Friday, June 18, 2010

တည်ဆောက်မှုတွေ အများကြီး လုပ်ရဦးမယ် ထင်ပါတယ် အမေစု ..


ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်မရဲ့အမေအရွယ်ဖြစ်တာရယ်.. အနစ်နာခံတဲ့စိတ်ဓာတ်..ရဲရင့်တည်ကြည်တဲ့ စိတ်ထား..များရှိသလို ဟာသညဏ်ကွန့်မြူးတဲ့ စိတ်ရှိသူလည်း ဖြစ်ပါတယ်..။ ဒါ့အပြင် ပန်းတိုင်တခုအတွက် ဇွဲရှိစွာ အာဏာရှင် များကို မကြောက်မရွံ့ပဲ တိုက်ပွဲဝင်နေသူ ဖြစ်တာကြောင့် `အမေစု `ရယ်လို့ မြတ်မြတ်နိုးနိုး လေးလေးစားစား အသိအမှတ်ပြု ခေါ်ချင်ပါတယ်..။ မနက်ဖြန် (၁၉ ) ရက်နေ့ဟာ သူ့မွေးနေ့ ဖြစ်တာမို့ ထုံးစံအတိုင်း အပြင်မှာရော အထဲမှာပါ ပုံစံတမျိုးစီ လုပ်သင့်တာတွေ လုပ်ကြပါတော့မယ်..။ ကျွန်မကတော့ သူပြောခဲ့တာလေးတွေထဲမှာ အကြိုက်ဆုံးတွေကို တခုတ်တရ ရေးပြချင်ပါတယ်..။ စာအုပ် (၃) အုပ်ထဲက နေ ကျွန်မကြိုက်တာတွေကို ထုတ်နုတ် တင်ပြချင်ပါတယ်..။

သူပြောခဲ့တာတွေ မရေးခင်မှာ ပြည်တွင်းပြည်ပမှာ ` မြန်မာအမျိုးသမီးများနေ့` လို့ သတ်မှတ်ပြီး တခမ်းတနားလုပ်ကြတာတွေ နဲ့ သဘောထားလေးတွေကို နဲနဲလေး ပြောပြချင်ပါတယ်..။ ကျွန်မရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့အမျိုးသမီးများသမဂ ကတော့ ကို အဖွဲ့ဝင်တွေထံမှာ ဆန္ဒခံယူပြီးတော့ အများစုက သဘောတူခဲ့တာမို့ မှတ်မှတ်ရရ `မြန်မာ့ အမျိုးသမီးများနေ့` ရယ်လို့ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်လေ့ရှိပါတယ်..။ ဒါပေမဲ့ အမျိုးသမီးအဖွဲ့အကုန်လုံး ပေါင်းထားတဲ့ `အဖွဲ့ချုပ် `ထဲမှာ ပါတဲ့ တချို့အဖွဲ့ကတော့ အမျိုးသမီးနေ့လို့ သဘောမတူတာတွေ ရှိနေတာမို့.. မွေးနေ့ အဖြစ်ပဲ ကျင်းပရတာ လည်း ရှိပါတယ်..။ ဆိုတော့ တူတာတွေ ရှိသလို မတူတာတွေလည်း ရှိတာမို့ ကျွန်မတို့အားလုံးက အားလုံးအဆင်ပြေရေး ရှေးရူတဲ့အနေနဲ့ အများစုပေါင်းလုပ်တဲ့ နေရာမှာ မွေးနေ့လို့ပဲ သဘောတူ ကျင်းပနေရတာဆိုရင် (၁၀) နှစ်နည်းပါးလောက် ရှိနေပါပြီ..။ ဘာပဲပြောပြော အာဏာရှင်ကို တိုက်နေတဲ့ အဖွဲ့တွေထဲမှာ မတူတဲ့အမြင်တွေ ရှိနေတယ်.. ဒါကို အပြန်အလှန်လေးစားရတယ်.. ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ.. ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို လိုက်လုပ်ရတာတွေ ရှိနေတက်တယ်ဆိုတာကို ပြောပြခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် မြန်မာပြည်ရဲ့တိုက်ပွဲတွေဟာ အစပျိုး နေပြီလား ဒါမှမဟုတ် ကျော်ခဲ့ပြီလား ဆိုတာကို သေချာဆန်းစစ်ရမဲ့ အခြေအနေတွေလည်း အများကြီး ရှိပါတယ်ဆိုတာကို ပြောပြခြင်းသာ ဖြစ်ပါတယ်..။

