ကျွန်မတို့ မိသားစုတွေ နော်ဝေး နိုင်ငံကို အောက်တိုဘာလလယ်မှာ ရောက်ရှိ ခဲ့ပါတယ်၊၊ ခုနှစ်ကတော့ ၂ဝဝ၄ ခုနှစ်ပါ၊၊ ရာသီကတော့ နော်ဝေး လိုဆိုပါက ( høst ) ပါ..အင်္ဂလိပ်လိုဆိုရင်တော့ (autumn) အမေရိကန် အင်္ဂလိပ်လို ဆိုရင်တော့ (fall) ပါ၊၊ မြန်မာလို ပြောရရင် ဆောင်းဦး ရာသီ ဖြစ်မယ် ထင်ပါတယ်၊၊ အဲဒီ နှစ်ကတော့ ရာသီဥတုက သိပ်အအေး မကဲတာကြောင့် နေလို့ထိုင်လို့ ကောင်းပါတယ်၊၊ ဒါပေမဲ့လည်း အရမ်းပူတဲ့ နိုင်ငံကနေပြီး အေးတဲ့ နေရာကို ရုတ်ချည်း ရောက်ခဲ့တာကြောင့် “အေးတယ်”လို့တော့ ပြောရင် ရနိုင်ပါတယ်။
ဒီရာသီက ဆောင်းကို ဝင်ကာနီး ဖြစ်တာကြောင့် အေးတဲ့ အခိုးအငွေ့ စတင်နေပါပြီ၊၊ နေရောင်ကို သိပ်မမြင်ရတော့ပါဘူး၊၊ မြင်တဲ့ နေတွေ ရှိသလို မမြင်ရတဲ့ နေတွေ စတင်နေပါပြီ၊၊ မမြင်ရတဲ့ နေ့တွေ ကြတော့ နေ့လည် (၃) နာရီ လောက်မှာ မှောင်နေပါပြီ၊၊ အမှောင်ထုက ကြီးစိုးလာတာကြောင့် ကားလမ်း ကူးတဲ့အခါ အမှန်တန် သတိထား ရပါတယ်၊၊ ကားကူးဖို့ မျဉ်းကြားပဲ ဆိုပြီး ကူးချင်တိုင်း ကူးလို့ မရပါဘူး၊၊ ကားကူးတဲ့အခါမှာ (refleks) လို့ခေါ်တဲ့ (ရောင်ပြန် အပြားလေး)ကို ခန္ခာကိုယ်ရဲ့ တနေရာရာမှာ ကပ်ထားမှကားက ကိုယ့်ကို မြင်ရပါတယ်၊၊ လူအများဆုံး တက်လေ့ တက်ထ ရှိတာကတော့ ခြေထောက်.. လက် ဒါမှ မဟုတ်လည်း ဂျာကတ် အပေါ်မှာ ဆွဲချိတ်ထားတက် ကြပါတယ်..။..မတက်ပဲ နေမယ်ဆိုရင် ကားတိုက်တာ ခံရနိုင်ပါတယ်။
ဒါကြောင့် အဲဒီအပြားလေးတွေ ကပ်ထားဖို့ကို အစော ကတည်းက ကားတွေပေါ်မှာ သတိပေး စာတွေ ကြိုတင် ကပ်ထား ပါတယ်၊၊ လူတိုင်းက အသုံးပြုသလား ဆိုပြန်တော့လည်း မပြုကြပါဘူး၊၊ ဒါကြောင့် ကားက လူကို တိုက်တာတွေလည်း မကြာခဏ ဆိုသလို ဖြစ်တက်ပါတယ်။ ကားမောင်း လာတဲ့သူက အမှောင်ထဲက လမ်းကူးလာသူကို ခပ်မှုန်မှုန်ဝါးဝါးသာ မြင်ရပါတယ်..။ ဒါကြောင့် ကားတိုက်နိုင်သလို လမ်းမီးတွေရဲ့ မီးအားကလည်း သိပ်နဲတာမို ကားချင်း တိုက်တာ တွေလည်း မကြာ ခဏဆိုသလို ရှိတက်ပါတယ်၊၊
