Friday, December 10, 2010

Charter 08 နဲ့ လူရှောင်ဘို

လူရှောင်ဘိုကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်တော့ တကမ္ဘာလုံးက အံ့သြခဲ့ကြတယ်… အိုဘားမားတုန်းကလည်း ဒီလိုပါပဲ..အခုလည်း တရုတ်ပြည်ကြီးက လူတယောက်ကို ပထမဆုံးအကြိမ် ပေးလိုက်တာမို့… နိုဘယ်ကော်မတီကို လုပ်ရဲ့လှချည်လား…ဟုတ်လှချည်လား လို့… ပြောရမလိုပါပဲ..။ ဒလိုင်းလားမားတုန်းကတော့ မဗေဒါတို့ လက်လှမ်းမမှီခဲ့ဘူး… ဆိုလိုတာက အငြင်းအခုန်တွေကို ကျယ်ကျယ်ပြန့်ပြန့် မကြားလိုက်ရဘူး..။ သိသလောက်တော့ နိုဘယ်ကော်မတီဟာ လွတ်လပ်တယ်.. ဘယ်လို အဖွဲ့အစည်းမျိုးရဲ့… သြဇာ မလွမ်းမိုးဘူးလို့ နားလည်ပါတယ်..။ ဒါကြောင့် အခုလို တရုတ်အစိုးရက နေ ရာဇဝတ်သား လို့ သတ်မှတ်ထားတဲ့ လူရှောင်ဘို ကို အခုလို ငွေသားအများကြီးပါတဲ့ နိုင်ငံတကာကလည်း လေးစားတန်ဖိုးထားတဲ့ ဆုကို ပေးလိုက်တော့ အင်း… ဘာတွေဖြစ်လာမလည်းလို့ စောင့်ကြည့်ရမလိုတော့ ဖြစ်တယ်..။

မကြာခင် မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အတူ နော်ဝေးဘုရင် လည်း တက်ရောက်မယ်လို့သတင်းမှာ လွင့်နေပါတယ်… နိုင်ငံစုစုပေါင်း ၄၄ နိုင်ငံကလည်း တက်ရောက်မယ်လို့ အကြောင်းပြန်ထားပါတယ်…. ကျူးဘား..ရုရှ တို့ကတော့ မလာဘူးလို့ နားလည်ပါတယ်..။ တရုတ်ကလည်း အပြန်အလှန် ဆက်စပ်နေတဲ့ အစိုးရများအပေါ် ဆုပေးပွဲကို မတက်ဖို့ အကြီးအကျယ်ကို ဖိအားတွေ ပေးနေပါတယ်…။ သူတို့ကိုယ်တိုင်လည်း မတက်တဲ့အပြင် အပြင်းအထန်ကို ဆန့်ကျင်ပါတယ်..။ ဆုပေးမဲ့နေရာက မြို့တော်ခမ်းမရှေ့မှာလည်း ဆုပေးတာကို လက်မခံတဲ့သူတွေ စိတ်တိုပြီး ဆန္ဒပြနေတယ်…။ မီဒီယာကမဟုတ်တာတွေ ပြောနေတယ် လို့ ဆိုတယ်..။ သူတို့အခုလို ဆန္ဒလာပြတာ ဘယ်သူမှ ခိုင်းလို့မဟုတ်ဘူး… ဒီဆုဟာ လူရှောင်ဘို နဲ့ မဆိုင်ဘူးလို့ ယုံကြည်တာကြောင့် ကိုယ့်စိတ်နဲ့ ကိုယ် ဆန္ဒပြတာလို့ ပြောနေတာကို တွေ့ရပါတယ်..။




