အခုတလော ခေတ်စားနေသည့် သတင်းသည်ကား ညူးကလီးယား အကြောင်းအရာ.. ပြည်ပ သတင်းဌာနများကို နားထောင် ဖတ်ကြည့်လျှင် တွေ့နိုင်သည့် သတင်းထူးတခုပဲဆိုရမလား..။ အမှန်က သတင်းက အထူးအဆန်းမဟုတ်ပေ..။ လွန်ခဲ့သည့် ၅ နှစ်လောက်ကတည်းက သိုးသိုးသဲ့သဲ့ ကြားဖူးခဲ့သည်..။ သို့သော် ဤသတင်းအချက်အလက်များ အမှန်တကယ် မှန်မမှန်ဆိုသည်မှာ ကွန်ဖန်းဖြစ်ရန်လိုလာသည့်အတွက် ဟိုစောင့်ရ ဒီစောင့်ရနှင့် ယခု (၂၀၁၀) တွင်တော့ သက်ဆိုင်ရာ တာဝန်ရှိသည့်သူများက ထုတ်ဖော်ပြောခြင်းကြောင့် ကျွန်မတို့လို သာမာန်ပြည်သူများ သိခွင့်ရခဲ့ပေတော့သည်..။
မနေ့တနေ့က ဗီယက်နာမ်တွင် လယ်သမားများအတွက် တနှစ်ကို ဒေါ်လာသန်းပေါင်း (၂၀၀) လောက် အစိုးရက ငွေချေးသည်ဆိုသည်ကို ဘီဘီစီမှ ပြုလုပ်သည့် ဗီယက်နာမ် လယ်သမားများ တိုးတက် ကြီးပွား သွားသည့် စီးပွားရေး ဆိုင်ရာ အစီအစဉ်တွင် တင်ပြသွားသည်ကို ကြားရသည်တွင် အသားများပင် တုန်ရင် သည့် အထိ ပီတီကြည်နူးမှု ဖြစ်ရပါသည်..(ဗီယက်နာမ်သည်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆဲ ဖြစ်ပါသည်.. သို့သော် အစိုးရသည် လူထုအပေါ် အများကြီး ဂရုစိုက်သည့် စီးပွားရေးဆိုင်ရာ အမြင်များလည်း တဘက်တွင် ဆုပ်ကိုင်ထားပေသည်)..။ ကျွန်မတို့ နိုင်ငံကို ဆင်းရဲသည်ဟု ပြောသည်တွင် လူအများစု မကြိုက်ပါ.. လက်မခံပါ.. တကယ်လည်း မဆင်းရဲခဲ့သည့်အတွက် ထို့သို့ပြောလာလျှင် မကြိုက်ခြင်း.. မနှစ်မြို့ခြင်း ဖြစ်မည်ဟု ဆဝါးရပါသည်..။ ကျွန်မလည်း ဆင်းရဲသည်ဟု ပြောလျှင် မကြိုက်သော်လည်း တကယ်တမ်း ဆင်းရဲသည်ကို သိရ ကြားရ မြင်ရသည့်အခါတွင် အလိုလိုတရားခံ ရှာချင်တက်လာပေသည်..။ တရားခံကား တခြားသူများ မဟုတ်ပေ.. အာဏာရှင်လူတစုပင်ဖြစ်ပေသည်..။
ညူးကလီးယား ဆောက်ခြင်းဖြင့် ကုန်ကျသည့် သန်းပေါင်း ထောင်သိန်းချီသည့်ငွေများ.. နန်းဆောင်ကဲ့သို့ ကိုယ်ပိုင်နေထိုင်ရန် တည်ဆောက်ထားသည့် နေအိမ်များ.. စသည် တို့သည် ပြည်သူပိုင်ငွေများဖြင့် တည်ဆောင်သောကြောင့် လူထုပိုင်သည့် ပစ္စည်းများ.. ဖြင့် ထင်ရာစိုင်း လုပ်ချင်ရာလုပ်နေသည်ကို ကျွန်မတို့ ခွင့်လွတ်လျှင် အမှားကြီးမှားပေတော့မည်..။ ဆင်ခြင်တုံညဏ်တရား နဲလှသည့် ထိုလူတစု သည် အကျိုးရှိသော နေရာတွင်ငွေကို မသုံးပါပဲ.. အကျိုးမရှိသည့် နေရာတွင် ဘာကြောင့် ငွေများ သုံးနေ (ခဲ့) နေပါသနည်း..။ ကျွန်မ ညဏ်မမီ၍ ဘာကြောင့် ဒီလိုနေရာမှာ ငွေတွေကို သုံးသည်ဆိုသည်ကို မသိပါ.. သို့သော် ကျွန်မ ဖြစ်စေချင်သည့် သာမာန် အသိ တခုနှင့် အောက်ပါ အချက်များကို ထိုသူတို့ကို သိစေချင်ပါသည် ..။
