မီးထွန်းတာဆိုရင် အိမ်တွေမှာ မီဂါဝပ်(၆ဝ) (၄၀) ထွန်းတဲ့လူတွေက များတယ်၊၊ ဒါပေမဲ့ ဒီအမှောင် ရာသီဆိုရင်တော့ မီးတွေကိုထွန်းလိုက်တာ မြန်မာပြည်ကသီတင်းကျွတ် တန်ဆောင်တိုင်လိုပဲ.. သိပ်လှတယ်၊၊..လူသွားလမ်းတွေမှာ မီးတွေထွန်းတာကလည်း တလနီးပါးလောက် ထွန်းထားတက်ပါတယ်.မီးကိုရောင်စုံ ပုံဖော်ပြီး ရောင်းတာတွေကို ဝယ်ထွန်း တပ်ဆင်ကြပါတယ်၊၊ အိမ်တွေမှာ မီးမှောင်မှောင် ကုတ်ကုတ်နဲ့ နေသူတွေလည်း မနှောမြောအားပဲ မီးတွေကို အိမ်မှာအလှ ဆင်တက်ကြပါတယ်..။ (မြန်မာပြည်မှာက မီးမလာလို့ စိတ်ညစ်ရ.. ဒီမှာက လာလွန်းလို့ နည်းမျိုးစုံနဲ့ ချွေတာရ.. သနားစရာ ကမ္ဘာပေါ်က လူများ)..နော်ဝေးတွေက မီးအမှောင်မှာ နေတဲ့ဓလေ့ ရှိပါ တယ်..။ မီးကို အင်မတန်ချွေတာ သူတွေမို့ တမျိုးလေးစားစရာပင်..။
နှစ်သစ်ကူးဆိုရင် အစိုးရရုံးပိတ်ရက်ဖြစ်တာမို့ ပျော်မဲ့ရွင်မဲ့သူတွေကလည်း မိမိနေထိုင်ရာ အရပ်ကို ပြန်လာကြနဲ့ လူအင်မတန်နဲတဲ့ နော်ဝေးမှာ လူအရူပ်ဆုံးလလို့ ပြောရင်ရနိုင်မယ်ထင်ပါတယ်၊၊ ရထားပေါ်.. ကားပေါ်တွေမှာ ပြည့်နေတက်ပါတယ်..။ ဘယ်လောက်အေးအေး အပြင်မှာလူတွေသွားလာ လုပ်ရှားနေကြတာနဲပေမဲ့ ကုန်တိုက် ထဲနဲ့ တခြားသော ဆုံချက်တွေမှာတော့ ပုံမှန်ထက်များတယ်၊၊ ဒီမှာက ကျွန်မတို့လို ဆွေမရှိ မျိုးမရှိတဲ့သူတွေ အတွက်လည်း ဆုံလို့ရအောင် လုပ်ပေးထားတာမျိုးတွေရှိပါတယ်၊ ခရစ်ယာန်ဘာသာဝင် တွေကို ဆိုလိုခြင်းပါ..။ စရောက်တဲ့နှစ်ကဆိုရင် ခရစ်စမတ်မှာ မြန်မာပြည်မှာ လိုပဲထင်ပြီး လူတွေ သီချင်း လာဆိုမလား လို့ ထင်ခဲ့ တာပေါ့၊ လူတွေမလာတော့ ကောင်းကောင်းလေး မိသားစု လေးယောက် အပြင်မှာထွက်ပြီး လျောက်ကြည့်ပေါ့..။ ဘယ်သူမှလမ်းပေါ်မှာ မရှိဘူး..။ ဒါနဲ့အရူံးတော့မခံ လူတယောက်စ နှစ်ယောက်စ တွေ့တာ နဲ့..စာကြည့်တိုက်ထဲ အတင်းဝင်တိုးတော့တာပဲ..။ ဒါပေမဲ့ ဘာလုပ်ကြတယ်ဆိုတာတော့ မမေးတော့ ဘာလုပ်မှန်းမသိဘူး၊ လူတွေကလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ.. ဟိုတစု သည်တစု စကားဆိုနေကြတာကို တွေ့ပါတယ်..။ အဲတုန်းက သူတို့ဘာလုပ်မှန်း မသိပေမဲ့ နောက်ကြမှ မိသားစုမရှိတဲ့သူတွေ စုဆုံတယ်ဆိုတာ သိရတာပါ၊၊ အမှန်က သူတို့တွေက အဲဒီအချိန်ကျမှ အိမ်ထဲနေပြီး မိသားစု ဆုံရင်ဆုံ မိသားစုမရှိသူကတော့ အခုလို စီစဉ်ထားတဲ့ နေရာမှာ ဆုံကြတာကိုး၊ လမ်းပေါ်ဆိုတာ ရှင်းလင်းနေတော့တာပဲ..။
