Wednesday, November 10, 2010

ဒီကနေ့ခံစားချက် (၃)



တကယ်တော့ နိုဝင်ဘာမှာ ခံစားရတာတွေ များမယ်ဆိုရင် ကျွန်မရဲ့ တကိုယ်ရေ ခံစားချက်တွေကို ပြောဖြစ်မှာ မဟုတ်ပါဘူး… ဥရောပရောက် ဒုက္ခ္ခသည် တယောက်ရဲ့ ခံစားချက်တွေ ကို ရှေ့တန်းမှာ မတင်ရက်တော့ဘူး..။ မြန်မာပြည်ကြီး မငြိမ်မသက်ဖြစ်လာတိုင်း မဗေဒါ ခံစားရတဲ့ ခံစားမှုတွေဟာ မြန်မာပြည်သားများဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ဒုံးဒုံးစိုင်း ရောက်သွားလေရဲ့..။ ဘုန်းကြီးများ နှိမ်နှင်းခံရတဲ့ကိစ္စ… ကိုမင်းကိုနိုင်တို့အုပ်စုတွေ အဖမ်းခံရတဲ့ ကိစ္စ… နာဂစ် ကိစ္စတွေ ဖြစ်ခဲ့တုန်းက အိပ်မရ .. . လမ်းလျှောက်ရင် မြေကြီးနဲ့ မထိသလို ဖြစ်ခဲ့ဖူးတယ် … နောက် စကားသံတွေ တိုးတိတ် စွာ ဖြစ်ချင်တာတွေကို အရူးတယောက်လို ပြောနေတက်တယ်..။ ပြီးရင် အားကောင်းတဲ့ လက်နက် တခုဖြစ်တဲ့ မျက်ရည်က မရပ်တော့..။ သမီးကပြောတက်တယ်.. အမေ အဲလိုဖြစ်နေတော့ ဘာတွေ ဖြစ်လာမလဲတဲ့.. ထိုင်းက အလည်ရောက်နေတဲ့ ယောက်ျားလေး သူငယ်ချင်းကလည်း မေးဖူးတယ်..။ နင် စိတ်မှ ကောင်းသေးရဲ့လားတဲ့.. အခု ငိုလိုက် .. စိတ်တိုလိုက်နဲ့တဲ့..။ ဟုတ်ပါတယ်… ကျွန်မဟာ မြန်မာပြည်အတွက် အခုလို လှုပ်လှုပ်ရှားရှား ဖြစ်လာပြီဆိုရင် လောဘတွေ အရှိန်သတ်မရ အမြဲရှိတက်တယ်.. ။ ဖြစ်စေချင်တာတွေ မဖြစ်ခဲ့ရင် ကိုယ်ကလည်း အားနည်းသူ .. အမိမြေနဲ့ ဝေးနေသူဆိုတော့ ပိုခံစား ရတက်ပါတယ်..။ တခါတလေ ကိုယ့်ဘာသာတောင် မေးခွန်းတွေ မေးနေတက်တယ်…ငါ က တော်လှန်ရေးလုပ်မယ်ဆိုပြီး အခုတော့လည်း ဥရောပက တိုက်ခန်းတခုထဲ မသေထမင်းဟင်းရှာဖွေစား အောက်ကျ နောက်ကျ စိတ်တွေ တပွေ့တပိုက်နဲ့ အသက်ရှင်နေရတာ လူဖြစ်ရူံးသလိုပဲ..။ ငါ လူပို တယောက်လား… လို့ပေါ့..။ ဒါပေမယ့်လည်း လူ့သဘာဝဖြစ်စဉ်တွေကို မေ့နိုင်အောင် ကျိုးစားရင်း အကောင်းတွေများများတွေးကာ ဘဝတိုက်ပွဲနွှဲရင်း အမိပြည်ကြီး ရဲ့ သတင်း နားမထောင်တဲ့ရက် တရက်မှ မပျက်ရအောင် ကျိုးစားနေတဲ့သူတော့ ဖြစ်နေပါသေးရဲ့..။

