Wednesday, November 3, 2010

မြန်မာနှင့် အမည်ပေးခြင်း

ပထမရေးမှာက စာအုပ်တအုပ်က သဘောကျတဲ့အပိုင်းလေး.. လင်မယားစုံတွဲများ.. ချစ်ခင်သူများ အချင်းချင်းကြား အကြောင်း.. ဒါပေမဲ့ ရုတ်တရက်စိတ်ပြောင်းသွားတယ်… တော်တော်ကြောက်ဖို့ ကောင်းတဲ့ စိတ်ပါ… ။ ဖြတ်ကနဲ ဖြတ်ကနဲ အချိန်တိုင်း အပြောင်းအလဲ ဖြစ်နေတယ်..။ အခုရေးချင်တာက မဗေဒါတို့ မြန်မာပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကတည်းက ဂုဏ်ယူစရာ အဖြစ်ပြောလာတဲ့ ကိစ္စတခုပါ.. စာရေးဆရာမကြီး ဆရာကြီးတွေလည်း ဒါကို အထူးပြုပြောဖူးတာတွေ ဖတ်ဖူးပါရဲ့ .. ။ မြန်မာမိန်းကလေးများ.. ချစ်ချစ်များနဲ့ အကြောင်းပါပြီးတော့လည်း နာမည် မပြောင်းရတဲ့ မိန်းမများ မဲသာတဲ့ အကြောင်းပါ..။ အနောက်.. ဥရောပ(နိုင်ငံအားလုံးမပါ) ..ပြီးတော့.. အာရှမှာဆိုရင်လည်း ဖိလစ်ပီးတို့ဆိုရင်ယောက်ျားအမည်တွေ ထည့်တာမျိုးရှိတက်ကြပါတယ်.. ။ ကျွန်မသိတဲ့ အဖွဲ့တခုက ဂျာမန်အမျိုးသမီးတယောက် ဆိုရင် … သူ့ယောက်ျားနာမည် မပါ (မတူ) လို့ ဘဏ်နဲ့လည်း စကားများရ.. ဖြစ်ပေါ်နေတဲ့ ယဉ်ကျေးမှုအပေါ်မှာလည်း စိတ်ထောင်းရ ဖြစ်တာကို နားထောင်ဖူးပါတယ် (အဲတုန်းက မဗေဒါက အသက် ၂၅ ကျော်မို့ သိပ်မခံစားတက်ပါဘူး..အခုမှပဲ အမျိုးသမီးရေးလုပ်ရင်း သူ့အပေါ် ပိုနားလည်လာပါတယ်..) ။

မြန်မာမိန်းကလေးများ..ချစ်ချစ်များနဲ့ အကြောင်းပါပြီးတော့ … နာမည်ပြောင်းရတာဟာ ကျွန်မတို့ ယဉ်ကျေးမှုမှာ မရှိဖူးဆိုပေမဲ့ .. အနောက်နိုင်ငံများဆီကို သွားမယ်ဆိုတော့ အင်တာဗျူးလည်းလုပ်ရော ကျွန်မတို့လည်း မဖြစ်မနေ.. ဆာနိမ်း.. ဘာနိမ်း ဆိုပြီး လုပ်ခိုင်းတာ မျိုးတွေ ကြုံဖူးကြမှာပါ..။ `တို့မှာ ဒါမျိုးတွေ မရှိဖူး` လို့ တခါတလေ ဂုဏ်ယူစွာပြောမိပါတယ်.. ။

ဒါပေမဲ့လည်း သူတို့ရဲ့ စနစ်နဲ့ အံဝင်ဂွင်ကျဖြစ်အောင်.. အနိမ့်ဆုံးတော့.. ကိုယ်ရဲ့ အမည်ကိုပဲ.. အရှေ့အနောက် ပို့ပြီးတော့ ထားပေးရပါတယ်.. ဥပမာ မဗေဒါ ဆိုရင် .. ဗေ က ဆာနိမ်းပဲဖြစ်ဖြစ်ပေါ့ ..။ မဗေဒါရဲ့ အမည်ကတော့ ယောက်ျားအမည်မပါပါဘူး…အခုချိန်ထိ.. ။ အဲဒီလွတ်လပ်တဲ့ အမည်မှည့်ခေါ်မှုလေးကို သဘောကျလို့ပါ…။ ယောက်ျားကို မချစ်လို့တော့ မဟုတ်ပါ.. သို့သော် မြန်မာ ပြည်မှာ ငယ်စဉ်လောက်ကတည်းကပဲ…ကြားဖူတာတွေ ရှိပါတယ်..။

