Monday, May 3, 2010

အိပ်မက်ထဲက ကျောင်းစာများ

ဒီမနက်စောစော အိမ်ကနေ ထွက်ကတည်းက ကိုးလိုးကန့်လန့်ပါ..။ သိတယ်မလား လူတယောက်မှာ တခုခု လိုနေတယ်ဆိုရင် ဖြစ်တက်တဲ့ ခံစားရမှုမျိုးပေါ့..။ အင်း.. ဘယ်လိုမျိုးမှန်းကို မသိပါဘူး..။ ဘာလိုနေသေးလည်း ဆိုပြီး ထပ်ခါထပ်ခါ စဉ်းစားနေမိတာပဲ.. မလိုပါဘူး.. ပါပြီ လိုအပ်တဲ့ ကျောင်းစာအုပ်တွေ.. ထမင်းဗူး.. ရေဗူး.. အိမ်သော့ .. စုံနေပြီ ..အော် ကားလတ်မှတ်လိုနေတာလား.. အပြန်ဆို ကိုယ့်ဘာသာကိုယ် လိုင်းကားစီးရမှာ ဆိုတော့.. အင်း ဒါလည်း အိတ်ထဲ ပါနေပြီပဲ..။ ဟုတ်သေးပါဘူးလေ..။

``ဘာဖြစ်နေတာလည်း မိန်းမ တယ်ဂနာမငြိမ်ဖြစ်နေတယ်.. ``
``အင်း တခုခု ဖြစ်နေလားလို့ ``
``ဘာဖြစ်နေတာလည်း အိမ်သာ တက်ချင်တာလား ``
``အဲလိုမဟုတ်ဘူး.. ယောက်ျားရဲ့ ``

``သက်တို့ကို တယောက်ယောက်က စောင့်ကြည့်နေလားလို့ပါ.. ``
``အောင်မာလေး မိန်းမရဲ့ ``
``ရှင်ကလည်း တိုးတိုး ပြောစမ်းပါ.. သက် ကြားပါတယ်.. လန့်လွန်းလို့ပါတော်..။ ``

ယောက်ျားကလည်း ကျွန်မကို ပြုံးစိစိနဲ့ ကြည့်နေတော့တာပဲ.. အင်း လူဆိုတာ ကိုယ်ခံစားရမှ ကိုယ်သိတာ မလား.. သူက ကိုယ့်လို အိမ်မက်ဆိုးတွေ မမက်ဘူးသေးတော့ သူမသိဘူး .. ရယ် နေမှာပေါ့ ရယ်ပစေ.. ``ဘာဖြစ်နေတာလည်း လူကို ရယ်စရာလား.. .. ``
``ရယ်စရာပေါ့..။``
``သက်ကတော့လေ လုပ်လိုက်ရင် အထူးဆန်းကြီးပဲ.. ``

``သက်ဘာလုပ်လို့တုန်း``

``သက်ပဲ တယောက်ယောက်က စောင့်ကြည့်နေတယ် ထင်တယ်ဆို.. ``
``အင်းဟုတ်တယ်.. တလမ်းလုံး အကွေ့တွေမှာ ဘန်ကားဖြူဖြူတွေ ရပ်ထားတာတွေ့တယ်.. လူတွေကလည်း သက်တို့ဖြတ်သွားတိုင်း သေချာကို ကြည့်နေတာ အဲဒါကြောင့်..။ တော်ကြာ သူတို့က သက်တို့ကို ရန်တွေဘာတွေများ ပြုဖို့စောင့်နေတာလားမသိ.. ``

``အင်းဖြစ်ရမယ်သက်.. သက် မကြည့်ရင် ဘယ်တွေ့မလဲ သက်ကြည့်လို့ သူတို့ကြည့်တာ တွေ့တာပေါ့.. နေပါဦး သက်ကို စောင့်ကြည့်ရအောင် သက်က ဘာမို့လို့တုန်း .. ``
``ဘာမှမဟုတ်ဘူး.. ဒါပေမယ့် ညက အိပ်မက်တွေမကောင်းလို့.. ``

``လုပ်ပြန်ပြီ .. ဆိုစမ်းပါဦး.. ``
`` ပြောရင် ယောက်ျား မရယ်နဲ့နော်..
`` မရယ်ပါဘူး . ``