တကယ်တော့ ကျွန်မတို့ အားလုံးပိုင်သည့် ငွေများကို …
၁.. ရန်ကုန်မြို့မှသည် .. ဟိုး ကချင်.. ချင်း ပြည်နယ်အထိ စာသင်ကျောင်းဟု မယ်မယ်ရရ မရှိသော.. စာသင်ကျောင်းရှိရင်လည်း ဆရာ ရယ်ဟု ပြည့်စုံမှုမရှိသော.. ဆရာစုံလျှင်သော်လည်း ပစ္စည်းအထောက်အကူပြုများ ရှားပါးသော .. အနာဂါတ် သားကောင်း ရတနာများအတွက် ရင်းနှီး အသုံးပြုပါက..
၂..ရန်ကုန်မြို့မှသည် .. ဟိုး ရခိုင်ပြည်နယ်အထိ ဆေးကုရန် လိုအပ်သည့် အတက်ပညာရှင် ဆရာဝန်… သူနာပြုများ နှင့် အထောက်အကူပြု လိုအပ်သည့်ပစ္စည်းများ.. ။ ဆေးကုရန် အဆောက်အအုံကောင်းများ သေချာစွာတည်ဆောက်ပေးပါက .. မသေသင့် မသေထိုက်သည့် လူနာများ.. သာ သက်ရှင်နေထိုင်ခွင် ရအောင် ထိုငွေများကို အသုံးပြုမည်ဆိုပါက..
၃.. ရန်ကုန်မြို့မှသည်.. ဟိုး မြဝတီ ကရင်ပြည်နယ် အထိ လယ်ယာ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူ ဒေါ်ကြီး ဦးကြီးများကို လိုအပ်သည့်နေရာများတွင် သက်သာချေးငွေများ ငွေထုတ်ချေးဌားပေးခြင်းဖြင့် အားပေးအားမြှောက်ပေး.. ခြင်းဖြင့် လယ်သမားဟူသည့် လူတန်းစားများ လယ်စိုက်ရင်း ထမင်း မငတ်.. လယ် ပေါင်ရ သည့် ပင်ပန်းမှုမှ ကင်းဝေးသွားအောင် ထိုငွေများကို အသုံးပြုမည် ဆိုပါက..
၎.. ရန်ကုန်မြို့မှသည် ဟိုး ကယား ပြည်နယ်အထိ .. ရှားပါးနေသော.. ရေ.. မီး ..များ လုံလုံလောက်လောက် သွယ်ဆောင်ပေးခြင်း.. ပြည်သူပြည်သားတို့၏ အခြေခံ ထိုလိုအပ်ချက် အရင်းအမြစ်များ အတွက် ထိုငွေများကို အသုံးပြုပါက ..
၅.. ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်း များတွင် ဘုန်းကြီးများ သေချာ ကောင်းမွန်စွာ ဘာသာ တရား ပျံ့ပွားရေးလုပ်ငန်းများအတွက် ဟန်ပြ လှူတန်းချင်း မဟုတ်ပဲ တကယ့်စေတနာဖြင့် လှူတန်းခြင်းများနှင့် စာသင်သား ကိုရင်မှသည် ဘုန်းကြီးများ သာသနာပြန့်ပွားရေးကို အားသွန်ခွန်စိုက် လုပ်ဆောင် နိုင်အောင် ထိုငွေများကို အသုံးပြုမည် ဆိုပါက ..
၆.. မြန်မာလူငယ် လူရွယ်များ တက်ရှိပြီးသား ပညာများနှင့် အသက်မွေးနိုင်ရန် ထိုက်သင့်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးသည့် လုပ်ငန်းများ.. ထူထောင်ခြင်းဖြင့် သို့တည်းမဟုတ်.. ခိုင်မာသည့် အခြေခံအဆောက် အဦးကောင်းများ ဖန်တီးပေးသည့် နေရာတွင် ငွေများအသုံးပြုပါက..
