မနေ့က ဘလော့ဂ်တွေမှာ စာတွေ လိုက်ဖတ်ရင်း ညီမ ခင်လေးငယ် ရေးထားတာကို အမြင်လေး ပြောပြီး ထားခဲ့ပါတယ်..။ နောက်သူက ကျွန်မ အမှား ရေးထားတာကို မသိမသာ (ပညာသား ပါပါ) ပြန်ပြင်ရေး ထားတာလေးကို တွေ့ရပါတော့တယ်..။ သိပ်တော်တဲ့ စာရေးသူပါပဲ..။ နေ့လယ်တဲ့..။ ကျွန်မသည် အခု အချိန်ထိ မြန်မာ စာတွေ ရေးတိုင်း မမှားသင့် တာတွေကို ခဏခဏ မှားနေသည်မှာ အခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ဟု ဆိုနိုင်ပါသည်..။ ဟိုတုန်းက စာတွေ ရေးသည့် အခါ ကျွန်မတို့၏ မိခင်အဖွဲ့မှ အယ်ဒီတာကြီး (မလေးလုံ.. ဟိုတုန်းက မြန်မာပြည်ထဲမှာ မလေးလုံ ဆိုတဲ့ အမည်နဲ့ စာရေးခဲ့သူ..) က ကျွန်မကို အစဉ် ပြင်ပေးပါသည်..။ စာတွေ ချရေးတိုင်း စာလုံးပေါင်း တစ်ခုခု မသေချာပါက ကျွန်မ စိတ်တို ခဲ့ရသည်မှာ အကြိမ်ပေါင်း မနည်းတော့..။ မြန်မာစာ အဘိဓာန်က ဒီလို ရေးထားတယ်.. အများစုက ဒီလိုရေးတယ်.. ဆိုပြီး ဇဝေဇဝါ ဖြစ်ခဲ့ပေါင်းလည်း မနည်းတော့ပေ..။ တခါတရံ မမှားသင့်သည်များကို မှားတာမို့ အင်မတိ အင်မတန်ကို ရှက်ဖို့ ကောင်းခြင်း ဖြစ်မိပါသည်..။
စာလုံးပေါင်းမှ မဟုတ် စာကြောင်း တကြောင်းမှာ စာပိုတွေ ဖြစ်နေ တတ်တာ အဓိပ္ပါယ် အယူအကောက်တွေ ပြောင်းသွား နိုင်တာ တွေလည်း ဖြစ်တက်တာမို့ ကျွန်မ စာရေးတာကို တစ်စုံ တစ်ယောက်က မိုက်တယ်လို့ ကြားရတဲ့ အခါ တကယ် ပြောတာလား ပြောင်းပြန် ပြောတာလား ဆိုပြီး စဉ်းစားမိသည်လည်း အကြိမ်ပေါင်း မနည်း..။ ထိုသူများ၏ စကားကို တခါတခါ ပြန်စဉ်းစားတိုင်း ငါရဲ့ မြန်မာစာတွေ မှားတာတွေ မိုက်နေတာ ဖြစ်မယ်ဟု ကိုယ့်ဘာသာ တွေးပြီး ရယ်မောတတ် ပါသေးသည်..။ အဲဒီ မလေးလုံနှင့်လည်း တခါတလေ မြန်မာစာလုံးတွေ အကြောင်း အငြင်းပွားရသည်မှာ ပျော်စရာ.. စိတ်တို စရာတွေ ဖြစ်ပါသည်..။
စာလုံးပေါင်းမှ မဟုတ် စာကြောင်း တကြောင်းမှာ စာပိုတွေ ဖြစ်နေ တတ်တာ အဓိပ္ပါယ် အယူအကောက်တွေ ပြောင်းသွား နိုင်တာ တွေလည်း ဖြစ်တက်တာမို့ ကျွန်မ စာရေးတာကို တစ်စုံ တစ်ယောက်က မိုက်တယ်လို့ ကြားရတဲ့ အခါ တကယ် ပြောတာလား ပြောင်းပြန် ပြောတာလား ဆိုပြီး စဉ်းစားမိသည်လည်း အကြိမ်ပေါင်း မနည်း..။ ထိုသူများ၏ စကားကို တခါတခါ ပြန်စဉ်းစားတိုင်း ငါရဲ့ မြန်မာစာတွေ မှားတာတွေ မိုက်နေတာ ဖြစ်မယ်ဟု ကိုယ့်ဘာသာ တွေးပြီး ရယ်မောတတ် ပါသေးသည်..။ အဲဒီ မလေးလုံနှင့်လည်း တခါတလေ မြန်မာစာလုံးတွေ အကြောင်း အငြင်းပွားရသည်မှာ ပျော်စရာ.. စိတ်တို စရာတွေ ဖြစ်ပါသည်..။
