Wednesday, December 8, 2010

ဝီကီ…. ဝီကီ….


မြောက်ဝန်ရိုးစွန်းမှာ အေးလိုက်တာ မပြောပါနဲ့တော့.. မဗေဒါတို့ မြို့ကလေးက မိုးလင်းတာနဲ့ အနုတ် … ၂၃ နဲ့ ဆီးကြိုနေပါတယ်.. အလုပ်ကို သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ.. သွားရသလို ကလေးများကိုလည်း အတင်းမျက်လုံးပြူးအောင် နိုးရပါတယ်..။ အပြင်ကြည့်လိုက်ရင် မှောင်မဲနေသလို.. ရေခဲအမှတ်အောက် ကိုရောက်နေတော့ စိတ်က ဘယ်လိုမျိုးရွင်လန်းနိုင်ပါ့မလဲ.. ဒီကြားထဲ ဘဝရဲ့ အခြားသော ကိစ္စများကလည်း ရှိသေးသမို့ ရူးသွပ်သွပ်ဖြစ်ချင်နေတဲ့ စိတ်ကို ထိမ်းချုပ်နေရပါတယ်..။ အခုတလော ခေတ်စားနေတဲ့ သတင်းလေးတော့ ကြည့်ဖြစ်တာမို့… ဒီကိစ္စမှာ အဖမ်းခံရတဲ့ (အာဆန်း )နဲ့ သူ့လို လုပ်နေသူတွေ အတွက် တခုခု လုပ်ပေးနိုင်ရင် ကောင်းမယ်လို့ တွေးရင်းတောတုန်း… ဝင်လာတဲ့ အီးမေးလေးကို ပြန်လည်ဖြန့်ဝေပါတယ်… ။

တိုင်းပြည်များရဲ့ အရေးကြီးတဲ့ သတင်းများကို ဖြန့်ဝေတယ် တနည်း ပေါက်ကြားစေတဲ့ လူများကို အကြမ်းဖက်တဲ့ အဖွဲ့များရယ်လို့ အမည်တပ်ပြီး မတရားလိုက်လံဖမ်းဆီးနေတာတွေ စတင်နေပါပြီ...။ ဖြစ်သင့်တာကတော့… အောက်လမ်းနည်း မပါပဲနဲ့ သက်ဆိုင်ရာ တရားဥပဒေအရ အရေးယူရမှာလို့ ယုံကြည်ပါတယ် ..။ ပါဝင်ပတ်သက်နေသူများကို နှိမ်နှင်းဖို့ အမေရိကန် ဆရာကြီးများက ပြောနေတယ်လို့ သတင်းများအရ နားလည်ထားပါတယ်..။ ဒါကြောင့် မူရင်း တာဝန်ရှိသူများကို မဖော်ထုတ်ပဲ.. ဝီကီမှာ ဝါသနာအရ လုပ်နေသူတွေကို အခုလို လက်လွတ်စလွယ် ဖမ်းပြီး တခုခုလုပ်မှာကို မလိုလားတာတော့ အမှန်ပါ..။ ဒါကြောင့် အာဏာရှိသူများ မတရားဖမ်းဆီးချုပ်နှောင်မှာကို လက်မခံဘူးဆိုသူများ အောက်မှာ ပါတဲ့ စာသားလေးကို ဖတ်ပြီးလို့ သဘောတူခဲ့ရင် … ထောက်ခံကြောင်း… အားပေးစေချင်ပါတယ်..။ မဗေဒါ ကတော့ သဘောတူတဲ့အတွက် ဆိုင်းထိုးလိုက်ပါပြီ… ။ အင်္ဂလိပ်လို အဆင်မပြေသူများကို အဓိကရေးထားတာ ပြောပြချင်ပါတယ်..။ အခုလို မတရားအတင်းအဓမ္မ ဖမ်းဆီးပြီး သတ်ဖြတ်ဖို့ အထိ လုပ်မှာကို မလိုလားသလို ထိုက်သင့်သလို ဥပဒေကြောင်း အရ အရေးယူသင့်တဲ့ ကိစ္စအဖြစ် ရူမြင်တာ ရယ်… ဒီမိုကရေစီမှာ ဒီလို သတင်းလွတ်လပ်ခွင့် ကိစ္စဟာ အရေးကြီးတယ် အကာအကွယ်ပေးသင့်တယ်လို့ ဆိုလိုပါတယ်..။ ဒါကြောင့် အာဏာပိုင်တွေရဲ့ အတင်းအဓမ္မ မတရားလုပ်ရပ်များကို ရပ်တန့်ဖို့ လူအများရဲ့ ထောက်ခံမှုကို ဖိတ်ခေါ်ခြင်းပါ..။ အပေါ်စာပိုဒ် ဘက်မှာ တွေ့ရတဲ့ အစိမ်းရောင် စာတန်းလေးကို နှိပ်ပြီး Avaaz မှာ အဖွဲ့ဝင်မဟုတ်တဲ့ သူတွေအတွက် ပထမအကြိမ်အောက်မှာ… အမည်…. အီးမေး… စာတိုက်ပုံးနဲ့ နိုင်ငံလေးထည့်ပြီး .. …( send) ကို နှိပ်လိုက်ရုံပါပဲ.. ။ အားပေးကြပါအုံး… ဝီကီလေးကို…။

