ဥရောပရဲ့ နိုင်ငံတခုဖြစ်တဲ့ ပြင်သစ်မှာတော့ အမျိုးသမီးတွေ မျက်နှာဖုံး အဆောင်းအစွပ် (Burkur) ကိစ္စ လူမြင်ကွင်းမှာ အသုံးမပြုရေး ဥပဒေကြမ်းကို တင်လိုက်လို့ ပါလီမာန်မှာ ကျဖွယ်ရာ ဖြစ်နေပါပြီ.. အမျိုးသမီးတွေကို အတင်းလုပ်ခိုင်းတဲ့ ယောက်ျားများကိုလည်း ယူရိုငွေ သောင်းချီပေးဆောင်ခိုင်းမှာဖြစ်သလို ထောင်ဒဏ် ၁ နှစ်လည်း ကျခံစေမှာပါ (ပြစ်မှုထင်ရှားခဲ့ရင်ပေါ့..။)
အမှန်ကတော့ ဒီဥရောပတခွင်မှာ ဒီလို တကိုယ်လုံးခြုံတာတွေကို လူနဲစုအမျိုးသမီးတွေလောက်ပဲ ဝတ်ဆင်ကြတာ တွေ့ဖူးသလို ပြင်သစ်မှာလည်း သန်းချီတဲ့ အမျိုးသမီးတွေထဲ ထောင်စုလောက်ပဲ ဝတ်ဆင်တာ ဖြစ်ပါတယ်..။ ဒါပေမယ့်လည်း ကိုယ့်မိခင်နိုင်ငံမဟုတ်ပဲ အခြားနိုင်ငံမှာ အခုလို အသုံးပြုတဲ့ အခါမှာ ပြောစရာ မျက်စိနှောက်စရာက အနည်းနဲ့အများဆိုသလို ဖြစ်စေမယ်ထင်တာပါပဲ..။ ဆိုလိုတာက နိုင်ငံရေး ..လူမှုရေးနဲ့ .. ကျန်းမာရေးအရရော ပေါ့..။
အမျိုးသမီးအနည်းစုက ဝတ်ဆင်တယ် ဆိုပေမယ့်လို့ တဘက်မှာကလည်း သူတို့ရဲ့ ငယ်စဉ်ဘဝထဲက လေ့လာသင်ယူခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ အယူအဆ.. အလေ့အထဆိုတော့ ပြောရခက်သလို ဆွေးနွေးရတာလည်း နဲနဲပြဿနာ ဖြစ်စေတယ်လို့ ယူဆရတာပါပဲ..။ ဘာသာရေးဆိုင်ရာ အယူအဆ ဟုတ်မဟုတ်ဆိုတာကတော့လည်း သူ့လူမျိုးတွေပဲ ပိုသိမယ်လို့ မှတ်ယူရပါတယ်.. (ဥပမာအားဖြင့် အီရန်မှာဆိုရင် တချို့နယ်မှာ အုပ်ချုပ်သူတွေပေါ် မူတည်ပြီး အသုံးပြုစရာ မလိုတာတွေလည်း ရှိနေပြန်ပါတယ်..။) ဘာကြောင့် ဒီလို ကွဲပြားမှုတွေ ဖြစ်ရသလဲပေါ့..။
ဘာသာရေး အယူအဆ..အရ လုပ်ရမယ်ဆိုရင်လည်း အခြားသော အစ္စလာမ် ဘာသာဝင် မွတ်စလင် အမျိုးသမီးတွေကတော့ဖြင့်ရင် မဆောင်း အသုံးမပြုရပဲ လူနဲစု ကမ္ဘာက ဘာဖြစ်လို့ အသုံးပြုစေတာလည်း ဆိုတာကလည်း စဉ်းစားစရာပါ..။ ( ဥပမာ.. အတင်းအကျပ် ဘာသာရေးခေါင်းဆောင် ယောက်ျားတွေက အသုံးပြုခိုင်းလို့လား..။ )
နိုင်ငံရေး အယူအဆအရ ဆိုရင်လည်း ဒီလို အကာကွယ်ပြုပြီး အကြမ်းဖက်တာတွေ ဖြစ်လာနိုင်တာမို့ နိုင်ငံရေးသမားတွေ က ပိတ်ပင်တာလား ဆိုတာကလည်း စဉ်းစားစရာပါပဲ…။
