ဘလော့လေးတွေ လိုက်ဖတ်တဲ့အခါ ဆွေးနွေးချက် အမြင်တွေကို ဖတ်ရပါတယ် .. လူအများစုကတော့ အမြင်တွေကို ပြောင်ပြောင်တင်းတင်း မပြောကြပါဘူး..။ တကယ်တော့ ကျွန် မ အတွက် ကော်မန့်တွေက အာဟာရလည်းဖြစ်.. ရယ်စရာလည်းဖြစ်… တွေးစရာလည်းဖြစ်နဲ့.. ဘလော့ လောကကနေ ပေးလိုက်တဲ့ သင်ခန်းစာ လို့တောင်ဆိုရမလားပါပဲ..။ ဆိုလိုတာက သူများဆီကနေ ရလိုက်တဲ့ အသိတရားတွေလို့ ဆိုနိုင်ပါတယ်..။
အခုကတော့ ကျွန်မရေးထားတဲ့အပေါ် အမြင်ကို ရေးချင်ပေမဲ့ မရေးဖြစ်တဲ့ အသိမိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်..။ အပြင်မှာ သိတဲ့သူတွေက `ပြောချင်တယ်.. ရေးချင်တာ မရေးတက်လို့..` `အမရေ.. မရေးရဲလို့` အစရှိသဖြင့် ပြောတာမျိုး ဘလော့ဂါ စာရေးသူများ ကြုံဖူးမှာပါ..။ ဆိုတော့ ကျွန်မအကြောင်း နဲနဲကြွားလိုက်ချင်ပါတယ်.. ကျွန်မက စာတော့ရေးတယ် ဒါပေမယ့် မြန်မာစာ မကျွမ်းကျင်ပါဘူး… စာစရေးကတည်းကလည်း အမှားများစွာနဲ့ ဖြစ်သလို အခုချိန်ထိလည်း မမှားသင့်တာတွေ မှားနေတုန်းပါပဲ..။ ဟိုတနေ့ကတင်တဲ့ အန်တီစုအကြောင်းမှာပဲ ခေါင်းစဉ်မှာ `ဖြစ်` နဲ့ `ဖြင့်` ကို မှားနေလို့ ရင်းနှီးသူက ပြောမှ အော်ဆိုကာ ပြန်စစ်ပြီး အမှားကို ပြင်ယူရပါသေးတယ်..။ စာလုံးပေါင်း.. ဝါကျ အထားအသို.. ဆိုလိုရင်း ရောက်မရောက်… အသုံးပြုတဲ့ စာလုံးတွေ ကိုက်ညီမှု ရှိမရှိ ..အစရှိတာတွေကလည်း အခြားဘာသာလိုပဲ ခက်ခဲပါတယ်..ဒါတောင် အင်္ဂလိပ်တို့ နော်ဝေးတို့ဆိုရင် ကျွန်မတို့မြန်မာဘာသာလောက်.. စာလုံး( ဗျည်း.. သရ)မများပါဘူး..။ ဒါကြောင့် မြန်မာစာရေးရင် အမှားပိုများနိုင်တယ်လို့ ယူဆရပါတယ်…။ စည်းကမ်းတွေကျတော့လည်း ပိုလေ့လာလေ ပိုများလေသလားပဲ..။ ဒါပေမဲ့လည်း ပိုတက်လာရင်တော့ အမှား နဲသွားမယ်လို့ ထင်ရတာပါပဲ..။