အေးတဲ့နိုင်ငံဆိုပေမဲ့ စောစောကပြောသလိုပဲ ရာသီဥတု အပြောင်းအလဲတွေကြောင့် နှင်းက (၂၀၀၆)မှာ သိပ်မကျဘူး၊၊ ကျလာတော့လည်း လူတွေကရှီး ( SKI) ..အချောင်းရှည်တံလေးပေါ်မှာ တုတ်လေးနှစ်ချောင်း ကိုင်ပြီး အောက်ခံထုတ် အကွက်ပေါ်မှာ ခြေနှစ်ချောင်းချ စီးရတဲ့အရာ .. အင်္ဂလိပ်လိုလည်း စာလုံးပေါင်းက အတူတူပါပဲ.. အသံထွက်တော့ ကွာပါတယ်.. )ကိုစီးကျတယ်..။ တချို့ကလေးတွေကျတော့ ( akebrett အင်္ဂလိပ်လို toboggan)လို့ ခေါ်တဲ့ ရေခဲပြင်ပေါ် ဖင်ထိုင်ခုံလို ဟာမျိုးပေါ်မှာထိုင်ပြီး ကုန်းစောင်းလေး တွေပေါ်ကနေ စီးကြပြန်တယ်၊၊ ကျောင်းနဲ့ အိမ်ပတ်ဝန်းကျင် မြေနေရာ အလွတ်မှာပေါ့၊၊ တချို့နေရာတွေမှာတော့ သီးသန့်စီးလို့ရတဲ့ နေရာတွေရှိတယ်..။ ကျောင်းပိတ်ရင် မိဘတွေက ကလေးတွေကို သီးသန့်သွားပို့ ပေးတာမျိုး လုပ်လေ့ရှိပါတယ်..။ ကလေးငယ်ငယ်တွေကတော့ ရေခဲ.. နှင်းတွေကို လူကြီးတွေ လစ်ရင်လစ်သလို ကောက်စားတယ်.. အမှန်က အင်မတန်မှ ရွံဖို့ကောင်းပါတယ်.. ဒီမှာက ခွေးတွေမွေးတော့ လမ်းဘေးမှာ ခွေးသေးပန်းထားတာတွေ.. အီးအီးတွေ ဒါမှမဟုတ် တံတွေးထွေးထားတာတွေ ရှိတော့ အင်မတန်မှ ညစ်ပတ်ပါတယ်.. ကလေးဆိုတော့ မသိရင် ကောက်စားနေတာပါပဲ .. ပြီးရင်ရေခဲတွေနဲ့ ပုံတွေဖော်ကြတယ်၊ ကလေးတွေ အတွက် နောက်တခုကတော့ (SNOWMAN) လို့ခေါ်တဲ့ ရေခဲလူသား ကို ဆောက်ကြတယ်၊၊ ကျောင်းတွေမှာဆိုရင်တော့ ကလေးတွေနဲ့ ဆရာတွေက ဝိုင်းဆောက်ကြတယ်၊၊( အိမ်မှာတော့ မိဘပေါ့..) ကျောင်းတွေမှာက နှင်းတွေကို ဘောလုံးလုပ်ပြီး ဆော့လို့ ရပေမဲ့ ပစ်ပေါက်လို့မရဘူး၊၊ ရေခဲနဲ့ ပစ်ပေါက် ချင်ရင်တော့ ပျဉ်ပြားပေါ်မှာ ဆွဲထားတဲ့ ရုပ်ပုံတွေကိုပစ်ပေါက်ပြီး ကစားနိုင်ပါတယ်၊ အဲဒီအတွက်လည်း ပစ်ဆော့လို့ရအောင် နေရာသီးသန့် လုပ်ပေးထားတာ များပါတယ်။ ကျောင်းတွေမှာ စည်းကမ်းကို ထုတ်ထား တာရှိတယ်၊၊ ရေခဲနဲ့ပစ်တဲ့ကလေးကို ဆရာက တင်းတင်းကြပ်ကြပ် ဆုံးမသလို မိဘတွေဆီကို သုံးခါမြောက်ရင် တိုင်စာအထိပို့ပါတယ်၊၊ မိဘကလာတွေ့ ရပါတယ်၊၊ ပစ်ပေါက်လို့မရတဲ့ အကြောင်းကတော့ နှင်းတွေ ကြီးပဲလို့ ထင်ရပေမဲ့ အထဲမှာက ကျောက်ခဲလို အစအနတွေ နှင်း ..