ဘာပဲပြောပြော အမေစုကို ပြောချင်ပါတယ်.. ကျွန်မတို့ရဲ့ တိုက်ပွဲတွေဟာ ကြာအုံးမယ်.. တည်ဆောက်ရေးတွေ မဖြစ်မနေ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရဦးမယ်.. အပြန်အလှန်နားလည်မှုတွေ ရှိလာအောင် စကားတွေ အများကြီး ပြောရဦးမယ် ထင်ပါတယ်.. လွယ်မယောင်နဲ့ ခက်နေတာတွေလည်း အများကြီးရှိတာမို့ ကျွန်မတို့တွေ အားလုံး ကျိုးစားရပါဦးမယ်လို့ ဆိုရင်း ဒေါ်စု အတွေးများကို လေးစားစွာ တင်ပြအပ်ပါတယ်..။ အတွေးများကို စားသုံးနိုင်ကြပါစေလို့လည်း ဆန္ဒပြုရင်း..။


၁..။ ကိုယ့်ကိုမထိလို့ရှိရင် ဖာသိဖာသာ နေမယ်.. ကိုယ်ဝိုင်းပြီး ကူညီလိုက်ရလို့ ကိုယ့်ဖက်လည့်လာမယ်ဆိုတဲ့ စိတ်ထားမျိုး မထားပါနဲ့..။ လူများရဲ့အခွင့်အရေးတွေ ထိခိုက်တာကို ကိုယ်ကကြည့်နေမယ်ဆိုရင် တနေ့ကျရင် ကိုယ့်ဖက်လှည့်လာမှာပဲ..။

၂..။ လူရဲ့ သဘာဝဟာ လွယ်လွယ်ရတဲ့ဟာကို သိပ်ပြီးတော့ တန်ဖိုးမထားချင်ဘူး..။ အခု ကျွန်မတို့ဟာ အခွင့်အရေးတွေ အတွက် လူ့အခွင့်အရေးတွေအတွက် အများကြီး ကျိုးစားရမယ် အများကြီး ဒုက္ခခံရမယ်..။ အများကြီး အန္တရယ်တွေကို ရင်ဆိုင်ရမယ်..။ ဒါကြောင့်မို့လို့ ဒီမိုကရေစီ အခွင့်အရေးတွေ ရတဲ့အခါကျရင် ကျွန်မတို့ ပြည်သူလူထုဟာလည်း ပိုပြီးတော့ တန်ဖိုးထားမယ်..။ ပိုပြီးတော့ ကာကွယ်ချင်တဲ့ စိတ်တွေရှိမယ်..။

၃..။ ဒီမိုကရေစီ စနစ်အောက်မှာ အတိုက်အခံ အဖွဲ့အစည်းများဟာ တရားဝင် ရပ်တည်ပိုင်ခွင့်ရှိရမယ်.. အတိုက်အခံအဖွဲ့အစည်းများဟာလည်း အာဏာရှိနေတဲ့ အစိုးရကို ထိန်းကွပ်ထားနိုင်တယ်.. အစိုးရကို လည်းပဲ ပြည်သူလူထုက ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တင်မြှောက်မယ်..။ ဒီလိုနဲ့ပဲ ပြည်သူလူထုက အစိုးရများကို ထိန်းသွားနိုင်တယ်..။

၎..။ ဒီမိုကရေစီ အတွက်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်အားလိုပါတယ်..။ ဒီလိုလုပ်အားကို တိုးတိုးတိတ်တိတ်နဲ့ ပေးတဲ့လူတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်ရတာပဲ..။ အဲ့ဒီတော့ ကိုယ်ဟာ ဘယ်လိုနည်း.. ဘယ်လိုဟန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ကူညီနိုင်မလဲဆိုတာ စဉ်းစားကြပါ..။ စဉ်းစားတာများလို့ရှိရင် အဖြေပေါ်မှာပါ..။ တက်နိုင်တဲ့ဖက်က ကူညီကြပါ..။ လူကြီးလူငယ်မရွေး အားလုံးဝိုင်းပြီးတော့ တက်နိုင်တဲ့ဖက်က ကူညီဖို့ လိုတဲ့အချိန် ဖြစ်ပါတယ်..။