မြန်မာစာက ခက်တော့ခက်တယ်.. ဒါပေမယ့် ရေးကြည့်သင့်တယ်လို့ ဆိုချင်ပါတယ်..။ ရေးကြည့်ခြင်းဖြင့်.. ကိုယ့်အမြင်ကို ပြောရဲတဲ့ အလေ့အကျင့် ရယ် စာရေးတဲ့အလေ့အထ နှစ်ခု လုပ်ဖြစ်သွားပါတယ်..။ ဥပမာ.. ရေးထားတဲ့ အကြောင်းအရာ တခအပေါ်ုမှာ ပြောချင်တာက.. `` ကျွန်မအထင်တော့ စာလုံးပေါင်းက အဲလိုဖြစ်ရမယ်.. အခုရေးထားတဲ့အကြောင်းအရာလေးက ကျွန်မသိထားတာနဲ့ဆို မတူဘူးဖြစ်နေတယ်…. ကျွန်တော်သိတဲ့ သမိုင်းကဖြစ် ဒီလိုမဟုတ်ပါ `` အစရှိတာ တွေကို အပြင်မှာ စကားနဲ့ပြောသလိုပဲ ခပ်ရိုးရိုး ရေးချကြည့်စေချင်ပါတယ်..။ ဒါဆို ပထမအဆင့် အလုပ်လုပ်ကြည့်တယ်ဆိုတော့ လုပ်ဖြစ်သွားတာပဲပေါ့..။
စ ပြီးမရေးဖြစ်ရင် .. နောက်လည်း မရေးဖြစ်တော့ဘူး..။ သူများအထင်သေးမှာ.. လှောင်စရာဖြစ်မှာ… ကို မစိုးရိမ် မတွေးသင့်ဘူးလို့ ပထမဦးစွာပြောချင်ပါတယ်..။ အဓိကက ပြောချင်တဲ့ နှုတ်ထဲမှာရှိတဲ့ စကားကို စာအဖြစ် လက်ကနေ အရင်ပြောင်းလဲ ရေးချလိုက်ပါ..။ ဒါဆို ကိုယ်ရေးချင်တာ ပြောချင်တာလေး.. စာအဖြစ်ပြောင်းလဲသွားတာကို တွေ့ရမယ်..။ အဲဒီတော့မှ အနဲဆုံး ၅ ခေါက်လောက် အလီလီအခါခါ ပြန်ဖတ်ကြည့်သင့်ပါတယ်..။ စာလုံးအထားအသို… စာလုံးပေါင်းသတ်ပုံလေးတွေ… ကိုယ်အဓိက ပြောချင်တဲ့ စာသားရော ပါပြီလား ဆိုတာ ပြန်စစ်ပြီးရင် ပြီးပြီပေါ့..။ အချိန်ယူ စစ်နိုင်လေ ပိုကောင်းလေပါပဲ..။ တခါတလေလည်း လိုတာထက် ပိုစစ်ရင်း အထာမကျလို့ မရေးချင်တာမျိုးလည်း ကြုံရနိုင်ပါသေးတယ်..။ ဘာပဲပြောပြော ရေးဖြစ်အောင် ရေးချတာက စာရေးခြင်းရဲ့ အစမို့ ရေးသာချလိုက်စေချင်ပါတယ်..။ ကြုံတုန်း ဆရာရန်အောင်ရဲ့ အမိန့်ကလေးလည်း လက်ဆောင်ပါးချင်ပါသေးတယ်.. `` စကားဟူသည် နှုတ်ဖြင့်ရေးသောစာ.. စာပေဟူသည် လက်ဖြင့် ပြောသော စကားသာလျှင် ဖြစ်ပါသတည်း..။``
ဘလော့ မှာ ပြောချင်တဲ့ (ဆွေးနွေးချက်) မှ မဟုတ်ပါဘူး. ကိုယ့်ဘာသာ ရေးချင်တာလေးကို ကိုယ်ပိုင်စာအုပ်ထဲမှာ.. ချရေးကြည့်..။ ဒါမှမဟုတ် ခင်မင်တဲ့ သူငယ်ချင်းကို စာတွေဖတ်ခိုင်းကြည့်ရင်း စာကိုရေးဖြစ်အောင် အရင်လေ့ ကျင့်ရင် စာရေးတာ အလိုလိုဖြစ်လာပါတယ်..။ တကယ်တော့ စာရေးတာ မခက်သလို ခက်လည်းခက်ပါတယ်..