တရုတ်အစိုးရကတော့ ဆုပေးတာကို ဆန့်ကျင်သလို….မနေ့ကပဲ ကွန်ဖြူးရှပ်ဆု ကို တရုတ်ပြည်မှာ ပေးခဲ့ပါသေးတယ်..။ လက်ဦးမှုအရယူလိုက်ခြင်းဖြင့် နော်ဝေးတွေကို လှောင်ပြောင်လိုက်သလားလို့တောင် ထင်ရပါတယ်..။ သဘောကတော့ သူတို့စံနှူန်းနဲ့ တိုင်းထားတဲ့ ဆုတခုကို ပေးပြလိုက်တာပါ.. ။ သူတို့ပြည်တွင်းရေး ကိုဝင် ရူပ်တယ်လို့လည်း ဆိုနေပါတယ် (တချို့တွေနဲ့ လေသံတူတယ်… ညီနောင်တွေပေါ့…)..။ လူရှောင်ဘို ဇနီးနေထိုင်ရာ တိုက်ခမ်းရှိရာ အရပ်မှာလည်း ရှင်းလင်းအောင် လုပ်ထားပါတယ်… ဇနီးဖြစ်သူကိုလည်း မတွေ့ရတာ အတော်ကြာပြီမို့ သူဘယ်မှာ ရှိနေတယ်ဆိုတာ မသိကြပါဘူး..။ တရုတ်ပြည်က နော်ဝေးသံရုံး…မှာလည်း လုံခြုံရေး ချထားပါတယ်..။ (စကားမစပ် …ပြောရအုံးမယ်…ရှေ့နှစ် ပိုက်ဆံလေးများရှိရင် တရုတ်ပြည်သွားလည်မလားလို့…နိုဘယ်ဆုကြောင့် ပြည်ဝင်ခွင့်ရဖို့ ခက်မယ်ထင်ပါရဲ့… အော်…. ကံ…. ကုသိုလ်ကံ…) ။

မနေ့က နော်ဝေးက တရုတ်သံရုံးရှေ့မှာ ဆုပေးတာကို ထောက်ခံသူ တရုတ်တွေ ဆန္ဒပြကြတယ်… အေးအေးချမ်းချမ်းထဲမှာ လူရှောင်ဘို အတွက်ဂုဏ်ပြုရင်း… တရုတ်အစိုးရကို လူ့အခွင့်အရေး…တွေအတွက် တောင်းဆို နေတာတွေ့ရတယ်..။ ကြိုမသိလို့ မပါရတာတော့ စိတ်မကောင်းဖြစ်ရသေး၏..။ ပိုစိတ်မကောင်းဖြစ်ရတာက တော့ ဆုရသူနဲ့ သက်ဆိုင်သူ မိသားစု တယောက်မှ မတက်ရောက်နိုင်တာပဲ… သူထိုင်မဲ့ခုံက အလွတ်ပဲ ရှိနေမယ်လို့ ယူဆရပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်တုန်းကတော့ သား ယောက်ျားတို့ တက်ရောက်ယူနိုင်ခဲ့ ပါသေးတယ်..။

တရုတ်ပြည်ကြီးက လူပေါင်းများစွာ ရှိတာမို့ ဒီဆုကို ကြိုက်သူတွေ ရှိသလို မကြိုက်သူတွေလည်း တပုံကြီးရှိမှာပါ..။ သိပ်တော့မဆန်းပါဘူး..။ ငြိမ်းချမ်းစွာနဲ့ လိုချင်တာကို ယုံကြည်စွာ လုပ်နေသူတွေ ရှိနေမှာလည်း အသေအချာပါပဲ..။ စီးပွားရေးအရရော… နိုင်ငံရေးအရပါ အရှိန်အဝါ ရှိတဲ့ တရုတ်က လူတယောက်ကို လူ့အခွင့်အရေးတွေအတွက် ငြိမ်းချမ်းရေးနိုဘယ် ဆုပေး အသိအမှတ်ပြုလိုက်ခြင်းဟာ တကယ်တော့ မိုက်ခဲလို့ ဆိုရမှာပါပဲ..။ ကဲ… ဆုရသွားတဲ့ လူရှောင်ဘို က ဘယ်သူလဲ .. ။