၅..။ နိုင်ငံတနိုင်ငံဟာ လွတ်လွတ်လပ်လပ်နဲ့ တည်တံ့ခိုင်မြဲရေး ဆိုတာဟာ ခိုင်မာပြီးတော့ ညီညွတ်တဲ့ တပ်မတော်တခုလိုတယ်..။ မြင့်မြတ်တဲ့ စိတ်ထားတွေ ရှိတဲ့ တပ်မေတော်တခုလိုတယ်..။ တိုင်းပြည်ကို ကာကွယ်ဖို့.. ပြည်သူကို စောင့်ရှောက်ဖို့ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့ သစ္စာရှိရှိတာဝန်ကို ထမ်းဆောင်သွားမယ့် တပ်မတော်တခုလိုတယ်..။

၆..။ သဘာဝနဲ့ ပတ်သက်တဲ့ အလှအပတွေကို ဖန်တီးတဲ့အခါ ကောင်းမွန် စစ်မှန်တဲ့ အရသာကို ခံစားရရှိဖို့ဆိုရင် ဒီလိုဖန်တီးတဲ့ သူ့အနေနဲ့ ဘယ်ဟာက လှပပါတယ်..။ ဘယ်ဟာက အကျည်းတန်တယ်ဆိုတာကို ခွဲခြားသိမြင် နိုင်ဖို့လိုအပ်သလို လူသားတွေ တွေ့ကြုံရတဲ့ ကျယ်ပြောလှတဲ့ အတွေ့အကြုံတွေကိုလည်း သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဘယ်ဟာကို ငြင်းသင့်တယ်ဆိုတာကို နားလည်တက်ဖို့လည်း အရေးကြီးပါတယ်..။

၇..။ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ စိမ်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဘို့ ကျန်းမာသန်စွမ်းတဲ့ မိခင်တွေက ကျန်းမာသန်စွမ်းတဲ့ ကလေးတွေကို မွေးဖွားပေးနိုင်ပြီး ဒီကလေးတွေကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မယ်..။ ဒီကလေးတွေ အတွက် ကောင်းမွန်ပြည့်စုံတဲ့ ပညာရေးစနစ် ရှိမယ်ဆိုရင် တိုင်းပြည်ဟာ မှန်ကန်နဲ့ ဖွံ့ဖြိုးတိုးတက် နေတယ်ဆိုတာကို ပြသနေပါတယ်.. အနာဂါတ်မြန်မာနိုင်ငံရဲ့ ကလေးတွေအတွက် ကျွန်မတို့ဟာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု.. ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်တွေကို ခိုင်မာစွာ ချမှတ်နိုင်ဖို့လိုပါတယ်..။

၈..။ အစိုးရအနေနဲ့ ကိုယ့်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ သဘောထားအမြင်တွေ.. အယူအဆတွေ အပေါ်မှာ စိတ်ရှည်ရှည်နဲ့ နားလည်သည်းခံမယ်ဆိုရင် တိုင်းရင်းသားလူမျိုးစု အချင်းချင်း အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေ ထွန်းကားလာနိုင်ပြီး ရိုးရာဓလေ့ထုံးစံတွေ စိတ်ဆန္ဒတွေ မတူညီကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး လွတ်လပ်စွာနဲ့ အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်ပါတယ်..။

၉..။ အဓမ္မလုပ်အားပေး စီမံချက်တွေမှာ ယောက်ျား.. မိန်းမနဲ့ ကလေးတွေဟာ ငွေကြေးတပြားတချပ်မှ မရပဲ ပင်ပန်ုးကြီးစွာ ရက်ရှည်လများ အလုပ်လုပ်နေရတာတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော် သေမင်းတမန် ရထားလမ်းဖောက်လုပ်စဉ်တုန်းက မြင်းကွင်းမျိုး..။ အတွေ့အကြုံမျိုးကို ပြန်လည် အမှတ်ရ ခံစားမိစေပါတယ်…။


10..။ why do you think the people love and trust you so much?

I think the very first reason why the Burmese people trusted me was because of their love for my father. They had never doubted his goodwill towards them. And he had proved with his life that he was ready to sacrifice himself for them. Because of that they loved him and I think a lot of that love was transferred to me. So I started off with an advantage- ready – made fund of metta on which to build. So you cannot separate the fact that I am my father” s daughter from the fact that the people and I have managed to build up solid bonds of metta between us.