တကယ်တော့လည်း… ဝီကီသတင်းက ဟောလီးဝုဒ်က မယ်ရွေ ကိုရွေ သတင်းများလောက် စိတ်ဝင်စားတာတော့ မဟုတ်ကြပါဘူး… ဒါပေမဲ့လည်းပေါ့လေ…… အာဏာရှိသူများ စိတ်ပူတဲ့ သတင်း ဖြစ်နေတာတော့အမှန်ပါပဲ..။

မဗေဒါ
၀၈.၁၂.၂၀၁၀

Dear friends,

The chilling intimidation campaign by governments and corporations on WikiLeaks is an attack on freedom of the press and democracy. We urgently need a massive public outcry to stop the crackdown -- let's get 1 million voices this week!

Whatever we think of WikiLeaks, the massive campaign of intimidation against it is sending a chill through free speech and media advocates everywhere.
Top US politicians have called WikiLeaks a terrorist organization and suggested assassination of its staff, and the organization has come under massive government and corporate attack to shut it down. But WikiLeaks is only publishing information passed to them by a whistleblower. And they're partnered with the world's top newspapers (NYT, Guardian, Spiegel) to carefully remove information that is not in the public interest.

If WikiLeaks has broken laws there should be legal action against them. But the massive extra-judicial intimidation is an attack on democracy itself. Right now, dozens of governments and corporations are being pressured to join the crackdown -- we urgently need to take a stand for freedom of the press and expression. Sign the petition to stop the crackdown and forward this email to everyone -- let's get 1 million voices this week!

http://www.avaaz.org/en/wikileaks_petition/?vl

WikiLeaks isn't acting alone -- it's partnered with the top newspapers in the world (New York Times, Guardian, Der Spiegel etc) to carefully review 250,000 US diplomatic cables and remove any information that it is irresponsible to publish. Only 800 cables have been published so far. Past wikiLeaks publications have exposed government-backed torture, the murder of innocent civilians in Iraq and Afghanistan, and corporate corruption.

The US government is currently trying all legal avenues it has to stop wikiLeaks from publishing more cables, but the laws of democracies protect freedom of the press. The US and other governments may not like the laws that protect our freedom of expression, but that's exactly why it's so important that we have them, and why only a democratic process can change them.

Reasonable people can disagree on whether WikiLeaks is releasing more information than the public should see, whether it undermines diplomatic confidentiality and whether that's a good thing. Whether its founder Julian Assange has the personal character of a hero or a villain. But none of this justifies a vicious campaign of intimidation to silence a legal media outlet by governments and corporations. Click below to join the call to stop the crackdown:

http://www.avaaz.org/en/wikileaks_petition/?vl

The crackdown on Wikileaks has involved intimidation and threats to the staff, massive hacker attacks to shut down the website, multiple lawsuits, corporate decisions by Amazon, Visa, Mastercard, Paypal to cut services to the organization. The founder's assets have been seized in Switzerland and he is now one of Interpol's most wanted criminals in the world. These are more severe international measures than have been taken against some of the worst genocidal dictators and war criminals in our world today.

Ever wonder why the media so rarely gives the full story of what happens behind the scenes? This is why - because when they do, governments can be vicious in their response. And when that happens, it's up to the public to stand up for our democratic rights to a free press and freedom of expression. Never has there been a more vital time for us to do so.

With hope,
Ricken, Emma, Alex, Alice, Maria Paz and the rest of the Avaaz team.

6 ဦး၏ဆွေးနွေးချက်:

SHWE ZIN U said...

ဖတ်သွားတယ် မဗေဒါ ရေ

တခါတလေ ကျတော့လည်း မှန်ကန်ပေမဲ့ အချိန်အခါ ရှိသေးတယ်ထင်တယ် အကြမ်းဖက်တဲ့ အဖွဲ့များလို့တော့ အမည်မတတ်သင့်ပါဘူး

အရမ်းအေးနေလား သနားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

မဗေဒါ


ဟဟ.. အစ်မရေ အခုအချိန်မှာတော့ WikiLeaks ကိစ္စကိုဘာမှ မဆွေးနွေးလိုသေးပါဘူး။ နည်းနည်းစောသေးတယ် ထင်တယ်။ ဒီမိုမီဒီယာတွေ ပတ်သက်နေပြီဆိုတော့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိကောင်းရှိမှာပေါ့။ နောက်ပြီး ကျုပ်တို့ မြန်မာလူမျိုးတွေက သတင်းတွေကို အခုနားထောင်တယ်.. ပြီးတော့လဲ မေ့ပြစ်လိုက်တယ်။ သတင်းတွေ အပေါ်ကနေ နိုင်ငံရေး သင်ခန်းစာ ယူတယ်ဆိုတာ မရှိကြဘူးဗျ။

