Thursday, May 26, 2011

လာမစမ်းနဲ့..အချဉ်မဟုတ်..


တမြန်နေ့က အီးမေးစစ်တော့ စာလေးတစောင် ဝင်နေလေရဲ့..။ ခေါင်းစဉ်လေးကလည်း စိတ်ဝင်စားစရာ..။ ```အရေးကြီး အကူအညီလိုနေလို့```..။ဒါနဲ့ပဲ စာလေးကို ကမန်းကတန်း ပြီးအောင် ဖတ်ရပါတယ်…ဖတ်ရ တာလည်း ရေးထားတာက အဆင့်မြင့်တော့ နှစ်ခေါက်လောက် ဖတ်ယူလိုက်ရပါတယ်..။ သိတယ်မလား မြန်မာ စာတောင် သေချာနားလည်အောင် ဖတ်ရသေးတာ.. ဗိုလ်လိုဆိုတော့ ပြောမနေနဲ့တော့..။ ဖတ်လို့လဲပြီး ရော နားလည်လိုက်တာက ….

၁..။ ကျွန်မ… နိုင်ဂျီးရီးယားမှာဒုက္ခရောက်နေတယ်… ပိုက်ဆံအိတ်နဲ့ ဘာညာကွိကွ ထည့်ထားတဲ့အိတ် လေး အဌားကားပေါ် ပျောက်ဆုံးသွားလို့ ... ။

၂..။ ဒါကြောင့် ငွေ အရေးတကြီး လိုနေပါတယ်..။ လိုငွေက ( ၂၇၅၀ ဒေါ်လာ) ဒီလောက်ပါ..။ ပို့ပေးရမဲ့ လိပ်စာက…( )..။

၃..။ လုံခြုံရေး အခြေအနေကြောင့် ကျွန်မပြန်မရောက်မချင်း ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး..။

နောက်တော့ သူ့အမည်လေးနဲ့ ပို့ပေးရမဲ့ (ဝက်စတန်းယူနီယမ်ဘဏ်) လိပ်စာလေးတောင် ထပ်သွင်းဖော်ပြ လိုက်သေး။ ပြီးတော့ ဘာညာ သာဓကါဆိုပြီး ထုံးစံမပျက်ရအောင်နှုတ်ဆက်ထားပါတယ်..။ ဖတ်လည်းပြီးရော ကျွန်မလည်း မောသွားတယ်..။ ဖြစ်မှဖြစ်ရလေ ဒုက္ခပေါ့..ငါသာဆိုလည်း ဘယ်လိုလုပ်ရမလဲ..။ ဒါပေမယ့် သံသယစိတ်လည်း ဝင်နေသေးပြန်တယ်..။

နံပါတ် ..က... ဘာဖြစ်လို့ ငါ့ကို တိုက်ရိုက် အကူအညီ တောင်းတာလဲ …(အဲလိုတွေးတာက ကျွန်မတို့ တွေ ခရီးသွားရင် အဖွဲ့ကိစ္စနဲ့ များပါတယ်..။ ..ပြဿနာ တစုံတခု ပေါ်လာရင် မိခင်အဖွဲ့ ဒါမှမဟုတ် တာဝန်ယူ ခေါ်တဲ့အဖွဲ့အစည်းကိုပဲ တိုက်ရိုက် ပြောကြတာ များပါတယ်.. တခါတလေလည်း နီးစပ်ရာ ခင်တဲ့သူငယ်ချင်း ကိုလည်း လှမ်းပြော အကူအညီ တောင်းတက်ကြပါတယ်.. ခင်ပြီဆိုကတည်းကလည်း သူငယ်ချင်း ဘယ်ရောက်နေတယ်ဆိုတာ သိပြီးသားမို့ သံသယ ဝင်စရာမလို ဘူးပေါ့..။ )

နံပါတ်.. ခ… ရေးထားတဲ့ အင်္ဂလိပ်စာ ကောင်းတယ် ..။

နံပါတ်.. ဂ… စာအစမှာ နာမည်မသုံးပဲ ``ဒီးယား````လို့ပဲခေါ်ပြီး ကိုယ်စိတ်ကျမ်းမာပါစေလို့ အစချီ ရေးထားတဲ့ အသုံးအနှုန်းမျိုး အဲဒီကောင်မလေးနဲ့ ကျွန်မကြားတခါမှ မသုံးသလို တခြားမြန်မာသူငယ်ချင်း တွေကြားလည်း တခါမှ မသုံးဖူးဘူး..။ ဒါကြောင့်… တခုခု လုပ်ဖို့ စဉ်းစားမိတယ်..။