11.. But Daw Suu, I think the ” willingness” was there. And that was the power of the struggle- dynamic unity. How much are you really willing to arouse that same spirit of dynamic unity that King did with blacks, in your own people? The willingness to rise up against the injustices..-

Of course, one wants them to be united. But it is something that we have to work towards, steadily. It is not a job that will ever be finished. I do not think unity is ever complete, at least not in the human world. And although I realize and accept that our unity is not complete, that does not drive me to despair. You just have to keep working towards it all the time.

12.. What about women’s rights in Burma?
People have often asked me about women’s rights in Burma and I have always said very frankly; Men do not have rights in Burma as in many other parts of the world, but at the moment men are just as vulnerable to injustice and oppressions. So first, let’s give everybody their fundamental rights. Let’s just try to stop men from being thrown into prison. This in not to say women are not thrown into prison too. But there are probably a hundred or even a thousand times more men political prisoners than women. So at this moment I find it very difficult to think of women in Burma as apart from the same movement in which men are involved. But I am sure that the issue of women’s rights will come out once we have democracy and everybody is enjoying their basic political rights.


13.. Nelson Mandela mention in his memoirs that one of the things that he and his ANC colleagues talked a lot about during their many years in prison was how to sustain the awareness of the struggle in the minds of the people’s. I’d like to ask, how are you and your NLD colleagues attempting to ignite the people’s desire for freedom to that level of momentum ,as in South Africa, where it became an electrified movement that could not be happened..

What we have to make them understand is that the struggle is about them. That is what we always explain to the people. Democracy is about your job and your children’s education; it’s about the house you live in and the food you eat; it’s about whether or not you have to get permission from somebody before you visit your relatives in the next village: it’s about whether or not you can reap your own harvest and sell it to the person you want to sell it to. The struggle is about their everyday life.

14.. A three-part question; one , how confident are you that democracy will be achieved in Burma? Two, what are the most essential factors needed for that goal to be achieved? And thirdly, is there a possibility of giving a time-frame for when you feel that democracy will be achieved?

I can answer the last question first. No, I don’t believe in trying to predict when. And also I think it’s dangerous to try to predict these things when one can never tell. The first one, yes, I am confident that we will achieve democracy. And the second, what is needed is for the people to understand that they are not powerless. They’ve got to learn the power of the powerless. There is a lot that they can do to achieve what they want. They should not see themselves as helpless and totally in the hands of the powers that be.



ဒေါ်စု ကိုယ်ကျမ်းမာ စိတ်ချမ်းသာခြင်း ရှိပါစေ ..တိုက်ပွဲတွေမှာ ဆက်လက်ဦးဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ..

မဗေဒါ (၈၈)
၁၈.၀၆.၂၀၁၀


9 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

ဖတ်သွားပါတယ် မဗေဒါ ကျမ်းမာ ချမ်းသာ စေရန် အထူးမေတ္တာပို့ပါသည်

ရွှေစင်ဦင်္း

ကိုခိုင် said...

အန်တီစုသက်တော်ရာကျော်ရှည်ပါစေ။
အမြန်ဆုံးလွတ်မြောက်ပါစေ။

ကိုခိုင်

ကိုမျိုး (အညာမြေ) said...

ဗေဒါမ..

လုပ်စရာတွေကတော့ မကုန်နိုင် မခမ်းနိုင်ပါ။ စုပေါင်းပြီး လုပ်ကြဖို့ အရေးကြီးပါတယ်။

အင်္ဂလိပ်လို ရေးသားဖော်ပြထားတဲ့ အချက်အလက်လေးတွေကို မြန်မာပြန်ပြီး တင်ထားပေးရင် ဖတ်ရတာ ပိုကောင်းမယ်။

ဗေဒါမ..ရွှင်လန်းချမ်းမြေ့ပါစေ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Nge Naing said...

