မဗေဒါ တောင်လုပ် မြောက်လုပ် (အတိအကျ ပြောရရင်တော့ ဝင်ငွေရတဲ့ အလုပ်က ၅၀ % မရတာက ၁၀၀% ) ပေါ့..။ ၁၀၀% ထဲမှာ ပိုလာတာက ဘလော့က် အတွက် အကြီးအကျယ် အကြံတွေ ထုတ်နေတာ..။ စဉ်းစားစမ်း ငါဘာရေးရင် ကောင်းမလဲပေါ့..။ ကိုသက်တန့်ချို တို့ကတော့ တရားဝင် နုတ်ဆက်သွားတယ်.. ပျော်ကြတော့ မယ်ထင်တယ်… ကိုကိုးအိမ်ကလည်း မုံရွာသွားမယ် ဆိုပဲ.. သူတို့တွေက အလုပ်ကြီး လုပ်နေတော့ ကိုယ်လည်း အားကျမခံ ဟင်းဟင်း ပေါ်လာပြီ.. အကြံ.. အကြံ…။ ..ရသွားတယ် အကြံ အကြီးကြီး..။ နာမည်ကြီးတွေ အကောင်းစား ပို့စ်တွေ မတင်နိုင်တုန်း မဗေဒါက အပျံစားတခုရေးမလို့..။
ရရှက မြန်မာမောင်လေးတွေကို ရေးပြီးတော့ နောက်ထပ် အနီးကပ် ရန်သူကို တိုက်ဖို့ တွေ့သွားတယ်.. သူဘယ်သူ ထင်သလဲ..။ မသိရင်ရှေ့ကို ဆက်ဖတ်ပါ..။ ဘယ်သူလို့ ထင်သလဲ သိချင်နေပြီ..သိတယ်။ သိတယ် သိပ့်သိချင် လာပြီမလား.. ပြောတော့မယ်..။ အနီးကပ် ရန်သူဆိုတော့ ဘယ်သူရှိမလဲ..ဟဲ.ဟဲ အိမ်က ယောက်ျား။ တန်ဖိုး မဖြတ်နိုင်တဲ့ ချစ်ချစ်ပေါ့။ (ဖြတ်လို့ မရဘူးသိတယ် မလား.. ကလေးတွေ မျက်နှာငယ်မယ်.. ကိုယ်လည်း မျက်နှာငယ် ရမှာပေါ့.. နောက်ဝင်ငွေလည်း လျှော့သွားပေမပေါ့..။) တိုက်ကွက် တခုကို စဆင်လိုက်တယ်.။ ဘာလုပ်မယ် ထင်သလဲ… ကိုယ့်ကို အကူအညီ ပေးနေတဲ့ သူတယောက်ကို ဆက်သွယ်လိုက်တယ်. (ဆက်သွယ်တာ တမျိုး မထင်နဲ့.. အင်မတန်ဆင်းရဲတဲ့ တက်ကနော်လောဂျီပညာ တောင်းခံမလို့ပါ…)။ ဘယ်သူလို့ ထင်ကြသတုံး …။ ဟိုလူတစုကို ကျွန်မလိုပဲ ထပ်တူ ချစ်တဲ့ စေတရာရှိတဲ့ မောင်.( )ပေါ့။ သွားမလုပ်နဲ့ သူ
ကလည်း ရဲရဲတောက်.. သူ့သလောက့်မှာ သာကြည့်ပေတော့။ ဆက်ပြောမယ် ဒါနဲ့ (.လုပ်ပါအုံးလို့ ယောက်ျားကို တိုက်ချင်လို့..) ပြောလိုက်တယ်..။ သူလန့်သွားတယ်.. မဗေဒါ အဘွားကြီး ပေါက်ကရတွေ လျှောက်လုပ်နေပြီပေါ့.. အတွေး မချော်နဲ့ သူ့ကို မသိတဲ့ နည်းပညာတွေ အကူအညီ တောင်းနေတာ..။ ကူပါဦးပေါ့ ..။ သူက အင်မတန် တော်တဲ့သူ ဆိုတော့ ဒီလိုပဲတောင်းသင့်တာတွေ မကြာမဏ တောင်းရတာပါပဲ..။ ဘလော့က်လေး ကလည်း သူ့ကျေးဇူးပဲ မလား..။ ဒါနဲ့..။
