Saturday, June 18, 2011

ကျွန်မတို့ ကံကောင်းဆဲပဲလားးးးးးးးးးး..


မနေ့တနေ့က စီအန်အန်မှာ ပါလာတဲ့ သတင်းတိုလေး.. အရေးမကြီးတကြီးပေါ့..။ ထိပ်ဆုံးသတင်းတော့ မဟုတ်ဘူးပေါ့..ဘာပဲပြောပြော သိရတော့လည်း မျှဝေချင်မိပါတယ်..။ အမျိုးသမီးတွေအတွက် (အန္တရယ် ) ဒုက္ခ အဖြစ် (အပေး)ဆုံးနေရာလို့ ဆိုရမဲ့ နိုင်ငံ (၅) နိုင်ငံစာရင်းပါ..။ သူတို့ပြောသလိုပဲ ပြောပါ့မယ်။

၅..။(ဓလေ့ထုံးစံ)အစဉ်အလာအရ လိင်ဖြတ်တောက်တာတွေ ခေတ်စားတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆိုးမား လီးယား။ (စကားချပ်..။ ခေတ်စားလားမစားလား နော်ဝေးံမှာမွေးတဲ့ သမီးမိန်းကလေးတောင် ဆိုမားလီးယားပြန်ပို့ပြီး ဖြတ်တောက်ကြတဲ့အထိလုပ်လို့ ကော်မရှင်တောင်ဖွဲ့ယူပြီး ထောက်လှမ်းအရေး ယူရတဲ့ အဆင့်ထိ ဓလေ့ကြီး တဲ့နိုင်ငံပါ..။) ။ အမျိုးသမီးငယ်အများစု ( ၉၅ ရာခိုင်နှုန်း)ဟာ အခုချိန်ထိ ဖြတ်တောက်ခံနေရဆဲပါ။) ကလေး အများစုကတော့ ၄ နှစ်သားကနေ ၉ နှစ်သားအထိပါ..။

၎..။အိမ်နီးချင်းဆွေမျိုးနိုင်ငံဖြစ်တဲ့ အိန္ဒိယပါ..။ အမျိုးသမီးငယ်တွေရော အရွယ်ရောက်မိန်းကလေးပေါင်း သန်း (၁၀၀) လောက်ဟာ လိင်အရောင်းအဝယ်ကိစ္စတွေမှာ လူကုန်ကူးရင်း ကျွန်အပြုခံနေရတာမျိုးတွေရှိနေပါတယ်..။ ကျွန်ပြုဖို့ရောင်းစားရုံအတွက်သက်သက် လူကုန်ကူးတာတင် မဟုတ်ပါဘူး ..အတင်းအဓမ္မ လက်ထပ်ပေးတာ မျိုးတွေ အတင်းအဓမ္မအလုပ် လုပ်ခိုင်းတာတွေလည်း ပါဝင်ပါတယ်..။ အသက် (၁၈) နှစ် မပြည့်ခင်မှာပဲ အမျိုးသမီးငယ် (၄၄.၅ ) ရာခိုင်နှုန်း လက်ထပ်သွား ကြလေသတည်းပါ..။

၃..။ အရင်က အိန္ဒိယနဲ့ တမိုးထဲအောက် တပူးတည်း အတူရှိခဲ့ကြတဲ့ ဆွေမျိုးရင်းချာနိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်ပါ.. တတိယလိုက်နေပါတယ်.. နှစ်စဉ်နှစ်တိုင်းမှာ အမျိုးသမီး တစ်ထောင်လောက်ဟာ မိသားစု ဆွေမျိုးတွေအတွက် အရှက်ရအောင်လုပ်တယ်ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ အသတ်ခံနေကြရပါတယ်..( စကားချပ်..နော်ဝေးမှာလည်း အသတ် ခံရတာတွေရှိတယ်။ဆိုလိုတာက တခြားဘာသာခြားနဲ့ ရည်စားထားတာမျိုးတွေလည်း ပါဝင်ပါတယ်.. လုံးဝခွင့်မပြုပါဘူး.။ ) ။ အမျိုးသမီး (၉၀) ရာခိုင်နှုန်း လောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ခံနေရဆဲ တိုင်းပြည်တပြည်..။

၂..။ ကွန်ဂိုကတော့.. အပြေးအလွား နံပါတ်နှစ်မှာ ကပ်လိုက်လာပါတယ်..။ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ အစော်ကားခံရတာတွေ အဖြစ်များပါတယ် ( စကားချပ်..တိုင်းပြည်ကလည်းပြည်တွင်းစစ် အစဉ်ဖြစ်နေပါတယ်။) အစော်ကားခံရတာ ဘယ်လောက်များ များသလဲဆိုရင် တနေ့ကို ခန့်မှန်းခြေ (၁၁၅၂ ) ယောက်လောက် အစော်ကားခံနေရပါတယ်တဲ့..။

နံပါတ် ၁ ပြေးနေတဲ့ နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး ထုတ်လုပ်တယ်ဆိုပြီး နာမည်ကြီးခဲ့ (နေသေးလားတော့မသိဘူး) တဲ့ ပါကစ္စတန်နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အာဖဂန်ပါတဲ့..။ အမျိုးသမီး ၁၁ ယောက်မှာ ၁ ယောက်လောက်ဟာ ကလေးမွေးဖွားရင်း သေဆုံးကြရပါတယ်တဲ့။ အမျိုးသမီး ၁၀၀ မှာ ၈၀ နည်းပါးလောက်ဟာ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းအောက် အသက်ရှင်နေကြရပါသတဲ့..။ အမျိုးသမီးစာရေးတက်ဖတ်တက်သူ အနည်းဆုံးဖြစ်တဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားမှာလည်း မိန်းကလေးတွေ ကားမမောင်းရလို့ တားမြစ်ထားတာကို ကျော်လွားဖို့ ကြိုးစားနေတဲ့ စိန်ခေါ်သူ အမျိုးသမီးတွေ ရှိနေပါတယ်ဆိုတာကို တခါတည်းအသိပေးပါတယ်..။ ကဲ စိန်ခေါ်မှုတွေ ဒီလောက်များနေတဲ့ ကမ္ဘာကြီးပေါ် (ရတဲ့ပညာနဲ့ ညစ်တီးညစ်ပတ်လုပ်ဖို့သာ စိတ်အားသန်နေတဲ့ လူကောင်းစိတ်နဲပါးတဲ့ အတန်းပညာသင်ထားတဲ့ လူနည်းစုလောက်သာ) ရှိတဲ့မြန်ပြည်ကြီးပေါ် မြန်မာမိန်းကလေးဖြစ်ရတာ ကံကောင်းနေတယ်လို့ ဆိုရမလားးးးးးးးးးးးးးးး…။

မဗေဒါ (၈၈)
၁၇.၀၆.၂၀၁၁

2 ဦး၏ဆွေးနွေးချက်:

ကိုခိုင် said...

cbox မှာ
စာရေးလို့မရပါ။
ကံကောင်းပါစေ။

ကိုခိုင်

Myanmar Good Knowledg Co., Ltd said...

စာလာဖတ်တယ် မဗေဒါရေ။
နေကောင်းလား။

ဖတ်ရတာ စိတ်မကောင်းဘူးနော်။