ဆောင်းရာသီ အကြောင်းပြောရင် ထူးခြားတာတွေ အများကြီး ရှိပါတယ်၊ ကျမတို့ မြန်မာပြည်မှာလိုပဲ တနှစ်နဲ့ တနှစ် မတူပါဘူး၊ အေးတဲ့ အခါ အေးသလို အပူချိန် မြင့်တာမျိုး တွေလည်း ရှိတက်ပါတယ်..။ ပိုဆိုးတာက အပူရှိန် တွေတက်လာတဲ့ ကမ္ဘာကြီးပူနွေးလာမှုမှာ မြောက် ဝန်ရိုးစွန်းတန်းက နော်ဝေး နိုင်ငံကိုလည်း လာရောက် ထိခိုက်ပါတယ်၊၊ အခုကျမစာရေးတဲ့နှစ် (၂ဝဝ၆) မှာ ဆိုရင် ဇန္ဒဝါရီလ ထဲမှာကို နှင်းက သိပ် မကျသေးဘူး ဖြစ်နေတာကြောင့် နော်ဝေး ဂျင်တွေ အင်မတန်မှ မပျော်နိုင် ဖြစ်နေကြပါတယ်၊၊ (ဒီနှစ် ကြပြန် တော့လည်း နှင်းတွေ မနေ့ကထိ ကျခဲ့လို့ နော်ဝေး ဂျင်တွေတောင် စိတ်တို နေပါတယ်..။) သူတို့ တွေက မပျော်နိုင် ပေမဲ့ ကျမတို့လို နိုင်ငံခြားသား (ရောက်ကာစ)တွေ ကျတော့ နှင်းမကျတာ ကောင်းတယ် ကြိုက်တယ်လို့ ဆိုပြီး ပြောင်းပြန် ပြောကျပါတယ်၊၊ အကြောင်း ကတော့ အများစုက ပူတဲ့ နိုင်ငံက လာကြတာမို့ရော အဲလောက် ကျတက်တဲ့ နှင်းတွေကို မကြိုက်လို့ဖြစ်ပါတယ်၊၊ ချွင်းချက် အနေနဲ့ကတော့ ဒိန်းမတ်၊ ဆွီဒင် နိုင်ငံသား တွေတော့ မပါဘူးပေါ့၊၊ ဒီမှာက နှင်းကျမှ ပျော်ရတဲ့ အကြောင်းရင်းတွေရှိပါတယ်၊ သူတို့ ကလည်း ခရစ်ယာန် နိုင်ငံ ဖြစ်တာမို့ ခရစ်စမတ်ကို အကြီးအကျယ် အလေးထားပြီး ဆင်နွဲကြပါတယ်၊၊ ခရစ်စမတ် ဆိုတာနဲ့ နှင်းဖြူဖြူ ဖွေးဖွေးလေးတွေ ကျနေမှ ကြည့်ကောင်းတာ ဆိုတော့ နှင်းအကျကို မျှော်ကြာတာ ထုံးစံ တခုပဲပေါ့၊၊ နှင်းကျရင်တော့လည်း သိပ်လှ သလို ဒါမှလည်း ခရစ်စမတ် ရယ်လို့ ခေါ်ဆိုနိုင်မယ်လို့ ယူဆရပါတယ်၊၊ သစ်ရွက် မရှိတဲ့ သစ်ကိုင်းတွေပေါ် နှင်းတွေ တင်နေတာက သိပ်လှတာပါပဲ၊ အရုပ် ကလေးတွေလား လို့တောင် ထင်ရတဲ့ အထိပါပဲ၊၊ လမ်းမတွေ လမ်းကြားတွေ ပေါ်မှာလည်း ပတ်ဝန်းကျင် တခုလုံးကလည်း ဖွေးဖြူ နေတာမို့ နှင်းပြင်ကြီးထဲ အိမ်တွေ ဆောက်ထားလားလို့ ထင်ရပါတယ်၊၊ အိမ်တွေကလည်း တိုက်အိမ်တွေ ဖြစ်တာမို့ ဆောင်းတွင်း ဆိုရင် လူသူ ကလည်း အပြင်မှာ ပုံမှန်တွေ့ နေကြလောက် မရှိတာမို့ တိတ်ဆိတ်မှု ကလည်း လူတွေ ကို အထီးကျန်စေပါတယ်။