။ ဒါပေမယ့် စ မလုပ်ဖြစ်ရင်တော့ ဘာမှ မထွက်လာလို့ စသာ လုပ်ကြည့်လိုက်ပါ.. နောက် ၅ နှစ်ကြာတဲ့အခါ ကိုယ်ပြောချင်တာတွေ.. ဆိုလိုတာတွေကို လှလှပပနဲ့ ရေးနိုင်တဲ့သူ ဖြစ်မယ်လို့ ထင်ပါတယ်..။ မဗေဒါ လွန်ခဲ့တဲ့ ၄ လလောက်က မြန်မာပြည်ထဲမှာ ၀တ္တုတို ဆုပေးတဲ့သတင်းလေး ဖတ်ရပါတယ်.. အဓိကကတော့ စာလုံးပေါင်း.. အထားအသို.. ဆိုလိုရင်း..အပိုအလိုမဖြစ်တာ အစရှိတာတွေကို ကြည့်ပြီး ပေးခဲ့တဲ့ ဆုပါ.. ။ ကျွန်မသာဆို ဆုမပြောနဲ့ ရွေးချယ်ရေးအဖွဲ့က စာမူကို ပယ်ချမှာအသေအချာပဲ.. ဒါပေမယ့် ဒီလိုဖြစ်နေလို့လည်း စိတ်ကျစရာမလိုဘူး.. ကိုယ်ဖြစ်ချင်ရင်.. လုပ်ကြည့်မှ ရမယ်.. ဘယ်အရာမှကတော့ မကြိုးစားပဲ စမလုပ်ပဲနဲ့ ဖြစ်မလာဘူး..။ ဘယ်အရာပဲဖြစ်ဖြစ် လွယ်တယ်ဆိုတာမရှိသလောက်ပါပဲ… တဖြေးဖြေး လုပ်ရင်း ကြိုးစားရင်းနဲ့ပဲ.. လူတော် လူကျော်တွေ ဖြစ်ခဲ့ကျတာမလား (စကားချပ်.. သိပ်ထူးတဲ့ ပါရမီရှင်တွေတော့ မပါဘူးပေါ့…) ။
မြန်မာစာရေးတိုင်း စိတ်ညစ်ရသလို အင်္ဂလိပ်.. နော်ဝေးစာရေးတိုင်းလည်း စိတ်ညစ်ရ.. စိတ်ရူပ်ရ.. ဖြစ်နေဆဲပါ.. ဒါပေမယ့် တက်သလောက်ကို ရေးကြည့် ပြောကြည့် နေတုန်းပါ..။ ကဲ စာမရေးတက်ဘူးလို့ ပြောနေတဲ့ အသိမိတ်ဆွေများ… နှုတ်က ပြောတာကိုပဲ စာအဖြစ်ပြောင်းလိုက်ပါ…။ သင် ပထမ အဆင့် အောင်မြင်ပြီလို့ ယူဆသင့်ကြောင်းပါ..။
ကဲ… မြန်မာစာဖတ် သူများ အတွက် ဆရာကြီးတယောက်ရဲ့ `မင်းဝါကျက ပွစိစိကြီးပါလား `.. လို့ မြန်မာစာဆရာကြီးတယောက် ကို ဆုံးမဖူးတဲ့ စာကြောင်းလေးနဲ့ အဆုံးသတ်ချင်ပါတယ်..။ မှန်အောင် ပြန်ပြင်ပေးတဲ့သူကတော့ မြန်မာစာအလွန်တော်သူလို့ မှတ်ယူသင့်ပါတယ်.. စာကြောင်းလေးက
`မထွေးလေးသည် သူ့ထဘီကို ခြေဖြင့်ခတ်၍ ကလေ့ရှိသည်..။ `။
(စကားချပ်… ထိုစာအုပ်ဖတ်ဖူးသူများ မဖြေစေချင်ပါ..။ စာကြောင်းကို ပြင်မဲ့သူများလည်း အမှန်လို့ ယူဆထားတာကို သတ္တိအပြည့်ဖြင့် ရေးကြပါကုန်…။ စာပြင်မည့်သူများကိုလည်း ကြိုတင်ကျေးဇူးတင်ပါသည်.. မအားမလပ်ကြားမှ လာရောက်သည့် မိတ်ဆွေများ အားလုံး ကျေးဇူးပါရှင်..။ )