ရေခဲထဲမှာ ရှိတက်ပါတယ်.. နောက်ပြီး ရေခဲအမာကလည်း အန္တရယ် ရှိတက်ပါတယ်၊၊ (ကျောက်ခဲတွေက ရေခဲတွေအေးခဲပြီး လမ်းချော်နေတဲ့အခါမှာ ခင်းထားတက်ပါတယ် ဒါကြောင့်ရေခဲတွေကြားထဲမှာ ကျောက်ခဲစကို မမြင်နိုင်ပါဘူး၊၊ ကျောက်ကလေးတွေကို ပြန်ပြီး ကျုံးသွားပေမဲ့ အစအန လေးတွေက အစဉ်ရှိတက်ပါတယ်..။ ) မတော်တဆပေါက်ရင်း မျက်စိကိုထိရင် မျက်စိပျက်စီး သွားနိုင်တာကြောင့် လုံးဝ ပစ်ခွင့်မရှိတာပါ၊၊ ( ၂ဝဝ၅ မှာ မြန်မာပြည်သား ကလေးတယောက် ကျောင်းမှာ ဆော့ရင်း မျက်စိခိုက်မိသွားလို့ လျှော်ကြေးရခဲ့ပါတယ်၊၊ ကလေးလည်း မျက်စိတဘက် ပျက်ဆီးခဲ့ ပါတယ်..။)တခြားအကြောင်းကတော့လည်း ကျောက်ခဲလေးတွေ ရေခဲထဲမှာ ရှိနေတော့ ခနာကိုယ်ကိုထိရင် နာသွားမှာစိုးလို့ပါ၊၊ ဒါကြောင့် ကလေးတွေအတွက် သိပ်အန္တရယ် ရှိတာကြောင့် ကျောင်းတွေမှာ စည်းကမ်း တွေကို ထုတ်ကိုထုတ်ထား ရပါတယ်ရှင်...။
ဆက်ပါဦးမည်..။
မဗေဒါ
၃၀.၀၄.၂၀၁၀

5 ဦး၏ဆွေးနွေးချက်:
နှင်းတွေက အဝေးကြည့်သာလှတာ အတူနေဆိုရင်တော့ အတော် ဒုက္ခများဆိုပဲ....ဗဟုသုတရပါတယ် ညီမ ဗေဒါရေ....:)
မဗေဒါရေ
ဆက်ပြောရင် နော်ဝေးကိုလာမိတော့မယ် ...အဟင်းဟင်း
နှင်းဆို သေမလောက်ချစ်တာ
ကိုကိုးအိမ်
နှင်းတောထဲမှာ လမ်းလျှောက်ရရင် တော်တော်ပျော်ဖို့ ကောင်းမှာပဲ။ဒီမှာကတော့အရမ်းပူတယ် အစ်မရေ.......
sindecafe.com
အစ်မရေ
အစ်မပြောပြတဲ့ ဗဟုတုလေးတွေကို ဖတ်ရလို့ ကျေနပ်ဝမ်းသာမိပါတယ်ဗျာ
ကိုယ်တိုင် မရောက်ဘူးပေမဲ့ တစ်ကယ်ရောက်နေတယ်လို့တောင် ထင်မှတ်ရပါတယ်....အစ်မရာ အခုလို အစ်မကိုယ်တိုင် သိကျွမ်းရင်းနှီးတဲ့ နယ်ပယ်အရပ်ဒေသက အကြောင်းတွေရေးတော့ စာဖတ်ပရိတ်သတ်တွေအများကြီး ဗဟုတုရတာပေါ့ ...အတွေ့အကြုံတွေ ရှယ်ပေးလို့ ကျေးဇူးတင်ပါတယ်
အခုလို့ မိမိကျွမ်းကျင်သော ပတ်ဝန်ကျင်နယ်ပယ်က အကြောင်းအရာများကို ရေးသားရင်း အစ်မရဲ့ လိုဆင်ဆန္ဒများ ထာဝရပြည့်စုံပါစေ(အေးချမ်းသာယာတဲ့ နှင်းတောထဲကနော်ဝေမှာ နေထိုင်တဲ့ အစ်မရဲ့ မိသားစုဘ၀လေးအေးချမ်းပါစေ...) ဆုတောင်းပေးလျက် ...အစ်မဗေဒါရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး.....။
နော်ဝေဧည့်သည်
နှင်းတွေလား၊တွေ့စတော့၊ပျော်စရာကောင်းသလိုပဲ။ကြာတော့တော်တော် မုန်းလာတာ။တယောက်တည်းသမားဆိုသေတောင်သေချင်လာတယ်။ပျော်စရာကောင်း တယ်မထင်ကြပါနဲ့။ပုံတွေထဲမှာ၊စာတွေထဲမှာပဲပျော်စရာကောင်းပါတယ်။
ဆက်ရေးပါမဗေဒါရေ့၊ကောင်းတာရောမကောင်းတာရောပေါ့။
Post a Comment