အခွင့်အရေး ရူထောင့်ကဆိုရင်လည်း အမျိုးသမီးတို့ရဲ့ အခြေခံလွတ်လပ်ပိုင်ခွင့် ကို အဟန့်အတားဖြစ်စေတယ်လို့ ယူဆရတာပါပဲ..။ အမျိုးသမီးတွေက တကယ်ယုံကြည်လို့ ဆောင်းစွပ်ကြတယ် ဆိုရင်လည်း သူတို့ရဲ့ တဦးချင်း လွတ်လပ်ခွင့်မှသည် တစုံလုံး လွတ်လပ်ခွင့် ပေးရမှာ ဖြစ်တာမို့. မမှားဘူးလို့ ယူဆရတာပါပဲ..။
အခြားလူမျိုး (လူများစု) တို့၏ အမြင်သဘောထား အရေးကြီးမကြီး ဆိုတာထက် (မိမိ)ရဲ့ သင်္ကေတ.. အမှတ်အသားဟာ အရေးကြီးတာမို့ အခြားမတူသူတွေကြားမှာ ကိုယ်သင်္ကေတကို ဖြုတ်ပါ တပ်ပါ ပြောလာရင်လည်း တဘက်ရဲ့ အခွင့်အရေးတွေ ဆုံးရုံးနစ်နာ စရာတွေပဲလို့ ယူဆရတာပါပဲ..။
မဗေဒါကတော့ သိပ်မပြောတက်သလို အဲလို စွပ်ဆောင်း တဲ့ လူမျိုးတွေနဲ့ ရင်းနှီးသူတွေ.. က နေ သူတို့တွေရဲ့ ခံစားချက်.. အမြင် ..အယူအဆတွေကို ပြောပြ ဆွေးနွေးစေချင်ပါတယ်..။ ပြီးတော့ အခြားနိုင်ငံထဲမှာ အခုလို အသုံးပြုတာဟာ မှန်ကန်ပါရဲ့လား.. ။ အခုလိုမျိုး ဥပဒေ သတ်မှတ်တဲ့အထိ ဖြုတ်စေတာဟာ လူတဦးချင်းစီရဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်မရောက် ဆိုတာကိုလည်း ဆွေးနွေးကြရအောင် စာလာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ခေါ်ပါတယ်..။
အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသက စာလာဖတ်သူတွေနဲ့ ဒီ အဆောင်းအသုံးပြုသူတွေနဲ့ ရင်းနှီးသူတွေဆီက အသံတွေ နားထောင်ချင်ပါတယ်ရှင်..။ အားလုံးပညာရအောင် မျှဝေစေချင်ပါတယ်.. အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ရှင်..။
(ပုံကလေးကတော့ ထုံးစံမပျက်ရအောင် google က ယူသုံးပါတယ်..။ သူတို့ဘာတွေ ပြောနေတာလဲ မသိပါဘူး..နားလည်သူတွေ ပြောပြစေချင်ပါတယ်..။ )
မဗေဒါ (၈၈)
14.07.2010
11 ဦး၏ဆွေးနွေးချက်:
အဲဒီလို စွပ်ကြဆောင်းကြတာကို အတိအကျ မသိပေမဲ့ ပတ်ဝန်းကျင်သစ်မှာ အဲဒီလို ၀တ်ကြတာကတော့ အထူးအဆန်းဖြစ်စေပါတယ်။ ပြီးတော့ လူတစ်ယောက်ကို မှတ်သားတော့မယ်ဆိုရင် မျက်နှာက အရေးကြီးဆုံးပါ။ မျက်နှာဟာ လူတစ်ယောက်ရဲ့ အိုင်ဒီလို့ ပြောရင်လဲ ရပါတယ်။ ဒါကြောင့်မို့ မျက်နှာကို အမြဲတမ်းဖုံးအုပ်ထားရင် အိုင်ဒီကို ဖုံးကွယ်ထားသလိုမျိုး ဖြစ်နေပါတယ်။ သူတို့ရဲ့ ဘာသာရေး ရိုးရာယဉ်ကျေးမှုနှင့် သူတို့ရဲ့အရပ်ဒေသ ကိုက်ညီပေမဲ့ တစ်နယ်တစ်ကြေးရောက်သွားရင်တော့ ရောမရောက် ရောမလို ကျင့်တာက အကောင်းဆုံးလို့ မြင်မိပါတယ်။