တခါက ကျွန်မတို့သည် ပုံနှိပ် ထုတ်ဝေမည့် စာအုပ်ကို ပြင်ကြရာ စာအုပ်ရေးသည့် ကျွန်မက `ပန်းရောင်` ဟု ရေးထားပါသည်..။ မလေးလုံက အယ်ဒီတာမကြီးပေါ့. (မ.. ထည့်ပြောမှ တော်ကြာနေ အယ်ဒီတာ ဆိုရင် ယောက်ျား ကောင်ကြီးကို မြင်မှာ စိုးလို့.. အမှန်မှာက စာလုံးအပိုဖြစ်နေတယ်ထင်ပါ့) .။ အကြောင်းအရာက အရောင်တွေကို တင်ပြ ထားခြင်း ဖြစ်ပါသည်..။ သူက ကျွန်မကို ကျန်တာတွေ မှန်တယ်.. ပန်းရောင်က မှားတယ်လို့ ပြောပါတယ်..။ ကျွန်မကလည်း ပြန် ငြင်းပါတယ်..။ ပြာတဲ့အရောင် စိမ်းတဲ့ အရောင်သာလျှင် အစိမ်း.. အပြာလို့ ခေါ်တယ် ဘာညာဖြစ် ပြန် ပြောတော့ သူကလည်း မလျှော့တဲ့ အပြင် နင်ငါ့ကို အရပ် စကားတွေနဲ့ မငြင်းနဲ့တဲ့ .. ဘယ်လောက် စိတ်တို ရပါသလဲ.. (ကိုယ်က အရပ်ထဲ မနေတာ အဲတုန်းက နှစ်ပေါင်း ၁၀ နှစ် ကျော် ကြာခဲ့ပြီ ဆိုတော့ အဲလို အပြောခံ ရရင် သိပ်နာသည်.. ) ကြုံတုန်း ပြောဦးမည်..။ ကျွန်မတို့ ကျင်လည် ခဲ့ကြသည့် အချိန်တွင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ နင်ဘဲ ငဆ ပြောလေ့ ပြောထ မရှိပါ..။ အခုထိ `ပန်းရောင်`လား `အပန်းရောင်`လား ဆိုသည်ကို မသေချာပါ..။ သိသူများ ဥပမာ ဥပမေယျတွေနဲ့ ပြောခဲ့စေ ချင်ပါတယ်..။ ကျွန်မကတော့ ကျွန်မမှန်သည် ထင်ပါသည်..။ ဟီး ဟီး အဲလို ပြောချင်လို့ အဲဒါ ထည့်ရေး လိုက်တာပါ..။ နောက်တာပါ..။ အတည်လည်း ဒါပါပဲ..။
လိုရင်း ပြောချင် သည်မှာကား ကျွန်မ၏ မြန်မာစာများ ရိုက်.. ရေး ရာတွင် အမှားများဖြင့် ရှိတက်ပါသည်..။ ထိုသို့ မှားခြင်းမှာ တကယ် မသိသည့် အတွက် ဖြစ်သလို သိသည့် စာများကိုလည်း ဇဝေဇဝါ ဖြစ်နေရာကနေ ပုံနှိပ်စာများကို မရှာ .. အဘိဓာန် မသုံးပဲ ရေးထည့် လိုက်ခြင်း ဖြစ်သည့် အတွက် မြန်မာစာကို မလေးစားသလို ဖြစ်နေပါသည်..။ ကျွန်မ အမှန်ဆုံး ဖြစ်အောင် ကြိုးစားပါမည်..။ လောလောဆယ် ကျွန်မ အခုချိန်ထိ မှားနေသည့် စာလုံးများကို အောက်မှာ ကြည့်စေချင် သလို ကျွန်မ မှားသလို တချို့သော ဘလော့ဂ် များတွင် မှားနေသည် ကိုလည်း ခဏခဏ တွေ့နေရသည့် အတွက် အခုလို ကိုယ့်ကိုယ်ကို အာပမု ပေး၍ တင်ပြပါသည်..။ (ဟီး စိတ်မဆိုး ကြပါနဲ့ အပြုသဘောပါ.. မဗေဒါက တည့်တည့် မပြောရဲ၍သာ.. သတ္တိ.. သတ္တိ) မဗေဒါ ရေးသည့်ထဲတွင် မြန်မာစာ သတ်ပုံ အမှားများ တွေ့ပါကလည်း ပြောသာပြောပါ အားမနာပါနဲ့ ဟုတခါတည်း ပြောခဲ့ပါသည်..။
ကျွန်မရေး နေကြ အမှားများ..