မဗေဒါ
၂၄.၁၁.၂၀၁၀
8 ဦး၏ဆွေးနွေးချက်:
( ကျွန်မသာဆို ဆုမပြောနဲ့ ရွေးချယ်ရေးအဖွဲ့က စာမူကို ပယ်ချမှာအသေအချာပဲ.. ဒါပေမယ့် ဒီလိုဖြစ်နေလို့လည်း စိတ်ကျစရာမလိုဘူး.. ကိုယ်ဖြစ်ချင်ရင်.. လုပ်ကြည့်မှ ရမယ်.. ဘယ်အရာမှကတော့ မကြိုးစားပဲ စမလုပ်ပဲနဲ့ ဖြစ်မလာဘူး..။ )
သို့
မဗဒါ
အစ်မရဲ့ အယူအဆလေးတွေက တခြား ဒီမိုတွေနဲ့ နည်းနည်းကွာတယ်ဗျ။ အဲဒါကြောင့်လဲ မကြာခဏလာ လည်ဖြစ်တယ်။ ဟဲဟဲ. . . နှိပ်ကွပ်စရာရှိလဲ အားမနာတမ်း နှိပ်ကွပ်ပါတယ် :P ။ အခုဆောင်းပါးမှာ အစ်မနဲ့ နည်းနည်းတော့ အမြင်ကွာနေတယ်။ ဒီလိုဗျ. . .
နအဖဘလော့လိုပဲ . . လွတ်လပ်စွာရေးသားခွင့်ပေးတဲ့ အစ်မဘလော့မှာ ဒီမိုတွေက ကော်မန့်တွေ မရေးတော့ဘူး။ သူတို့တွေက လွတ်လပ်ခွင့်မပေးတဲ့ ဒီမိုဘလော့တွေမှာပဲ စည်စည်ကားကား ကော်မန့်တွေရေးနေ ကြတယ်။ အဲဒါကိုကြည့်ရင် အစ်မထင်သလို စာအရေးအသားညံ့လို့ ကော်မန့်တွေ ဆောင်းပါးတွေကို မရေးရဲတာ မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။
လွတ်လပ်စွာရေးခွင့်ပေးတဲ့ ဘလော့မှာဆိုရင် . . . . သူတို့ရေးတဲ့ ကော်မန့်တွေနဲ့ ဆောင်းပါးမှာပါတဲ့ အယူအဆတွေကို မေးခွန်းတွေ ပြန်ထုတ်တာ ခံရပါတယ်။ လှောင်ပြောင်တာလဲ ခံရပါတယ်။ လွတ်လပ်စွာပြောဆိုတဲ့ အချိန်မှာ အဲဒါတွေက ရင်ဆိုင်ရမှာပဲ…. ဒါမျိုးက ထူးဆန်းတာမှ မဟုတ်တာ။ ဒါပေမယ့် အဲဒါတွေကို မြန်မာလူမျိုးတွေက မရင်ဆိုင်ရဲဘူးဗျ။
ဒီတော့ အစ်မရေ… ကျုပ်တို့မြန်မာတွေကို လှောင်ပြောင်ခံရဲအောင်။ မိမိတင်ပြချက်အပေါ် မေးခွန်းထုတ်တာခံရဲအောင်.. စတဲ့ စိတ်ဓါတ်မျိုးတွေရှိလာအောင် လုပ်ပေးဖို့လိုပါတယ်။ အခုလိုပဲ စိတ်ဓါတ်တွေ သိမ်ငယ်နေမယ်ဆိုရင်တော့ . . . . ဘယ်သူမှ မိမိအမြင်ကို ထုတ်ပြောရဲ ကြမယ် မထင်ပါဘူး။
လေးစားလျက်
ဇော်မျိုး
မဗေဒါ ရေ
မြန်မာစာလည်း မတတ် အင်္ဂလိပ်စာ လည်း မကျွမ်းကျင်တဲ့ ရွှေစင်ဦး လေးဖတ်သွားတယ်နော်
