Friday, September 23, 2011

ဧရာဝတီကိုချစ်ကြမည် love Irrawaddy

ဧရာဝတီကို ဘယ်လိုကယ်တင်မလဲ.. ကယ်တင်နည်းတွေက မျိုးစုံပဲ ဖြစ်မယ်ထင်ပါရဲ့..။ အဓိကကတော့ တာဝန်ရှိသူတွေက ရပ်သင့်တယ်လို့ ယုံကြည်ဖို့ လို..တယ်.. မရပ်ရင်... ဧရာဝတီကို အဓိက မှီခိုနေသူတွေ ရဲ့ ပါဝင်ပတ်သက်မှုက အရေးကြီးမယ်ထင်ပါရဲ့... ပြီးတော့ ဧရာဝတီကို ချစ်သူတွေအားလုံး နိုင်တဲ့ဘက်ကနေ ဝိုင်းကြရမယ်ထင်ပါရဲ့... ကဲ.. စကားမပြောပေမဲ့ လူများစွာရဲ့ ဘဝပေါင်းများစွာအတွက် အဓိပါယ်များစွာရှိလှတဲ့ ဧရာဝတီအတွက် ကျွန်မတို့ ဘာလုပ်ကြမလဲ.... တာဝန်ရှိသူတွေနဲ့ ဘယ်သူစကားပြောမလဲ.. ပြောဖို့ နောက်ကျနေပြီလား... ဒီမိုကရေစီကို သွားမယ်ဆိုရင်တော့ သူ့သဘောထားတွေကို တဖြေးဖြေး လေ့ကျင့်ကြရတော့မယ်ထင်ပါရဲ့.. ကဲ အစိုးရ ဘာတွေလုပ်မလဲ... ဧရာဝတီကိုချစ်တဲ့သူတွေကရော ဘာတွေလုပ်မလဲ.. ဘာပဲပြောပြော ဧရာဝတီကို ကယ်တင်ဖို့ ကျွန်မတို့မှာ အားအင်တွေရှိနေအုံးမယ်ထင်ပါရဲ့...။

မဗေဒါ (၈၈)

၂၃.၀၉.၂၀၁၁

နေ့လည်က ရေးထားတဲ့ စာမူကို မိုက်ကရိုဆော့မှာ ပြန်ယူလို့မရတော့တာမို့ ၂၄ ရက်နေ့အဝင်မှာ ရသလောက်ပြန်ရေးပါတယ်..။ မရွှေစင်ရေ.. နောက်အချိန်ယူကာ စာရေးပါအုံးမယ်..။
အောက်ပိုဒ်

2 ဦး၏ဆွေးနွေးချက်:

ဇော်သိင်္ခ said...

ဧရာဝတီကို မြန်မာလူမျိုးတိုင်း ချစ်ကြပါသည်။ မြန်မာလူမျိုးတွေကို မချစ်ကြသော လူနည်းစုေုကာင့် ဧရာဝတီ ပျက်စီးတော့မယ်။

မြစ်ဆုံ စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည်။

ခင်မင်စွာဖြင့်...
ဇော်သိခ်

SHWE ZIN U said...

မဗေဒါ ရေ

ဧရာဝတီ ထာဝရ စီးဆင်းစေဖို့ မြစ်ဆုံဆည် တည်ဆောက်ရေး ကို ထာဝရ ကန့်ကွက်ကြစို့... ကျေးကျေး မဗေရေ

အားလုံး အဆင်ပြေ နေကောင်းပါစေ သတိရနေပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး