နော်ဝေးနိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လာလုပ်တဲ့ထဲမှာ အာရှသားတွေ ဥရောပ အရှေ့ဘက်က လူတွေ အများကြီးပါ.. သူတို့ကတော့ အလုပ်ကိုသီးသန့် လာလုပ်ကြတာဖြစ်ပါတယ်..။ ကျွန်မတို့ ဒုက္ခသည်များလို အစီအစဉ်မရှိ ရောက်လာတာမျိုး မဟုတ်ပါဘူး..။ သူတို့တွေက အရင်ကတည်းက သိထားတဲ့သူတွေ ကနေတဆင့် ရောက်လာကြတာပါ..။ အခုမျှဝေမဲ့ အကြောင်းလေးကတော့ အော်ဖဲလို့ခေါ်တဲ့ မိသားစု အကူပေးသူ တွေ အကြောင်းပါ..။
နော်ဝေးနိုင်ငံရဲ့ မြို့တော် အော်စလိုမှာ အိမ်မှာ အတူနေပြီး အလုပ်လာလုပ်သူ ( ၂၅၀၀ ) လောက်ရှိပါတယ်..။ သူတို့တွေကတော့ အမျိုးသမီးတွေပါ..။ လာမယ်ဆိုကတည်းက ခုန ပြောသလို အသိတွေကနေတဆင့် ရောက်လာကြတာ ဖြစ်ပါတယ်..။ ဒီရောက်ရင်တော့ အိမ်ရှင်ကနေ ပေးတဲ့ငွေထဲကနေ ပြန်အကြွေးတွေ ဆက်ကြရသလို အရင်အိမ်ရှင်ကို ပြန်လျော်ရမှာမို့ နောက် အိမ်ရှင်ဆီကနေ ချေးငှားရတဲ့ ဇာတ်လမ်းတွေလည်း မနဲမနောပါ..။ နော်ဝေးဂျင်တွေမှာ အခုလို အိမ်ထဲမှာ တခုတ်တရ အိမ်အဖော်အကူ ထားတာမျိုး နဲပါတယ်..။ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်ထဲမှာကိုက တနိုင်ငံလုံးမှာမှ ( ၂၅၀၀) ပဲ ရှိပါတယ်..။ အမှန်ကတော့ အတော်လေး လိုအပ်လို့သာ အဲလို ထားကြတာ ဖြစ်ပါတယ်..။ ဥပမာအားဖြင့် ကလေး များတဲ့မိသားစု မျိုးတွေဆိုရင် မထားပဲနဲ့ နေပေမဲ့ လုံးဝ ဗရုတ်သုတ်ခ အခြေအနေမျိုးတွေ ကြုံရတက်တာကြောင့် ထားကို ထားရပါတယ်..။ နေ့စဉ်ဘဝများမှာ ကလေး (၃) (၄) ယောက်နဲ့ အဆင်မပြေတာ တွေက များပါတယ်.. ဥပမာ ရထားနောက်ကျတာမျိုး..ဖြစ်တဲ့အခါ ကလေးတွေကို ကျောင်းအကြို အပို့ကိစ္စမျိုးတွေ ဆိုရင် သိပ်ပြဿနာဖြစ်ပါတယ်..။ နောက် အိမ်မှာသန့်ရှင်းရေးလုပ်ရတာတွေ ဆိုရင် အိမ်ရှင်မတွေ ဟိုး.. ည သန်းကောင်ယံ အထိ လုပ်နေရတာမျိုးတွေ.. လင်နဲ့မယား လင်မယားကိစ္စ မဆောင်ရွက် နိုင်တာမျိုးတွေ.. ကလေးတွေနဲ့လည်း အချိန်ပေး ကူညီလုပ်ပေးတာ မျိုးတွေက အစပေါ့..။..။ တကယ်တော့ ကလေးအများကြီး ယူမယ်.. အလုပ်လည်း လုပ်ချင်တယ် ဆိုရင်တော့ အခုလို အော်ဖဲ ထားမှဖြစ်မှာပါ..။ ဒါကြောင့် အကူညီကလိုပါတယ်… ထားတာကလည်း သိတဲ့အတိုင်းပါပဲ အနဲနဲ့အများဆိုသလို စိတ်ရူပ်ရတာတွေ ရှိတက်တာကြောင့် တက်နိုင်ရင်တော့ မထားချင်ကြပါဘူး..။ ဒါပေမဲ့လည်း ထားမှဖြစ်မှာမို့ အခုတော်တော်များများ ထားလာကြပါပြီ။
အဓိက အိမ်မှာ ကူပေးမဲ့အဖော် ရှိတဲ့အခါမှာ သူတို့အတွက် အဆင်ပြေသွားတာတွေ အများကြီး ရှိပါတယ်..။ ကလေးတွေ အတွက် လိုအပ်တာတွေ အချိန်ပေး သွားဝယ်တာမျိုး ..ကလေးတွေအတွက် ပိုအချိန်ပေးနိုင်တာမျိုးတွေ.. ကလေးတွေကို အလောသုံးဆယ် မဖြစ်စေပဲ အေးဆေးစွား အချိန်ယူ လုပ်ကိုင်တက်အောင်..သင်ပေးတာ အစရှိတာတွေကို အထောက်အကူ ဖြစ်စေတာပေါ့..။ သေးသေးမွားမွား ကိစ္စလေးတွေမှာလည်း မိဘတွေအတွက် ဝန်လာမပိစေတော့ဘူးပေါ့..။ တခုတော့ ရှိပါတယ်..။ အကယ်၍ အဘိုးအဘွားတွေ အနီးအနားမှာနေရင်တော့လည်း သူတို့အကူအညီ ရတက်ကြပါတယ်..။
အော်ဖဲ လုပ်သူတွေ အများစုကတော့ တလကို ငွေ (၄၀၀၀) ခရိုနာလောက် ရတက်ကြပါတယ်..။ အဲလို အိမ်တွေမှာ နေရင် နော်ဝေးဂျင်တွေကတော့ သူတို့ကို သူတို့စားသလို .. သွားသလို နေထိုင်စေချင်ကြပါတယ်..။ သူတို့အတွက် အလုပ်လာလုပ်ပေးရုံ သက်သက်မဟုတ်ပဲ သူတို့နဲ့ လက်ရေတပြင်တည်း နေထိုင်စား သောက် တာကို ကြိုက်နှစ်သက်ပါတယ်..။ ဒါပေမယ့်လည်း အလိုက်မသိပဲ သူများလင်မယား တီဗီ ကြည့်နေတဲ့ကြားထဲ အတင်းဝင်ထိုင်တဲ့ အပြုအမူကတော့ဖြင့် ရင် အမြင်မတော်တဲ့အပြင် ကိုယ်ကျင့်တရားနဲ့ပါ ဆိုင်သွားတယ်လို့ ယူဆမိပါတယ်..။ အမှန်ကတော့ ဘယ်လိုနေရာမှာ ဘယ်လိုနေထိုင် ပြုမူရမယ်ဆိုတာကို သိထားကြရမှာ ဖြစ်ပါတယ်..။
အရင်တုန်းက အော်ဖဲ အလုပ်ကို ပညာမတက်တဲ့ မိန်းမငယ်လေးတွေ လာလုပ်ကြတာပါ..။ အခုကြတော့ ကောင်မလေး အများစု အသက် ( ၂၅ ) က နေ (၂၇) အရွယ်တွေ လုပ်ကြတာများပါတယ်..။ သူတို့တွေက အာရှ..နဲ့ ဆင်းရဲတဲ့ အရှေ့ ဥရောပ ကလာကြပါတယ်..။ အမှန်ကတော့ တခြားနိုင်ငံတွေမှာလိုပဲ အပြန်အလှန်စကားသင် ယဉ်ကျေးမှုအကြောင်း လေ့လာဖလှယ် တာမျိုးတွေကြောင့် လာသလို ငွေသက်သက် လာရှာသူတွေလည်း မနဲမနောပါ..။ တကယ်တမ်းပြောမယ် ဆိုရင်တော့ အများစုကတော့ ငွေလာရှာကြတာပါ..။ ဒါပေမဲ့ တရားဝင် ခေါင်းစဉ်ကတော့ ယဉ်းကျေးမှု ဖလှယ်ရေး အစီအစဉ် သဘောပါ..။ ဒီမှာက အဲဒီအော်ဖဲ အလုပ်က အလုပ်ရယ်လို့ တရားဝင် သတ်မှတ်ထားတာတော့ မရှိသေးပါဘူး..။ ဒါကြောင့်လည်း ငွေအရ နည်းနေတာပါ..။ တကယ်လို့ တခြားသော အလုပ်တွေလို သတ်မှတ်မယ်ဆိုရင်တော့လည်း ငွေလည်းများ လာမယ်.. ပြဿနာတခုခု တက်လာရင်လည်း တရားဝင် ဖြေရှင်းလို့ရမယ်.. နောက် အိမ်ရှင်ရော အလုပ်သမားပါ သက်ဆိုင်တဲ့ အခွင့်အရေးတွေကို ရမဲ့အပြင် ဒါကလည်း နှစ်ဦးနှစ်ဘက်အတွက် အဆင်ပြေစေတဲ့ အစီအစဉ် ဆိုတာကို အလုပ်သမား အဖွဲ့အစည်းကနေ အကြံပေးထားတာတွေ တော့ရှိပါတယ်.. အခုထိတော့ မဖြစ်သေးပါဘူး..။
လူဝင်မှုကြီးကြပ်ရေးဌာန ကနေ တရားဝင် ပြောထားတာကတော့ အော်ဖဲတွေ အိမ်အလုပ်ကို တနေ့ (၅) နာရီထက် မပိုစေရပါဘူး.. တပတ်လုံးကို နာရီ (၃၀) ထက်မပိုရဘူးလို့ ဆိုထားပါတယ်..။ လက်တွေ့မှာ ဒါကို ဘယ်နှစ်ယောက် သိသလဲဆိုတာတော့ မသိပါဘူး..။
အော်ဖဲ အလုပ်အတွက် တရားဝင် သတ်မှတ်ချက်..
(၁) နော်ဝးမိသားစု (၅၀၀၀) မှာ အောဖဲတွေ အလုပ်လုပ်နေကြပါတယ်.. အလုပ်လုပ်ရတဲ့ အကြောင်းရင်းက အပြန်အလှန် ယဉ်းကျေးမှု ဖလှယ်ရေး အစီအစဉ်သဘော..။
(၂) အော်ဖဲ လူငယ်အများစုကတော့ နော်ဝေးဘာသာစကားနဲ့ အခြားသော နော်ဝေးလူမှုအသိုင်းအဝန်းထဲက သိစရာတွေ ကို ပိုသိအောင်..။
(၃) အော်ဖဲ အလုပ်ကတော့ ကလေးတွေကို ကူဖို့.. အိမ်အလုပ်လုပ်ဖို့နဲ့ တိရစ္ဆာန်လေးတွေ မွေးထားရင် ချီးတည် သေးတည် လည်လည် အပြင်ထွက်ပေးဖို့.. ။
(၄) အိမ်အလုပ်ကို (၅) နာရီထက် မပိုရ.. တပတ်မှာ အများဆုံး နာရီ (၃၀) ထက်မပိုရပါ..။ ပိုက်ဆံပိုမပေးပါပဲ နာရီပိုအလုပ် လုံးဝဥဿုံမလုပ်ရပါ..။
အော်ဖဲဘက်က လိုက်နာရမဲ့ အချက်တွေကတော့..
(၁) အော်ဖဲ အနေနဲ့ နော်ဝေးဘာသာ စကား..နဲ့ တခြား အားလပ်ချိန် မှာ ပါဝင် ပတ်သက် ရတာတွေကို လေ့လာ ခွင့် ရှိမှာဖြစ်ပါတယ်..
(၂) နော်ဝေးဘာသာ စကားသင်ဖို့အတွက် မိသားစုကနေ ငွေ (၆၀၀၀) တနှစ်စရိတ် အကုန်ကျခံပါတယ်..