ပြောသလို ဘဲ ရေးချလိုက်ပါ ဆိုသလို
စာကောင်းကောင်း ရေးတတ်ချင်ရင် စာများများ ဖတ်ပါလို့လည်း ပြောချင်ပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စာရေးချင်ရင် စာများများဖတ်ရတယ်တဲ့..။ ချွင်းချက်မရှိလက်ခံပါတယ်။
အပေါ်က၀ါကျလေးနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ ရှိပါတယ်။ ပွစိစိဖြစ်နေတယ်ဆိုရင် ကျစ်လစ်အောင်ရေးလို့ရပါတယ်။ ဒါပေမယ့် ရသပိုင်းကို ဦးစားပေးတဲ့အခါ ကျစ်လစ်မှုကို ဂရုစိုက်စရာမလိုဘူးထင်တယ်။ ကျစ်လစ်မှုရှိတိုင်း စာဖတ်လို့ကောင်းတာမဟုတ်ဘူးလို့ ထင်တယ်။ မြန်မာစာ၊ မြန်မာစကားဟာ ဖွဲ့နွဲ့ကွန့်မြူးနိုင်တဲ့ ဘာသာရပ်တခုဖြစ်ပါတယ်။ မြန်မာစာမှာ ဒီလိုရေးရမယ်၊ ဒီဝါကျကို ဒီလိုတည်ဆောက်ရ မယ်ဆိုတဲ့ စံ သတ်မှတ်မှုတရပ်မရှိသေးပါဘူး။ စံသတ်မှတ်မှုရှိတယ်ဆိုရင်လည်း ခေတ်ကာလအချိန်၊ ကျမ်းကိုးတွေနဲ့ စံလို့ သတ်မှတ်ထားပါသလဲ။
ဗမာစာကို ဖတ်တဲ့ဗမာတိုင်း နားလည်ြ့ပီး ဗမာတယောက်က ဗမာစာဖတ်တာကို ဘာသာပြန်တယောက်ထားရမဲ့ စာမျိုးမဟုတ်ရင်ပြီးတာပါပဲ...။ ရေးရင်းနဲ့ လက်တက်လာပါလိမ့်မယ်..၊ ဝမ်းစာပြည့်ဖို့တော့ စာများများဖတ်ရမယ်၊
( စာကောင်းကောင်း ရေးတတ်ချင်ရင် စာများများ ဖတ်ပါလို့လည်း ပြောချင်ပါတယ် )
သို့
မ SHWE ZIN U
ကျုပ်ကတော့ အဲဒီအကြံပြုချက်ကို လက်မခံဘူး။ အန္တာရယ်များတယ်လို့ထင်တယ်။ သီချင်းဆိုတဲ့သူတွေဟာ လူတွေကို သီချင်းများများ နားထောင်ဖို့ တိုက်တွန်းကျပါတယ်။ အဲလိုပါပဲ စာရေးဆရာဆိုတဲ့သူတွေကလဲ လူတွေကို စာများများဖတ်အောင် တိုက်တွန်းကြပါတယ်။ စာကို တန်ဆေး. . . . . . လွန်ဘေးမဖြစ်အောင် ဖတ်ဖို့ သတိပေးတဲ့ စာရေးဆရာမရှိပါဘူး။ လက်တွေ့မှာ စာဖတ်လွန်တာကို သတိထားသင့်ပါတယ်။ စာအုပ်စာပေတွေဟာ ၀ါဒမှိုင်းတိုက်တဲ့ နေရာမှာ အဓိအသုံးပြုတဲ့ ကိရိယာတွေဖြစ်နေတယ်ဆိုတာ သတိထားပါဦး။ နအဖစာပေတွေက အဆင့်နိမ့်တဲ့ ၀ါဒမှိုင်းတိုက်နည်းကို သုံးထားတော့ ရှောင်လို့လွယ်ပါတယ်။ ဒီမိုအစိုးရတွေ ၀ါဒမှိုင်းတိုက်တာက အရမ်းအဆင့်မြင့်ပြီး ရှောင်ရခက်လှတယ်။
