( ၁ )နှစ်လောက်လျော့ပင် မထွက် ဖြစ်ခဲ့တဲ့ မဗေဒါ ..သူငယ်ချင်း..ချစ်ချစ် နဲ့ ကုန်တိုက်ထဲ အခုရောက်နေတဲ့ မြို့လေးမှာ ခြေဆန့်ခဲ့လေရဲ့..။ ခြေဆန့်တာ စက်ဘီးနဲ့.. ခြေလျှင်မဟုတ်ဘူး..။ နေ့တိုင်းနည်းပါး စက်ဘီးစီးဖြစ်တယ်..။ မစီးလို့မရဘူး.. တနေ့တနေ့ လှုပ်လှုပ်ရှားရှား ဘာမှမလုပ်ဖြစ်ဘူးဆိုတော့ ဒါကလည်း လေ့ကျင့်ခန်း သဘောဆောင်တာပေါ့.. စီးချင်လည်းစီး.. မစီးချင်လည်းစီး ရတာပါပဲ..။ ကိုယ့်သဘောကိုယ်ဆောင် လွတ်လွတ်လပ်လပ် ဖြစ်နေတာတွေပေါ့..။ အလုပ်ကလည်း ( ၁ )လ နည်းပါး နားရတော့ အိပ်လိုက် စားလိုက်ဆိုတော့ နဲနဲလှုပ်ရှားတာလေးကို လုပ်မှဖြစ်မှာကိုး..။
အခုရောက်နေတဲ့ မြို့ကလေးကလည်း သိပ်မကြီးလှပါဘူး..။ အခုတည်းခို နေတဲ့နေရာကနေ ၁၅ မိနစ်လောက် စက်ဘီးစီးရင် မြို့ထဲကို ရောက်သွားတာပဲ..။ မြို့ထဲရောက်တော့ ကိုယ်လိုချင်တဲ့ အာရှဆိုင်မှာ ဝယ်စရာရှိတာတွေဝယ်.. ပြီးတော့မှ အဲဒီအထုတ်လေးတွေဆွဲပြီး အဝတ်အစားတန်းဘက် ထွက်ခဲ့တာပေါ့..။ အဝတ်အစားတွေကလည်း နော်ဝေးမှာလိုပဲ.. ဈေးလျှော့တယ်.. ၅၀ ရာခိုင်နှုန်း အထိ လျှော့တာ ရှိသလို ၃၀ အထိ လျှော့တာလည်း ရှိတယ်..။ ဈေးကတော့ လျှော့လျှော့မ လျှော့ ဝယ်ချင်သူတွေကတော့ လိုချင်ရင် ဝယ်နေကြတာပါပဲ..။ (စကားချပ်.. မဗေဒါကတော့ ကမ္ဘာကြီးကို ချစ်တော့ ( ၁ )နှစ်နည်းပါး အဝတ်အစား မဝယ်ခဲ့ဘူး..။ ဒါကြောင့် နော်ဝေးက ဂျာနယ်လစ် တစ်ယောက် အင်တာဗျူးမှာ သူ ၁ လလောက် လျော့ပင်မထွက်ဘူးပြောတာ ရယ်ချင်တာပါပဲ..။ သူ့အလုပ်အခြေအနေ အရ ဝယ်ဖို့ လိုတဲ့ကြားက ၁ လလောက် မဝယ်တာလည်း ဖြစ်နိုင်ပါတယ်..။ အပြုသဘော ပြန်တွေးကြည့်တာ..။ )

ဈေးဝယ်ထွက်တော့ ဘာဖြစ်သလည်းဆိုတော့ ပြဿနာက မသေးဘူး.. မဗေဒါရဲ့ ချစ်ချစ်က ယောကျာ်းအများစုရဲ့ ထုံးစံအတိုင်း ဈေးပေါတာကို မဝယ်သလို နံမည်ရှိ တံဆိပ်ကောင်းမှ ဝယ်ပါတယ်..။ ဒါကလည်း မဗေဒါ အင်မတန်မှ စိတ်မချမ်းမြှေ့တဲ့ အချက်တချက်ပေါ့ ..။ (တံဆိပ်ကောင်းတွေလိုပဲ နာမည်မရှိပေမဲ့လည်း ပစ္စည်းကောင်းတွေ အများကြီးပဲ..မလား..တံဆိပ်ကောင်းတွေ ခဏကလေးပျက်သွားတက်တာလည်း ကြုံဖူးတာပဲမလား…။) အခုဝယ်မဲ့ဆိုင်ကတော့ ဒီဘက်နိုင်ငံတွေမှာ တစုံတရာ နာမည်ရှိပြီးသား ဆိုင်လို့ပြောလည်းရမယ် ထင်တာပဲ..။ ( Stadium)တဲ့..။ ပစ္စည်းတွေကလည်း နာမည် ရှိပြီးသားတွေတင်ထားတာ တွေ့တာပဲ.. ( adidas) ( Nike) ( Puma) တွေပေါ့..။ ကလေး (ကျား..မ) လူကြီး ကျား ..မ ပေါ့..။ တင်ထားတာလည်း အရောင်စုံ.. ပုံစံစုံ.. ပစ္စည်းစုံပေါ့..။ နောက်အရေးကြီးဆုံးကတော့ ၃၀ ရာခိုင်နှုန်းလျှော့ထားတာပဲ..။ တချို့အဝတ်တွေကြပြန်တော့လည်း ၃ ထည်ယူ ၂ ထည် ဖိုးပဲပေးပါတဲ့..။