ကိုယ် မသိတာတွေကို ဂျီတော့ကနေ ရိုက်ထည့်လိုက်တယ်.. သိတယ် မလား တက်ကနော်ခေတ်.. အားလုံးက ဖုတ်ကနဲ ဖုတ်ကနဲပဲ.. ဖုတ်သလား မဖုတ်သလားတော့ မမေးနဲ့ ပိုလန်က သမ္မတနဲ့ အရာပေး (အရေးပါ) ပုဂိုလ်တွေ သွားလိုက်တာ ဖုတ်ကနဲပဲ.. ဟိုတလောက မသိလို့ အတော်လေး စဉ်းစားလိုက်ရတဲ့ (ကာစတန်) နိုင်ငံမှာလည်း ဖုတ်.ဖုတ်နဲ့ ကြားဖြတ်တွေ လာကုန်ပြီ.. မြန်ချက်ကတော့ မပြောနဲ့..။ မမြန်တာ ပြည်မြန်မာပဲ ကျန်တော့တယ်.. မြန်မယ် ထင်တယ်. တချို့တွေလည်း ဘလာ.. ဘလာ.. ဘလာနဲ့ စကုန်ပြီ.. တိုက်ပွဲတွေ ခေါ်ကုန်ပြီ.. လုပ်ပါအုံး.. ဟုတ်ရဲ့လား..။ ရဲရဲတောက် တို့ဗမာ သီချင်း လမ်းမပေါ် တက်ဆို ရတော့မယ် ထင်တယ်.. ဆိုချင်တယ် ဆိုမထွက်ဘူး ထင်တယ် .. ကျောင်းသူ မဟုတ်တော့ လို့ထင်တာပဲ. သတ္တိ နဲသွားပြီလေ.. နောက် မြောက်ဝန်ရိုးမှာ ရောက်နေတာလည်း ဖြစ်နိုင်တယ်..။ အော်ဒါနဲ့.. ယောက်ျား စိန်ခေါ်ပွဲ မေ့နေပြီပြောတော့မယ်..။ အဲဒီမှာ ဟိုက ပညာရှိ မောင်….ကလည်း ပို့လာတယ်.. ဘာထင်သတုံး.. သိချင်လာပြီ.. ဘာမှ မဟုတ်ဘူး.. သူကိုလည်း တော်တော် စောင့်လိုက်ရတယ်.. သူက အော်ပရေးရှင်း ဝင်နေတာကိုး..။ သူကလည်း အလုပ်ရူပ်တယ်.. သိတဲ့ အတိုင်း..။ အော်ပရေးရှင်းဆိုလို့ ဆရာဝန် မထင်နဲ့ .. သူ့စကား မူရင်းအတိုင်း ပြောရတာပါ.. ကွန်ပြူတာ အော်ပရေးရှင်းဆိုပဲ.. မိုက်တယ်နော်..။ ဒါနဲ့ ..သူ့ဆီ ကနေ နောက်နေ့မှာ ပြန်စာနဲ့ အတူ အပြင်အဆင်လေး ပါလာတယ်.. ဘာလို့ထင် သတုံး.. ရုပ်ရှင်တွေထဲ ကလိုမျိုးလို့ တွေးနေတယ် မလား.. မဟုတ်ဘူး..။ မဗေဒါရဲ့ ဘလောက့်အောက်မှာ ကျွန်မ ချစ်တဲ့ ချဲလ်ဆီးအသင်း တံဆိပ်နဲ့ လိဒ် ပွဲစဉ်တွေကို ဘယ်ကနေ ဘယ်လို သွားပင့်လာတယ် မသိဘူး.. ထည့်ပေး လိုက်တယ်.. သဘောပေါက်ပြီလားမသိ.. မပေါက်သေးဘူးသိတယ်.. ။ ဆက်ပြောမယ်.. ကျွန်မနဲ့သားသား.. သူ့အဖေ ကျွန်မ ချစ်ချစ်က မန်ယူနိုက်တက်ကို သိပ်ကြိုက်ပါတယ်.. ကျွန်မကတော့ လီဘယ်ပူးနဲ့ ချယ်လစီးပါ.. သူများတွေတော့ ဘာကြိုက်သလည်း မသိဘူး..