ဒီခေတ်မှာလူတွေဟာ စာတွေဖတ်လွန်ပြီး အချိန်ဖြုံးနေတယ်။ စာအုပ်ထူထူကြီးတွေ ဖတ်နိုင်လေ.. ဂုဏ်ယူလေပါပဲ။ ကျုပ်တို့တွေဟာ စာဖတ်ပြီဆိုရင် စာရေးဆရာ ဆွဲခေါ်တဲ့နောက်ကို လိုက်ပါသွားပါတယ်။ စာအုပ်ဖတ်တာကို ဘိန်းစွဲသလိုစွဲနေတော့ . . . တစ်အုပ်ပြီး တစ်အုပ် ဖတ်နေကြတယ်။ တကယ်အရေးကြီးတဲ့ စဉ်းစားဝေဖန်ဖို့အတွက် အချိန်မပေးကြတော့ဘူး။ ဒီလိုနဲ့ စာအုပ်တွေဖတ်ရင်းနဲ့ စာရေးဆရာတွေ လိုသလိုကြိုးဆွဲခံရတဲ့ ရုပ်သေးလေးဖြစ်သွားတယ်။ စာအုပ်ထူထူကြီးတွေ ဖတ်နေတဲ့ ဒီမိုသမားတွေမှာ လက်တွေ့ကျကျ ကြောင်းကျိုးဆက်စပ် စဉ်းစားတွေးခေါ်နိုင်မှု အားနည်းနေတာ သတိထားမိလား?
ကြည့်လေဗျာ။ ကျုပ်တို့က မွတ်ဆလင်တွေ သင်ကြားချက် ယုတ်ညံ့တာတွေ.. မွတ်ဆလလင်တွေ နိုင်ငံတကာမှာ အဖျက်လုပ်ရပ်တွေလုပ်တာကို အထောက်အထားတွေနဲ့ တင်ပြတာပဲ။ ဘယ်သူမှ ဦးဏှောက်သုံးပြီး မစဉ်းစားဘူး။ ဖတ်ထားတဲ့ စာအုပ်ထဲက စကားလုံးတွေကိုပဲ ကြက်တူရွေးလို မွတ်ဆလင်မှာလဲ လူကောင်းတွေရှိပါတယ်ဆိုပြီး စွတ်အော်နေတယ်။ (ကျုပ်တို့က မွတ်ဆလင် အားလုံး ၁၀၀% က လူဆိုးလို့ပြောခဲ့တာမှ မဟုတ်တာ) အစွန်းရောက်တွေကပဲ မကောင်းလုပ်တာပါဆိုပြီး စာအုပ်ထဲကအတိုင်းပဲ အော်ကြတယ်။ တကယ်တမ်း အစွန်းရောက်ဆိုတဲ့ စကားလုံး အဓိပါယ်ကိုရှင်းခိုင်းကြည့်ပါ။ အစ်မတို့ ကြက်တူရွေးတွေမရှင်းရဲပါဘူး။
ဒီတော့ စာလေးရေးတတ်ဖို့ဆိုပြီး စာအုပ်တွေ အဖတ်လွန်နေရင် . . . . လူစစ်စစ်ကနေ .. . စဉ်းစားဥာဏ် ကင်းမဲ့တဲ့ ကြက်တူရွေးဖြစ်သွားနိုင်တဲ့ အန္တာရယ်ရှိကြောင်း သတိပေးချင်ပါတယ်။
လေးစားလျက်
ဇော်မျိုး
သို့
တုံးလွန်း . . . အလွန်းသော ဒီမိုငတုံးများ