မြန်မာ ပြည်အတွက် ဆိုရင် တခုခု လုပ်ပေးချင်သူတိုင်း အားမလိုအားမရတာတွေ ဖြစ် (ရှိ) မယ်ထင်ပါရဲ့..။ အခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် ဘာလုပ်ရမှန်းမသိ ဘယ်သူ့ကိုမေးရမှန်းမသိ ဖြစ်နေသူတွေ အများကြီး ဖြစ်မှာပါ.. အဓိကကတော့ တကယ်လုပ်နေသူတွေနဲ့ အဆက်အသွယ်ရဖို့လိုတယ်.. ကူညီမဲ့ကိစ္စတွေ ထဲထဲဝင်ဝင်ဖြစ်ပြီး ထိရောက်ဖို့လိုတယ်..။ ဒီကနေ့တော့လည်း သတင်းတွေ တက်လာတာ သိရသလောက် နည်းနည်း ဟုတ်နေသေးတယ်.. ရှမ်း ( ) ကလည်း နှိုးဆောင်မှုတွေ လုပ်နေတယ်.. ကရင်ကလည်း သွေးရင်းကို ထိရင် မခံဘူးလို့ ကြွေးကြော်ထားတယ်..။ ရှမ်းအဖွဲ့ကတော့ မနေ့တနေ့က ဖွဲ့ခဲ့တဲ့ စစ်ရေး နိုင်ငံရေး မဟာမိတ်တွေ ကိစ္စ ထည့်ပြောတယ်.. မဗေဒါ သဘောကျတယ်.. အဲလိုဖြစ်ရမယ်.. ပြီးရင် တကယ် ဝိုင်းရတော့မယ်.. လူထုကိုလည်း ဘာလုပ်နေတယ်.. ဘာဖြစ်ဖို့လိုတယ်.. ဘယ်ဟာကအရေးကြီးတယ်.. အစရှိတာတွေကို အသိပေးဖို့လိုတယ်..။ တိုက်ပွဲတွေကို ပံ့ပိုးရင်း မြန်မာပြည်တွင်းကလူတွေရဲ့ စစ်အစိုးရအပေါ် စိတ်ကုန်နေတာတွေကို အခုချိန်မှာ ထုတ်ပြနိုင်ဖို့ရာ အခြေအနေကောင်းတခုကိုလည်း ဖန်တီးနိုင်ရမယ် ထင်ပါတယ်..။ ပြည်သူသာ တိုက်ပွဲအတွက် အဆုံးအဖြတ်ပေးမှာမို့ သူတို့ သိဖို့လိုတာတွေ သူတို့ကူရမှာတွေကို ရရာနေရာများကနေတဆင့် တိုက်တွန်းနှိုးဆော်တာတွေ လုပ်ရမယ် ထင်တာပဲ..။

နိုင်ငံရေး ..စစ်ရေးစစ်ရာဆိုတာကလည်း ခက်သား လား ..မဗေဒါတို့ မသိတာတွေ သိခွင့်မရှိတာတွေ အများကြီးပါ.. ဒါပေမယ့်လည်း ကျွန်မတို့ကို ဦးဆောင်ခဲ့သူတွေ ပေးနေသူတွေ ဟာ အခုချိန်မှာ စီမံကိန်းတခုကို ခပ်သွက်သွက်လေး ဆွဲကာ… ပြည်သူတွေ အားကိုးလာမဲ့ အခြေအနေ တခုကို လက်ဆုပ်လက်ကိုင်ပြဖို့ လိုနေပြီ ထင်တာပဲ.. ဥပမာ ကျောင်းသားတပ်က ကိုယ်ပိုင်နယ်မြေမရှိဘူး.. ( ထိုင်းဘက်မှာဆိုရင် တောခိုလာကတည်းက ကရင်..နယ်မြေတွေပေါ် မှာ အခြေချရတာ ပူးတွဲပြီး ရန်သူကို တိုက်ရတာမျိုး).. ဆိုတော့ အခုလည်း ကေအန်ယူက ဒီကေဘီအေကို ညီရင်းကိုစိတ်နဲ့ ထိရင် မခံဘူး… ဆိုခဲ့ရင် ကျောင်းသားလည်း သေချာပါပြီပေါ့..။ ဒီတော့ အလုပ်တခုခုကို လုပ်ပြရမယ်ထင်တာပဲ..။ အဲလို မဟုတ်ပဲ.. ကေအန်ယူကလည်း ညှိုနှိုင်းရမှာတွေ လိုတာထက် အချိန်ပိုကြာသွားရင် သွေးအေးသွားရင် နောက်တကြိမ်အတွက် မလွယ်တော့ဘူး.. အခုချိန်က နိုင်ငံရေးကလည်း အချိန်အခါကောင်းမလား.. မဲကိစ္စတွေကလည်း အားလုံးအသိပဲ.. အာဏာရှင်တွေ ချယ်လှယ်နေကြတာကို အတိုက်အခံတွေ က မကျေနပ်ကြဘူးမလား.. လုပ်စရာရှိတာတွေ မြို့ထဲမှာ လုပ်ကြမယ် ထင်ရတာပဲ.. ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ပေးရတော့မယ်.. ခေါင်းဆောင်ထွက်လာရင်တော့ အခုချိန်မှာ အားကိုးစရာ ပိုရှိပြီမို့ .. နိုင်ငံရေးလှုပ်ရှားမှုများသည်လည်း အင်မတန် အရေးကြီးတယ်လို့ ထင်မိပါတယ်.. ။ ဒါကြောင့် စစ်ရေးရော နိုင်ငံရေးရော ၂ ခုစလုံးအရေးပါပါ၏လို့ မြင်မိပါတယ်..။ နိုင်ငံတကာကမှာလည်း သွားပြောနေသူတွေရှိတော့ သူတို့လည်း တကယ်စွမ်းဆောင်မှုတခုခုထဲပါလာရင်တော့ ပိုကောင်းပါ၏လို့ပဲ ဆိုရမယ်ထင်တာပဲ.. (မဗေဒါရဲ့ ပင်ရင်းစိတ်ကတော့ အစဉ်အမြဲ လူထုပဲ အားကိုးသူပါ…) ။