``သက်အိပ်မက်တွေ အမြဲနားထောင်နေကြပဲ.. သက်ကို ပြေတီဦးတော့ လာမတွေ့လောက်ပါဘူး.နော်.. ``
``တွေ့လား မပြောချင်တော့ဘူး အဲဒါကြောင့်ပေါ့..။``
``မဟုတ်ဘူး.. သက်အိပ်မက်တွေက အမြဲထူးဆန်းတက်တယ်မလား.. သမ္မတ အိုဘားမားက လာတွေ့ရတာ..နဲ့.. သမ္မတ ပူတင်က သိုင်း သင်ပေးရတာနဲ့.. လေးဖြူက အိမ်အလည်လာတာ.. ပြေတီဦးက သက်ကို ဖုန်းဆက်ပြီး ထမင်းစားဖိတ်တာ.. မျိုးတွေ သက်မက်တယ်လို့ပါ.. သက်ပဲ ထူးဆန်းတာတွေ မက်တက်တော့ အခုလည်း ထူးမှာပဲ ထင်လို့ပါသက်ရဲ့..။ ``

အခုကတော့ ထူးတယ်.. အိမ်မက်ထဲမှာ လူမျက်နှာနဲ့ ဦးနှောက်က ခွေးဦးနှောက်နဲ့ လူတွေဖြစ်နေတယ်.. အမွေးတွေလည်း အများကြီးပဲ..အရှည်ကြီး.. ရွံစရာကြီး.. နောက် သူတို့မှာ သေနတ်တွေ ဗုံးတွေ ပါတယ်..ခါးမှာလည်း ကွန်ပြူတာ သေးသေးလေးတွေ ချိတ်ထားတယ်.. လိုရင် စာတွေ အများကြီးရေးမယ် လို့ပြောတာပဲ.. သက်ကိုလည်း ပစ်မယ်ပဲလုပ်နေတာ အဲဒါ ဘေးက သူတို့ မျိုးတူ အချင်းချင်းပဲ.. ခွေးလို ဝိုင်းဟောင် ပေးလိုက် သက်နားမလည်တဲ့ ဘာသာတမျိုးနဲ့ ဝိုင်းဖြေရှင်းလိုက်နဲ့ ရပ်သွားတယ်.. ဒါပေမယ့်လည်း အဲဒီခွေးလူသားတွေပဲ သက်.. မြင်ယောင်နေတယ် ..။

ပြောမဲ့သာ ပြောရသော်လည်း ယောက်ျားက ကျွန်မကို မယုံဘူး ဆိုတာ အသိသာကြီး. ရယ်မယ်ဆိုတာ ကျွန်မသိပေမဲ့လည်း သူမေး၍ ပြောမိခြင်းသာ. နို့မိုဆိုရင်လည်း ကျွန်မ အိပ်မပျော် စားမဝင် ဖြစ်မှာ အသေအချာပဲ.. အိပ်မက်ထဲမှာ လူလည်း မဟုတ် ခွေးလည်းမဟုတ်တဲ့ သတ္တဝါတွေ လာပြီး ဝိုင်းဟောင် နေတာ တအားကြောက်ပြီး တညလုံး အိပ်မရဖြစ်ခဲ့ရတာ.. ယောက်ျားကိုလည်း မနိုးရက်တာနဲ့ ကျောင်းစာတွေပဲ ပြီးအောင် ထိုင်လုပ်လိုက်ရတာ ဟိုးမိုးစင်စင်လင်းတဲ့ အထိပါပဲ .. စာ လုပ်ရင်းလည်း အဲဒီအကောင်တွေ ပြတင်းပေါက်ကများ ဝင်လာမလားလို့ ထင်နေခဲ့မိသေး.. အိပ်မက်ဆိုတာ သိပေမဲ့ မသိစိတ်ကတော့ ဘာဖြစ်လို့မှန်းကို မသိ ကြောက်နေတာ ..။ အခုလည်း သူက ကျွန်မကို ရယ်သွေးသမ်းနေတာပဲ..။

``မပူနဲ့မိန်းမ ကိုယ့်မှာ သေနတ် ရှိတယ် ကိုယ်ပြန်ပစ်မယ်.. ဒီလို.. ဟဲ ဟဲ.. ``

``ယောက်ျား မနောက်နဲ့ တကယ်ကြည့်နေတာ သက်..သိတယ်.. ``
`` အေးကိုယ့် တို့ကို ရန်မူရင် ကိုယ်ပစ်ထည့်လိုက်မယ် ကွာ .. ``

ခက်တော့ခက်နေပါပြီ ဒီယောက်ျားတော့.. မရှိတဲ့ သေနတ် ကို စကားထဲ ထည့်ပြောနေတယ်.. သူက သက်ကို အချိန်တိုင်း နောက်ပြောင်မယ်.. အားငယ်နေရင်.. အားပေးမယ် ဖြောင်းဖြမယ်.. ဆိုတာ သက်သိပေမဲ့ ဒီတခါတော့.. သက် ကြောက်နေမိတာအမှန်..။

