အသိနှင့် အသိတရားအကြောင်းကို နိုင်ငံရေးနှင့် နှိုင်းယှဉ်၍ မငယ်နိုင်က တင်ပြခဲ့ပြီးဖြစ်ပါသည်။ အတိုချုပ်ပြောမည် ဆိုပါက မိမိသိထားသည့် အကြောင်းအရာသည် တရားမျှတမှန်ကန်မှုရှိ မရှိထုဆစ်ခြင်းလည်း မည်ပေသည်။ တရံတခါတွင် မိမိသိထားသည့် မှန်ကန်မှုများသည် အခြေအနေတခုအောက်တွင် အကျိုးစီးပွားများကြောင့် မပြောင်းလဲချင်ပဲ ပြောင်းလဲသွားသည်များ ရှိသလို မိမိအကျိုးစီးပွားမထိခိုက်ရင် ပြီးရောဆိုကာ အသိတရား နည်းသူများလည်း ဒုနဲ့ဒေးရှိသည်ကို ဥပမာ (၂) ခုပေး၍ ပေါ့ပေါ့ပါးပါးတင်ပြချင်ပါသည်။
ဥပမာ (၁) စာရေးဆရာတယောက် .. ဆိုပါစို့။ ထိုသူသည် လူ့အဖွဲ့အစည်းအတွင်း လူပေါင်းများစွာ၏ အတွေးအခေါ်များကို ပြောင်းလဲစေသည့် စာပေများကို ရေးသားနေသူတဦးဖြစ်ပေသည်။ သူတွေ့ကြုံနေသည့် အခြေအနေ အဖြစ်မှန်များကို ဝေဝေဆာဆာ တင်ပြချင်ပေသည်။ သို့သော် ထိုသူ၏စာပေထဲတွင် စာပေဆင်ဆာက ခွင့်မပြုသည့် အကြောင်းအရာများ ပါရှိနေပြီဆိုပါစို့။ မှန်ကန်သည့် အဖြစ်အပျက်များ.. လူတို့၏ တွေ့ကြုံခံစားနေရမှုများ.. အစရှိသည်တို့ကို ဖော်ပြချင်သော်လည်း ရေးခွင့်မရခြင်း( စာပေဆင်ဆာ) ပြုလုပ်ခံရခြင်း.. များ အကြိမ်ကြိမ် ပြုလုပ်ခံရ၍ သတိပေးခံရသည်ဆိုပါက သူ့ထမင်းအိုးအကွဲခံ၍ ဆက်လက် တင်ပြရန် မသင့်တော်ပေ။ စာရေးခြင်းဖြင့် ထမင်းစားနေရသူ တဦးသည် တမင်းအိုးကွဲခံ၍ အာဏာပိုင်များက ခွင့်မပြုသည်ကို မရေးသားပဲ ရှိနိုင်ပေသည်။ ထို့ကြောင့် နောင်အခါတွင် မတင်ပြရဲ (လို)သော်ကြောင့် ထိမ်ချန်၍ တင်ပြမှုမျိုး.. ဆင်ဆာမကြိုက်သည့် အကြောင်းအရာမျိုးကို မတင်ပြပဲ ရှိချေမည်။ (``````ဤသည်မှာ ပြဌာန်းထားသော မှုများအရ သိသည်မှန်သည် ဆိုသော်လည်း မိမိအကျိုးစီးပွားသည် ပိုအရေးကြီးသောကြောင့် ထိုအသိကို မျက်ကွယ်ပြုလိုက်ရခြင်းမျိုးဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဤအခြေအနေသည် ၀န်ထမ်းဖြစ်သည့် . အစိုးရ၀န်ထမ်းများ.. စီးပွားရေးသမားများ စသည်တို့တွင်လည်းဖြစ်နိုင်ပေသည်။ )
ဥပမာ (၂) တိုက်ခန်းနေလူတယောက် ….. ဆိုပါစို့။ ၀န်ထမ်းတဦးဆိုပါစို့ ။ သူသည် မနက်ပိုင်း ပုံမှန်အလုပ်ဆင်းချိန်ဖြစ်သည့် မနက် ( ၈) နာရီမှ (၃) နာရီအထိ အလုပ်လုပ်သူဖြစ်မည်။ တိုက်ခန်းသည် အများပိုင်နေရာဖြစ်သောကြောင့် သတ်မှတ်ထားသည့် စည်းကမ်းများ ရှိနေနိုင်သည်။ ဥပမာ…. ည (၁၀) နာရီထိုးပြီးနောက်ပိုင်း တီဗီ ကျယ်ကျယ်မဖွင့်ရဆိုပါစို့။ ဒါက တရားဝင်သတ်မှတ်ထားသည့် အများလိုက်နာရမည့် စည်းကမ်း…လိုက်ကိုလိုက်နာရမည် မလိုက်နာလျှင် သက်ဆိုင်ရာကို