ဒါနဲ့ပဲ အဖွဲ့အစည်းမှာ တာဝန်ရှိတဲ့ အမတယောက်ကို ချက်ချင်းလှမ်းစာပို့တယ်.. ဘာမှမမေးဘူး.. အဲဒီ အမျိုးသမီး ဘယ်မှာရှိနေလဲ.. ချက်ချင်း အကြောင်းပြန်ပေးပါ …လို့တခါတည်း မှာတမ်း ချွေရပါသေးတယ်..။ ဟိုကလည်း ချက်ချင်းပြန်လာတယ်..။ စာရေးလာတယ်လို့ ပြောတဲ့ အမျိုးသမီးက ချင်းမိုင်းမြို့မှာ အလုပ်လုပ် နေပါတယ်တဲ့..။ ဒါ့အပြင် သူ့မှာလည်းကလေးငယ်နဲ့ ခရီးဘယ်လိုမျိုး သွားမလဲ ဆိုတာလေးလည်း သူငယ်ချင်း တယောက်က ကွန့်ပါသေးတယ်...။ ဆိုလိုတာက မဗေဒါက ငတုံးမကြီးကို ဖြစ်ကရောပဲ..။ အဖွဲ့က လူတွေ ``ဘယ်သွားတယ်`` ``ဘာလုပ်နေတယ်``ဆိုတာ ဘယ်လိုအသေးစိတ် သိမလဲ…လို့ ကိုယ့်ဘာသာလည်း ညာညာတာတာလေး စဉ်းစားမိတယ်..။ သူငယ်ချင်း ကို တော့..ဘာမှ မပြောတော့ဘူး..ကိုယ့်ကိုယ်ကိုယ် သနားတက်တယ်ဆိုတာ ကိုယ်သိဖို့ပဲ လိုတယ်.. သူများ သိစရာမလိုဘူးမလား..။

ဆိုတော့ စာ ရေးတဲ့ကိစ္စ သိသွားပြီ..။ သူငယ်ချင်းမ…ရဲ့ အီးမေး ( ခိုးဖောက်) ဟပ် ခံလိုက်ရပြီလို့ နားလည်လိုက်ပါတယ်..။ မဗေဒါကလည်း ခေသူမှ မဟုတ်တာ..ငွေတောင်းတိုင်း ဘယ်လို သွားပို့ မလဲ..ပို့မယ်ဆိုလည်း ခပ်ညံ့ညံ့ မဟုတ်တာ… မေးရ မြန်းရ စုံစမ်းပြီးမှ ပေးမှာပေါ့.. နောက် ကိုယ့်စီမှာလည်း သူ တောင်းသလို ငွေရှိအုံးမှ ( အတုတွေရော ..အစစ်တွေရော သိအောင် တခါတည်း အသိပေးပြောထားတာပါ ..ငွေက အရမ်းဆင်းရဲပါ..ဒဒဒဒဒဒဒဒဒဒဒဒယ်….။) ဒါနဲ့ပဲ အဖြေက ထွက်သွားတော့ ဘာမှဆက်မလုပ် ဖြစ်တော့ဘူး..။ အမယ်. ဘာမှ အက်ရှင်မယူလို့ဖြစ်မယ်.. ဗုံးတွေထပ်ကျဲပါလေရော..အိမ်တွေကို မီးရို့ပါလေရော.. ဟုတ်ဘူး..မှားသွားတယ် …ဒီကနေ့လည်း အဲဒီစာကို ထပ်ပို့လာပြန်ပါသေးတယ်..။ လူကို အချဉ် (သံပုယိုသီး)ထင်နေလားမသိ.. ကြည့်လိုက်အုံးမယ်..။ဘယ်နှစ်ခါလောက် ထပ်တောင်းနေအုံး မလဲလို့ ..တော် တော် သနားစရာ ကောင်းတဲ့ နိုင်ဂျီးရီးယားမှာ ဒုက္ခရောက်နေတဲ့..လူသားကြီး....။ လာမစမ်းနဲ့ လို့ ဗီမာလိုပဲ ပြောချင်ဒေါ့ဒယ်…။ ငါသည် အချဉ်မဟုတ် ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နှင့် မဗေဒါသည် သံပုရာသီး မဟုတ်…။ ( သူများပြောတဲ့စကား ခဏယူသုံးတာ..) တကယ့် မူရင်းက ``ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နှင့် ငါဘုရားသည်အချဉ်မဟုတ်``လို့ သိထားပါ၏..။ ကဲ…