အစ်မ သတိထားကြည့်လေ။ ကျုပ်တို့တွေ ၄-၅နှစ်လောက် Global Warming သတင်းတွေကို နေ့စဉ်ရက်တိုက် သတင်းတွေမှာ တွေ့နေရတယ်။ ကမ္ဘာကြီးကို လူတွေက မီးခိုးတွေ ထုတ်ပြီးဖျက်ဆီးနေတယ်။ ကမ္ဘာကြီးဟာ မတရားကို အပူချိန်လွန်ကဲနေပြီ။ လူတွေလုပ်လို့ ပတ်ဝန်းကျင်တွေ ပျက်စီးကုန်ပြီ။ မုန်တိုင်းတွေ ဖြစ်တယ်… ရေကြီးတယ်.. မြေငလျင်လှုပ်ပြီး ဒုက္ခတွေ ရင်ဆိုင်ရတော့မယ်ဆိုပဲ။ (နာဂစ်တောင် ကမ္ဘာကြီး ပူနွေးလာလို့ ဖြစ်ရတယ်ဆိုပြီး ပြောကြသေးတာပဲ။) ဒါ့ကြောင့် ပတ်ဝန်းကျင် ထိမ်းသိမ်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့ ကျုပ်တို့ ဆီကနေ အခွန်ငွေတွေ တိုးကောက်ရမယ်ဆိုပြီး ဒီမိုအစိုးရတွေက ဦးဆောင်လုပ်ခဲ့တာပဲ မဟုတ်လား? အနောက်ဖက်က သမတ္တတွေ၊ ၀န်ကြီးချုပ်တွေ ခမျာ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် အစည်းအဝေးကြီးတွေ လစဉ် လတိုင်းလုပ်ကြတယ်။ ကမ္ဘာကြီးကို သိပ်ချစ်တဲ့ ဒီမိုအစိုးရတွေပဲလို့ အထင်ကြီးစိတ်တောင် ဖြစ်သွားမိတယ် မဟုတ်လား?

အခုတော့ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အခွန်ငွေတွေ တိုးကောက်နေပါပြီ။ ကုန်ဈေးနှုံန်းတွေလဲ တက်လာပါပြီ။ လိုချင်တာရပြီဆိုတော့ Global Warming ကြောင့် မုန်တိုင်းတွေ ဖြစ်တယ်… ရေကြီးတယ်.. မြေငလျင်လှုပ်တယ် ဆိုတဲ့ သတင်းတွေ မမြင်ရတော့ပါဘူး။ ဒီတော့ တချိန်တုံးက မီးခိုးတွေကြောင့် ကမ္ဘာကြီးပျက်တော့ လေမလားဆိုပြီး စိုးရိမ်ခဲ့တဲ့ အစ်မတို့တွေ Global Warming စကားလုံးကို မှတ်တောင် မမှတ်မိတော့ဘူး မဟုတ်လား? ကိုယ့်အိပ်ထဲက ပိုက်ဆံကို ဒီမိုအစိုးရတွေ ဘယ်လို လိမ်ညာယူသွားလဲဆိုတာလဲ မသိလိုက်ဘူး မဟုတ်လား?

တလောတုံးကလဲ H1N1 က အရမ်းကို ကြောက်ဖို့ ကောင်းတယ်။ လျှင်မြန်စွာ ကူးစက်တော့မယ်လို့ UN ကိုယ်တိုင်ကလဲ ပြောခဲ့တာပါပဲ။ မဆီမဆိုင်ပဲ H1N1 ကြောင့် အမေရိကန်မှာဆိုရင် စစ်အုပ်ချုပ်ရေး လုပ်ရတော့မယ်လို့ အိုဘားမားက ပြောခဲ့ပါတယ်။ အဲဒီသတင်းတွေကြောင့် H1N1 ကာကွယ်ဆေးထုတ်တယ်ဆိုတဲ့ ဆေးလုပ်ငန်းတွေကတော့ ငွေကြေးတွေ ရသွားခဲ့ပါတယ်။ အခုတော့ လေထဲကနေ ကူးစက်မယ်ဆိုတဲ့ ပိုးမွှားတွေက ဘယ်ပျေက်ကုန်လဲ? ကိုယ့်အိပ်ထဲက ပိုက်ဆံကို ဆေးလုပ်ငန်းတွေ ဘယ်လို ယူသွားလဲဆိုတာ မသိလိုက်ဘူး မဟုတ်လား?


