Tuesday, May 4, 2010

ရန်ကုန်ကို မြို့တော်အဖြစ်ကနေ ရပ်ဆဲခဲ့တာ မှန်..//// မမှန်

ဟလို ကို ကျော်ထွန်းဆိုသူ .. ရှင့် .. မင်္ဂလာပါ..။

ဒေါင်းနင်းလမ်း ပို့စ်အောက်ဆုံးမှာ မဗေဒါ ဖြစ်ချင်တာလေးနဲ့ ရိုးရိုးပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်..။ ရင်ထဲက ဆနသာ ဖြစ်ပါတယ်..။ ဒါကလည်း ရန်ကုန်ကို မြို့တော်အဖြစ်ကနေ ရပ်စဲမယ်ဆိုတာကို သိကတည်းက ဖြစ်ချင်ခဲ့တဲ့ သာမာန်လူ တယောက်ရဲ့ ခံစားချက်ပါ..။ ဘာကိုမှ အစွဲနဲ့ မပြောခဲ့ပါ.. ထင်တာကတော့ ရန်ကုန်သည် မြို့တော်သာ ဖြစ်သင့်သေးသည်ဟု တိုင်းပြည် ဒီကနေ့ အခြေအနေအရ ယုံကြည်နေတဲ့ အတွက် အောက်ပါ အချက်အလက်များကို စဉ်းစားမိသလောက် တင်ပြပါသည်..။ ကျွန်မ သိသလောက် ပြန်ဆွေးနွေးချင်းသာ ဖြစ်ပါတယ်.. သာမာန်လူတယောက်ရဲ့ အတွေးမို့ ပညာရှင်အတွေး စစ်တပ်အတွေးနဲ့တော့ ဆန့်ကျင်တာမျိုး မတူတာမျိုးတွေ ရှိနေနိုင်ပါတယ် ရှင်..။


၁.. ရန်ကုန်မြို့တော်ကြီးလောက် မြန်မာနိုင်ငံရဲ့ ဘယ်နေရာက အခြေခံ အဆောက်အဦတွေ ပြည်စုံတာ ရှိပါသလဲ..။ ( ဥပမာ ..ဆေးရုံ.. ကျောင်း.. လမ်းပန်းဆက်သွယ်ရေး.. စီးပွားရေးဆိုင်ရာ ဆောင်ရွက်တဲ့ နေရာများ) .. တဆက်တည်း ပြောချင်တာက ..ရှိပြီးသား အခြေအနေတွေကလည်း ဒယိမ်းဒယိုင်နဲ့ ( ဥပမာ.. ရေ တောင်လိုအပ်အောင် မပေးနိုင်တာမျိုး)

၂.. မြို့သစ် ပြောင်းမယ်ဆိုကတည်းက ဘာဖြစ်လို့ အခုလိုမျိုး လိုအပ်သလဲ ဆိုတာမျိုးကို သက်ဆိုင်ရာ ပတ်သက်နေတဲ့ ဝန်ထမ်း များတောင် သိခွင့် ဆွေးနွေးခွင့် ရခဲ့ပါသလား.. ( ဆိုလိုတာက.. အဲဒီဝန်ထမ်းတွေ အတွက် လက်တွေ့မှာ အခုလို ပြောင်းခြင်း အားဖြင့် လက်တွေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ.. ရန်ကုန်ကိုမှီတည် လုပ်စားနေသူများ.. နဲ့ အခြားသော အပြည်ပြည်ဆိုင်ရာ ဝန်ထမ်းရုံးများ ကိစ္စ အပါအဝင်)

၃.. အခု မြို့တော်သစ်ကြီးက မြို့တော် အင်္ဂါ နဲ့ညီတာမျိုး ဘာတွေများ ရှိနေခဲ့ပါသလည်း (ဆိုလိုတာက အဆင်သင့် ရှိပြီးသား အခြေခံ အဆောက်အဦး.. လူဦးရေ ..တခြားသော မြို့တော်လို့ ခေါ်တွင်စေလောက်တဲ့ စိတ်ဝင်စားစရာတွေ အစရှိသဖြစ်ပေါ့ ..လေယဉ်ကွင်း.. လိုဟာမျိုး.. )

