မဗေဒါဟာ မဲပေးပိုင်ခွင့်ကို ၉၀ နောက်ပိုင်း ကတည်းက ကျန်နိုင်ငံသားများအားလုံးလိုပဲ.. ဆုံးရူံးခဲ့ရသလို.. ပေးခဲ့တဲ့ မဲဟာလည်း အလိမ်ခံခဲ့ရပါတယ်..။ ကြုံတိုင်းလည်း ပေးခဲ့တဲ့မဲအကြောင်း ကို အခုအခြေအနေနဲ့ ဆက်စပ်ပြီး ပြောကြပါတယ်..။ အခုအခြေအနေမှာ မိမိ ထင်မြင်ယူဆချက်များ ထားတဲ့တန်ဖိုး တွေနဲ့ လုံးလုံးလွဲနေတဲ့ မြန်မာနိုင်ငံအခြေအနေကို သုံးသပ်ဖို့ ဆိုတာ တွေးလေ ပိုပြီးတော့ ခက်ခဲလေ အငြင်းပွားစရာ ဖြစ်လေ.. တခါတလေ ရယ်စရာအဖြစ်တောင် ဖြစ်သွားပါတယ်..။ ကျွန်မရဲ့ အချိန်များစွာဟာ မိသားစုအတွက်သာ ဖြစ်ပါသည် .. တိုင်းပြည်အတွက် မပေးနိုင်ပါ..။ နိုင်ငံရေးကိစ္စများ အငြင်းပွားမည် ဆိုပါက လေပေးမည့်သူများ များစွာရှိတက်ပါသည်..။ ထိုသို့သော် လူများစွာ ပြည်ပမှာ ရှိနေသည်ဟု ပြောမည်ဆိုပါက အငြင်းပွားမည့် သူများ ရှိနိုင်ပါသည်.. ထားတော့ ပြဿနာ မဟုတ်ပါ.. ပွားခွင့် ရှိကြသည်ပဲ..။ လွတ်လပ်ကျယ်လောင်စွာ ပွားခွင့် မရှိသည်က အထဲမှ သူများဖြစ်ပေသည်..။ အမှန်တကယ်ဆိုလျှင်လည်း ပြည်တွင်းမှ သူများသည် နိုင်ငံပြောင်းလဲရေးအတွက် အခရာကြသော သူများဖြစ်မည်ဟု ယူဆပါသည်။
စံ နှူန်းများ ပြောသည့်အခါ မဗေဒါတို့ နှစ်ပေါင်းများစွာ နားလည်လာသည့် ယဉ်ပါးလာသည့် သဘောတရား အသိစိတ်နှင့် ပြောကြသည်.. ဆိုပါစို့.. ဒီမိုကရေစီ ကို သွားမည်ဆိုပါက လွတ်လပ်တဲ့ရွေးကောက်ပွဲ.. တရားမျှတတဲ့ တရားစီရင်ရေး.. လွတ်လပ်တဲ့ သတင်းဌာန များ သည် အရေးပါသည်..။ မြန်မာပြည်တွင်း မှာ ထိုအရာများ မစည်ကား မဖွင့်ဖြိုးဆိုသည်ကိုလည်း အထူးတလည် ပြောစရာမလို..
နိုင်ငံရေးစိတ်ဝင်စားသည့်သူများ.. ကိုယ်တိုင် ထိုအရာများ ပျက်ယွင်းနေသည့်အတွက် အကျိုးခံစားရသူများ နားလည်ကြသည်.. စာချဲ့စရာမလိုပါ..။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံရွေးကောက်ပွဲ ကို အခြေခံကာ ယခုရွေးကောက်ပွဲ လုပ်မည်ဆိုသည့်အတွက် ပြောစရာတွေ အင်မတန် များလာပါသည်.. မဲ မထည့်နှင့် မဲထည့်ပါ.. နိုင်ငံရေးပါတီတွေ က ကိုယ့်အတွက် လုပ်ကြသည်.. မဖြစ်နိုင်တာကို လုပ်ကြသည် စသည်ဖြင့် အပြစ်.. များ ပြောလာကြပါသည်.. ။ အဓိက ပြောချင်သည်မှာ ယခုရွေးကောက်ပွဲ လုပ်နည်းလုပ်ဟန်များသည် မတရားသောကြောင့် ဖြစ်သည်ဟု လုံးဝ ယုံကြည်ထားသူများက မပါနဲ့ မဲမထည့်နှင့် ဟု ပြောခြင်းဖြစ်သည်..။