ယောက်ျား တီရှပ်တွေ ထားတဲ့နေရာမှာ ခုနကပြောတဲ့ တံဆိပ်တွေ အရောင်စုံ ဒီဇိုင်းတူ တင်ထားတာ..။ အဲဒီဆိုင်ကို အရင်ရောက်ထားဖူးတဲ့ မဗေဒါက ယောက်ျားကိုခေါ် ပြတာပေါ့..။ သူက သူကြိုက်တာတွေကို လိုက်ရွေးတယ်..။ အဲဒီမှာက ပုံစံတူပေမယ့် အရောင်ကတော့ ကွဲတာပေါ့..။ အရောင်တွေကတော့ စုံတယ်.. ပြာ..ဖြူ.. နီ.. စိမ်း.. ခ၇မ်း..အမဲ.. ညို စသဖြင့်ပေါ့..။ ယောက်ျားက သူကြိုက်တာတွေရွေးတော့ အမဲ.. အညိုရောင်လေးကိုပေါ့..။ မဗေဒါက မကြိုက်ဘူး..။ အညိုလိုအရောင်ပျော့က ၂ ထည် ၃ ထည် ရှိပြီးသား.. ဆိုတော့ တခြားအရောင်ကို ရွေးစေချင်တယ်..။ ဒါကြောင့် မရှိသေးတဲ့ ခရမ်းရောင်ကို ရွေးစေချင်တာ..။ အမဲကလည်းရှိပေမဲ့ ဘာနဲ့ဝတ်ဝတ် အဆင်ပြေတော့ ယူပစေပေါ့..။ သူကလည်း စကားအေးတော့ သိပ်ရှည်ရှည်ဝေးဝေးမပြောဘူး..။ မိန်းမ လျှာရှည်တဲ့အတိုင်းပဲ..။ ဒါနဲ့ မဗေဒါ အကြိုက်ရွေးလိုက်တော့တာပဲ..။ အနီရောင်.. ခရမ်းရောင်..။ ခရမ်းရောင်လည်းေ၇ွးရော ဘေးနားပါလာတဲ့သူရော ချစ်ချစ်ပါ.. မိန်းမအရောင်ကြီး တဲ့..။ မဗေဒါ နဲနဲ..ရော.. များများ စိတ်တိုတယ်.. နဲနဲက ချစ်ချစ်အတွက်.. (သူ့ကိုတော့ ချစ်တဲ့စိတ်နဲ့ နဲနဲပဲတိုရဲတယ်..) သူငယ်ချင်းကို များများစိတ်တိုတယ်. ( သူငယ်ချင်းကိုချစ်ပေမဲ့..အမျိုးသမီးရေးလုပ်တဲ့ သူဖြစ်ပြီး ခရမ်းကို ယောက်ျားမဝတ်ရဘူးပြောလိုက်လို့ အင်မတန် အင်မတန် များများကြီး တိုမိတာ )...။
သူငယ်ချင်းနဲ့ စကားမများချင်သလို ချစ်ချစ်နဲ့လည်း စကားမများချင်ဘူး..။ ဒါကြောင့် ပို့စ်ရေးဖြစ်တာ..။ အမှန်က ( gender) ကို လေ့လာဖူးတဲ့သူတွေ.. သိသူတွေက အရောင်တွေကို ဝယ်ဖို့ရွေးတဲ့အခါ မိန်းမ ကျား ခွဲခြားထားမှုကို ဆန့်ကျင်ပါတယ်.. အရောင်တွေ ဖြစ်မှုက ကျား မ သတ်မှတ်ချက်အပေါ် အဓိကလို့ မတွေးသလို တွေ့တဲ့အရောင်ကို ကြိုက်ရင်ရွေးကြတာပါပဲ..။ ဒါမှမဟုတ်လည်း ( gender) ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကြိုက်ရင် ဝယ်သူတွေလည်း ရှိတာပါပဲ..။ ဒါကတော့ လူနဲစုပါ….။ မဗေဒါ ပြောချင်တာကတော့ အရောင်တွေမှာ သီးသန့် သတ်မှတ်ထားတာ မရှိပေမဲ့ ပန်းရောင်ဆိုရင်လည်း မိန်းမအရောင်ဖြစ်သလို အနီရောင်ဆိုလည်း စိန်ယောက်ျားများအတွက် ဖြစ်တက်ပါတယ်..။