၎.. အဲဒီ ပြောင်းရွေ့သွားတဲ့ ဌာနများအပါအဝင် အခြားသော မြို့ကြီးကို အမီပြုပြီး လုပ်ကိုင် နေတဲ့ သာမာန် စီးပွားရေးသမားတွေကို အရေးတယူ ဘာကြောင့် ထည့်သွင်း စဉ်းစားခဲ့တာမျိုး မလုပ်ခဲ့ပါသလဲ.. ( စစ်ရေးဗျူဟာကြောင့် ဆိုရင်လည်း ဘာကြောင့်ဆိုတာမျိုး ဘယ်နှစ်ယောက်က သေချာနားလည်ပါသလဲ.. ဒါစစ်တပ်အတွေးကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်လို့ ကျွန်မမြင်တယ်.. ဒီမိုကရေစီ အစိုးရဆိုရင် အမြင်ကတမျိုးဖြစ်နိုင်တယ်.. )

၅.. သူများနိုင်ငံမှာ မြို့တော် တခုအဖြစ် ပြောင်းလဲဖို့ဆိုတာ အခြေအနေတွေ အများကြီးအပေါ် ဆန်းစစ်ပြီးတော့ အခြေအတင်ဆွေးနွေးပြီး မြို့တော်ရယ်လို့ ဖြစ်ခဲ့တယ် .. နောက်.. ပြည်သားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးတဲ့ လူတွေရဲ့ အခြေခံအခွင့်အရေးကို လေးစားမှု ကို နမူနာယူတက်ရပါမယ်.. ( ဆိုလိုတာက ငါတို့မှာအာဏာရှိတယ်.. လုပ်ချင်တာ လုပ်မယ်ဆိုတာမျိုးမရ ) .. အာရှမှာကတော့ အာဏာရှင်စနစ်တွေက လုံးလုံး မကျွတ်လွတ်သေးတာမို့ မလေးရှားလောက်က ဥပမာ ပေးမကောင်းပါလို့ ဆိုချင်ပါတယ်..။

၆.. ကျွန်မမြင်သလောက်တော့ ဘယ်နိုင်ငံကမှ မြန်မာပြည်ကို ဝင်ရောက်ဒုက္ခပေးဖို့ စိန်ခေါ်နေတာ မတွေ့ (တွေ့တာကတော့ စစ်တပ်ကိုယ်တိုင် တရုတ်တွေကို ခေါ်သွင်းနေတာမျိုး.. နေရာပေး.. ဥပဒေမရှိ စီးပွားရေးတွေ လုပ်ခွင့်ပေးတာမျိုးကြောင့်ပဲ စီးပွားရေးတွေ လက်ဝါးကြီးအုပ်ချင်တာမျိုးကလွဲရင် ဘယ်နိုင်ငံကမှ မြန်မာပြည်ပျက်ကို ဝင်တိုက်ဖို့ သိမ်းဖို့ စိတ်မဝင်စား.. အဲဒီ ခေတ်လည်း မရှိတော့ဟု ယူဆပါသည်.. အမေရိကန်က သူတို့တိုင်းပြည်အတွက် ရော အခြားသော သူတွေအတွက်ပါ အန္တရယ်ရှိလို့ ကုလသမဂ ကိုတောင် လွန်ဆန်ပြီး ဗိုလ် ကြနေတာက တပိုင်း ..)

၇.. ရန်ကုန်မြို့ကြီးဟာ နှစ်ပေါင်း ၁၀၀ ကျော်နည်းပါးလောက်ကတည်းက တည်ခဲ့ရတာဖြစ်လို့ သူ့လောက် ပြည်စုံတဲ့ အခြေအနေတခု ကို ဘယ်လိုနေရာမျိုးမှာမှ တည်ဆောက်လို့မရသေးပါဘူး ( ဆိုလိုတာ က အထက် က ပြောခဲ့တဲ့ အခြေအနေ.. ပထဝီ အခြေအနေ အပါအဝင်)