အဓိကကတော့… ယောက်ျားအမည် မဟုတ်ပါဘူး… ဖခင်ရဲ့ အမည်များ ထည့်သွင်းကြတာကို ခေတ်မီတယ်လို့ ယူဆသူများ ပါ..။ မဗေဒါ အထင်တော့ အနောက်တိုင်းက ယဉ်ကျေးမှုကို ကော်ပီကူးတာပဲလား.. မြန်မာတွေမှာများ နဂိုကတည်းက ဖခင်နာမည် ထည့်ခေါ်တာ ရှေးပဝေဏသီ ကတည်းက ရှိခဲ့တာလားလည်းမသိပါ…။ မို့မို့မြင့်အောင် ဆိုရင် အဖေရဲ့ အမည်လေးပါတယ်..။ ဘယ်လိုစိတ်ကူးနဲ့ ပေးလည်းမသိဘူး.. လှတော့ လှတာပဲ.. ခေါ်လို့လည်း ကောင်းတာပဲ..အင်း… မဗေဒါ စဉ်းစားတာက ဖခင်အမည်ကို ချစ်လို့ ထည့်ပေးရကနေ… ချစ်ချစ် ရဲ့ အမည်တွေကို မဖြစ်မနေ ထည့်ခေါ်ရမဲ့ အခြေအနေ တခုကို တော့ မရောက်စေချင်ဘူး.. ။ ချစ်ချစ် အမည်ပါမှ ခေတ်မီတယ်လို့လည်း မဖြစ်စေချင်ဘူး..။ (အခုတော့လည်း ဗိုလ်အမည်တွေပဲ ခေတ်စားနေတော့ တော်ကြာ မြန်မာအမည်တွေလည်း လာမဲ့ မျိုးဆက် ၁၀ ခုလောက်ဆို ပျောက်ကုန်မှာ စိုးရသေးတယ်…။)

တော်ကြာနေ ..မဖြစ်မနေ ထည့်ရမယ်ဆိုရင်.. ရှိပြီးသား နဂိုကတည်းက အမည်နာမ မှည့်ခေါ်ချက် လွတ်လပ်မှုတွေ ပျောက်သွားမှာစိုးပါတယ်..။ ကျွန်မတို့ အဖေ အမေတွေ ငယ်ငယ်ကတည်းက အမြတ်တနိုးနဲ့ ပေးတဲ့အမည် ဘုတ်အိ.. ဘုတ်ဆုံ.. မိဖြူ.. ဆိုတာမျိုး တွေကို ယောက်ျားးရမှ ပြောင်းရမယ်ဆိုရင်တော့ သိပ်မနှိပ့်လှဘူးလို့ ထင်တာပါပဲ.. ။ ပြောင်းချင်သူလည်း မရှိဖူးလို့တော့ ပြောမရဘူးပေါ့..။ တကယ်ပြောင်းချင်သူတွေတော့ ကျွန်မတခါမှ မဆုံးဖူးဘူး.. ဒါပေမယ့် ဘုမသိ ဘမသိပဲ ပြောင်းခဲ့ရသူတွေကိုတော့ စနောက်ဖူးတယ်.. နိုင်ချန်ဌားကို သွားမယ်ဆိုတော့ တချို့က အနောက်ကလူတွေ ပြောတဲ့အကြံအတိုင်း.. ဒါမှမဟုတ် ဘာသာပြန်တွေ ပြောတဲ့အတိုင်း ကောင်းတယ်ဆိုပြီး ယောက်ျားအမည်တွေ ထည့်ခဲ့ကြသူတွေတော့ရှိပါတယ်… ။ သူတို့နဲ့ဆုံတော့ စကားပြောနောက်ပြောင်ရင်း ဘာဖြစ်လို့လည်းလို့ မေးဖူးတယ်.. ရုတ် တရက်ဆိုတော့.. မသိတာရော… ချက်ချင်းပေးဖို့ ခက်လှတာမို့… ချစ်ချစ်ရဲ့ အမည်လေးကို အနောက်မှာထည့်ရင်း .. ဗိုလ်တွေလိုမျိုး.. ဖက်စနိမ်း.. လက်စနိမ်း တွေ ရှိခဲ့ကြပါလေရဲ့..။