မဗေဒါ
၂၄.၀၄.၂၀၁၀
လိုရင်း ပြောချင် သည်မှာကား ကျွန်မ၏ မြန်မာစာများ ရိုက်.. ရေး ရာတွင် အမှားများဖြင့် ရှိတက်ပါသည်..။ ထိုသို့ မှားခြင်းမှာ တကယ် မသိသည့် အတွက် ဖြစ်သလို သိသည့် စာများကိုလည်း ဇဝေဇဝါ ဖြစ်နေရာကနေ ပုံနှိပ်စာများကို မရှာ .. အဘိဓာန် မသုံးပဲ ရေးထည့် လိုက်ခြင်း ဖြစ်သည့် အတွက် မြန်မာစာကို မလေးစားသလို ဖြစ်နေပါသည်..။ ကျွန်မ အမှန်ဆုံး ဖြစ်အောင် ကြိုးစားပါမည်..။ လောလောဆယ် ကျွန်မ အခုချိန်ထိ မှားနေသည့် စာလုံးများကို အောက်မှာ ကြည့်စေချင် သလို ကျွန်မ မှားသလို တချို့သော ဘလော့ဂ် များတွင် မှားနေသည် ကိုလည်း ခဏခဏ တွေ့နေရသည့် အတွက် အခုလို ကိုယ့်ကိုယ်ကို အာပမု ပေး၍ တင်ပြပါသည်..။ (ဟီး စိတ်မဆိုး ကြပါနဲ့ အပြုသဘောပါ.. မဗေဒါက တည့်တည့် မပြောရဲ၍သာ.. သတ္တိ.. သတ္တိ) မဗေဒါ ရေးသည့်ထဲတွင် မြန်မာစာ သတ်ပုံ အမှားများ တွေ့ပါကလည်း ပြောသာပြောပါ အားမနာပါနဲ့ ဟုတခါတည်း ပြောခဲ့ပါသည်..။
ကျွန်မရေး နေကြ အမှားများ..
- ၁…။ သွားရည်ယို ကို သရေယို
- ၂..။ ရဲဘော်ရဲဘက် ကို ရဲဖော်ရဲဘက်
- ၃..။ ယောက်ျားကို ယောကျာ်း
- ၄..။ နေ့လယ် ကို နေ့လည်
- ၅..။ ထိန်းသိမ်း ကို ထိမ်းသိမ်း
- ၆..။ မြင်လိုဇော ကို မြင်လိုစော
- ၇..။ နှိပ်စက် ကို နှိပ့်စက်
- ၈..။ ပတ်သက် ကို ပတ်သတ်
- ၉..။ ဆိုးရွားကို စိုးရွား
- ၁၀..။ ညိုးမှိန် ကို ညိုးမိန်
- ၁၁..။ ဆိုးတူ ကောင်းဖက် ကို စိုးတူ ကောင်းဖက်
- ၁၂..။ ကိုယ့်ကိုယ်ကို ကို ကိုယ့်ကိုကိုယ်
- ၁၃..။ ချိုးလင်းပြာ ကို ဂျိုးလင်းပြာ
- ၁၄..။အကျပ်အတည်းကို အကြပ်အတည်း
- ၁၅..။ သူ့ဘက်ကိုယ့်ဘက် ကို သူ့ဖက်ကိုယ့်ဖက်
- ၁၆..။ ကတိ ကို ဂတိဟု ရေးလေ့ ရေးထ ရှိပါသည်..။ အနောက်ဘက်မှ စာလုံးပေါင်း သည် ကျွန်မပေါင်းနေကြ အမှားများဖြစ်ပါသည်..။
မဗေဒါ
၂၄.၀၄.၂၀၁၀
21 ဦး၏ဆွေးနွေးချက်:
အစ်မရေ!!! အစ်မ ပေါင်းမှပဲ ကျွန်တော်တောင် စာလုံးတွေ ပေါင်းရမှာ ရေးတေးတေး ဖြစ်လာပြီ.. စာလုံးပေါင်းတွေ မြန်မာ သဒ္ဒါတွေက ဆန်းကျယ်တယ်နော်.. ပြောနေရင်း အမှားပေါင်းကြည့်ဦးမယ်.. စမ်းကျယ် စမ်းကြယ် ဆန်းကြယ် ဆန်းကျယ် .. ဟိဟိ.. ဒွိဟ တွေ ဖြစ်ကုန်ပြီ.. စာတည်းမှူး တွေကို အဆင်လေးစားလျှက် ..