လူရှောင်ဘိုဟာ စာပေဝေဖန်ရေးသမား… စာရေးဆရာ.. နိုင်ငံရေးလှုပ်ရှားတက်ကြွသူတယောက်ဖြစ်ပါတယ်… တီယန်နန်ရင် (၈၉) ဖြစ်တုန်းကလည်း ကိုလံဘီယာတက္ကသိုလ်ကနေ ပြန်လာပြီး ကျောင်းသားလှုပ်ရှားမှုမှာ လူ့အခွင့်အရေး ဒီမိုကရေစီအတွက် ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်.. အစာငတ်ခံဆန္ဒပြခဲ့ သလို…အကြမ်း မဖက်ပဲ နိုင်ငံရေးပြဿနာ ဖြေရှင်းနည်းကို ခုံမင်သူဖြစ်ပါတယ်..။ တိဘက်က ဒလိုင်းလားမားနဲ့ တရုတ်အစိုး ရကြား ဆွေးနွေးညိုနှိုင်းရေးကိုလည်း တိုက်တွန်းခဲ့သူဖြစ်ပါတယ်..။ လွတ်လပ်တဲ့ တရုတ် စာပေ အဖွဲ့အစည်းမှာလည်း ၂၀၀၃ ကနေ ၂၀၀၇ အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို အခုထိလည်း ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်..။ ဘီဂျင်းက တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့ပြီး… နော်ဝေးအပါအဝင် နိုင်ငံရပ်ခြားမှာလည်း အချိန်တို ပညာလေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့သူပါ..။ သူ့ကို ထောင်ချတာဟာ အခုအကြိမ်နဲ့ဆို ၄ ကြိမ်ရှိပါပြီ… အခုနောက်ဆုံး ထောင်ချတာကတော့ နိုင်ငံရေးအရ.. တိုင်းပြည်ကို ပျက်ဆီးရာပျက်ဆီးကြောင်း အကြည်အညိုပျက်အောက် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ ဖြစ်ပါတယ်…ရှေ့နေလည်း ဌားခွင့်မရခဲ့ပါဘူး..။ ၂၀၀၉ ဒီဇင်ဘာ၂၃ မှာ.... ရေးသားခဲ့တဲ့ (Charter 8) ဟာ တိုင်းပြည်မှာ တစ်ပါတီ စနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ လူ့အခွင့်အရေး..ဒီမိုကရေစီကိစ္စတွေအတွက် ရေးသားထားခဲ့တာဖြစ်ပါတယ်..။ သူ့ဇနီးနဲ့ သူ ၂ ကြိမ်ပဲ တွေ့ဆုံခွင့်ရခဲ့ပါတယ်.. ။ သူရေးခဲ့တဲ့… ပူးသတ်ခြင်း ဆိုတဲ့ ဆောင်းပါးဟာလည်း ကျော်ကြားခဲ့ပါတယ်..။ စာမူစုစုပေါင်း ၈၀၀ လောက်ရေးသားခဲ့ပါတယ်..။ သူ့ကို ၁၉၅၅ ဒီဇင်ဘာ ၂၈ မှာမွေးဖွားခဲ့တာဖြစ်ပါတယ်..။

နော်ဝေး အချိန် နေ့လည် ၁ နာရီမှာ ဆုပေးပွဲ စတင်ပါပြီ…ဆုရတဲ့ လူရှောင်ဘို ခုံဟာ အလွတ်ထားပေးပါတယ်..။ ကော်မတီက ဆုပေးရခြင်းအကြောင်းနဲ့ လူရှောင်ဘိုရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ နှစ်ရှည်လများ ဆောင်ရွက်ခဲ့မှုများကို စောင့်ကြည့်ပြီးမှ ဆုပေးခြင်းဖြစ်ကြောင်း…နဲ့.. ဒီဆုဟာ ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ဘူးဆိုတာကို ပြောကြားသွားပါတယ်..။ ဂုဏ်ပြု လွှာနဲ့.. အထိမ်းအမှတ်တံဆိပ်ကလေးကို သူ့အတွက်ရည်ရွယ်ထားတဲ့ ခုံပေါ်ကို တင်ပေးထားပါတယ်..။ တရုတ်အစိုးရကိုလည်း အမေရိကန်စီးပွားရေး ကျနေချိန် တရုတ်အစိုးရရဲ့ သူ့လူထုအပေါ် စောင့်ရှောက်မှု စွမ်းရည်ကိုလည်း ချီးကျူးတာကို နားထောင်လိုက်ရကြောင်း ……..။

ပုံကလေးက နိုဘယ်ဆုပေးတဲ့ ခမ်းမထဲမှာရှိနေတဲ့ သူ့ပုံရယ် ထိုင်ခုံလွတ်နေတဲ့ လူရှောင်ဘို...အတွက် ရည်ရွယ်ထားတဲ့နေရာပါ... ရန်သူမရှိဘူးလို့ ဆိုတဲ့ လူရှောင်တယောက် တနေ့နေ့မှာ အော်စလိုကို လာရောက်ဆုလက်ခံ ရယူ နိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။

စာလာဖတ်သူများ အားလုံး မင်္ဂလာပါ… ကိုယ်စိတ်နှစ်ပါးလုံး ချမ်းမြှေ့ကြပါစေ..။

မဗေဒါ
၁၀.၁၂.၂၀၁၀



7 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

မဗေဒါ ရေ

တရုတ် အစိုးရ ကလည်း မထူးပါဘူး အတော်ဆိုးတာဘဲ
သေချာဖတ်သွားတယ် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