သူငယ်ချင်းရေ
အခုမှ အချိန်ရလို့ အခုမှ ဘလော့ဂ်တွေ လိုက်လည်ဖြစ်တယ်။ မြန်မာလိုတွေကိုတော့ ဖတ်သွားပါတယ်။ အင်္ဂလိပ်လိုတွေတော့ မြင်တောင်မမြင်ချင်လို့ မဖတ်သွားသေးဘူး။ နောက်စိတ်ပါမှ ပြန်လာဖတ်မယ်။ အမျိုးသမီးများနေ့ ပထမအကြိမ် ကျင်းပတုန်းကပုံကို ကူးယူပြီး ထည့်လိုက်ပါလား။ မသက်ရှိစဉ်က ပြောတဲ့စကားနဲ့ ပြောရရင် ဘယ်သူတွေ သဘောတူတူ မတူတူ ကိုယ်ကတော့ သဘောတူလို့ ဟိုဘက်တောင် လွန်သွားသေးတယ်။

Under Water World said...

Dear Ma Ma,

I am not school holidays yet, so I am not in French, just spain and french border area, could not get wireless connection, always at farm only saturday and sunday in city side.

Already wish for Aunty Su birthday in Ma Nge blog and in your blog too.

¨Daw Aung San Su Kyi, she is the hope of our country. Now adays, she represents the only possibility for our people to achieve not only democracy but justice and freedom. We trust that she will open again the access to education to everyone which will allow the development of the country, the development of a middle class and the end of hunger and need.¨

ဖိုးတုတ် said...

မဗေဒါ အရေးများ နှင့် ဒေါ်စု အတွေးများ က တကယ့်ကို ဖတ်လို. ကောင်းပါတယ် ၊ ကျွန်တော် အရင် က မဖတ်ဖူးဘူး စုစုစည်းစည်း ဖော်ပြတဲ့ အတွက် ကျေးဇူးးတင်ပါတယ်၊ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေသူများ အားလုံး (အထူးသဖြင့် အမျိုးသမီးများ) ကို လေးစားပါတယ် ၊

ဒေါ်အောင်ဆန်းစုကြည် သာလျှင်
လူထုရဲ. ခေါင်းဆောင် ၊ တိုင်းပြည်ရဲ. ခေါင်းဆောင် ဖြစ်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ရွှင်လန်း ပါစေ၊

မဗေဒါ နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ၊

ဒီမို said...

အော် မဗေဒါကြီးက သူကိုယ်သူ ၂၀၁၀ အမတ်လောင်းဆိုပဲ အင်း ဖြစ်ထိုက်ပါတယ်လေ
အစ်မ ပုံစံနဲ့ဆို ရမှာပါ
အမတ်လောင်း
ဒီလောက်အရည်အချင်းတွေ ရှိနေတာကိုနော့

Zay Tar Yar said...

ဗေဗေ ပြုပြင်ဆရာတွေကတော့များသပေါ့ ဗေရယ်
ဟိုကလူတွေက မောစ့်ပြောသလို အကျု့အကျင်မခံ
ချင်ကြဘူးလေ ၊ ဓမ္မနဲ့အဓမ္မတိုက်ပွဲဖြစ်တဲ့အခါ အဓမ္မဟာ
ကနဦးနိုင်တတ်သတဲ့ ဆရာကြီးဦးရွှေအောင်စာအုပ်ထဲ
ကစကားကိုပြောပြတာပါ ၊ အဓမ္မလွှမ်းမိုးလာရင်လူသား
တွေဟာ ၊ သူတပါးဘက်ကမမြင်တတ်တော့ဘူးတဲ့
ငါငါငါ အဲလိုမြင်လာတတ်သတဲ့ဗေဗေရဲ့ ဒါပေမဲ့နောက်
ဆုံး တော့ဓမ္မကသာအောင်ပွဲခံသတဲ့ ၊ ရာဇာပဓာနလို့
ဆိုတယ်မို့လား ဗေဗေ အဖေကအရက်သမားဆိုရင်သား
ဖြစ်တဲ့လူက ၇၅%အရက်သမားပေါ့ ၊ ခရီးသွားရင်းနဲ့
စာလေးရေးခဲ့နော် စောင့်နေမယ် အဟုတ်...။

သဒ္ဓါလှိုင်း said...

အမ`မဗေဒါ´
ခုမှပဲအမလင့်ကိုပြောင်းချိတ်ရတယ်အမရေ..။
အမနဲ့ထပ်တူဆုတောင်းသွားပါတယ်အမရေ.. ရင်ထဲမှာ
ဆို့နေတယ်...

ခင်တဲ့
ညီမသဒ္ဓါ