သူတို့တွေကလည်း အဲဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူး မခံစားရပါဘူး… ရုံးသွား ဂါတ်သွားကြရင်တော့ ငယ်ငယ်ကတည်းက ကိုယ့်အမည် မဟုတ်တော့ ပြောရတာ မရင်းနှီးသလို ဖြစ်တာက လွဲရင်… သူများမေးလာရင် အသားမကျတာကလွဲရင်ပေါ့…။ တခါတလေလည်း ကိုယ့်ရဲ့ အမည်ကို အရှေ့အနောက်မှားပြီး လပ်စနိမ်းမှာ ဖက်စနိမ်းဖြည့်နဲ့ အယောင်ယောင်အမှားမှား ဖြစ်တက်ကြတာမျိုးတွေတော့ ရှိကြလေရဲ့..။ ဘာပဲပြောပြော စိတ်အနှောင့်အယှက် ဖြစ်ရတာပဲပေါ့… ကိုယ့်ပြည်ကိုယ့်ရွာဆိုရင် အမည်ဘယ်လိုခေါ်ပါသလဲဆိုရင်… မခွေးမ.. မယ်တုတ်.. လို့ပြောရင် ပြီးရော… ပြီးမှ ဖခင်အမည်..(အင်မတန် အရေးပါသည့် အမည်)…ကို ပြောရပါတယ်..။ ဦးတုတ်ကြီး.. ဦးပု..အစ ရှိသဖြင့်ပေါ့နော်.. ။ မြန်မာပြည်ကြတော့ အဖေ(ဖခင်) အမည်သည်သာ အရေးကြီးသွားပါတယ်.. အနောက်နဲ့ တမျိုးစီပေါ့.. ဟိုမှာက ချစ်ချစ် အမည်..အရေးပါ..သလို ..မဗေဒါတို့ ပြည်ကြီးကြတော့ .. အဖေ အမည် ဖြစ်လေသတည်းပါ…။ ရေးရင်း စဉ်းစားမိတယ်.. အကယ်၍ အားလုံးအမည်တူနေရင် ဘယ်လို လုပ်မလဲနော်.. ။ အမှုတွေ ဘာတွေ ဖြစ်ရင် ဒုက္ခ.. ။ အင်း ပြဿနာတော့ မရှိလောက်ဘူး ထင်တာပဲ.. အမယ် တချို့ဆိုလည်း မြန်မာပြည်မှာသာ မနေတာ မှတ်ပုံတင်တွေထဲ အဖေအမည်က..အစစ် ..ကိုယ့်အမည် အတု(အစစ်) လုပ်ကြသူများလည်း ရှိရဲ့.. စိတ်ဝင်စားစရာပဲ..နော်..။ ပေါလောနေတဲ့ နိုင်ငံသားကပ်ပြားများ.. မဗေဒါကတော့ ရဲစခန်းက သိမ်းလိုက်လို့ ဘာမှမရှိဘူး..။ ( ခင်တဲ့ ဆွေကြီးမျိုးကြီး ( မျိုးနွယ် အမည်ကောင်း) ဗလကြီး တယောက်ယောက်ကများ… တခုလောက် လုပ်ပေးရင်ကောင်းမယ်..လို့ တွေးနေမိသေးတယ်..။)

ကဲ.. ရေးချင်တာကတခု..ရေးဖြစ်တာကတခုဖြစ်သွားတယ်.. ဘာပဲပြောပြော ..စိတ်ထဲရှိတာလေး ရေးလိုက်မိတာပါ..။