( သိသလောက်တော့ နိုဘယ်ကော်မတီဟာ လွတ်လပ်တယ်.. ဘယ်လို အဖွဲ့အစည်းမျိုးရဲ့… သြဇာ မလွမ်းမိုးဘူးလို့ နားလည်ပါတယ်..။ ဒါကြောင့် အခုလို တရုတ်အစိုးရက နေ ရာဇဝတ်သား လို့ သတ်မှတ်ထားတဲ့ လူရှောင်ဘို ကို အခုလို ငွေသားအများကြီးပါတဲ့ နိုင်ငံတကာကလည်း လေးစားတန်ဖိုးထားတဲ့ ဆုကို ပေးလိုက်တော့ အင်း… ဘာတွေဖြစ်လာမလည်းလို့ စောင့်ကြည့်ရမလိုတော့ ဖြစ်တယ်..။ )

အစ်မလဲ စဉ်းစားကြည့်နော် . . . အမေရိကန်အစိုးရ အီရတ်ကို ကျူးကျော်စစ်လုပ်ခဲ့တာကို ဆန့်ကျင်ခဲ့တဲ့ အဖြူတွေ အများကြီးရှိတယ်။ အမေရိကန်မှ မဟုတ်ဘူး. . အနောက်ဖက်နိုင်ငံသားတွေ အများကြီးဟာ ဒီစစ်ကို ဆန့်ကျင်ခဲ့တာပါ။ အာဖဂန်ကနေ စစ်တပ်တွေပြန် ရုပ်သိမ်းအောင် တောင်းဆိုနေတဲ့သူတွေကလဲ အများကြီးပါ။ သူတို့တွေကလဲ အဲဒီလူရှောင်ဘိုကြီးလိုပဲ ငြိမ်းချမ်းတဲ့ နည်းနဲ့ လုပ်ခဲ့တာပါ။ အဖြူကြီးတွေ စစ်ကို ဆန့်ကျင်ခဲ့တာ ၁၀ နှစ်တောင် ပြည့်တော့မယ်။ ရယ်စရာကောင်းတာကတော့ . . . အီရတ်စစ်ကို ဆန့်ကျင်တဲ့ အဖြူတစ်ယောက်မှ အဲဒီဆုကြီးကို မရပါလား။ တော်တော်ကို ညံ့တဲ့အဖြူတွေပဲနော်? အဖြူတွေက သိပ်ကိုညံ့တယ်ဗျာ. . . တော်တော်ကို ညံ့တဲ့ အဖြူတွေပဲ။ ကျုပ်တို့ဆိုရင် အသက် ၄၀ အထိ သူများလုပ်စာ ထိုင်လစားလာတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် အဲဒီဆုကို ရသေးတယ်။

☀ 9/11 ကို လွတ်လပ်စွာ စုံစမ်းရေးလုပ်ဖို့ လှုပ်ရှားနေသော အဖြူတစ်ယောက်မှ အဲဒီဆုကို မရသေးပါ။

☀ အီရတ်စစ်ကို ဆန့်ကျင်နေသော အဖြူတစ်ယောက်မှ အဲဒီဆုကို မရသေးပါ။

☀ အာဖဂန် စစ်ကို ဆန့်ကျင်နေသော အဖြူတစ်ယောက်မှ အဲဒီဆုကို မရသေးပါ။

☀ ကာကွယ်ဆေးမှာ အဆိပ်ခတ်တဲ့ ကိစ္စကို ရပ်တန့်အောင် လုပ်နေသော အဖြူတစ်ယောက်မှ အဲဒီဆုကို မရသေးပါ။

☀ အမေရိကန် ၀င်ငွေခွန်တွေကို တိုင်းပြည်ကို မပေးပဲ ဘဏ်တွေက လိမ်ယူနေတဲ့ ကိစ္စကို ဆန့်ကျင်နေတဲ့ အဖြူတစ်ယောက်မှ အဲဒီဆုကို မရသေးပါ။



နိုဘယ်ဆုမရတဲ့ အဖြူတွေကို သိပ်ပြီး အထင်သေးနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s. ဒီမိုအစိုးရတွေကို ဆန့်ကျင်တဲ့သူတွေကို အဲဒီဆု မပေးဘူး။ တရုတ်၊ မြန်မာတို့လိုအစိုးရတွေကို ဆန့်ကျင်သူတွေပဲ အဲဒီဆုတွေကို ပေးနေတယ်လို့တော့ မစွပ်စွဲလိုပါဘူး။

Unknown said...