ကဲ မတရားပါ.. အခုဖြစ်နေသော် အခြေအနေအရ ဘယ်လိုမှ ရှေ့အနာဂါတ်ကောင်းမွန်လာမည် မဟုတ်ပါ.. ဟု ဆိုသူများ.. အခြား မည်သည့်လမ်းသည် အကောင်းဆုံး မြန်မာပြည်အတွက် ဖြစ်မည်နည်း.. သူတို့ ချသည်လမ်းကို မသွား ဆိုပါက ဖြစ်စေချင်ခဲ့သော ဥပမာ နှစ်ဦးနှစ်ဘက် အပြန်အလှန် ဆွေးနွေးခြင်းများ .. သို့တည်းမဟုတ် သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆိုသည်ရော ဖြစ်ဖို့ အလားအလာ ရှိခဲ့ပါသလား… ရှိအောင် ကျိုးစားခွင့်အခြေအနေများ ဖြစ်ထွန်းမှု မရှိခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မသေရုံတမယ် ဖြစ် ထောင်ချောက်ဆင်ကာ နေအိမ်ထဲ ပို့ခဲ့ရပြန်သည်.. တခါ ဒေါ်စုမရှိလျှင် .. သို့တည်းမဟုတ် ကိုမင်းကိုနိုင်..ကိုကိုကြီးတို့လို ရဲရဲတောက် တကယ်အနစ်နာခံ လုပ်ပြမည့်သူများ မရှိတော့သည့်အခါ လှုပ်ရှားမှုများ ရပ်တန့်သလို ဖြစ်သွားခဲ့ပြန်ပါသည်..။ တဖြည်းဖြည်း ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ဆိုလာသော်အခါ… ဘာမှ လှုပ်ရှားမှုများ မရှိသည့် အခြေအနေမှ တဆင့်… ပါတီများ အကန့်အသတ်များကြား လှုပ်ရှားရုန်းကန်းရင်း ပါတီများအား လေကန်သူများ ဝေဖန်သူများ ပါလာကြပါသည်..။ ဆိုတော့ ထိုသူများကို မဗေဒါ မေးချင်ပါသည်.. မြန်မာပြည်ကြီး ဒီမိုကရေစီလမ်းခေါ်ခေါ်..(လစ်ဘရယ်ကိုပဲ သွားမည်ဆိုဆို .) တရားမျှတတဲ့လူ့ဘောင်ကို သွားမယ်ပဲ ကြွေးကြော် ကြွေးကြော် .. တခြား နည်းလမ်း ရှိပါသလား.. ရှိရင်ဘာဖြစ်ပါသလည်း.. အဲဒီနည်းလမ်းဆိုတာကရော ကျွန်မတို့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သည့် သဘောတရားများပါလား.. တကယ်ရော နှစ်ပေါင်းများစွာ အာဏာရယူထားသည့် စစ်ဗိုလ်ချုပ်များ လိုလားစွာ ပြောင်းလဲချင်သည့် အခြေအနေရော ဖြစ်နိုင်ပါသလား… သူတို့ကြားချင်သည်မှာ ဒီမိုကရေစီဆိုသည့် လူဘောင်ရော ဟုတ်ပါသလား…။ စစ်ဗိုလ်ချုပ်ကြီးများ… သည် လူသားများ ဖြစ်သည့်အတွက်သူတို့အာရုံများ.. စိတ်အခြေအနေများ… ပြောင်းလဲပေးနိုင်သည့် အခြားချဉ်းကပ်မှုများ ရှိပါသလား… အစ ရှိသည့် မေးခွန်းများ များစွာရှိပါသည်..။
အပြင်မှာနေရင်း.. အထဲက ယုံကြည်ရာ လုပ်နေသူများကို အပြစ်များချည်းပြောနေမည် ဆိုပါက ရှေ့ကို ဘယ်လိုသွားကြမည်နည်း..။ တကယ်ပြောမည်ဆိုပါက ကျွန်မအပါအဝင် အပြင်က သူများသည် အခြေအနေကောင်းတခုအောက်တွင် လုံလုံခြုံခြုံနေထိုင်ခွင့် ရှိနေသည်.. ။ နိုင်ငံရေးကိစ္စတွင် အမြင်ကို ပြောမည်ဆိုပါက အထဲကထက် ပိုလွတ်လပ်သည်..။ နိုင်ငံတခု ပြောင်းဖို့ လွယ်ကူပါသလား.. ဓါးမိုးထားသည့် အခြေအနေအောက်တွင် ယုံကြည်ရာ ရုန်းကန်လှုပ်ရှားနေရသည့်သူများကို အပြစ်ပြောနေခြင်းသည် တရားပါရဲ့လားဟု မေးချင်ပါသည်..။ သူတို့ ရွေးကောက်ပွဲ တွင် ပါဝင်ပါတ်သက်နေခြင်းအပေါ် အပြစ်ပါ.. မကောင်းပါ.. မသိကောင်းရဲ့လား ဟု ပြောနေခြင်းသည် မမေးသင့် ဟု ယူဆပါသည်..။ သူတို့တွင် ငွေရေးကြေးရေးမှသည် အခြားသော အကြပ်အတည်းများစွာ ရှိသည်.. ကိုယ်ကလည်း ဘာမှ မကူနိုင်..ပါပဲ …. လေကန်ရင်း အပြစ် အပြစ်ပါဟု ဆိုနေသူများ.. တဘက်တွင် ဖြစ်ပေါ်မည့် စိတ်ဖိအားများအပေါ် နားလည်သင့်သည်… မြင်ကြည့်သင့်သည်ဟု ယူဆပါသည်..