အဟိ ပြောရင် မှားပြန်ပြီ..
အစဉ်လေးစားလျှက်။...
ဒီရေ
အင်း ဗဟုသုတအဖြစ်ဖတ်သွားပါတယ်ဗျာ ကျနော်လည်း ပို့စ်ရေးရင် စာလုံးပေါင်းအမှားတွေပါတတ်တယ် ။ တခါတလေ ဘယ်ဟာမှန်မှန်းမသိပဲ ဇဝေဇ၀ါ ဖြစ်နေတတ်တယ်..း)
အမရေ ... သေချာတာတစ်ခုက အမ အသံထွက်အတိုင်းလိုက်ရေးလို့ မှားနေတာ တက်နဲ့ တတ် .. ကျွန်တော် မှားတတ်ပါသည်ကို ကျွန်တော်မှားတက်သည် အဲ့လိုရေးတာ အဟိ :P
လူတော်တော်များများက အသံထွက်အတိုင်းရေးတယ် အဲ့စာလုံးကို (little brook )
မင်္ဂလာပါ..
ဘဟုသုတ မြားဆွာ ရယှိဘာဒယ် မတ်ဘေဓာ။ တခြို့ စကားလုန်းဒွေ ယေးဏေယင်းနဲ့ ဗယ်လိုဆာလုန်းပေါင်းယမှန်း မသိဖူးဖြစ်ဖြစ် နေတတ်တာ။ မှားဒတ်တဲ့ စကားလုန်းလေးဒွေလဲ ဖော်ပြပေးထားတာ ကြေးဇူးဘာကွယ်။
ခင်မင်ဆွာဖျင့်
ကိုယ်မြိုး (အညာမျေ)
အင်း ကိုယ်မြိုးဆိုးတဲ့သူးကလည်း ကိုယ်လို့ဘဲ သိတ်တော်ဒါတိရလို့
ဂုန်းယူးဘားတယ်း..။
မာဗေးဒါး
အမရေ.......
ဗဟုသုတအများကြီးရပါတယ်။
အမရေးပြလိုက်မှပဲ အမှန်တွေကိုသိရတယ်။
ကျေးဇူးးတင်ပါတယ်။
မဗေဒါရေ ကျွန်တော် အချိန်အားတစ်ခုမှာ မြန်မာစာသင်ပါတယ်
အထူးပြုမဟုတ်ပေမယ့်သင်တာတော့ကြာခဲ့ပါပြီ။ ဆယ်တန်းအောင်ပြီး ကတည်းကသင်ခဲ့တာပါ။ ခုဆို လေးနှစ်ကျော်ခဲ့ပါပြီ။
ဒါပေမယ့် ကျွန်တော် စာလုံးပေါင်းသတ်ပုံသေချာဂရုပြုပြီးမရေးခဲ့မိပါဘူး
မဗေဒါပြောထားတဲ့ထဲက ကျွန်တော်က နေ့လယ်ကို နေ့လည်တို့ ယောက်ျားကို ယောကျာ်းတို့ မှားမှားရေးမိတာကိုပြန်သတိထားမိပါတယ်
မဗေဒါကိုကျေးဇူးတင်ပါတယ်ဗျာ..ဒါနဲ့ဆက်ပြောလိုက်ဦးမယ်နော်..
အဟီး ကျွန်တော်က မြန်မာသဒ္ဒါကို အထူးပြုသင်တာဗျ...