အောက်မှာ သူပို့လာတဲ့ စာလေးပါ..မြည်းစမ်းသွားကြပါအုံး.. ။ ဗိုလ်လိုတော့ တော်တော် ကောင်းသား …တကယ်ဒုက္ခ ရောက်နေရင် နဲနဲ ကော်ပီလုပ်လို့ရတယ်..။

( အခုပဲ သူငယ်ချင်းဆီကသိတာ သူ့ဆီကိုလည်း ပို့ထားတယ်လို့ ပြောလာပါတယ်……။ )

အားလုံး အားလုံး ကျမ်းမာကြပါစေ…စာလာဖတ်သူအပေါင်း ပျော်ရွင်ကြပါစေလို့..။

မဗေဒါ
၂၆.၀၅.၂၀၁၁

Dear,

How are you doing today? Hope this mail finds you in the best of health and fine spirit. I'm deeply sorry for not informing you about my travelling to Africa for a Program. It has been a sad and bad moment, the present condition i found myself is so intoxicated to explain. I felt so ashamed and devastated because i am stranded and stocked in Nigeria, I forgot my little bag in the Taxi where my money, documents and other valuable things were kept including my phone. Hint of embarrassment to my personality, I’m so confused right now i don't know what to do or where to go.

My Purpose of writing this mail is to ask for your urgent help which you can do only if it is possible. I want you to please loan me the sum of $2,750 to enable me sort-out myself probably confirm my basic travelling allowance fees back home. In case you couldn't come up with all the requested amount due to the short notice kindly go ahead and send me any amount you can afford at this time and email me the transfer details, i’ll be so grateful to receive the money. Be rest assured i'll return the money back to you as soon as am back to Thailand. I want you to understand my tight and critical situation at the moment, i know you will never disappoint me that is why i have contacted you in this regards and please as you endeavor to help me with this money i don't mean you should disclose my predicament to anybody or to the public for my personal reasons till when am successfully back home. Anyway, it is not compulsory that you should help or send me the requested amount but if my situation and our good relationship touches you i want you to quickly proceed to any of the WESTERN UNION MONEY TRANSFER station or post office around you and transfer me the money as soon as you have receive this email. Western union money transfer is the most convenience and safe for me to receive the money here without any delay or problem.

Below is the information where to send me the WESTERN UNION MONEY TRANSFER...

Receivers Name:
Address: 45 Methodist Church Avenue
City: Ikeja
State: Lagos
Zip Code:23401
Country: Nigeria

After you have sent the money email me the western union transfer details such as:

MTCN (Money transfer control number)
Test Question: Years of birth?
Answer: 1978
Amount Needed: $2,750 USD

I'll check my email soonest to pick up the western union transfer details to enable me return back home with the next available flight, I need the transfer # MTCN (money transfer control number) as soon as possible. Thanks and Blessings, as usual!

Best,


4 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ

ကျနော် စီကိုလည်း သူငယ်ချင်း တယောက်နံမည် သုံးပြီး အဲလို လာဘူးတယ် ကိုယ် ကို ကိုယ်တောင် အထင်ကြီးသွားတယ် ငါ့ ကို အဲလောက်ချမ်းသာတယ် ထင်နေတယ် ပျော်စရာကြီးလို့ နောက်မှ အဲဒီ သူငယ်ချင်းက သူ့ ပတ်စ်ဝပ် အခိုးခံရကြောင်းပြောပြတယ်

Anonymous said...