ပျော်ရွင်ချမ်းမြှေ့ကြပါစေ..။ မအားသည့်ကြားမှ အချိန်ယူ စာလာဖတ်သည့်အတွက် အထူးကျေးဇူးပါရှင်.. ။ မဗေဒါလည်း မအားတဲ့ကြားမှ ရေးမိသည့် စာတိုပေစ မို့ အမှားများ…ပါပါက တခါတည်း ပြင်ဆင်ဖတ်သွားကြပါကုန်..။

မဗေဒါ
၀၃.၁၀.၂၀၁၀


7 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ

မြန်မာ တွေမှာ လည်း အဲလိုအဲလို လွတ်လပ်ခွင့်လေးတွေ ကို ရှာကျန် ဂုဏ်ယူလိုက်စမ်းပါ

ှရှားမှရှား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ဗေဗေရေ..
စာတွေဖတ်သွားတယ်နော် မြန်မာပြည်မှာလဲ နာမည်တွေပျောင်းတာတော့ခေတ်စားနေပီ သတင်စာထဲကနေလဲ လဲထည့်တယ် သူငယ်ချင်းတွေကိုလဲ ရေခဲ့မုန့်ကြွေးရတယ် လေ

Thet Oo said...
This comment has been removed by the author.
Thet Oo said...

အပြောအရ အမည်တွေ အသီးသီးရှိကြသော်လည်း သဘောအရ အမည်တွေဖျောက်ပြီး မြင်နိုင်မှသာ ဘုရားဟောနဲ့ နီးစပ်ပါလိမ့်မယ် မဗေဒါ...။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

Thet Oo

ဘာလဲကွာ profile မှာ “မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို လေးလေးနက်နက် ခံယူကျင့်သုံးလျှက် နေထိုင်ပါတယ်။” ဆိုတဲ့စကားကို အကြီးစားပြောနေတယ်။ သူများကို သြ၀ါမပေးခင် မိမိရဲ့လုပ်ရပ်ကို အရင်ပြန်ကြည့်နော်။ ခင်ဗျား တို့ စိတ်ဓါတ်တွေ ကျုပ်မသိဘူးများထင်နေသလား? အဖြူကိုထိရင် ဆတ်ဆတ်ထိမခံနဲ့ . . . မြန်မာလူမျိုး ကောင်းကြောင်းပြောရင် နည်းနည်းလေးမှ လက်မခံဘူး။ လက်မခံတာလဲ မထူးဆန်းပါဘူး။ အဖြူတွေကို မြန်မာတွေက အထင်ကြီးပြီး . .. ကိုယ့်လူမျိုးကို နိမ့်ကျတယ်လို့မြင်နေမှ အနောက်ဖက်မှာနေတဲ့ မင်းတို့တွေလဲ ဂုဏ်တက်မှာလေ။ စိန်နားကပ်ကြောင့် ပါးပြောင်ဆိုသလို အာရှနိုင်ငံက မြန်မာလူမျိုးတွေနဲ့ တွေ့ရင်ဆရာကြီးတွေလို ပြောဆိုနိုင်မှာ မဟုတ်လား? ကဲပါ… နအဖအဏာရှင်ကတောင် သူ့ဘလော့မှာ လွတ်လပ်စွာ ဝေဖန်ခွင့်ပေးထားရင် ခင်ဗျားလဲ ခင်ဗျားရဲ့ ဘလော့လေးကို ကော်မန့်လေးကို လွတ်လပ်စွာပြောခွင့်ပေးလေ။ ခင်ဗျားဘလော့မှာရေးထားတာတွေကလဲ တစ်ခုမှ ဗုဒ္ဓဘာသာနဲ့ မကိုက်ညီဘူး အတင်းအဖျင်းတွေချည်းပဲ။ နောက်နောင် ကိုယ်ကျင့်တရားကို တကယ်မရှိပဲ မြတ်ဗုဒ္ဓအဆုံးအမတွေကို လေးလေးနက်ခံယူတယ်ဆိုတဲ့ လူအထင်ကြီးအောင် ပေါက်ကရ မရေးနဲ့။ ကျုပ်ကတော့ လူကြီးဆိုတိုင်း မရိုသေတတ်ဘူးနော်။ ရိုသေအောင် ပြုကျင့်မှ ရိုသေမယ်။


