Wednesday, March 16, 2011

ကြိုးစားပါ..



အာရှ ရုပ်ရည်နဲ့ လူတယောက်က
* အမေရိကန်သားပါ * လို့ ပြောတဲ့အခါ..
သင် သိနားလည်အောင် … ကြိုးစားပါ..။

အမျိုးသမီးတယောက်က
သူရဲ့ အမြင်တွေကို ပြောတဲ့အခါ..
သင် လေးလေးစားစားနဲ့ နားထောင်တက်အောင် ကြိုးစားပါ..။

နိုင်ငံခြားသားတယောက်က
သူရဲ့ ယဉ်ကျေးမှု ကို
ကျင့်သုံးနေတဲ့အခါ
သင် နားလည်အောင် ကြိုးစားပါ..။

ကလေးတယောက်က..
သူ့ရဲ့ ရိုးသားမှုကို..
လှစ်ဟ ပြတဲ့အခါ..
သင် လက်ခံနိုင်အောင် ကြိုးစားပါ..။

လူတယောက်က
အမြင်မတူတာတွေ
ပြောလာတဲ့အခါ..
သင်… မရယ်ပဲ.. ဟားမတိုက်ပဲ.. နားလည်အောင် ကြိုးစားပါ..။

အာဏာရှင်တယောက်ကို
မကြိုက်တဲ့ သင်ဟာ..
အာဏာရှင်လို မကျင့်ကြံမိဖို့ များများ ကြိုးစားပါ..။

( ကျွန်မ အင်မတန်မအားပါ၍ အလည်မလာဖြစ်ပါသောကြောင့် ဘလော့ဂါ သူငယ်ချင်းများကို တောင်းပန်ပါတယ်.. စာလာဖတ်သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်..။ )

မဗေဒါ
၁၆.၀၃.၂၀၁၁
အောက်ပိုဒ်

2 ဦး၏ဆွေးနွေးချက်:

ဘေဘီ said...

အန်တီအေးခိုင်
နီနီလာလည်သွားတယ်နော်။စာတွေလဲဖတ်သွားပါတယ်။

"အမျိုးသမီးတယောက်က
သူရဲ့ အမြင်တွေကို ပြောတဲ့အခါ..
သင် လေးလေးစားစားနဲ့ နားထောင်တက်အောင် ကြိုးစားပါ..။"
ကိုအရမ်းကြိုက်ပါတယ်။
အမျိုးသမီးတွေကို တန်းတူမဆက်ဆံချင်တဲ့ယောက်ျားသားတွေအတွက် မှတ်သားစရာကောင်းတဲ့ စကားလေးပါ။
:)

သဒ္ဓါလှိုင်း said...

အမရေ.
မအားတော့လည်း မအားသလိုပေါ့အမရယ်..။
အားလုံးကနားလည်ကြမှာပါနော်.။
အမရဲ့ ကြိုးစားပါ.. ဆိုတာလေးကို သေချာမှတ်ထားပြီး အဲဒီအတိုင်းလိုက်နာနိုင်အောင် နေထိုင်ပါ့မယ်အမ။
မင်္ဂလာရှိတဲ့နှစ်သစ်မှာ အမတို့မိသားစု စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ဝပါစေအမ.။
ပျော်ရွှင်ချမ်းမြေ့ပါစေ။။။
ချစ်တဲ့
ညီမသဒ္ဓါ