ဝေဖန်ရေးကတော့မသိဘူး တီယန်နန်ရင် ၈၉ ဆိုတာ စာလုံးပေါင်းမှာလွဲသလားပဲ။
နောက်တစ်ခုက နိုဘယ်လ်ဆုသည် ထူးချွန်သောလူမှရတဲ့အစဉ်အလာရှိပါတယ်။
ဇွဲကောင်းသူ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းသူတွေအတွက်ပေါ့။
ဆုကိုဘယ်သူပေးလဲဆိုတာထက် ဘာကြောင့်ပေးလဲဆိုတာပဲ ကြည့်ကြစို့
နောက်သတင်းတစ်ခုမဖတ်ရသေးဘူးဆိုရင် ရှယ်ပေးလိုက်ပါ့မယ်
တရုတ်ကနေ နိုဘယ်ဆုဝဘ်ဆိုက်ကို ၀င်ဟက်ခ်တဲ့သတင်းလေးပေါ့။
http://www.washingtontimes.com/news/2010/oct/28/china-suspected-in-hacking-of-nobel-website/
btw
အစ်မရေးတဲ့ပုံစံက နော်ဝေ နိုင်ငံသားပုံစံနဲ့ရေးထားတာနော်
တဖြည်းဖြည်းနဲ့ ----------------

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ကို Moe Htet

“နောက်တစ်ခုက နိုဘယ်လ်ဆုသည် ထူးချွန်သောလူမှရတဲ့အစဉ်အလာရှိပါတယ်။” ဆိုတဲ့စကားကတော့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ ထူးချွန်ဖို့မလို အပ်ပါဘူးဗျာ။ သူတို့ ပေးချင်တဲ့သူဆိုရင် ပေးလိုက်တာပါပဲ။ သူတို့ မပေးချင်တဲ့သူဆိုရင် ဘယ်လောက်ပဲ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ထိရောက်နေပါစေ မပေးပါဘူး။ ခင်ဗျားအပါအ၀င် ကျုပ်တို့ အားလုံးသိနေတာပဲ . . ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတဲ့အချိန်မှာ မြန်မာပြည်ထဲရောက်ခါစပဲရှိသေးတယ်။ နိုင်ငံရေးကို ဘာမှ မလုပ်ရသေးဘူး။ တကယ်ဆိုရင် သူ့ထက်ဦးစွာလုပ်နေတဲ့ ဦးမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အနောက်ဖက် အစိုးရ မျက်စိကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ဆုရသွားတယ်။ အဲဒါ ရိုးသားသလား?

နောက်ပြီး .. . အီရတ်ကို လူသတ်လက်နက်တွေ ရှိတယ်လို့ လိမ်ညာပြောဆိုပြီး သိမ်းပိုက်ခဲ့တယ်။ အာဖဂန်အစိုးရက ဘင်လာဒင် 9/11 လုပ်ကြောင်း အထောက်အထားပြသရင် သူတို့ကိုယ်တိုင် ဖမ်းပြီး အမေရိကန်ကို ပို့ပေးပါမယ်လို့ ကတိပေးထားတာကို လုံးဝ အကြောင်းမပြန်ပဲ စစ်တိုက်ခဲ့တာပါ။ အဲဒီစစ်ပွဲ ၂ခုစလုံးဟာ မတရားတဲ့ စစ်ပွဲတွေချည်းပဲဆိုတာ ဒီနေ့မှာ လုံးဝကို ထင်ရှားနေပါပြီ။ ဒီမယ် . . . စစ်ကို ဆန့်ကျင်နေတဲ့သူတွေဟာ ခေတ်ပညာတတ်တွေ.. ကျောင်းသားတွေ . . တက္ကသိုလ်တွေက ဆရာတွေ ဖြစ်ကြပါတယ်။ ကလေကချေတွေ မဟုတ်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို အသက် ၄၀ အထိ ဘာမှမလုပ်ပဲ ဇိမ်နဲ့ ထိုင်စားနေတဲ့သူတွေလဲ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်ကို ဆန့်ကျင်တဲ့ သူတွေထဲမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို မရကြဘူးဖြစ်နေတယ်။ အဲလောက်အထိ အဖြူတွေက ညံ့ဖျင်းကြသလား? စစ်မှ မဟုတ်ဘူးနော်…. တခြားကိစ္စတွေအများကြီးမှာ ဒီမိုအစိုးရကို ဆန့်ကျင်နေတတဲ့သူတွေရှိကြပါတယ်။ ကာကွယ်ဆေးမှာ အဆိပ်ခတ်တဲ့ ကိစ္စဆိုရင် ဆရာဝန်တွေကိုယ်တိုင် ထုတ်ဖေါ်ပြီး ကန့်ကွက်နေတာပါ။ ဒါပေမယ့် ဘယ်သူမှ နိုဘယ်ဆုကို မရကြဘူးဗျ။