(၃) ကိုယ့်အလုပ်စာချုပ်ထဲကအတိုင်း အချိန်ပြည့်တဲ့အထိ နေပေးရပါမယ်.. နောက် ကိုယ်ပိုင် အခန်းရှိရပါမယ်..။
(၄) အစားအသောက်တွေ ..နောက် ဝင်ငွေ (၄၀၀၀) လောက်ကိုလည်း အခွန်မ ဖြတ်ခင် ထိ မိသားစုမှာ ပေးနိုင်တဲ့ အနေအထား ရှိနေရပါမယ်..။
(၅) အော်ဖဲ အလုပ်ကိုလာလုပ်မယ် ဆိုပြီး သဘောတူုကတည်းက အခြားနေရာတွေမှာ ဘာအလုပ်မှ လုပ်လို့မရပါဘူး..။
(၆) ကိုယ်သဘောတူထားတဲ့ အောဖဲ အိမ်အလုပ်ကလွဲရင် တခြားနေရာတွေမှာ အလကားပဲဖြစ်ဖြစ် ငွေနဲ့ပဲဖြစ်ဖြစ် လုံးဝ အလုပ်မလုပ်ရပါဘူး..။
( ကိုယ်ဖတ်ရတဲ့ အကြောင်းလေးကို အနှစ်ချုပ်လေး တင်ပြပေးတာပါ..။ နောင်.. နော်ဝေးအကြောင်းမှာ အော်ဖဲ ဘဝ လက်တွေ့အကြောင်းလေးတွေ ထည့်ရေးပေးပါ့မယ်..။ )
နားပါဦးမည်..။
မဗေဒါ ( ၃၀.၀၄.၂၀၁၀)

2 ဦး၏ဆွေးနွေးချက်:
မဗေဒါရေ အော်ဖဲအကြောင်းကိုတော့သိသွားပြီ ကျောင်းတွေအကြောင်းသိချင် ပါသေးရဲ့ဗျာ။ ဗဟုသုတတွေမျှဝေပေးတဲ့မဗေဒါကိုကျေးဇူးတင်ပါ့...။
"ဒီရောက်ရင်တော့ အိမ်ရှင်ကနေ ပေးတဲ့ငွေထဲကနေ ပြန်အကြွေးတွေ ဆက်ကြရသလို အရင်အိမ်ရှင်ကို ပြန်လျော်ရမှာမို့ " ဆိုတာမှာ အိမ်ရှင်ကို အကြွေးဆပ်တာလား အကြွေးတွေထပ်ဆက်တာလားဆိုတာသိချင်ပါတယ်ဗျာ၊
နောက်ပြီး ၁ခရိုနာကို မြန်မာငွေဘယ်လောက်လည်းသိချင်ပါသေး။ အဟဲ သိချင်တာတွေများတွားပီ.. ကျေးချူး အဲနောက်ပီး ချီးငှားတဲ့ ဟဲဟဲ
ခင်တဲ့
ကိုကိုးအိမ်
ဟလိုကိုကိုးအိမ်
ဒီလိုပါ.. ပထမအိမ်ရှင် နဲ့ အကြောင်းကြောင်း ပြဿနာတက်ခဲ့တာတွေဆိုရင် သဘောတူထားတာက နှစ်က မပြည့်သေးဘူးဆိုရင် နောက်အိမ်ပြောင်းတော့ ပြဿနာတက်တာပေါ့.. ဒါကြောင့်ငွေအပေးအလျော်ကိစ္စတွေ ဖြစ်တာပါ.. အဲဒီအတွက် ချေးဌားရပါတယ်..။
ဟုတ်ပါ့ ချေးဌားပါ.. မှားတက်ပါတယ်.. ဟဲဟဲ ဒီနေ့ စာရေးတာ အမှားတွေ များသွားတယ်.. ခွင့်လွတ်ဘာာာ..။ ငွေလဲနှုန်းက အတိအကျတော့ မသိဘူး.. ထင်တာကတော့ (၁၀၀၀) ခရိုနာကို မြန်မာငွေ တ သိန်းခွဲလောက်ရမယ်ထင်တယ်..။ အင်တာနက်မှာရေးထားတာတွေက သိပ်မသေချာဘူး.. သူတို့က အစိုးရပြောတဲ့ ဟာကိုရေးတာ မြန်မာငွေက အတူတူလောက် တန်ဖိုးရှိသလို ဖြစ်နေတက်တယ်..။
မဗေဒါ
Post a Comment