ကျွန်မတို့ မြန်မာပြည်သားများအားလုံးမှာ ရင်ဆိုင်နေရတဲ့ မလုံခြုံမှု.. ပူပန်သောက ဖြစ်ရမှု.. မတရား အပြုခံရမှုများစွာဟာ အချိန်တခုထက် မပိုခံစားသင့်တော့ပါဘူး.. အဲဒီအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ဌတာဝန် ရှိကြေးဆိုရင် နိုင်ငံရေး.. တော်လှန်ရေးသမားတွေက ပိုတာဝန် ရှိတယ်လို့ ယူဆတဲ့ ဒီကနေ့ ခံစားချက်ကိုရေးပါတယ်..။

အချိန်ဆိုတာ တန်ဖိုးရှိတယ်ဆိုရင်… မြန်မာပြည်အတွက် နိုဝင်ဘာလဟာ တကယ့်တန်ဖိုးရှိစွာ အသုံးချရမဲ့ အချိန်များဖြစ်နေမလား… တရားသော တိုက်ပွဲအတွက် လူတိုင်းလူတိုင်း ပါဝင်သင့်တယ်လို့ ထင်မြင်မိပါတယ်...။

မဗေဒါ
၁၀.၁၁.၂၀၁၀

3 ဦး၏ဆွေးနွေးချက်:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ဦးဏှောက်မရှိပဲ အတင်းအဖျင်းပဲပြောတဲ့ ဒီမိုငတုံးများ

မင်းတို့ ဒီမိုတွေက ဦးဏှောက်လုံးဝမရှိပဲ . . အမြင်မတူတဲ့သူတွေကို ဖိနှိပ်လိုက်ရမှ ကျေနပ်ကြတယ်။ မိမိလက်အောက်မှ ရှိတဲ့ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်ကို နာခံရပြီး လက်အောက်ငယ်သားတွေကို ကြောက်နေရတဲ့ သူကတော့ NLD ဥက္ကဌ ရာထူးယူထားတဲ့ ဦးအောင်ရွေပါပဲ။ NLD မှတ်ပုံတင်ရေးကိစ္စမှာ ဥက္ကဌဖြစ်သူ ဦးအောင်ရွှေခမျာ တိုက်ခိုက်မှုမျိုးစုံ လုပ်ခံခဲ့ရပါတယ်။ အဖွဲ့အစည်းရဲ့ စည်းကမ်းနဲ့အညီ ဥက္ကဌတစ်ယောက်ရဲ့ လေးစားမှု မခံရဘူး။ ပါတီတွင်းမှာ ဂိုဏ်းဖွဲ့ထားတဲ့လူတွေက ဥက္ကဌကို ခွေးတစ်ကောင်လို သဘောထားပြီး ပြုမူခဲ့တယ်။ ( သူကိုမကြိုက်ရင် ဥက္ကဌရာထူးကနေ ဖယ်ရှားပါ။ ဥက္ကဖြစ်နေရင်တော့ သူ့ရာထူးနဲ့ ထိုက်တန်တဲ့ လေးစားမှုကိုပေးရမှာပဲ။ သူရဲ့ လမ်းညွှန်မှုကို ခံယူကြရမှာပဲ။ ခင်ဗျားဟာ ဗုဒ္ဓဘာသာဝင် စစ်မှန်ရင် သူ့နေရာမှာ စာနာကြည့်ကြပါ)