၈.. အဲဒီကုန်ခဲ့တဲ့ငွေတွေကို ဘာလို့ ရန်ကုန်အတွက် မပံ့ပိုးပဲ.. ဘာမှအဆင့်သင့် မရှိသေးတဲ့ မြို့သစ်ကို မီလျံနဲ့ချီအကုန်ခံ တည်ဆောက် ခဲ့ကြတာပါလဲ..။ ( စစ်တပ် ရဲ့ အကြောင်းပြချက်ကတော့ တမျိုးဖြစ်နေ ပါလိမ့်မယ်.. ရှိပြီးသား ရန်ကုန်မှာတောင် ရေ.. မီး အစုံမပေးနိုင်တာ ဘာလို့များ မြို့သစ် တည်တယ်ဆိုတာ အရပ်သားတိုင်း အံသြခဲ့ပါတယ်.. စစ်တပ်က လက်ချာ နာရတဲ့သူတွေကတော့ သူတို့ပြောတာကို ယုံနိုင်ပါတယ်.. )

၉.. သံယံဇာတ ပေါကြွယ်တဲ့ မြန်မာနိုင်ငံတဲ့လား.. သေသေချာချာ စာရင်းတွေ ကို ပြန်ကြည့်ပါဦး.. ဟိုဘက် ဒီဘက်က ယူကြလို့ မြန်မာပြည်က ပြောင်တလင်း ခါနေပြီ.. ( အတိအကျလည်း ဘာစာရင်း မှ ကောက်လို့ မရနိုင်တဲ့ တိုင်းပြည်ပါ.. တိုင်းပြည်အတွက် နစ်နာသလို ကျွန်မတို့တွေအတွက် တွေးတိုင်း ရင်နာစရာ ဝမ်းနည်းစရာ အချက်ပါပဲ.. )

၁၀.. မြို့တော် အသစ်မှာ နွားလှည်းလမ်းလောက်ပဲ စည်ပင်ခဲ့တာပါ.. စီးပွားရေးအတွက် အချက်အချာဆိုတာ အတော်လေး စဉ်းစားစရာပါ.. အဲဒီအတွက် စီးပွားရေး ပညာရှင် ဘယ်နှစ်ယောက်နဲ့ အစိုးရ တိုင်ပင်ဖူးပါသလဲ.. ( အရာရာကို တပ်အမြင်နဲ့ ကြည့်ခဲ့တယ်..)

၁၁.. ရန်ကုန်မှာ မီးကို ထိန်ထိန်ညီးအောင် မပြောနဲ့ မီးကို စောင့်ပြီး ထမင်းအိုး တည်ရသူတွေ တောင် ငြီးငွေ့နေတာ ကြားနေကြစကားဆိုတော့.. ( မြို့သစ်ကို ဘယ်လိုမျိုးကြောင့်ပြောင်းပြီး ဘာလို့ မီးတွေ ထိန်စေနေ တာလည်း)

၁၂.. စီးပွားရေး ပညာရှင်တွေကလည်း သူ့တို့အတိုင်းအတာ နဲ့ သူတို့ပြောကြပါတယ်.. ( မြန်မာပြည်အတွက် မြို့တော် ပြောင်းလို့ ကောင်း၏.. ထိုက်၏ လို့ပြောတဲ့ စီးပွားရေး ပညာရှင် အဲဒီအချိန်က တခါမှ မှတ်မိသ လောက် မကြားခဲ့)

၁၃.. ပြောချင်တာကတော့ တိုင်းပြည်ငွေကို ဘယ်အစိုးရတက်တက် လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတာနဲ့ အထူးသဖြင့် ပြည်သူက ရွေးချယ်ထားတာ မဟုတ်တဲ့ စစ်အစိုးရက သူတို့ ရေရှည် လုံခြုံရေးအတွက် လုံးဝကို အခုလို မီလျံနဲ့ ချီ သုံးခဲ့တာ မှားမနေဘူးလား.. ( ဒါလည်း ဘယ်သူမှ မပြောရဲလို့.. ပြောမှာမဟုတ်.. ကျွန်မတို့လို အပြင်နေသူတွေ ပြောတော့လည်း အမြင်ကတမျိုး ဖြစ်စေနိုင်ပါတယ်.. )