။ အပြစ်သည် မရှာပဲနှင့် တွေ့ပါသည်… ယခု ကိစ္စသည် စစ်အာဏာရှင်အောက်တွင် ယုံကြည်ရာကို တခုခု လုပ်ချင် (စမ်းသပ်) ချင်ကြသည့် နိုင်ငံရေးသမား များ မြန်မာပြည်တွင် များစွာရှိနေသည် ဟု မြင်မိပါသည်..။ အခက်အခဲများ အကြပ်အတည်းများကို သိပါလျှက်နှင့် အပြင်မှ နေ၍ အကြီးအကျယ် လေပေး ပြစ်တင် ဝေဖန်နေခြင်းသည် မဖြစ်သင့်ဟု ယူဆပါသည်..။ ကိုယ်ကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်ပဲ သီအိုရီ သဘောတရားများနှင့် နှိုင်းယှဉ်ကာ ပြောမည်ဆိုပါကလည်း အပြုသဘောဘက် ဦးတည်ကာ လက်တွေ့နှင့် ကိုက်ညီ .. သဘောတရားမျာနှင့်လည်း မဝေးပဲ အပြုသဘော ဆွေးနွေး ပြောလျှင်သာ အထောက်အကူပြုမည်ဟု မြင်မိပါသည်..။ သို့မဟုတ်ပဲ အပြစ်မြင်ကာ … တချိန်လုံး.. အပြစ်များ ထိုင်ပြောနေပါက ကြားရသူလည်း စိတ်မချမ်းသာ ဖြစ်ကြရသလို တခြားနည်းလမ်းက ဘာလည်း ဟု မေးရပေမည်..။ ကျွန်မတို့ တကယ်လုပ်ရမည်က ပါဝင်မည့် နိုင်ငံရေးသမားများကို ဆရာလုပ်ဖို့ မဟုတ်… အပြစ်ထိုင်ပြောနေဖို့မဟုတ်.. သူတို့သည် ကျွန်မတို့ သိသည်ထက် ပိုသိကြသည် ပိုလက်တွေ့ကြကြ တွေးတက်သူများ ဖြစ်ပေသည်.. ။ တကယ်တမ်းတွင် အာဏာရှိနေသည့် သူများကို ဖိအားပေးကာ အကောင်းဆုံး မျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်လာရေးဟုသာ ယူဆပါသည်..။
မဗေဒါလည်း လေကန်သည့်ထဲတွင် မပါခြင်းပါ ..။ သို့သော် လေပေးခြင်းသည် အခါခပ်သိမ်းတွင်တော့ အချဉ်းနည်း မဖြစ်တန်ရာဟု ယုံကြည်ပါသည်.. ။ သို့သော် ထိုလေ ပေးခြင်းသည် ကျွန်မတို့ ဘဝ များစွာအတွက် ဖြစ်တန်ရာ.. ဖြစ်ကောင်းရာ … ဖြစ်နိုင်ဖွယ်ရာ များ ဖြစ်မည်ဆိုလျှင် အားလုံးအတွက် စိန်ခေါ်ရဲသည့် လေပေးမှု ဖြစ်ချင်ပါသည်..။
မဗေဒါ ရွေးကောက်ပွဲကို စိတ်မဝင်စားပါ.. သို့သော် သူတို့ခင်းသည့်လမ်းသည်ပင် ကျွန်မတို့အားလုံးအတွက် မဖြစ်မနေ လျှောက်ကြရမည့် အခြေအနေ ဖြစ်နေသည့်အတွက်… ယုံကြည်ရာကို လျှောက်လမ်းနေသူများကို စော်ကားသည့် လေပေးမှုကိုဖြင့် မနှစ်သက်ပါကြောင်း ပြောရင်း ရင်းတွင်းဖြစ်ကို ရေးပါသည် .. ။ အကယ်၍ ရွေးကောက်ပွဲ မဝင်နှင့် … တိုင်းပြည်အတွက် တခြား နည်းလမ်းဖြင့် သွားမည်.. (ပြောင်းလဲ) မည် ဆိုပါကလည်း မည်သည့်နည်းလမ်း ဖြစ်နိုင်ပါသနည်း.. ။
စာလာဖတ်သူများ အားလုံးကို ကျေးဇူးပါ... ။
ခင်မင်စွာဖြင့်
မဗေဒါ
၂၇.၁၀.၂၀၁၀
2 ဦး၏ဆွေးနွေးချက်:
ဗေဗေရေ.....
လာရောက်ခဲ့ပါတယ် အရမ်းကိုစိတ်ပိန်တယ် ဒီအကြောင်းတွေကြားရင်........
မဗေဒါ ရေ
ပျောက်နေတယ် မှတ်နေတာ ဒီမှာ လာလေကန်နေတာ ကိုး လာလာ ရွှေစင်ဦး ရဲ့ ဗျူးလေး လာဖတ်လှည့် ဆက်လက်ပြီး အမှန်အကန် ဖြစ်သွားအောင်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Post a Comment