ဒီဆောင်းပါးနဲ့တော့ မဆိုင်ဘူး။ တိုက်တွန်းချင်တာလေး ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကာလမှာ ငကျဉ်းတွေကို နယ်ခြားစောင့်တပ် အဖြစ်ပြောင်းဖို့ လုပ်နေတဲ့ အချိန်မှာ . . . . ပင်လုံညီညွတ်ရေးဆိုပြီး ပြောသံတွေ ဆူညံခဲ့တာ အမှတ်ရကြပါရဲ့လား? ပင်လုံစာချုပ်ကို နအဖက အဏာရှင်မိုလို့ မျက်ကွယ်ပြုပြီး . . . ငကျဉ်းတွေကတော့ ငြိမ်းချမ်းရေးလိုလားလို့ အလေးထားဟန်နဲ့ ဒီမိုမီဒီယာတွေမှာ ရေးသားခဲ့ပါတယ်။ ဆွေးနွေးပွဲတွေမှာ နအဖက ဒီမိုကရေစီ မကျလို့ သဘောတူညီမှု မရခဲ့သယောင်ယောင်လဲ ပြောခဲ့ပါတယ်။ အဲဒါတွေက မှားပါတယ်။ ဒီမိုကရေစီကို အလွဲသုံးစားပြုပြီး တိုင်းပြည်ကို သစ္စာဖေါက်နေတာက ငကျဉ်းတွေပဲ ဖြစ်ပါတယ်။

မြန်မာတွေက ကျောင်းမှာ သင်ထားတဲ့အတိုင်း ပင်လုံစာချုပ်ကို အကောင်းမြင်နေလို့ နိုင်ငံရေးကိစ္စ တွေအပေါ် လွဲမှားစွာနဲ့ သုံးသပ်နေကြတာပါ။ မြန်မာပိုင်တဲ့ အာသန် မနိပူနယ်မြေတွေကို အိန္ဒိယကိုပေးပြီး နိုင်ငံအချင်းချင်း ရန်တိုက်ပေးတာ အင်္ဂလိပ်တွေပါ။ စဉ်းစားဖို့က တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်ပေးရမယ့် ပင်လုံစာချုပ်ကို အတင်း ချုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် တောင်တန်းဒေသတွေကို လွတ်လပ်ရေး အတူတူ မပေးဘူးတဲ့။ ပင်လုံစာချုပ်လဲပြီးရော. . တိုင်းရင်းသားတွေက ယုံကြည်လေးစားပြီး . . . မြန်မာပြည်ကို စည်းလုံး ညီညွတ်အောင်လုပ်နိုင်တဲ့ ကျုပ်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတ်ပြစ်လိုက်တယ်ဗျာ။ နယ်ခြားစစ်ဖြစ်အောင် အိန္ဒိယကို နယ်မြေတွေ ပေးခဲ့တာ၊ ပင်လုံစာချုပ်လုပ်ခိုင်းတာ၊ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ခဲ့တာ၊ ခွဲထွက်ဖို့လုပ်တဲ့ သူပုန်တွေကို ထောက်ပံ့ခဲ့တာ.. စတဲ့လုပ်ရပ်တွေကို ကြည့်ရင် အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ဘယ်လိုဖြစ်အောင် လုပ်နေလဲဆိုတာ မှန်းဆနိုင်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်ဖြစ်တဲ့ ငကျဉ်းတွေကလဲ ဦးဏှောက်မရှိဘူး။ ဗမာကို လူမျိုးရေး မုန်းတီးပြီး ပဒေသရာဇ်ခေတ်က သူတို့ ညံ့ဖျင်းလို့ သတ်ခံရတာကို ရန်ငြိုးထားနေတဲ့ အူကြောင်ကြောင်တွေလဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ပြပြီး ခွဲထွက်ဖို့ ခြိမ်းခြောက်ခဲ့လို့ ၁၉၆၂မှာ တရုတ်အစစ်ကြီး ဦးရှုမောင် အဏာသိမ်းခဲ့ရတယ်။ အဲဒီအချိန်ကစလို့ မြန်မာပြည်ကြီးဟာ ဒုက္ခရောက်ခဲ့တာပဲ။ အကြွင်းမဲ့အဏာရလို့ ဦးရှုမောင် အဏာရှင်ဖြစ်သွားတာ သူ့အပြစ်မဟုတ်ဘူး။ အဏာရှင်ကို ဖန်ဆင်းပေးတဲ့ ငကျဉ်းတွေသာ သမိုင်းရဲ့တရားခံလို့ မြင်ပါတယ်။ ငကျဉ်းတွေဟာ မြန်မာနိုင်ငံပေါ်မှာ သစ္စာမရှိဘူး။ တိုင်းပြည်အပေါ်မှာ တာဝန်လဲ ကျေပွန်ရမှန်း မသိပါဘူး။ သူတို့လူမျိုးစုနဲ့ နယ်မြေအကျိုးပဲ သိနေတဲ့ အတ္တသမားတွေလဲဖြစ်ပါတယ်။