ကျောင်းတွေမှာဆိုရင် ကလေးတွေ ဝတ်စားထားတာတွေကို ကြည့်လိုက်..။ မိန်းမဆိုရင် ပန်းရောင်တွေမှ ပန်းရောင်ကို ဖွေးနေတာပါပဲ..။ ယောက်ျားဆိုလည်း အပြာရောင် ဒါမှမဟုတ် အနီရောင် အတောက်တွေ ဖွေးနေတာပါပဲ..။ ( ကစားစရာတွေဆိုလည်း အဲလိုပဲ ပရစ်စက်စ လေးတွေဆို ပန်းရောင်ကလေးမှ )..ဆိုတော့ ကလေးတွေက သိပ်နုနယ်တဲ့ အချိန်မှာ ဘာအရောင် ညာအရောင်ဆိုတာကို သေသေချာချာ မသိပေမဲ့ .. နဲနဲအရွယ်ကြီးလာရင်.. ပတ်ဝန်းကျင် အထုအထောင်းနဲ့ ချေးများလာတာ အမှန်ပါပဲ..။ တနည်းအားဖြင့် ပုံစံခွက်ကလေးထဲ တဖြေးဖြေး မသိမသာ သွင်းခံလာကြရတာပေါ့..။ ဒါကိုလည်း ပတ်ဝန်းကျင် ..အထူးသဖြင့် မိဘတွေက သင်ကြားပေးလိုက်တာပဲ..။ ဆိုလိုတာက ပန်းရောင်က မိန်းမအတွက် အစိမ်းကတော့ဖြင့်ရင် ကျားအတွက် ဆိုတဲ့ ပုံစံသွတ်သွင်းမှု..။ (မြန်မာပြည်မှာ ငယ်ငယ်တုံးက ယောက်ျားလေးတွေ သနပ်ခါးတွေ လိမ်းပေးရင် လက်ခံပေမဲ့ ကြီးလာရင် သူများနောက်မှာ စိုးလို့ လက်မခံတော့သလိုမျိုးပေါ့..။ ) လိမ်းရတာကိုက ဘာကြောင့်ဆိုတာ မသိတော့ ကလေးက မိန်းမမှ သနပ်ခါးလိမ်းတာမျိုး ဖြစ်သွားတာလို့ ထင်ရတာပါပဲ..။ ဒါကြောင့် ကလေးတွေ ငယ်စဉ်ကတည်းက အရောင်ဆင်တာပဲဖြစ်ဖြစ် တခြားလုပ်တာပဲဖြစ်ဖြစ် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ ကောင်းတယ်လို့ ယူဆပါတယ်..။
အရောင်အကြောင်း ဆက်မယ်ဆိုရင် လူအများစုက အရောင်တွေကို ကျား .. မ အတွက်ဆိုပြီး ခွဲခြားတက်တော့ မဗေဒါ အရင်ကဆို နဲနဲစိတ်တိုတယ်.. အခုတော့ သိပ်မတိုတော့ပေမဲ့.. စိတ်အနှောင့်အယှက်ဖြစ်တက်တယ်..။ အိမ်ကသားဆိုရင်လည်း (၅) နှစ်လောက်ရောက်တော့ ပန်းရောင်ကို မဝတ်ဘူးပြောတယ်..။ ကျွန်မကလည်း စိတ်ကြိုက်အရောင်တွေကို ဆင်တယ်.. ပြောချင်တာက လှတယ်ဆိုရင် ဆင်ပေးလိုက်တာပဲ..။ ငယ်တုံးက ဘာမှမပြောပေမဲ့ ကြီးလာတော့ အတွန့်တက်တော့တာပဲ..။ မဗေဒါက အဲလိုအတွန့်တက်လာရင် ပြန်ပြန်မေးတယ်.. ဘယ်သူက ပြောလည်း အဲဒါ မိန်းမအရောင်လို့ပေါ့..။ သူကလည်း ဘာသာ ၂ မျိုးကြား စိတ်ညစ်ညစ်နဲ့ ဘယ်သူမှ မပြောဖူး. ကိုယ့်ဘာသာပြောတာလို့ ဆိုတာပဲ..