၇.. သက်ဆိုင်ရာ အလိုက် ပညာပေး လုပ်ငန်းများ.. (ဥပမာ အသက်အရွယ်ရောက်ပြီးသား (၄၀) ကျော်) များကို မွမ်းမံသင်တန်းလို ပညာပေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် ခေတ်မီနည်းပညာများကို သင်ကြားပေးသည့် နေရာများတွင် ငွေများကို အသုံးပြုပါက..
၈… နောက်ဆုံးအချက်မှာကား ယခု အစိုးရ ပြုလုပ်နေသည့် လမ်းဖောက်ရထားဆောက် အလုပ်ကြီးသက်သက် မဟုတ်ပဲ လူထု နေ့စဉ်အားထားနေရသော ကား.. ရထား.. စသည့် ကူးသန်းပို့ဆောင်ရေးအတွက် ဝယ်ယူ သို့တည်းမဟုတ် ဖန်တီး ပြုလုပ်သည့် နေရာများတွင် ပညာရှင်များကို ခေါ်ယူ ရင်းနှီးမြှပ်နှံပါက …
ကျွန်မတို့ အားလုံးမျှော်လင့် တောင့်တ နေသည့် အခြေအနေကောင်း တခုအောက်တွင် ထမင်းတနပ်အား မကြောင့်မကြပဲ စားသုံးနိုင်မည်ဟု မျှောင်လင့်ရင်းဖြင့် တိုင်းပြည်သူပြည်သားများအပေါ် စေတနာမဲ့နေသော အဓိပါယ်မဲ့ အင်မတန် ရက်စက်အားကြီးသော အင်မတန်ခေါင်းမာလှသော ထိုသူများ သိအောင် ကျွန်မရင်ထဲက ထွက်ပေါ်လာသော စာများရေးသားရင်း .. နားပါမည်..။
(မဗေဒါ ဒီစာကိုရေးရင်း ရင်ထဲမှာ အင်မတန်စို့ နင့်လှပါသည်.. ရက်စက်လွန်းလှသော ထိုသူတို့ ဘယ်တော့များမှ ပြည်သူသားတို့၏ ဒုက္ခအား နားလည်မည်ဟု မှန်းဆ၍လည်း မရပါ..။ ဒီလောက်ပါပဲ..။ )
မဗေဒါ (၈၈)
၁၁.၁၀.၂၀၁၀

15 ဦး၏ဆွေးနွေးချက်:
စာလာဖတ် သွားတယ် မဗေဒါ ရေ လာရခက်တယ် ခုမှ တင်လို့ရတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိအသုံးပြုရင်တော့ အကောင်းဆုံးပါဘဲ။
ဒီမှာ..ဒေါ်စိန်ဗေဒါရဲ့
အတိုက်အခံဒေါ်လာစားတွေ ပြောသလို မကောင်းတာတွေ
မရေးချင်စမ်းပါနဲ့ မောင်မိုးလို ကောင်းတာတွေရေးလိုက်စမ်းဘာ...ဟင်း..
ပိုစ့်အတွက် မန့်ရမည်ဆိုလျှင် ဗေဗေရေ ဗေဗေရေ ဗေဗေရေဟု သုးံခါမန့် ပါမည် ၊ စာလုံးပေါင်းမှားခြင်းနဲ့
ပတ်သက်ပြီးပြောလိုသည် မှာ မရွှေနှင်းက ပြည်တွင်း မှာနေပြီး မြန်မာစာ ကောင်းကောင်းမလေ့လာဘဲ ဇေစစ်ခိုင်းတိုင်း တခါမှမှန်အောင်စစ်ပေးပါ ဇေကနေ့တိုင်း
ဘိုလိုပြောဘိုလိုရေးနေရတော့ မြန်မာစာကိုဆိတ်သွား တိုင်းကိုယ်မပါဆိုသလို ၊ မျက်စိကလဲလူငယ်ပီပီ တဘက် ကို ပါဝါ လေးရာမျှစောင်းထားရပါသည် ၊ ထို့ကြောင့် စာ လုံးမှားခြင်းသည် မြန်မာအလင်းသတင်းစာအဆိုအရ ပြည်ပအားကိုးပဆိန်ရိုးဖြစ်သော မရွှေနှင်းကိုများများ ဆူသင့်ပါသည် ၊ ပြည်ပနေပြီး မြန်မာစာများကို အသက် ၁၉နှစ်နဲ့မလိုက်အောင်ရေးနိုင်ဖက်နိုင်သော ကိုကိုဇေ့ကိုများစွာချီးမွမ်းသင့်ပါကြောင်း......