ဒါ့ကြောင့် အင်္ဂလိပ်တို့က အကျပ်ကိုင်ပြီး တိုင်းရင်းသားတွေနဲ့ ရန်တိုက်ထားတဲ့ ပင်လုံစာချုပ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပါ။ တိုင်းပြည်ခွဲလိုတဲ့ ငကျဉ်းတွေကို တိုင်းပြည်က ဘာအခွင့်အရေးမှ ပေးစရာလိုဘူး။ ငကျဉ်းတွေ ပင်လုံစာချုပ်ကို လက်ခံနေမယ်.. မြန်မာပြည်ကနေ ခွဲထွက်လိုတဲ့ဆန္ဒရှိနေမယ်ဆိုရင် တန်းတူအခွင့်ရေးပေးမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ရာဇသံပေးပါ။ ပင်လုံစာချုပ်ကို အသိအမှတ်မပြုတဲ့ နအဖလုပ်ရပ်ကိုလဲ ထောက်ခံကြပါ။ လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ကြပါဗျာ။

Myanmar Good Knowledg Co., Ltd said...

ကြုံဖူးတယ်။ မဗေဒါ။ သူငယ်ချင်းတစ်ယောက်နံမယ်နဲ့ ၀င်လာတဲ့မေးလ်လေ။ သူငယ်ချင်းနဲ့ ဖုန်းနဲ့ အဆက်အသွယ်ရှိနေတာ။ သူအခုအလုပ်ကိစ္စနဲ့ ခရီးထွက်တာ အခုလိုကြုံတယ်ပေါ့။ ဒါနဲ့ သူငယ်ချင်းဆီကို ဖုန်းကောက်ဆက်လိုက်တော့ သူအဟပ် ခံရတာဖြစ်နေတယ်။
ကြောက်စရာကြီးနော်။
ကိုယ်ပါ လာဟပ်နေတာကိုး။

ဇော်သိင်္ခ said...

မမဗေရေ.. အဲဒီလိုလူမျိုးတွေကလည်း တော်တော်ကြောက်စရာ ကောင်းသားနော်။ ကျွန်တော်လည်း မနှစ်ပိုင်းလောက်က ပုံပြင်လေး တစ်ပုဒ်လို ပြောပြီး စစ်အတွင်းမှာ မိဘတွေ ဆုံးသွားလို့ ကယ်ဆယ်ရေးစခန်းမှာ နေ၇ပါတယ်။ မိဘတွေ အပ်ထားတဲ့ ငွေတွေ ဘဏ်မှာ ဘယ်လောက်ရှိပါတယ်ဆိုပြီး သူ့ကို ဒီကနေ ကယ်ထုတ်သွားပြီးတော့ ငွေတွေကို ထုတ်ယူလို့ ရပါတယ်ဆိုပြီး၊ သူ့ကို အဲဒီက ကယ်ထုတ်ဖို့ လေယဉ်လက်မှတ်ဖိုးတွေ ပို့ပေးပါဆိုပြီး မေးတွေအကြိမ်ကြိမ် ပို့ပြီး သူ့ကို ကယ်တင်ခိုင်းတယ် ဗျ။ သူ့ကယ်ဆယ်ရေး စခန်းရဲ့ ဖုန်းနံပါတ်တွေတောင် ထည့်ပေးလိုက်သေး။ ဒီကလည်း ဘယ်ရမလဲ စကိုက်ပီ ဖရီးအကောင့်လေး ရှိတော့ ဆက်ကြည့်လိုက်တာ သူ့ကို တွေ့ချင်ရင် ဘယ်နှစ်နာရီမှာ ပြန်ခေါ်ပါနဲ့ နောက်တော့ ကျွန်တော်လည်း ပြန်မခေါ်ဖြစ်တော့ပါဘူး။ မေးလည်း ပြန်မပို့တော့ဘူး။ နောက်တော့ သူလည်း မောသွားတယ် ထင်တယ် မေးတွေ ပြန်မပို့တော့ပဲ အစပြောက်သွားပါလေရောဗျာ.....

ခင်မင်စွာဖြင့်
ဇော်သိင်္ခ