ခရစ်စမတ် မရောက်ခင် အနည်းဆုံး (၁)လလောက် ကတည်းက ကြိုတင်ပြီးတော့ သက်ဆိုင်တဲ့ ပစ္စည်း တွေက ရောင်းကြချကြပါတယ်၊၊ အဲလို ဝယ်ဖို့ အတွက်ကိုလည်း တနင်္ဂနွေ နေ့တိုင်း ပိတ်တဲ့ ကုန်တိုက်တွေတောင် နေ့တဝက် ( ၄) နာရီလောက် ဖွင့်ထား ပေးထား ပါတယ်၊၊ ဝယ်ကြပေါ့၊၊ လူတွေကလည်း အလကား ပေးသလား ထင်ရတယ်၊ ဝယ်လိုက်ကြတာ အလုအယက် ပါပဲ၊၊ အဲဒီအတွက်ပဲ ဒီကလူမျိုးတွေ ပိုက်ဆံ စုထားတယ် ထင်တာပဲ၊၊ လက်ဆောင်ဆိုလည်း အပြန်အလှန်ပေးကြတယ်၊၊ ရင်းနှီးရာရင်းနှင်းသူတွေကို လက်ဆောင်ပေးတဲ့ ထုံးစံ ရှိပါတယ်၊၊ လက်ဆောင် ဆိုလို့ လက်ဆောင် ရောင်းတဲ့ ဆိုင်တွေမှာ (ပစ္စည်း) တွေကို သတိထား ရပါတယ်၊၊ အကြောင်း ကတော့ အလစ်သုတ် သမားတွေ အင်မတန် များလို့ပါ၊၊ သတင်းစာထဲက အဆို အရတော့ တနှစ်ကို အခိုးခံရတဲ့ ပစ္စည်း တန်ဖိုးပေါင်း သန်း(၆ဝ) ကျော်တယ်လို့ မှတ်သားဖူးပါတယ်၊၊ အံသြစရာပါ၊၊ ဒါကြောင့် လုံခြုံရေးတွေ ကုန်တိုက်တွေမှာ ခရစ်စမတ် ကာလမှာ ပုံမှန်ထက် ပိုချထားတတ် ပါတယ်၊၊
ဆက်ပါဦးမည်..
ဒါကြောင့် အဲဒီအပြားလေးတွေ ကပ်ထားဖို့ကို အစော ကတည်းက ကားတွေပေါ်မှာ သတိပေး စာတွေ ကြိုတင် ကပ်ထား ပါတယ်၊၊ လူတိုင်းက အသုံးပြုသလား ဆိုပြန်တော့လည်း မပြုကြပါဘူး၊၊ ဒါကြောင့် ကားက လူကို တိုက်တာတွေလည်း မကြာခဏ ဆိုသလို ဖြစ်တက်ပါတယ်။ ကားမောင်း လာတဲ့သူက အမှောင်ထဲက လမ်းကူးလာသူကို ခပ်မှုန်မှုန်ဝါးဝါးသာ မြင်ရပါတယ်..။ ဒါကြောင့် ကားတိုက်နိုင်သလို လမ်းမီးတွေရဲ့ မီးအားကလည်း သိပ်နဲတာမို ကားချင်း တိုက်တာ တွေလည်း မကြာ ခဏဆိုသလို ရှိတက်ပါတယ်၊၊
ဆက်ပါဦးမည်..
4 ဦး၏ဆွေးနွေးချက်:
မဗေဒါရေး.......... ပုံလေးတွေကလှလိုက်တာဗျာ
ကြည့်ရင်းနဲ့တောင် အဲလိုနေရာမျိုးသွားနေချင်ပီ
နော်ဝေးကို လည်လည်လာမယ် ခေါ်မလား...အဟီး
ခင်တဲ့
ကိုကိုးအိမ်
အမယ်လေး ကိုကိုးအိမ်ရယ် ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝပါ.. ဘလော့ကို ကူတဲ့ အသိတယောက်က ပုံလှလှလေးကို ရှာထဲ့ထားတာဘာာာာာာာာာာာ.. အားကျမခံ..
မသိသေးလို့ ဖြစ်မှာပါ..
မလာချင်ပါနဲ့နော် ရှေ့မှာစောင့်ဖတ်လိုက်ပါအုံးနော်..။ ဟီး ..ငိုချင်လာပြီ..
ပြန်ချင်လို့..။
baydarma
ပုံတွေ ကြည့်ရင်းနဲ့ကို ချမ်းလာပြီ.....အမရေ။ ဆက်ရေးပါအုံး။
မမရေ..ပုံလေးတွေ ကြည့်ပြီး အေးမှာပဲနော်..
လှလိုက်တာ..
ဗဟုတုတရတယ်..
Post a Comment