အခုWikiLeaks ကိစ္စပေါ်ကနေ ဒီမိုအစိုးရတွေ . .. အရင်းရှင်ကြီးတွေ အကျိုးအမြတ်ရသွားပြီဆိုရင် . . .ဒီသတင်းတွေကို ဒီမိုမီဒီယာတွေမှာ ဖေါ်ပြမှာ မဟုတ်တော့ပါဘူး။ Global warming နဲ့ H1N1 တို့လိုပဲ နောက်တော့ မေ့သွားမှာပါ။ အေးဆေးပေါ့။ ပြီးသွားရင် မေ့လိုက်မှာပဲဗျာ.. ဘာအတွက် ခေါင်းခြောက်ခံနေမှာလဲ?



ဒီမိုတွေမုံန်းတာကိုခံနေရတဲ့ လူသား (၀ါ) ရိုးသားတဲ့ အညာသားဖြစ်တဲ့
ဇော်မျိုး

Nge Naing said...

နားလည်ရတော့ နည်းနည်းခက်တယ်။ လူ့အဖွဲ့အစည်း တခုလုံးကို ထိခိုက်နေပြီး တကယ် ကမ္ဘာကြီး ပျက်စီးရာ ပျက်စီးကြောင်းကို ကို အန္တရယ်ပြုနေလို့ လူတွေသိပြီး ၀ိုင်းဝန်းဖြေရှင်းလို့ရအောင် လုပ်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါပေမဲ့ တဘက်က ပြန်စဉ်းစားကြည့်တော့ သူများ ဒိုင်ယာယီ စာအုပ်ထဲက စာကို ခိုးဖတ်ပြီး လူတကာကို လျှောက်ပြောနေသလို ဒါမှမဟုတ် သူများအိမ်ထဲမှာ သူများ လွတ်လွတ်လပ်လပ် နေတာကို ဓါတ်ပုံခိုးရိုက်ပြီး လျှောက်ဖြန့်နေသလို ဖြစ်နေမလားလို့လည်း တွေးမိတယ်။ ဒါမျိုးဆိုရင်တော့ ဘယ်လိုမှ ထောက်ခံလို့ မဖြစ်နိုင်ဘူး။ ဖွင့်ချတဲ့ အကြောင်းအရာနဲ့ လုပ်တဲ့သူရဲ့ ရည်ရွယ်ချက်အပေါ်မှာလည်း မူတည်လိမ့်မယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ဒေါ်ဒေါ်ဗလောင်းဗလဲ

ခင်ဗျားတို့ ဒီမိုတွေဟာ . . . . တရားဥပဒေအကြောင်း လုံးဝ မသိကြဘူး။ တရားဥပဒေကို နကန်းတစ်လုံးမှ နားမလည်ကြပေမယ့် .. ပြောလိုက်ရင် ဥပဒေကို ပါးစပ်ကနေ မချကြပါဘူး။ နောက်ပြီးတော့ ဥပဒေကို ဘာမှန်းမသိပဲနဲ့ နအဖလုပ်ရပ်ဟာ တရားဥပဒေနဲ့ မညီဘူးလို့ပြောလို့ပြော။ တကယ် အူကြောင်ကြောင်တွေချည်းပဲ။ ကဲဗျာ.. တကယ်တမ်း ဥပဒေကိစ္စနဲ့ တိုက်ရိုက်ဆိုင်နေတာ ကြတော့ ဥပဒေစကားမပြောတော့ပါလား။ ဒေါ်ဒေါ်ဗလောင်းဗလဲရေ.. ခင်ဗျား တို့ ဒီမိုငတုံးတွေ ထင်မြင်ချက်ကို မပြောရဘူးလေ။ အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှုက ဥပဒေ ဘောင်အတွင်းမှာ ရှိသလားဆိုတာကို ကြည့်ရမှာ။ WikiLeaks အဖွဲ့ဟာ ဥပဒေရဲ့ ကာကွယ်မှုအပြည့်အ၀ ရသလားဆိုတာကို ကြည့်ရမယ်။ ရှင်းလား? နားမလည်ရင် ထပ်မေးနော်. . . အကျယ်ချဲ့ပြောပေးမယ်လေ။ စာရွက်ပေါ်မှာ ရေးထားပြီး တကယ်သုံးလို့မရတဲ့ လူအခွင့်အရေး… တရားဥပဒေတို့ဆိုတာကို ကျုပ်က မယုံဘူးဗျ။ ဒါပေမယ့် အဲဒါတွေကို ခင်ဗျားတို့ ဒီမိုတွေထက် ကျုပ်က ပိုသိတယ်လေ။ ဟဲဟဲ။

ယဉ်ယဉ်ကျေးကျေးသာပြောတတ်တဲ့ အညာသားဖြစ်သော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★