မြန်မာကိုထိလျှင် ဆတ်ဆတ်ထိမခံသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

မဗေဒါ


ကျနော်ကတော့ အပေါ်က အဖိုးကြီး Thet Oo ကို ငေါက်ထားတယ်။ မြန်မာအချင်းချင်းပဲ အတင်းအဖျင်းပြောပြီး ကလေးတွေလိုရန်ဖြစ်နေတဲ့ အဖိုးကြီးတွေကို ကြည့်လို့မရတာကြာပါပြီ။ ဘာပဲဖြစ်ဖြစ်. . . အစ်မကိုတော့ လေးစားပါတယ်။ အစ်မဟာ တကယ် မျိုးချစ်စိတ်ရှိတယ်ဆိုတာ လုံးဝ ယုံကြည်ပါတယ်။ နောက်ပြီး အစ်မဟာ ဒီမိုဝါဒရူးမဟုတ်ပဲ အကျိုးသင့်အကြောင်းသင့်နဲ့ စဉ်းစားနိုင်သူဆိုတာလဲ သဘောပေါက်ပါတယ်။ အဲလိုလေးစားတဲ့အတွက် အစ်မအနေနဲ့ အပေါ်က ကော်မန့်ကို ဖျက်သင့်တယ်ထင်ရင် ဖျက်လိုက်ပါ။ အဲလိုဖျက်ပြစ်ခဲ့ခြင်းအတွက် အစ်မကိုကျနော်က အပြစ်တင်မှာမဟုတ်သလိုပဲ စကားနာလဲထိုးမှာ မဟုတ်ပါဘူး။ တကယ်တော့ အမှားနဲ့အမှန်ဆိုတာ သတ်မှတ်ချက်သာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း မတူညီနိုင်ပါဘူး။ ဒါ့ကြောင့် အမှန်တရားကို ကျနော်က ဦးစားမပေးပါဘူး။ စိတ်စေတနာကိုပဲ အလေးထားပါတယ်။ ကျနော့ရဲ့ ကော်မန့်ကို ဖျက်သင့်သလားဆိုတာ အစ်မက သဘောထားရိုးသားစွာနဲ့ စဉ်းစားမယ်ဆိုတာယုံကြည်ပါတယ်။ ကျနော့ကော်မန့်ကို ဖျက်သင့်တယ်ထင်ရင် ဖျက်နိုင်ပါတယ်။


မြန်မာကိုထိလျှင် ဆတ်ဆတ်ထိမခံသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Anonymous said...

ဒီမှာ မဗေဒါလား ဒေါ်ဗေဒါလား စိန်ဗေဒါလား တော့ မသိဘူး။ခင်ဗျားတို့လို့ တိုင်တပါးမှာ ကျွန်ခံ ဟိုသတင်းလေး ဒီအကြောင်းရာလေးရေး ဒေါ်လာရ ကိစ္စမရှိဘူး။မြန်မာပြည်က ကိုယ်ထမင်းကိုစားနေတဲ့ လူတွေက ဘုမသိ ဘမသိ ထဆန္ဒပြ အဖမ်းခံ။ဒုက္ခွရောက်တော့ အဲဒီဘုမသိ ဘမသိတွေက ဒုက္ခရောက်တာ။တကယ်လို့ ခင်ဗျားအဲလောက် စိတ်ဓာက်ပြင်းထန်နေတယ် ခင်ဗျားနဲ့ အပေါင်းပါတွေ အဲလို မျိုးချစ်ထက်သန်နေရင် နေပြည်တော်က စစ်ရုံးရှေ့မှာ သွားအော်ပါ့လား။အဲလိုကြတော့ သတ္တိရှိမှာ မဟုတ်ဘူး။ခင်ဗျားအဲလိုအော်ရဲရင် ခင်ဗျားဘက် အခုစာရေးသူကိုယ်တိုင် ခင်ဗျားဘက် ကနေ ယူနီဖောင်းဝတ်ပီး ခင်ဗျားနဲ့တူတူ အော်သွားမယ် ဘယ်လိုလည်း မဗေဒါ အဲလို သတ္တိရှိလား။