။ မဗေဒါကလည်း သိတယ်.. သူ့ကို အိမ်မှာ ဒါမျိုးတွေ မပြောတဲ့အတွက် တီဗွီ.. စာအုပ်..နဲ့ ကျောင်းဝန်းကျင်ကလွဲရင် ဘယ်ကမှ သိလာစရာ အကြောင်းမရှိဘူး..။ ဒီတော့ ရအောင်မေးတယ်.. သိအောင်စုံစမ်း လေ့လာကြည့်တယ်..။ အမှန်က ကျောင်းက သူငယ်ချင်းတွေက အဲလိုအရောင်ကို ဝတ်တဲ့အခါ ဝေဖန်တာ..။ မဗေဒါကလည်း သူ့ကို ပြောပြတယ်..။ မိန်းမအရောင် ယောကျာ်းအရောင် သီးသန့်ဆိုတာမရှိဘူးပေါ့..။ ပန်းရောင်ဆိုလည်း ယောက်ျားလေးတွေဝတ်ရင် ပိုတောင်လှသေးတယ် ဘာညာပေါ့..။ သူ့ကိုလေးနက် ကြီးကျယ်တာတွေတော့ ရှင်းပြလို့မရတာတွေ ရှိတယ်မလား..။ ကလေးဆိုတော့ လူကြီးဆင်သလိုပဲ မဝတ်ချင်လည်း ဝတ်ရတာပါပဲ.. ။ တခါတလေလည်း ဝတ်သွားပြီး အဲဒီအပေါ် ပန်းရောင် အကျီင်္ကို ချွတ်ထားခဲ့တယ်..။ မသိမသာ တွန်းလှန်တာပေါ့..။
တခါလည်းဖြစ်ဖူးတယ်.. ခြေအိတ်လား မသိဘူး သွားဝယ်တာ..။ ရောင်းသူက မိန်းမအရောင်တဲ့.. ကျွန်မကလည်း ရတယ် မိန်းမအရောင်လည်း ငါ့သားအတွက်ကြိုက်တယ်လို့ဆိုပြီး ယူခဲ့တယ်..။ သူကြည့်ရတာ မွတ်စလင်လို့ ထင်ရတာပဲ..။ သူက ဘာမှတော့ ပြန်မပြောဘူး..။ အမှန်က သင်တန်းတွေ ပေးတုန်းကလို လျှာအရှည်ကြီး ရှင်းပြရမှာ..။ အရောင်ဆိုတာ သတ်မှတ်ချက်.. မိန်းမ..ကျား မခွဲထားဖူး အစရှိတာမျိုးပေါ့..။ ဒါပေမယ့်လည်း ကိုယ်က အဲလိုရှင်းပြရင် မိတ်မဖြစ်ပဲ စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးလို့ မပြောဖြစ်တာများတယ်..။ အမှန်ကတော့ ကျွန်မအနေနဲ့ကတော့ ဘာအရောင်လေးပဲဖြစ်ဖြစ် လှတယ်ဆိုရင် ဝတ်စေချင်တာပဲ.. မ..ကျား ဆိုပြီး သီးသန့်မခွဲစေချင်ဘူး..။ တကယ်ကတော့ ဒီခွဲခြားထားမှုတွေကို စဉ်းစားတက်ရင်တော့ မ.. ကျား သီးသန့်အရောင် ဝတ်ဆင်စေမှု နဲသွားမယ်လို့ ယူဆရတာပါပဲ..။ နောက်ပြီး ယေက်ျားလေးတွေ ပန်းရောင် ဝတ်ရင် ပိုတောင်လှသွား တနည်းအားဖြင့် ဆက်စီ (sexy) ဖြစ်သလားလို့ ထင်မိတာပါပဲ..။ ကဲ ယောက်ျားလေးမွေးထားတဲ့သူတွေကို ပန်းရောင်လေးတွေ လက်ဆောင်ပေးကြည့်ရင်း မိတ်ဖွဲ့လိုက်ကြရအောင်လား..။
မဗေဒါ (၈၈)
၁၀.၀၇.၂၀၁၀

5 ဦး၏ဆွေးနွေးချက်:
ရွှေစင်ဦး တို့ ကတော့ ဘာရောင်ဖြစ်ဖြစ် ရတယ် မဗေဒါ ရေ လှရင်ပြီးရော လှလှလေး ဝယ်ပေးနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မလုပ်ပါနဲ့ဗျာ...ဒီနိုင်ငံတွေက ဗမာပြည်လိုမဟုတ်ဘူး..