ခင်တဲ့ ကိုကိုးအိမ်
စာလုံးပေါင်း သတ်ပုံကတော့မှားလွန်းလို့ ဘလော့ဂ်မှာ စာလာဖတ်သူတွေကပဲ ပြင်ပြင်ပေးသွားလို့ ကျေးဇူးတင်နေရတယ်။ အဓိကမှားတာ ရပင့်နဲ့ရရစ်၊ တသတ်နဲ့ပသတ်၊ ဟထိုးပါမပါ အဓိကမှားပါတယ်။
မှားပါတယ်၊ ပြင်ပေးမဲ့လူလည်းမရှိ၊ မှားတာကြောက်နေရင်လည်း မရေးဖြစ်လို့၊ ကျေးဇုးပါပဲ အမှားတွေသိလိုက်ရလို့။
မဗေဒါ
ဆရာမ မလေးလုံက ပန်းရောင် လို့ ရေးတာ မှားတယ်လို့  ဘယ်လိုသတ်မှတ်
ချက်နဲ့ ပြောတာလဲ ကျနော် နားမလည်ဘူးဗျ..။
ဟိုတုန်းက ၉၉စနေ ဘလော့ပို့ စ်တခုမှာလဲ.....
အပန်းရောင်လို့ ....ရေးထားဘူးတယ်...။
ကျနော် သင်ယူနားလည်ခဲ့တာက...မူလ သတ္တိနဲ့ အရောင်တွေကို
အပြာ...အနီ...အ၀ါ..အစိမ်း..အနက်..အဖြူ လို့ ရေးတယ်..ပြောတယ်..။
မူလအရောင် ၂မျိုးပေါင်းစပ်လိုက်လို့ မူလသတ္တိပျောက်သွားရင်...ဥပမာ
အပြာ+အနီ=ခရမ်းရောင်
အနီ+ အ၀ါ= လိမ္မော်ရောင်
အနက်+အဖြူ= မီးခိုး......စသည်ဖြင့်ပေါ့....။
ကျန်တဲ့ စာလုံးပေါင်းမှားတာတွေကတော့ ကျနော်တို့ လဲ မှားတာပါဘဲ..
ကျနော်...ဆိုရင်တောင် ကျောင်းမှာတုန်းက ကျွန်တော်လို့  ရေးခဲ့ရတာလေ..။
ဟလို ကိုတီအန်အက်စ
ကျွန်မနားလည်တာကတော့လည်း ရှိရင်းသားမူလအရောင် ခုနှစ်ရောင်လား အဲဒါကနေ ကျန်တာတွေတော့လည်း အထက်ကပြောသလိုပဲ ဘာဖြစ်လို့ အခေါ်အဝေါ်ပြောင်းတာ မသိဘူးရှင့်..။ အမဆူးပွင့်ကို ဒီပိုစ်လေးကို ပြောရင်း ပြန်မေးပေးမယ်..။ အမကဆရာမကြီးဆိုတော့ ပိုသိမယ်ထင်တယ်..။
နောက်ဖြစ်နိုင်တာတခုကလည်း ဒေသန္တရ အခေါ်အဝေါ်တွေများလားမသိဘူး.. အဲဒါကိုစွဲပြီး အသုံးပြုတာလည်းဖြစ်နိုင်ပါတယ်.. သေချာမသိပါ..။ မှတ်မိသလောက်တော့ အမက တောင်ကြီးဘက်ကလာတယ်ထင်တယ်..မေ့နေပြီ..။
မဗေဒါ
မဆူးပွင့်က ကယားပြည်နယ် လွိုင်ကော်မြို့ကပါ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျွန်မထင်တာ ဒေသအခေါ်ဖြစ်နိုင်တယ်။
ကျွန်တော်ထင်တာက ကျွန်တော်လို့ရေးတာမှန်တယ်ထင်တာဗျ
ဘာလို့လည်းဆိုတော့ အရင်ခေတ်က ကျေးတော်မျိုး ကျွန်တော်မျိုးဆိုပြီး သုံးနှုန်းခဲ့ကြတာလေ အဲဒီကမှတစ်ဆင့် ကျွန်တော်မျိုးကနေ ကျွန်တော်ဆိုပြီး သုံးတယ်လို့ ယူဆမိတာဗျ
ဟလို ကိုကိုးအိမ်
မှန်တယ်ထင်တာပါပဲ.. အဲလိုသုံးနူန်းထားတာတွေကိုလည်း အကိုးအကားနဲ့ ရေးထားတာတွေ ဖတ်ဖူးပါ့.. ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) လားမသိ.. နောင်ပြန်ရှာပြီး ထပ်အကွန့်တက်ဦးမည်..။
မဗေဒါ
Hi,
I just want to know about Ma Lay Loan . As far as I know she is founder of Loan Ma Lay Magazine and she already dead since long time ago. You mean that Ma Lay Loan? Thanks.