ဆွေးနွေးကြတဲ့သူတွေရှိရင် လာဖတ်ပါဦးမယ်။
လက်တို့လိုက်ပါဦး။
ခင်မင်လျက်
ကိုကိုမောင် (ပန်းရနံ့)
မဗေဒါ ရေ
မြန်မြန် ဥပဒေ အတည်ပြုစေချင်လှပါပြီ ကြည့်ရတာ အိုက်လွန်းလို့ပါဗျာ သနားပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ရောမရောက်ရင် ရောမလိုကျင့်ရမှာပေါ့ဗျာ...။ သူ့နိုင်ငံမှာနေရင် သူ့နိုင်ငံဥပဒေကို လိုက်နာရမှာပေါ့။ လူပါးဝလို့ဘယ်ရမလဲနော..။ ဘာသာရေးအထွတ်အမြတ်မြို့ကို ဘာသာခြားတစ်ယောက်ယောက်ရောက်လာရင် ခဲနဲ့ဝိုင်းပေါက်ကြတာထက်စာရင် အပုံကြီးသာပါတယ်ဗျာ။
ဒီလို မျက်နှာစွပ်ထားတာကို အကြောင်းပြုပြီး ပြဿနာတစုံတရာ ဖြစ်ဖူးလို့ ဥပဒေ ထုတ်ရတဲ့အခြေအနေကို ရောက်လာတယ် ဆိုရင်တော့ ဒီဥပဒေကို ထုတ်တာ အကျိုးအကြာင်းခိုင်လုံမှု အပေါ်မူတည်ပြီး လက်ခံလို့ ရနိုင်ပါတယ်။ ကျွန်မ ဆိုလိုတဲ့ ပြဿနာဆိုတာ ဥပမာ ခေါင်းအလုံခြုံထားတဲ့ အမျိုးသမီးအများစုဟာ ဗီတာမင်ဒီ ချို့တေဲ့ပြီး ရောဂါမမျိုးမျိုးဝင်တာမျိုး၊ ကိုယ်ဝန်ဆောင်ဖြစ်ရင်လည်း ဗိုက်ထဲက ကလေးကို ဒုက္ခရောက်စေတာမျိုးအထိ ဖြစ်လာတာမျိုး၊ အမျိုးသားတွေက အမျိုးသမီးဟန်ဆောင်ကာ မျက်နှာဖုံးစွပ်ပြီး ရာဇ၀တ်မှု ကျူးလွန်လာတာမျိုး ဖြစ်ခဲ့လို့ ဥပဒေထုတ်ရတာမျိုးတွေကို ဆိုလိုပါတယ်။ အဲဒီလို ပြဿနာတွေ ရှိခဲ့လို့ ထုတ်တယ်ဆိုရင်တော့ ဒီဥပဒေက ဖြစ်သင့်ပါတယ်။ ဘာပြဿနာမှ မရှိဘဲ ဒီဥပဒေကို ထုတ်တယ်ဆိုရင်တော့ ဒါဟာ သူတပါးယုံကြည်လို့ ပြုမူကျင့်သုံးနေတာကို ဘယ်သူ့မှာမှ ဘာမှ ထိခိုက်တာ မဟုတ်ဘဲနဲ့ တားမြစ်ပိတ်ပင်ရာရောက်တဲ့အတွက် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အခွင့်အရေးကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ တရားတယ် မတရားဘူးဆိုတာ ဥပဒေ ထုတ်ရခြင်းရဲ့ နောက်ခံသမိုင်းအပေါ်မှာပဲမူတည်ပြီး ပြောရလိမ့်မယ်ထင်တယ်။
ရာဇ၀တ်မူတွေကြောင့် ဒီဥပဒေကိုထုတ်ပြန်တာဖြစ်တဲ့အ တွက် ၊ တရားမျှတတဲ့ဥပဒေလို့ ဆိုပါ့မယ် ၊ ပြင်သစ်အပြင်
အခြားနိုင်ငံတချို့မှာလဲ ဒီဥပဒေတွေကိုပြင်ဆင်နေပါပြီ ၊ ဘာသာရေးအကြောင်းပြပြီး ၊ လွတ်လပ်စွာနေထိုင်နိုင်ခွင့်
ကိုချိုးဖောက်တာဟာ ၊ရာဇ၀တ်မှုမြောက်ပါတယ် ၊ ဆော်ဒီ