ယောင်္ကျားစင်စစ်က gay လို့အထင်မခံနိုင်ပေါင်ဗျာ..
ဂျပန်မှာလည်း ပန်းရောင်ဆို မိန်းခလေး လို့သတ်မှတ်ကြတယ်။ ဒါပေမယ့် အခုတော့ မင်းသားတွေ အထင်ကရပုဂ္ဂိုလ်ကြီးတွေလည်း ပန်းရောင် ရှပ်အင်္ကျီတွေ ပန်းရောင် နက်က်တိုင်တွေ ၀တ်ဆင်ကြပါတယ်။
လှတယ်လို့ထင်ပါတယ်။
ဟလို
လာမေးထားတဲ့ တယောက်...
ဟုတ်တယ် ဈေးရောင်းသူက မွတ်စလင် အမျိုးသမီး..။
စာကို သေချာဖတ်တာကျေးဇူး... ။
ပြောချင်တာက အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ ဒီလို ဖြစ်နေတာ ပြောတာမဟုတ်ဘူး...။ ကိုယ့်ကို ဈေးရောင်သူ အမျိုးသမီးရဲ့ အမြင်သုံးသပ်ပုံ က ဒါရှိတယ်ဆိုတာ ပြောချင်တာ.. ။ နောက်တခုက အရောင်ကိစ္စမှာ တကမ္ဘာလုံး ဖြစ်နေတဲ့ အင်တာနေရှင်နယ် ပြဿနာကို ပြောနေတာ..။ အဲဒါ ဆောင်းပါးရေးထားတဲ့ ၇ည်ရွယ်ချက်ပဲ..။ အခုရေးရင်းနဲ့ သတိယသွားတာက သူ့ကို မွတ်စလင်လို့ပြောတာ ကျောင်းနေဖက် (မွတ်စလင်) နဲ့သိတဲ့ အဲဒီဆိုင်ရဲ့ စီနီယာ အမျိုးသမီးမို့ပဲ.. .. ပဲ..။
မဗေဒါ (၈၈)
Phyu Sin
i m refering to ur post "ကျား နဲ့မ တို့ အတွက် အရောင်ရွေးခြင်း" 03 Aug 10 10:27
115.131.214.88
Phyu Sin
do u have evidence?...thanks 03 Aug 10 10:26
115.131.214.88
Phyu Sin
what do u mean by this sentence? is there any realation in color and musllim women?can you explain? 03 Aug 10 10:26
115.131.214.88
Phyu Sin
သူကြည့်ရတာ မွတ်စလင်လို့ ထင်ရတာပဲ..။ သူက ဘာမှတော့ ပြန်မပြောဘူး.. 03 Aug 10 10:24
115.131.214.88
Phyu Sin
ရောင်းသူက မိန်းမအရောင်တဲ့.. ကျွန်မကလည်း ရတယ် မိန်းမအရောင်လည်း ငါ့သားအတွက်ကြိုက်တယ်လို့ဆိုပြီး ယူခဲ့တ 03 Aug 10 10:24
Post a Comment