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရေပြင်မှာ ပြဿနာဖြစ်တော့ ဒီမိုအမေရိကန်အစိုးရက ကုလားဘက်ကနေ မြှောက်ပေးခဲ့တယ်။ နောက်ပြီး ကုလားနဲ့ ပေါင်းပြီး စစ်ရေးလေ့ကျင့်ပြီး မြန်မာကို ရန်စခဲ့တယ်။ (ဒီမိုငတုံးတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပေါတောတော ရူးကြောင်ကြောင်နဲ့ မြေမှုပ်မိုင်းကို ရပ်ခိုင်းဖို့ လက်မှတ်ထိုးခဲ့တယ်။ ဒီမိုအစိုးရတွေ အကြောက်ဆုံး လက်နက်က မြေမြုပ်မိုင်းဆိုတာ မသိတဲ့ ငတုံးမကြီးပဲ)
တလောတုံးကလဲ တောင်ကိုရီယား စစ်သင်္ဘောကို သူတို့အချင်းချင်း မြုပ်ပြစ်ပြီးတော့ မြောက်ကိုရီးယားက လုပ်တယ်လို့ မတရားစွပ်စွဲခဲ့တယ်။ အခုကိစ္စလဲ သောက်ကျင့်ယုတ်တဲ့ ဒီမိုအစိုးရက မြောက်ကိုရီးနယ်မြေထဲကို အမြောက်တွေနဲ့ စတင်ပြစ်ခတ်ပြီး ဆော်ကားခဲ့တာပါ။ ဘယ်သူမဆို မိမိတို့ကို စတင်ပြစ်ခတ်ရင် ပြန်လည် တုံ့ပြန်မှာချည်းပဲ. . အဲဒါကို ဒီမိုအစိုးရက (တောင်ကိုရီးယား) မျက်ရည်ကျပြပြီး သူတို့ကို မြောက်ကိုရီးယားက မတရားလုပ်တယ်လို့ မာယာများပြနေတယ်။ တကယ်ကို အောက်တန်းကျပြီး သောက်ဆင့်မရှိတဲ့ ဒီမိုတွေပဲ။
အခုဆိုရင် မြောက်ကိုရီယားနယ်စပ်မှာ ဒီမိုအမေရိကန်က စစ်ရေး လေ့ကျင့်ပြီး ၇န်စနေတယ်။ ဒီမိုဂျပန်ကလဲ စစ်ရေး အင်အားပြပြီး မြောက်ကိုရီးယားကို ၀ိုင်းပြီး ခြိမ်းခြောက်နေတယ်။ ဒီမိုတွေဟာ သွေးဆာပြီး ရက်စက်တဲ့နေရာမှာ ဖက်ဆစ်နဲ့ နာဇီတို့ထက်အများကြီးဆိုးပါတယ်။ အခုလဲ Syria ကို တိုက်ဖို့ စကားစထုတ်နေပြန်ပြီ။ ဒီမိုစံနစ်ဆိုတာ ကမ္ဘာမှာ အရက်စက်ဆုံး စံနစ်သာဖြစ်ပါတယ်။ 9/11 . . . 7/7 လို ရက်စက်တဲ့ လူသတ်မှုများသာ မကပဲ.. ကာကွယ်ဆေးမှာ အဆိပ်ခတ်နေတာလဲ ဒီမိုအစိုးရတွေပါပဲ။ တုံးလွန်း.. အလွန်းပြီး . .. လိမ်လို့လွယ်ပြီး ဦးဏှောက် မရှိတဲ့ မြန်မာတွေကသာ ဒီမိုအစိုးရတွေကို အထင်ကြီးနေတာပါ။ အဲလို တုံးလွန်း.. အလွန်းပြီး . .. လိမ်လို့လွယ်ပြီး ဦးဏှောက် မရှိတဲ့ မြန်မာတွေကသာ ဒီမိုစံနစ်ကို လိုချင်ကြတာပါ။
လွတ်လပ်စွာတွေးခေါ်ပြောဆိုခွင့်၏ဖခင် ဦးသန်းရွှေကို အလေးပြုနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
Post a Comment