။ကျွန်မကတော့.. တယ်ရီ.. လန်းပက် နောက်…နဲ့ မော်ရင်ညို ကို ကြိုက်ရာကနေ ချဲလ်ဆီး ပရိသတ် အော်တို ဖြစ်သွား ပါလေရော. .။ဘောလုံးပညာ လည်းအပြည့်ပါပဲ..။ ဘောလုံး သမားတွေ စိတ်တိုလို့အဝေးကြီးကန်ထုတ်လိုက်ရင် အခုထိ ကောင်းတယ် ဆိုပြီး အားပေး နေဆဲ..။ ဒီလောက်ဆို ဘောလုံးပညာနဲ့ စိန်ခေါ်ပွဲကို သဘောပေါက်ပြီပေါ့..။ တရားဝင် စိန်ခေါ်ပွဲလို့ ပြောရတာက အကြောင်းရှိတယ်.. ယောက်ျားနဲ့ သားက အိမ်ထဲမှာ အလကားရတဲ့ ဘောလုံးပွဲကြည့်ပြီးမန်ယူ အတွက်တဝါးဝါး နဲ့နိုင်ရင် အော်(ရူုံး.အခြေအနေမကောင်းရင်) ကွန်ပြူတာခုံကိုထုရိုက် အသံအကျယ်ကြီး အော်နေတာကို တခါမှ ဘာဆို ဘာနဲ့မှ စိန်ပြန် မခေါ်ခဲ့ဘူး.. အခု ချဲလ်စီးက (အက်ဖ်အေ လိဒ်) ပွဲမှာ အခြေအနေကောင်းနဲ့ ဖိုင်နယ် တက်တော့မယ်.. ကိုယ့်အသင်း ဆိုတော့ ပါးစပ်ကနေ မပြောတော့ပဲ တရားဝင် ဘလော့က်ပေါ်မှာ တင်ရင်း တရားဝင် စိန်ခေါ် လိုက်ပါပြီ..။ ကြည့်ကြ သေးတာပေါ့..။ ချဲလ်ဆီး နိုင်ပါစေ လို့ ဆန္ဒပြုရင်း..။
(ဘလော့က်ဂါထဲမှာ မတူတဲ့ ဘက်တော်သားတွေကိုလည်း ယောက်ျားကို စိန်ခေါ်ရင်း တခါတည်း စိန်ခေါ် လိုက်ပါ တယ်။ ထမင်းချက်တော့မယ်. ယောက်ျား လာတော့မယ်။ ညကြရင် အဲဒီပွဲ ကြည့်ရဦးမယ်.. )
မဗေဒါ
၁၃. ၀၄. ၂၀၁၀

9 ဦး၏ဆွေးနွေးချက်:
ချဲလ်ဆီး ချဲလ်ဆီး ချဲလ်ဆီး... :D
ပျော်ရွှင်ပါစေဗျာ..
ချဲလ်ဆီး နိုင်ပါစေလို့ ....
ဆန္ဒနဲ့ တထပ်တည်း ကျပါစေဗျာ...
ခင်တဲ့
ဒီရေ
WooW..!!!
အစ်မကလည်း ချယ်ဆီးပဲလား...
ဒါဆိုလည်း ဟိုးအရင်က ကျနော်ရေးဘူးတဲ့ ကဗျာလေး လက်ဆောင်ပေးမယ်...
“အပြာရောင်အလံ”
အပေါ်ကိုခဏလောက် မော့ကြည့်လိုက်စမ်း..
ကောင်းကင်ကြီး အပြာရောင်သမ်းနေတယ်..
ပင်လယ်ပြင်ကိုတစ်ချက်လောက် ကြည့်လိုက်စမ်း
ရေပြင်ကြီး အပြာရောင်သမ်းနေတယ်..
စတမ်းဖိုဒ်တံတားပေါ်ကို ကြည့်လိုက်စမ်း
သူတို့အားလုံး အပြာရောင်သမ်းနေကြတယ်..
ငါ့ရင်ထဲကိုလည်း မင်းကြည့်လိုက်စမ်း
ဟော.. မင်းမျက်လုံးတွေ အပြာရောင်သမ်းလာပြီ..