ဟလို
အဲဒီရှေးရှေးက စာရေးဆရာမကြီး မဟုတ်ပါဘူးရှင်..။
မှတ်မိသလောက် ၈၇ လောက်ကမှ ကဗျာတွေစတင်ရေးသားခဲ့ပြီး ၈၈ မှာ မိုက်မဲစွာ တောခိုခဲ့သူလေးပါ .....။ အခုထိ အိမ်လည်း မပြန်ရသေးပါဘူး..။
မဗေဒါ
စိန်ဗေဒါရေ
ဒီဆောင်းပါးကိုဖတ်ပြီး ရီ(ရယ်)နေတာ။ အဲဒီတုန်းက ရှင်နဲ့ငြင်းပြီး အကြီးဆိုတော့ ခပ်တည်တည်နဲ့ငေါက်လိုက်တာပါ။ နောက်တော့ ဦးလွင်နဲ့ထပ်ငြင်းရပြန်တယ်။ ဒီတခါတော့ဇဝေဇ၀ါဖြစ်သွားတယ်။ ဒါနဲ့ နှစ်ယောက်နဲ့ တယောက်ဆိုတော့ ငါမှားနေတာဖြစ်မယ်လို့၊ ပြီးတောိ့တခြားသူတွေကလည်း ပန်းရောင်လို့သုံးကြတာ ပြန်သတိထားမိတယ်။ အပေါ်မှာတယောက်ကတော့ ရှင်းပြထားပါတယ်။ ပန်းရောင်ကတော့ ဘာအရောင်တွေပေါင်းပြီး ဖြစ်လာသလဲဆိုတာ မရှင်းပြထားဘူးနော်။ ပန်းရောင်က မှန်တယ်လို့ ပြန်ထင်သွားတာကြာပါပြီ။ ဒါပေမယ့် မြန်မာစာဆရာတွေနဲ့တွေ့ရင် မေးကြည့်ကြတာပေါ့။ အရင်ကတည်းက မေးမယ်မေးမယ်ဆိုပြီး မေ့နေလို့ပါ။ ရှင်ကလည်း ဒီဆောင်းပါးမှာပြောသလို စာလုံးပေါင်းသတ်ပုံတွေ မှားတတ်တော့ ကိုယ်အမှန်ပဲဆိုပြီး ပြောမိတာ ဆောရီးပါ။ ရှင့်စာထဲမှာ ပြောသလို ပြည်တွင်းမှကတည်းက စာရေးတဲ့မလေးလုံမဟုတ်ဘူးနော်။ ပြည်တွင်းမှာ ကဗျာစာအုပ်လေးတွေ အပျော်ထုတ်ဖူးတာနဲ့ မဂ္ဂဇင်းတခုမှာ ကဗျာနှစ်ပုဒ်ပါဖူးတာပဲရှိပါတယ်။ ပြီးတော့ မလေးလုံနာမည်နဲ့မဟုတ်ပါဘူး။
ဟောတော့
အားလုံး ရှင်းပြီပေါ့နော်..။
မှားတက်ပါတယ်..။
ခွင့်လွတ်ဘာာာာာာာာာာာ..။
စိန်ဗေဒါ ခေါ် စိန်..။
ကိုယ်ကိုယ်ကိုယ်မှာ ယပက်လက်သတ် ၃ခုလုံး ထည့်ရမယ်လို့ ဖတ်ဖူးတယ်ဗျ။ ယောက်ျားလို့ ပောင်းတာတော့ အခုသိသွားတယ်။ :D
http://myanmarwords.pikay.org မသေချာရင်တော့ အဲဒီမှာ သွားကြည့်လိုက်တာပဲ။
ကိုတော်ကီ
ဟုတ်တယ် အဘိဓာန်မှာက အဲလိုမရေးပေမဲ့ မြန်မာပြည်က ပုံနှိပ်စာအုပ်တွေမှာ အဲလိုပေါင်းတာတွေ့တယ်..။ ဖြစ်နိုင်တယ်.. ဟိုမှာက စာတည်းမှူးတွေနဲ့..။
မဗေဒါ
ခွေးရူးလိုပဲ တွေ့ရာ ပတ်ကိုက်နေတာ ခွေး မ
Post a Comment