၁၄.. ဒီမိုကရေစီနည်းနဲ့ ရွေးချယ်ထားတဲ့ အစိုးရကတော့ အနည်းနဲ့အများ ပြည်သူ့စကားကို အလုံးစုံ နားမထောင်တာတောင် နယ်ပယ်တခုချင်းစီမှာ ကျွမ်းကျင်တဲ့ သူတွေရဲ့ စကားကို နားထောင်ပါလိမ့်မယ်.. ဘယ်တော့မှ ငါသိငါတက် မလုပ်ပါဘူး.. သူတို့မှာ အလေ့ကျင့်ကောင်းတွေ ရှိပါတယ်.. စစ်တပ်လိုမျိုး ငါ့တို့ထင်တာအမှန်.. ငါတို့မှာ အန္တရယ်တွေ ရှိနေတယ် ဆိုပြီး စိုးရိမ်စိတ် ကြောင့်ကြစိတ်တွေနဲ့ ဇွတ်လုပ်တာမျိုး မရှိပါဘူး.. ဆိုတော့ အခုလို ခေတ်မီနေတဲ့ အချိန်မှာ အမှားဆိုတာကိုလည်း ဖြစ်တောင့်ဖြစ်ခဲ ဖြစ်အောင် ပြည်သားတိုင်းက ဝိုင်းရပါလိမ့်မယ်..။ မလုပ်တာ ..စိတ်မဝင်စားတော့လည်း တိုင်းပြည်နစ်နာရမှာပါပဲ..။

၁၅.. အိနိယ နိုင်ငံရဲ့ မြို့တော်ဟာ ( ) ဖြစ်ခဲ့တယ် ဆိုပေမဲ့ အခု ဒေလီပါ.. ဘာကြောင့်လဲ.. ရိုးရိုးလေးပါ.. လူတွေအများကြီး စီးပွားရေး လုပ်စားလို့ကောင်းတဲ့ အကွက်အကွင်း ( အားလုံးအတွက်ကောင်း) တယ်.. ကျန်တဲ့ အခြေခံ အဆောက်အဦး ကိစ္စတွေ ရှိပြီးသား.. (ဥပမာ.. မြို့တော်လို့ခေါ်လောက်အောင်ကို နယူးဒေလီ.. အိုးဒေလီ နဲ့ ဂျာတ် တို့က သက်သေပြနေခဲ့တယ်) ။ မြို့တော် သတ်မှတ်ချက်က အဓိက လို့တောင် ပြောစရာမလိုတဲ့ တိုင်းပြည်တပြည်ရဲ့ အခြေအနေတခုပါ..

၁၆.. ရန်ကုန်ကို ဘာလို့ မြို့တော် ဆိုတာကနေ ဒီလောက် ပြောင်းလဲစေချင် နေခဲ့ရသလဲ.. ဘာလို့ ရန်ကုန် ကို မြန်မာပြည် ( ဗမာပြည်) ဆိုတာနဲ့ တွဲပြီးနောင်လာ နောင်သားတွေကို တွဲမသိစေချင်နေတာလည်း.. ဆိုတဲ့ မေးခွန်းများကို သိချင်တယ်ဆိုတာာ ပြောရင်း နားပါမည်..။

အားလုံးကို ခင်မင်တဲ့..

မဗေဒါ
၎.၀၄.၂၀၁၀

5 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ ပို့အသစ် လေးကို လာဖတ်သွားပါတယ်နော်..

ကောင်းတာ ကို ကောင်းမှန်းသိတယ် မကောင်း တာကို မကောင်းမှန်းသိတယ်..

ဒါပေမဲ့ အချက်အလက် နဲ့ ပြောကြကြေးဆိုရင် တော့ ဘာမှ မသိတော့ တဲ့ ရွှေစင်ဦး ဖြစ်ဖြစ် သွားတယ်..

ကြာရင်ကြာမယ် ခက်ရင်ခက်မယ်.. ဒါပေမဲ့ တရားသော ပွဲ ဟာ အနိုင်ရစမြဲပါ..

