေးကြည့်ပြီးမှ ပြန်လာခဲ့နော့်။ ပျော်ရွှင်တဲ့ မိသားစု အပျော်ခရီး ပါစေ။ အရင်က ကျော်ရဲအောင်နဲ့ တူပြီး အခုတော့ နဖူးမပြောင်လို့ ကျော်ရဲအောင်ထက် သာနေပြီ ဖြစ်တဲ့ တယောက်ကိုလည်း နှုတ်ဆက်ကြောင်းနဲ့ မိန်းမကိုလည်း သိပ်အနိုင်မကျင့်နဲ့လို့ ပြောနေကြောင်း ပြောပြပေးပါနော့်။ မိတွတ်နဲ့ ဒီဇင်ဘာပုံ ဓါတ်ပုံတွဲရိုက်လာခိုင်းပါ။

Myanmar Good Knowledg Co., Ltd said...

မဗေဒါရေ
မဗေဒါပန်း လေးဖြစ်သွားတာပေါ့။
(နောက်တာပါ)
(-ီး)ပန်းတာ (ပင်)ပမ်းတယ်နော်။
ဆွီဒင်အကြောင်းတွေရေးပေးပါဦး၊
စောင့်နေမယ်နော်။
ခင်မင်လျှက်

mabaydar88 said...

ဟလို သူငယ်ချင်းများ

မပြောနဲ့တော့ ကိုပျောက်ရေ.. အရိုးစောင်ရမဲ့ကိန်း..။

သူငယ်ချင်းမငယ် မနက်ဖြန် မဌေးအိမ် ရထားကြီးနဲ့ သွားမယ်.. ပြီးရင် လူစုံမယ်. ဝါဆို သင်္ကန်းကပ်ကြမယ်.. ဟယ်လဆယ်ဘယ်ဆိုတဲ့မြို့မှာပါ..။ အရင်က လူဟောင်းတွေ စုံဖြစ်ကြမယ် တော်တော်များများ..။ တမျိုးပျော်စရာပါ..။ နာမည်တွေတော့ ထည့်မရေးတော့ဘူး.. ။

ညီမ ကောင်းမွန်ဝင်း လာမယ်နော်.. စောင့်သာနေ..။

မပန်း (၈၈)

နှင်းမိုး said...

မဗေ လာဖတ်သွားတယ်။။။
ကိုကိုဇေ ကတော့ရန်လာတွေ့နေတယ် နော် မဗေ ကို..။ စိတ်ပုတ်တာလေ သိလား မဗေ..။ ညီမနဲ့ လဲ ရန်ဖြစ် ထားတယ်။။။