လိုအပ်နေတဲ့ နေရာတွေတော့ အများကြီးပေါ့။
သိကြမှာပါ... ဒါမှမဟုတ်..မသိယောင်ဆောင်နေတာလဲ ဖြစ်နိုင်တယ်...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
အိပ်ချင်ယောင်ဆောင်သူတွေကို
နှိုးရခက်သလိုပေါ့ ။
ကိုခိုင်
ကဲ..စကားတောင်မဆုံးဘူး။။ ဘဘကြီးတို့ရဲ့စေတနာကို အကောင်းမမြင်တော့ပြန်ဘူး။
ရှိတဲ့ငွေက မလောက်လို့ဖြစ်မှာပါ။
ဒါမှမဟုတ်ကျွန်မတို့ လစဉ်အခွန်ဆောင်တဲ့ ငွေ၊ နည်းများနည်းနေသလားမသိဘူး။
တစ်လယန်းတစ်သောင်း (မြန်မာငွေလေး တစ်သိန်းလောက်ဆိုတော့ ) က ဘာလုပ်လို့ရမှာလဲ၊ မဗေဒါရယ်။
နားလည်ပေးပါနော်။
ရောက်ပါသည်အမရေ ...ဓါတ်ငွေ့ထုတ်ဖော်ပုံ လုပ်ကြည့်ချင်တာ အထက်တန်းကျောင်းတက်တုန်းကပေါ့ ဟဲဟဲ ဖန်ပြွန်တွေ ဖန်အိုးတွေတော့ မြင်ပါရဲ့ ဘီရိုထဲမှာ
နအဖလက်အောက်မှာတော့ ရွှေပြည်တော်မျှော်တိုင်းဝေး ပါပဲအစ်မရယ်။
ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက လာရင်းနှီးမြုပ်နှံဖို့ဆိုတာ တစ် ဖက်က နိုင်ငံအရေးအရ စီးပွားရေးပိတ်ထားတာတွေ ရှိနေတော့ လာရောက်ရင်းနှီးမြုပ်နှံဖို့ မလုပ်နိုင်ကြဘူးဆိုတာကိုလည်း ထည့်စဉ်းစားဖို့လိုသေးတယ်...အဲဒီဟာကို မသိချင်ယောင်ဆောင်ပြီးမှ တစ်ဖက်သက် လိုရာဆွဲပြောနေတာကတော့ သိပ်သဘာဝမကျသေးပါဘူး..

မောင်ဆိုသူရေ
တို့ရေးတာ မြှပ်နှံတာမပါသေးဘူး.. အခုလက်ရှိ မမြှပ်ပါနဲ့ဆိုတာတောင် အကျိုးစီးပွားအတွက် မြှပ်နှံနေသူတွေ.. စစ်အစိုးရနဲ့ ဆက်ဆံနေသူတွေ ဆီကနေ ဝင်နေတဲ့ ဝင်ငွေကိုတောင် လူထုအတွက် သုံးတာ အင်မတန်ကို နည်းလွန်းလို့ ရေးချင်းသာဖြစ်ပါတယ်..။ ဆန်ရှင်တွေ အကြောင်းကတော့ နောင်ဆွေးနွေးရင် အမြင်ကို ပြောကြတာပေါ့ရှင်..။
လာဆွေးနွေးတာ ကျေးဇူးပါ..။
မဗေဒါ
မဗေဒါကြားဖူးတာ ၅ နှစ်လောက်ပဲရှိသေးတော့ ခေတ်နောက်ကျတာပေါ့၊ ကျနော်တို့ကြားဖူးတာ နှစ်ပေါင်းမရေတွက်မိတော့ဖူး။ ၁၅-၂၀ လောက်ရှိမယ်ထင်ပါတယ်။
Post a Comment