``ကဲ ကျောင်းရောက်ပြီ သက်.. ဘိုင်.. ဘိုင် ပါ.. ``

``ဘိုင် ပါ ယောက်ျား.. ဒီနေ့ လိုင်းကား မစီးတော့ဘူး လာသာကြိုတော့.. ``

စိတ်ကတောင်တွေး မြောက်တွေး ဖြစ်နေဆဲ.. မနဲပဲ အားယူပြီး ကျောင်းဝင်းထဲ လှမ်းခဲ့ရတယ်. .ကျောင်းဝင်းထဲတော့လည်း လူဆိုးတွေ မရှိလောက်ဘူးပေါ့.. အင်း ပြောလို့တော့ မရဘူး.. လူဆိုးဆိုတာက အုပ်နဲ့သင်းနဲ့ တော်ကြာလာစောင့်နေရင် ဒုက္ခ.. အိပ်ချင်စိတ်ကလည်း မပြေမပြယ် ဖြစ်နေဆဲ.. ကျောင်းခန်းထဲ ရောက်သော်လည်း ကျွန်မစိတ်တွေ ဝိုးတဝါးနဲ့ မတည်မငြိမ်ဖြစ်နေဆဲ… ။.. သူငယ်ချင်းတွေလည်း မရောက် သေး .. အင်း.. ငါလာတာ စောနေသေးလို့ဖြစ်မှာပဲ..။

``မိသက်.. ``
``အမယ်လေး ဟဲ့``
``ဘာဖြစ်သွားတာလဲ.. ``
``အိမ်မက်ပေါ့.. ``
`` ဘာလဲအိမ်မက်``
``လူမျက်နှာနဲ့ ခွေးတွေ အကြောင်းမက်လို့.. ``

``အင်းဖြစ်ရမယ် မယ်သက်.. ``
``ဟုတ်တယ် ယောက်ျားကလည်း ငါ့ကိုရယ်နေတယ်.. .. ``
.. ``အိပ်မက်များဟယ် စကားထဲ ထည့်ပြောနေတယ်..ငါတို့စိတ်ဝင်စားတာ အိပ်မက်မဟုတ်ပါ.. ``
ကျောင်းစာတွေ ပြီးခဲ့ပလား..
``အေး ပြီးခဲ့ပြီဟ.. ``
````တညလုံး အိပ်မက်ကြောင့် ငါပြန်အိပ်မရတော့တာနဲ့ အပြီး ..ငါ လုပ်ပလိုက်တာ .. မနက်ဖြန်နားရုံပဲ ရှိတယ်. ``
.. `` ဒါဆို ငါတို့ နင့်ဆီကပဲ ကူးတော့မယ်ဟာ လုပ်ရမှာ ပျင်းတယ်ဟာ.. နဲနဲ ဖောက်စားလိုက်မယ်.. ``
``ရတယ်.. ကူး..သဘောရှိ..။ ``

``ဟဲ.. မယ်သက် ..နင် ဘာတွေ ရေးထားတာလဲ.. ``

``ဆရာမ မနေ့က ပေးထားတဲ့ ဘတ်တီးရီးယား ပိုးနဲ့ ဗိုင်းရပ်စပိုး ကွဲပြားပုံကို ရှာဖွေဖတ်ပြီး ပုံနဲ့ပါ ဖော်ပြထားတာလေ.. နောက် မတူတဲ့ ဗိုင်းရပ်စ ပိုးတွေအကြောင်းပေါ့.. ``

``ဟဲ့ နင်ရေးထားတာ အဲဒီအကြောင်တွေ မဟုတ်ဘူး.. လူမျက်နှာနဲ့ ခွေး ဦးနှောက်အကြောင်းတွေ.. ``

``ဟင်… ။ ``


မဗေဒါ

၃.၀၄.၂၀၁၀

4 ဦး၏ဆွေးနွေးချက်:

လင်းဦး(စိတ်ပညာ) said...

အင်း.. **....လူမျက်နှာ ခွေးဦးနှောက်....**

ပေါ့ဆိမ့် said...

အမရေ... နောက် ... နောက်မှာ ဟိုအကောင်ကြီး ...

Unknown said...

အစ်မရေ... ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားတာသဘောကျတယ် ...
လူမျက်နှာနဲ့ ခွေးဦးနှောက် ဆိုတဲ့စာသားလေးတစ်ကြောင်းကို ပေါ်လွင်အောင် ရေးဖွဲ့ထားတာ ကောင်းတယ်
ခင်မင်လေးစားလျှက်
နှင်းဟေမာ

ကိုကိုးအိမ်(မန္တလေး) said...

အဟဲ.. မဗေဒါတို့ကတော့ လုပ်ချလိုက်ပြန်ပြီ
ဘာလိုလို ညာလိုလို ဒါပေမယ့်ကျွန်တော်က လူမျက်နှာခွေးဦးနှောက်ကို ကြောက်တယ် သရဲလည်းကြောက်တယ် အဟီး ညဆိုအဖော်နဲ့မှ အိပ်ရဲတာ

ခင်လျှက်
ကိုကိုးအိမ်