နိုင်ငံ ၊ ယခင်အာဖဂန်နစ္စတန်နိုင်ငံ ၊ ပါကစ္စတန်နိုင်ငံစသော
နိုင်ငံများတွင် ဘာသာရေးရဲများ ထားပြီး စာရီမချုံတဲ့မိန်းခ
လေးများကိုအတင်းအဓမ္မရိုက်နှက်တာတွေယနေ့တိုင်ရှိနေ
ပါတယ် ၊ ဘာသာရေးဆိုပြီးလူကိုစိတ်ပါပါမပါပါ အဓမ္မလုပ်
ခိုင်းတဲ့အလုပ်မျိုးဟာ တဘက်သက်အနိုင်ကျင့်ရာရောက် ပေသမို့ ဒီဥပဒေကို တန်းတူညီမျှလူသားစိတ်ရှိသူတိုင်းကြို
ဆိုပါကြောင်း
ကောင်းတယ်ဗျာ ဆွေးနွေးထားတဲ့ အစ်ကို အစ်မတွေရဲ့ အိုင်ဒီယာတွေ စိတ်သဘောထားတွေကို သားကတော့ ငယ်သေးတော့ အဲလို မြင်ရတာကြီးကို စိတ်ထဲမှာ တစ်မျိုးပဲဗျာ။ ကြိုက်ပါဝူး ။ ဗီတာမင်ဒီ ချို့တဲ့ တာကိုတော့ လက်ခံနိုင် ပါတယ်။ ဒါပေမယ့် အိုက်တယ်လို့တော့ သွားမပြောနဲ့ ဦး။ ရင်းနှီးတဲ့ မွတ်စလင်မ် တစ်ယောက်ပြောတာကတော့ လေ၀င်လေထွက်ရှိတယ်၊ ပွယောင်းယောင်းကြီးဖြစ်လို့ နေထိုင်ရလွတ်လပ်တယ်။ မအိုက်ဘူး လို့ဆိုသဗျ
မဗေဒါသို့
မဗေသို့..ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။
မဗေဒါရဲ့အရေးအသားတွေစာတဖက်စွန်းရောက်လွန်းသော
ကြောင့်ဝေဖန်ခြင်းဖြစ်ပါသည်.ဒါကိုဝေဖန်တာမခံနိုင်ဘူးဆိုတော့မဗေဒါစိတ်ထားဘယ်လိုရှိတယ်ဆိုတာသိသာနေပါတယ်။မဗေဒါသူငယ်ချင်း nge naingကိုအတုယူပါ။သူမဟာဝေဖန်တာခံနိုင်စွမ်းရှိတယ်။မဗေဒါကိုဝေဖန်တာ nge naingလောက်များပါဘူး။ဒါကိုလဲမဗေဒါသိပါလိမ့်မယ်။ပြောချင်တယ်ဗျ အတက်ကျူးရင်အရူးဖြစ်တက်တယ်။မဗေဒါစာပေအရေးအသားတွေအရန်းအတက်ကျူးနေပါသည်။ဒီလောက်သိဒီလောက်တက်နေမှတော့ကိုယ်တိုင်သာဦးသန်းရွှေနေရာမှာဝင်ပြီးနေလိုက်ပါလား။မဗေဒါသာဦးသန်းရွေနေရာရောက်ကြည့်ပါလားမြန်မာပြည်အခြေအနေဒီထက်ဆိုးဖို့ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့အတက်ကျူးနေလို့ပါ။ငါလောက်သိ၊ငါလောက်တော်တာငါပဲရှိတယ်ဆိုပြီးအရေးအသားတွေကတစ်ဖတ်စောင်းနင်းဖြစ်လွန်းနေတယ်
ဂရုစိုက်ပေါ့ဗျာစေတနာနဲ့ပြောတာပါ။ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။ဘလော့ရေးခြင်းမှရပ်လိုက်ပါဝေဖန်တာမခံနိုင်ရင်ပေါ့လေ။
ခြင်္သေ့
မဗေဒါသို့
မဗေသို့..ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။
မဗေဒါရဲ့အရေးအသားတွေစာတဖက်စွန်းရောက်လွန်း
သော
ကြောင့်ဝေဖန်ခြင်းဖြစ်ပါသည်.