တိုင်လျှင် အနည်းနဲ့အများ အပြောဆိုခံရနိုင်သည်။ ဤတိုက်ခန်းတွင် သတ်မှတ်ထားသည့် စည်းကမ်းထဲတွင် ဒုန်းဒိုင်းအသံများသည် မနက် (၇) မှည (၁၀) နာရီအထိ ဆူညံပါက ပြဿနာမရှိဟု နားလည်ကြပေသည်။ သို့သော် လူတိုင်းသည် ပုံမှန်အလုပ်ချိန်ဖြစ်ချင်မှ ဖြစ်ပေမည်။ အထူးသဖြင့် ကျွန်မတို့ နေထိုင်ရာ ဥရောပ… အနောက်နိုင်ငံများတွင် ညဆိုင်းဆင်းသူများ များလာသည်။ ဆိုသည့်အခါ ညပိုင်းအလုပ်ဆင်းသူတယောက်သည် ထိုတိုက်ခန်းကြီး၏ အခန်းတခုမှ ဖြစ်နေသည်ဆိုလျှင် နေ့ခင်းတွင် အနားယူနေနိုင်ပေသည်။ သို့တည်းမဟုတ် ညဖက်အိပ့်မပျော်သူတယောက်… မကျန်းမာသူတယောက် နေ့လည်တွင် အိပ့်စက်နေနိုင်ပေသည်။ ထိုအခါမျိုးတွင် ကြမ်းတမ်းသော တံခါးအဖွင့်အပိတ်သည် အိပ့်နေသူကို ပင်ပန်းမှု.. စိတ်အနှောင့်အယှက်ဖြစ်စေမှု.. နိုးစေမှု စသည်ဖြင့် ဖြစ်ပေါ်စေနိုင်ပေသည်။ ထို့ကြောင့် သတ်မှတ်ထားသည့် အချိန်မှလွဲ၍ ကျန်အချိန်အတောအတွင်း ပြဿနာမဖြစ်ဘူး စည်းကမ်းထဲမှာ ပါမှမပါဘဲဟုဆိုကာ အသိတရားကို မျက်ကွယ်ပြု (တရားသေ) ယူဆပြီး ဒုန်းဒုန်းဒိုင်းဒိုင်းများ မလိုအပ်ပဲ ပြုလုပ်မည်ဆိုပါက အသိတရားရှိသော်လည်း မိမိအကျိုးစီးပွား မထိခိုက်ဟုဆိုကာ လက်လွတ်စလွယ် လုပ်သူဖြစ်ပေသည်။ (ဒါကတော့ ငါလုပ်လျှင်ဘာမှမဖြစ်ဘူး ဘယ်သူမှလည်း အပြစ်မပေးဆိုကာ ထင်ရာစိုင်းခြင်းမျိုးဖြင့် ကိုယ့်အကျိုးစီးပွားမဟုတ် (မဆိုင်) ဟူ၍ သဘောပိုက်ကာ ပြုမူနေသည့် အကျင့်ဆိုးဖြစ်ပေသည်။ )
ထို့ကြောင့် ကျွန်မတို့သည် အခြေအနေအမျိုးမျိုးအောက်တွင် ကိုယ်သိထားသည့် အသိတရားများ ပျောက်ကွယ်ခြင်းမျိုး .. မိမိအကျိုးစီးပွားနှင့်မဆိုင် ဆိုကာ နမော်နမဲ့လုပ်ခြင်းဖြင့် အခြားသူကို စိတ်အနှောင့်အယှက် ဖြစ်စေသူများဖြစ်သွားတက်သည် ကို သတိပြုနိုင်သူများ ဖြစ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။။

2 ဦး၏ဆွေးနွေးချက်:
မဗေဒါရေ အသိတရားကို ဥပမာနှစ်ခုနဲ့ နှိုင်းယှဉ်ပြီး ရေးပေးထားတာ သိပ်ကောင်းပါတယ်။ ဥပဒေသတ်မှတ်ချက် မရှိပေမဲ့လည်း လူကျင့်ဝတ်အရ လူသားအချင်းချင်း အသိတရားရှိရှိ အလိုက်သိနားလည်ပြီး လိုက်နာသင့်သည့် အချက်တွေ ရှိသလို အသိတရား ရှိပြီး အမှန်ကို သိပေမဲ့လည်း ပြဌာန်းထားတဲ့ ဥပဒေတွေကြောင့် အမှန်တရားကို မျက်ကွယ်ပြုနေရသူတွေလည်း အများကြီး ရှိနိုင်တာကို ဖေါ်ပြထားတာ သိပ်ကောင်းပါတယ်။ အချိန်ယူ ရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
အသိတရားကို လာရောက်မှတ်သားသွားပါတယ်။
Post a Comment