☀ ဒီမယ်နိုဘယ်ဆုဆိုတာ . . တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့လို အနောက်ဖက်နဲ့ အဆင်မပြေတဲ့ အစိုးရတွေကို ဆန့်ကျင်တဲ့သူတွေပဲ နိုဘယ်ဆိုကို ရကြပါတယ်။

☀ ဒီမယ်နိုဘယ်ဆုဆိုတာ . . ဒီမိုအစိုးရတွေ ဒါမှမဟုတ် ဒီမိုအစိုးရနဲ့ အဆင်ပြေနေတဲ့သူတွေပဲ နိုဘယ်ဆုကို ရကြပါတယ်။

☀ ဒီမယ်နိုဘယ်ဆုဆိုတာ . . တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့လို အစိုးရနဲ့ အဆင်ပြေနေတဲ့သူတွေ လုံးဝ မရကြပါဘူး။

☀ ဒီမယ်နိုဘယ်ဆုဆိုတာ . . ဒီမိုအစိုးရတွေကို ဆန့်ကျင် ဝေဖန်နေတဲ့သူတွေ ဘယ်သူမှ မရကြပါဘူး။


အပေါစားငြိမ်ချမ်းရေး နိုဘယ်ဆုလေးတောင် တစ်ခါမှ မရဖူးတဲ့ အဖြူတွေကို သနားနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

ရွှေရတုမှတ်တမ်း said...

သူ့ဘလော့ကလဲဝင်ရခက်လိုက်တာ..VIP မို့ထင်ပါရဲ့

mabaydar88 said...

ကိုကြီးကျောက်..

ဟုတ်ပါတယ်... ဒုက္ခသည်... အထူးပုဂိုလ် ရေးသော စာများမို့... ဝင်ကြည့်ရ ခက်နေဟန်တူပါသည်... ကွန်ပြူတာသည်လည်း လူများလိုပဲ ဒုက္ခများ အကြိမ်ကြိမ်ဝင်နေသောကြောင့် စိန်ဗေဒါလည်း သုံးမရ ဖြစ်နေပါသည်..။ ဒန်... ဒန်..။

ဒီလောက် ဝင်ရခက်တာ အဖြေရှာချင်ပါသည် ....ဘာကြောင့်တုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး... မသိဘာာာာာာာာာာာာာာာာာာာာာာာာာာာာာ....

ပန်းပန်းဗေဒါ

မန်းကိုကို said...

မဗေဒါရေ၊

တရုတ်ပြည်အကြောင်းကတော့ ကြာလေ စိတ်ဝင်စားစရာ ကောင်းလေပါပဲ။

ကျနော်လည်း တရုတ်ပြည်အကြောင်း အခုမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလောက်ပဲ နည်းနည်းဖတ်မိသေးလို့ ရေရေရာရာတော့ မှတ်ချက်မပေးရဲသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံနဲ့ ပတ်သက်နေမှတော့ သိဖို့တော့လိုလာတာပါပဲ။

ဖတ်မိတဲ့ မောက္ခမဂ္ဂဇင်းက ဒေါက်တာအေးချမ်းရဲ့ အင်တာဗျူးကလည်း အစွန်းဖက်ယိမ်းသလို ဖြစ်နေတာကလွဲရင် စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ (http://www.maukkha.org/index.php?option=com_content&view=article&id=1153:2010-12-10-08-17-37&catid=interview&Itemid=270)

နိုဘယ်ဆုပေးတာကတော့ ထောက်ခံပါတယ်၊ ဒါက ကမ္ဘာ့နိုင်ငံရေးတစ်ခုလုံးနဲ့ဆိုင်ပြီး အကောင်းဖက်ကို လမ်းကြောင်းပုံဖေါ်ပေးတဲ့ အလုပ်တွေထဲကတစ်ခုလို့ မြင်မိတယ်။ ပြီးခဲ့တဲ့နှစ်က အိုဘားမားကို သွားပြီးကြောင်တောင်ဖြစ်အောင် အကွက်ရိုက်တာက လွဲရင်ပေါ့လေ။ :-)