NLD မှတ်ပုံတင်ရေး ဆန္ဒမဲပေးရာမှာ ခြိမ်းချောက်မှုတွေလုပ်ပြီး ဗြောင်မဲ ပေးခိုင်းတယ်။ တကယ်ဆိုရင် အဲလိုအခြေအနေမှာ လျှို့ဝှက်မဲပေးခြင်းနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို ကာကွယ်ပေးရမှာပါ။ မှတ်ပုံတင်ဖို့ ထောက်ခံမဲပေးရင် တိုက်ခိုက်ခံရမှာကို စိုးရိမ်ရတဲ့ အခြေအနေမှာ ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ ဆန္ဒထုတ်ဖေါ်မှု လုပ်နိုင်တော့မှလဲ? အဲလိုလူဆိုးလူမိုက်တွေ လွှမ်းမိုးနေပြီး အနိုင်ကျင့်လိုတဲ့ သူတွေရှိနေတဲ့ အဖွဲ့အစည်းဟာ တိုင်းပြည်ကို မအုပ်ချုပ်သင့်ဘူး။ ဒီမိုဘလော့တွေဟာ လွတ်လပ်စွာ ရေးသားခွင့်မပေးသလိုပဲ .. . ဒီမိုငတုံးတွေဟာလဲ လွတ်လပ်စွာတွေးခေါ် ပြောဆိုတဲ့ လူ့ဘောင်ကို မလိုလားတဲ့သူတွေသာ ဖြစ်ပါတယ်။

NDF က ဦးခင်မောင်ဆွေတို့ဆိုတာ တိုင်းပြည်အတွက် ထောင်ထဲမှာ နေလာခဲ့သူတွေပါ။ ဘေးထိုင်ဘုပြောမလုပ်ပဲ တကယ်ကို ဖာသည်မဗိုလ်ချုပ်တွေကို တော်လှန်ဆန့်ကျင်ခဲ့တဲ့ သူရဲကောင်းတွေပါ။ ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကလဲ . . . . . ဒီမိုငတုံးတွေ ဦးဏှောက်မရှိတာကို သိလို့ လမ်းခွဲပြီး . . . ကြံ့ဖွတ်အဏာမရအောင် သူတို့နည်း သူတို့ဟန်နဲ့ လုပ်ကိုင်နေကြတာပါ။ ရယ်စရာကောင်းတာကတော့ . . . . ရွေးကောက်ပွဲမှာ ကြံ့ဖွတ်အပြတ်အသတ် အနိုင်ရသွားတော့ ပျော်ရွှင်သူတွေက စစ်ဗိုလ်တွေမဟုတ်ပါဘူး။ ဒီမိုငတုံးတွေသာ ဖြစ်ပါတယ်။ သူတို့ပြောသလို မလုပ်ရလေသလားဆိုပြီး NDF ခံလိုက်ရတာကို ကြည့်ပြီး ၀မ်းသာပီတိဖြစ်နေကြပါတယ်။ ဒီမိုငတုံးတွေရဲ့ စိတ်ဓါတ်ဟာ အရမ်းကို ကလေးဆန်ပါတယ်။ ကိုယ်ကျင့်တရားကင်းမဲ့ပြီး အောက်တန်းစားတွေသာဖြစ်ပါတယ်။ မိမိနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေအပေါ်မှာ စိတ်ထား သိမ်ဖျင်းပြီး အောက်တန်းကျတဲ့ ဒီမိုတွေ အဏာမရအောင် လုပ်ပေးတဲ့ ဖာသည်မဗိုလ်ချုပ်ကြီးတွေကို ကျေးဇူးတင်ပါတယ်ဗျာ။


ဦးဏှောက်မရှိသည့် အောက်တန်းစား ဒီမိုငတုံးများကိုသောက်မြင်ကပ်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. NDFလို ကြံဖွတ်အဏာမရအောင် ကြိုးစားသူတွေကိုတော့ ဝေဖန်တိုက်ခိုက်နေကြပေမယ့် . . . . ကြံဖွတ်အဏာရအောင် တက်တက်ကြွကြွ ကူညီနေသော ပလီဆရာတွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကို မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ယခုအချိန်အထိ လှုပ်ရှားမှု မစသေးပါ။ ဒီမိုကုလားတွေကလဲ သူတို့ ကုလားအချင်းချင်း နှာစေးနေသည်။