ကယ်.. အခုသိပြီမလား ငါ့နှလုံးသားမှာ
အပြာရောင်အလံတစ်ချောင်း ထိုးစိုက်ထားတယ်ဆိုတာ...။
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)
အခုမှလာဖတ်ရလို့.....ချဲလ်ဆီးနိုင်သွားရင်လည်း ပြန်ပြောဦးနော် :))
ပျော်ရွှင်ပါစေ။
ဟဲ ဟဲ။ အခုမှ ရောက်ဖူးတယ်။ စလုံးက မဗေဒါများလားလို့။
ကျနော်ကတော့ မန်ယူ။ ဘာဖြစ်ဖြစ် အားမလျော့သေးဘူး။းဝ)
ဟဲ ဟဲ အပြာအသင်းက မဲမဲလေးရဲ့
အစွမ်း..။ အားမလျှော့ပါနဲ့..။ ဘဝဆိုတာဒီလိုပဲ...နိုင်လိုက်ရူံးလိုက်..။ ဟဲ ဟဲ..။
စလုံးကမဟုတ်ဘူး.. ဘူးမားက မဗေဒါပါ..။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက
သုံးခဲ့တဲ့ ကလောင်အမည်မို့ ဆက်သုံးနေတာပါ..။
ပျော်ရွင်ပါစေ..
မဗေဒါ
ယောက်ျားကို စိန်ခေါ်လိုက်ပြီဆိုတော့ ကိုယ့်သူငယ်ချင်းအတွက် ဂုဏ်ယူစရာပဲလို့ ထင်နေတာ ဘယ်ဟုတ်မလဲ ဘောလုံးအသင်းကို ပြောတာကိုး။ မဗေဒါရေ ကို () ကို တကယ်စိန်ခေါ်နိုင်တဲ့ နေ့ဆိုရင်တော့ ကျနော် တကယ်ဂုဏ်ပြုမှာနော့်။
မငယ်နော်
အချင်းချင်းစိန်မခေါ်နဲ့.. ဟင်း ဟင်း။။ စိတ်တိုလာပြီနော်..။ မဗေဒါက
သူများမြှောက်ပေးတိုင်းမလုပ်တက်ဘူး..။ ကြားစကားဆိုဘာမှမယုံဘူး..ဘူး..။
ကျောင်းစာတွေအိုကေပါသလား..။ ဘလော့အသစ်ရေးဖို့အဆင်သင့်ဖြစ်ပလား..။ယောက်ျားကိုထမင်းချက်ပေးနေရတုန်းပဲလား..။
မဗေဒါ
ဟားဟားဟား အမရယ် ခေါင်းစဉ်ကြီးကြည့်ပြီး ဘာပါလိမ့်လို့တွေးလာခဲ့တား) မန်ယူပဲဗျို့ ကျွန်တော်တို့ကတော့ :P
မဗေဒါရေ ကျွန်တော်က ယောင်္ကျားကိုစိန်ခေါ်လိုက်ပြီဆိုတော့ တုတ်၊ဓား တွေ များရောင်းကောင်းတော့မလားလို့အဟီး...ဖတ်ကြည့်ပြီး စေ့စေ့တွေးမှ ရေးရေးပေါ်တော့တယ်..ချဲလ်ဆီးလ်တဲ့
ဒါနဲ့ကိုကိုးငယ်ငယ်ကဖြစ်တာလေးပြောဦးမယ်(ကြုံတုန်း)အဟီးပြောရမှာလည်း ရှက်ပါ့ ဘောလုံးပွဲကိုလည်းဝါသနာကပါရှာတော့ ချဲလ်ဆီးကို ဆိုင်းဘုတ်တခု
မှာတွေ့လိုက်တော့ မှတ်လာတာပေါ့လေ ကျူရှင်ရောက်တော့သူငယ်ချင်း တွေကဘောလုံးပွဲရောက်တော့ဝမ်းသာအားရ ဒီနေ့ ဘောလုံးပွဲစာရင်းကြည့်
ခဲ့တယ်ပေါ့(ဂုဏ်ယူသံကြီးနဲ့ အဟီး) နောက်သူတို့ကဘာပွဲလည်းမေးတော့
ကိုကိုးဘာဖြေလိုက်တယ်ထင်ပါသလည်း။ ချီးဆဲလ်နဲ့ မန်ယူလို့ ဖြေလိုက် တော့အဟားခံခဲ့ရတာလေးမှတ်မိပါတယ်... အင်းလေဘောလုံးပွဲကြည့်ဖို့ မဗေဒါလိုမျိုး မိန်းမကိုစိန်ခေါ်ဖို့ကလည်း လူပျိုလေးဆိုတော့(ကြော်ငြာခြင်း
မဟုတ် အများသိစေရန်ပြောပြခြင်းမျှသာ)ခက်နေပေါ့လေသွားပြန်ပေါ့ ဒီသင်္ကြန်လည်း ရည်းစားမရှိလို့မှိုင်
ခင်တဲ့
ကိုကိုးအိမ်
Post a Comment