ဒါကိုဝေဖန်တာမခံနိုင်ဘူးဆိုတော့မဗေဒါ
စိတ်ထားဘယ်လိုရှိတယ်ဆိုတာသိသာနေပါတယ်။
မဗေဒါသူငယ်ချင်း nge naingကိုအတုယူပါ။သူမဟာဝေဖန်တာခံနိုင်စွမ်း
ရှိတယ်။မဗေဒါကိုဝေဖန်တာ nge naingလောက်များပါဘူး။ဒါကိုလဲမဗေဒါသိ
ပါလိမ့်မယ်။ပြောချင်တယ်ဗျ အတက်ကျူးရင်အရူးဖြစ်တက်တယ်။
မဗေဒါစာပေအရေးအသားတွေအရန်း
အတက်ကျူးနေပါသည်။ဒီလောက်
သိဒီလောက်တက်နေမှတော့ကိုယ်
တိုင်သာဦးသန်းရွှေနေရာမှာဝင်ပြီး
နေလိုက်ပါလား။မဗေဒါသာဦးသန်း
ရွေနေရာရောက်ကြည့်ပါလား
မြန်မာပြည်အခြေအနေဒီထက်ဆိုးဖို့
ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့
အတက်ကျူးနေလို့ပါ။ငါလောက်သိ၊
ငါလောက်တော်တာငါပဲရှိတယ်ဆိုပြီး
အရေးအသားတွေကတစ်ဖတ်စောင်း
နင်းဖြစ်လွန်းနေတယ်
ဂရုစိုက်ပေါ့ဗျာစေတနာနဲ့ပြောတာပါ။
ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။
ဝေဖန်တာမခံနိုင်ရင်ဘလော့မရေးပါနဲ့။
ဘလော့ရေးခြင်းမှရပ်လိုက်ပါဝေဖန်တာ
မခံနိုင်ရင်ပေါ့လေ။
ခြင်္သေ့
ယဉ်ကျေးမှုချင်းပိုလို့ပိုလို့တိုးတိုက်လာနေတဲ့ဒီနေ့ကမ္ဘာကြီးမှာဒီလိုမျိုးပြဿနာတွေကပိုပိုတွေ့လာနေတာအမှန်ပါပဲ။ ရုတ်တရက်ကြည့်ရင် တော့သူများယဉ်ကျေးမှုနဲ့အလျော့အတင်းမလုပ်တတ်တဲ့ယဉ်ကျေးမှုမာတယ်လို့ထင်ရတဲ့ယဉ်ကျေးမှုတွေက အနိုင်ရနိင်မယ်လို့ထင်ရပေမဲ့ ရေရှည်မှာတော့ သူများယဉ်ကျေးမှုတွေနဲ့ပို၍ပို ၍အလျော့အတင်းပြုလုပ်နိုင်တဲ့ ပြောင်းလဲလာနေတဲ့ကမ္ဘာမှုပြုနေတဲ့ယဉ်ကျေးမှုကြီးနဲ့ညှိယူနိုင်စွမ်းရှိတဲ့ယဉ်ကျေးမှုက ယဉ်ကျေးမှုအားလုံးကိုကျော်တက်ပြီးနေရာယူသွားမယ်ထင်မိပါတယ်အဲဒီဟာကလည်းအားလုံးရဲ့ယဉ်ကျေးမှုအသစ်ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။ ဆွေးနွေးသူ ကျော်ထင်
ရုရှားက မြန်မာများနဲ့ဖြစ်ပြီးတော့ ခု တိုင်းရင်းသားတွေနဲ့ ထပ်ဖြစ်ပြန်ပြီ
မဗေဒါရေ ကိုယ်လူမျိုးအချင်းချင်း နားလည်ပေးနိုင်ပေမဲ့ ကရင်နဲ့ ဖြစ်ရင်တော့
ပြသနာပိုတက်သွားနိုင်တယ်နော်
ဆင်ခြင်ပါ။ ခု ဒီကောင်တွေက ဗမာလို့ ခေါင်းစဉ်တပ်တော့ ဒီခေါင်းစဉ်အောက်မှာ
ဗမာလူမျိုး အကုန်ပါသွားပြီ
မဗေဒါ မနာပေမဲ့ ကျွန်တော်တို့ နာတယ်။
ယဉ်ကျေးမှုနဲ့ ယုံကြည်မှုတွေကိုတော့ မှားတယ်မှန်တယ် ဆိုတာထက် အခြားသူအတွက် မထိခိုက်ဘို့ကတော့ အရေးကြီးဆုံးလို့ထင်ပါတယ်။
Post a Comment