အားလုံး ဟာ မိမိ တရားတယ် ထင်ရင် မိမိ လိပ်ပြာကို မိမိ လုံရင် ကိုယ်နှစ်သက် တဲ့ ဘက်မှာ ပါဝင်ခွင့်ရှိပါတယ်...

ကိုယ်ထင်မြင် ယူဆတာကို အားလုံး ပြောပြခွင့် ရှိတဲ့ နေရာမှာ နားထောင်သူ တယောက် အဆင့် အတန်း ဘဲရှိတဲ့ ကိုယ့် ကိုယ် ကို ရှက်မိပါတယ်ဗျာ..

ကျေးဇူးတင်ပါတယ်

ခင်တဲ့
ရွှေစင်ဦး

ထိုက်ဦး said...

ဘာမှ့နာမလည်ဘူးအမရယ်မြေဇာပင်လေးပေါ့ကွယ်

Kyaw Htun said...

မင်္ဂလာပါ မဗေဒါ

အခုလို သာမာန် ပြည်သူ တစ်ယောက်ရဲ့ ခံစားချက် ဆန္ဒနဲ့ ပြောခဲ့တာပါ၊ ဘာအစွဲ နဲ့မှ ပြောခဲ့တာ မဟုတ်ပါဘူး ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ မဗေဒါ အမြင်နဲ့ တင်ပြ ထားတာလေးတွေကို ကျွန်တော့် အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး၊ ကျွန်တော့် အမြင်လေးတွေကိုလည်း အရင်ပိုစ့်မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ မဗေဒါ အမြင်နဲ့ တူတဲ့ တချို့အချက် ကလေးတွေကိုလည်း သတိပြုမိမှာပါ၊ ဥပမာ - နံပါတ် ၁၁၊ မီးကိစ္စ။

အဓိက ကတော့ဗျာ ဒီမြို့တော် ရွှေ့လိုက်ရတဲ့ အချိန်တုန်းက ငါတို့ ဆန္ဒမပါဘူး၊ သူတို့ သဘောနဲ့ သူတို့ ရွှေ့တာ ဖြစ်တယ်၊ ငါတို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အခါ မြို့တော် ပြန်ရွှေ့ပစ်မယ် ဆိုတဲ့ အစွဲမျိုးနဲ့ ပြောခဲ့တာမျိုး ဖြစ်မှာ စိုးလို့ ကျွန်တော် ဝင်ဆွေးနွေး ဖြစ်တာပါ။

ကျန်တာတွေ ကတော့ ကိုယ့်အမြင်နဲ့ ကိုယ်မို့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော်လည်း တော်တော်များများ ဆွေးနွေးပြီးပြီ ဆိုတော့ အထွေအထူး ထပ်ပြော စရာ မရှိပါဘူး။

အခုလို့ ပို့စ်တစ်ခု တင်ပြီး ပြန်ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ခင်မင်လျက်

ကျော်ထွန်း၊

little brook said...

မီးကတော့ ခုလည်းပျက်တုန်းပါပဲ ညညရေထထတင်ရတာ ပြဿနာ
တရားသောပွဲကအနိုင်ဆိုတာက သိပ်မသေချာဘူး မရွှေစင်ဦးရေ
သေနတ်ရှိတဲ့ဘက်က နိုင်တာပါ ..

ကိုကိုးအိမ်(မန္တလေး) said...

မဗေဒါရေ မဗေဒါတို့ရေးထားတာတွေကိုဖတ်မိမှ ကျွန်တော့်ကိုယ် ကျွန်တော် ကလေးလေးပဲရှိသေးပါလားဆိုတာသိလိုက်ရတာပါ..
ကျွန်တော်မဗေဒါကိုခင်တဲ့ထဲမှာ ပုဂ္ဂိုလ်စွဲမပါပါဘူး... ကြီးတာ ငယ်တာနဲ့လည်းမဆိုင်ပါဘူး.. မဗေဒါရဲ့စာရေးသားနိုင်စွမ်းရည်ကို ချစ်တာပါ....

ခင်လျှက်
ကိုကိုးအိမ်